Friday, October 10, 2014

ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲ



ဟောင်ကောင်စတိုင် ဖက်ထုပ်ခေါက်ဆွဲပြုတ်ပါ။ ဖက်ထုပ်ထဲ ၀က်သား၊ ပုဇွန် အစာသွပ်ထားတာပါ။ လုပ်ရလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ခေါက်ဆွဲ ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ
  • ကြက်ဥ ခေါက်ဆွဲ – ၂၀၀ ဂရမ်
  • ၀က်အရိုး – ၄၅၀ ဂရမ်
  • ငါးရံ့ခြောက်(သို့)ငါးတူနီခြောက် – ၅၀ ဂရမ်
  • ဂျင်း – လတ်တဆစ် (ပါးပါးလှီးပါ)
  • ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဖက်ထုပ်အတွက် ပါဝင်ပစ္စည်းများ
  • ၀က်သား – ၁၀၀ ဂရမ် (နှုတ်နှုတ်စင်းထားပါ)
  • ပုဇွန် – ၁၀၀ ဂရမ် (နှုတ်နှုတ်စင်းထားပါ)
  • ဖက်ရွက် – အရွက် ၂၀
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စင်းပါ)
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုးကြီးတစ်ခုထဲ (ရေ၂လီတာ)ထည့်ပြီ ၀က်အရိုး၊ ငါးခြောက်၊ ဂျင်းတို့ကို ၁နာရီခန့် ပြုတ်ထားပေးပါ။
၂။ ပြီလျှင် ခွက်တစ်ခုထဲ ဖက်ထုပ်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော(၀က်သား၊ ပုဇွန်၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။


၃။ ပြီနောက် ဖက်ရွက်တစ်ခုထဲ အစာ(စားပွဲတင်ဇွန်း ၁ဇွန်း) အစာသွပ်ပေးပါ။


၎။ ပြီလျှင် ဖက်ရွက် ဘေးပတ်ပတ်လည်ကို ရေသုတ်ပြီ ထပ်ခြမ်း တြိဂံပုံ ခေါက်လိုက်ပါ။


၅။ ပြီနောက် ဘေးအစွန်နှစ်ဖက်ကို ရေစွပ်ကာ ပုံတွင်ပါသည့်အတိုင်း ပြုလုပ်ပါ။


၆။ ထိုနည်းအတိုင်း ကျန်ဖက်ထုပ်များကို ပြုလုပ်ပါ။


ချက်ပြုတ်နည်း
၁။ ၀က်သားပြုတ်ရည် ရပြီဆိုလျှင် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြားတို့ကို အရသာ အတွက်ထည့်ပေးပါ။
၂။ ပြီးလျှင် ပြုတ်ရည်ထဲ ဖက်ထုပ်များကို ထည့်ပြုတ်ပေးပါ။ ဖက်ထုပ်များ ပြုတ်ရည်ပေါ် ပေါ်လာလျှင် ကျက်ပါပြီ။

၃။ ပြီနောက် ခေါက်ဆွဲများကို ဒယ်ထဲ တစ်ခုထဲ ရေထည့်ပြီ ခေါက်ဆွဲများ ကျက်သည်အထိ ၃-၄မိနစ်ခန့် တည်ထားပါ။ ပြီမှ ဇကာဖြင့် ပြန်ဆယ်ထားပါ။


၎။ ပန်းကန်လုံးထဲ ကြက်ဥခေါက်ဆွဲ၊ ဖက်ထုပ်ပြုတ်၊ မုန့်ညှင်းထည့်ပေးပါ။


၅။ ပြီးမှ ပြုတ်ရည်များ လောင်းထည့်လိုက်ပြီ အရသာရှိသော ဖက်ထုပ်ခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ…





No comments: