လောက၌ လူအမျိုးမျိုး စရိုက်အထွေ ထွေ
စိတ်နေစိတ်ထားအဖုံဖုံရှိပါသည်။ ရုပ်အဆင်းသဏ္ဌာန် လှပတင့်တယ်သူ
တွေရှိသလို အကျည်းတန် သူတွေလည်း ရှိပါ
သည်။ စိတ်ရင်းကောင်း၍ စိတ်ကောင်းမွေးသူတွေ ရှိသလို စိတ်ရင်းမကောင်း စိတ်ကောင်းမမွေးသူတွေ
လည်း ရှိပါ၏။ စိတ်နှင့်ရုပ် ဒွန်တွဲဖြစ်တည်နေသောလူတို့ တွင် အချို့မှာ ရုပ်ရည်ချောမောလှပပြီး
စိတ်ထားလည်း ကောင်းမွန်သည်။ အချို့မှာ ရုပ်ရည်လည်းအကျည်းတန်သလို စိတ်ထားလည်းမလှပ။ အချို့မှာ
ရုပ်ဆင်းသဏ္ဌာန် လှပတင့် တယ်သော် လည်း စိတ်နေစိတ်ထားမှာ မလှပ၊ မကောင်း မွန်။ အချို့မှာ
ရုပ်ဆင်းသဏ္ဌာန်မလှပစေကာမူ စိတ် နေစိတ်ထား လှပဖြူစင်သည်။
အချို့သူတွေက အတိတ်ကံကောင်း အကျိုးပေးမှုအရ
ရုပ်ရည် အဆင်းလှပ၏။ စကား ပြောလျှင်လည်း ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး။ သို့တစေ အတွင်း
သဘောက မဖြောင့်စင်း။ မချောမွေ့။ သူတစ်ပါး တွေအပေါ် ငြူစူတတ်သည်။ ဝန်တိုတတ်သည်။ ကောက်ကျစ်စဉ်းလဲ
တတ်သည်။ သူတစ်ပါးတွေ၏ အောင်မြင်တိုးတက်မှု၊ ကြီးပွားချမ်းသာမှုအပေါ် မနာလိုတတ်ပေ။ သူတစ်ပါး၏
ကံဥာဏ်ဝီရိယအစွမ်းဖြင့် ရိုးရိုးသားသားကြိုးစားပြီး အောင်မြင်လာမှုအပေါ် အကောင်းမမြင်တတ်။
''အော် သူ့ရဲ့ကြိုး စားအားထုတ်မှုကြောင့် အောင်မြင်သွား တာပါကလား''ဟူ၍ မျက်မှောက်ထင်ရှားသော
အမှန်တရားအပေါ် လက်ခံနှလုံးသွင်းမှုမရှိ။ ''လောကမှာ ကြက် ကန်းဆန်အိုးတိုး တယ်ဆိုတာ ဒါမျိုးကိုပြောတာ''ဟူ၍ပင်၊
အမနာပစကားဖြင့် အငေါ်တူးတတ်ကြ၏။ ဣဿာနှ င့်စပ်လျဉ်း၍ အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီးက
ဤသို့မိန့်တော်မူခဲ့ပါ၏။
''ဒေါသနဲ့ယှဉ်တွဲပြီးဖြစ်လာတဲ့ စိတ်ရဲ့အညစ်အကြေးတွေက
ဘာတွေတုံးဆိုတော့ ပထမ ဣဿာတဲ့။ ဣဿာဆိုတာ သူတစ်ပါး ကို ဂုဏ်မပြုနိုင်တာ။ အကောင်းမပြောနိုင်တာ။
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး။ Congratulation မလုပ်နိုင်ဘူးပေါ့လေ။
လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး။ မပျော်နိုင်ဘူး။ လူတစ် ယောက်ကြီးပွားသွားရင် မကြည့်နိုင်ဘူး။
မရှုစိမ့်ဘူး။ မနာလိုမရှုစိမ့်ဖြစ်တယ်လို့ပြောတယ်။ Jealousy ပေါ့။ ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီးဖြစ်တာမို့
ဒေါသမူ စိတ်မှာယှဉ်တယ်။ စိတ်ဆိုးတာမဟုတ်ဘူး။ သို့သော် စိတ်ယုတ်တာ၊ စိတ်ပုတ်တာဖြစ်တယ်။
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်။ အကောင်းမပြောနိုင်ဘူး။ ဒါ...ဣဿာပဲ''
လူတစ်ဦး၏ အတွင်းသန္တာန်တွင် ဣဿာကြီးစိုးနေသောအချိန်
ထိုသူ၌ သူတော်ကောင်းဓာတ်ကင်းမဲ့နေပေပြီ။ စိတ်ကောင်းနှလုံးကောင်း လည်း ကင်းမဲ့နေပေပြီ။
ဣဿာဖြစ်နေချိန်တွင် မိမိ၏အတွင်းစိတ်ပုံလွှာကို ဆင်ခြင်လျှင် မည်မျှအကျည်းတန်နေကြောင်း
တွေ့မြင်နိုင်ပေမည်။ မိမိကိုယ် မိမိပင် ပြန်လည်၍ အထင်သေးကောင်းသေးမိပေလိမ့်မည်။
အချို့ စကားပြောချိုသာပြီး ဟန်ပန်အမူအရာက
စိတ်ကောင်းရှိလေဟန်ဆောင်တတ်၏။ သို့သော် သူတစ်ပါးအပေါ် သဝန်တိုသည်။ မစ္ဆရိယ ထားသည်။ မစ္ဆရိယနှင့်စပ်လျဉ်း၍
အရှင်နန္ဒမာလာဘိဝံသဆရာတော်ကြီးက ဤသို့မိန့်တော်မူခဲ့ပါ၏။
''မစ္ဆရိယဆိုတာ ကိုယ့်အရည်အသွေးမျိုး
သူများကိုမရစေချင်တာ။ ကိုယ့်အခြေအနေမျိုး သူများမရစေချင်တာ။ ကိုယ်နဲ့သာ ယှဉ်ပြိုင်လာမယ်ဆိုရင်
ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲပိုင်ဆိုင်ထားချင်တယ်။ ဒါ မစ္ဆရိယလို့ခေါ်တယ်။
မစ္ဆရိယဆိုတာလဲ အတူတူပဲ။ ဒေါသနဲ့ယှဉ်တွဲတယ်။
အရပ်ထဲမှာတော့ မစ္ဆရိယဆိုတာ နှမြောတာ။ နှမြောအိုးမို့ ဘာမှမလှူဘူး။ မတန်းဘူး။ မပေးဘူး။
မကမ်းဘူးလို့ ပြောကြတယ်။ မစ္ဆရိယက နှမြောတာချည်းပဲမဟုတ်ဘူး။
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူ များ
မကြီးပွားစေချင်ဘူး။ ကိုယ်အောင် မြင်သလို သူများ မအောင်မြင်စေချင်ဘူး။ အဲဒါမျိုးကို
မစ္ဆရိယလို့ပြောတာ။''
စင်စစ်မစ္ဆရိယဟူသည် အကုသိုလ်စေတ သိက်ပင်ဖြစ်ပါသည်။
ဝန်တိုခြင်းသဘောဖြစ်ပါသည်။ ဤဝန်တိုမှုကို အတွင်းသန္တာန်တွင် မွေးမြူ လိုက်သည် နှင့် မိမိ၏ဘဝကို
လောင်မြိုက်မည့်မီးကို မိမိကိုယ် တိုင် မွှေးလိုက်ခြင်းသာဖြစ်ပါ၏။ ဝန်တိုခံရသူမှာ ပူ
လောင်ခြင်းမရှိဘဲ မိမိကိုယ်တိုင် ဦးစွာပူလောင်ပေ လိမ့်မည်။
တောင်မြို့ မဟာဂန္ဓာရုံအရှင်ဇနကာဘိ ဝံသဆရာတော်ကြီးကလည်း
မစ္ဆရိယနှင့်စပ်လျဉ်း၍ ဤသို့မိန့်တော်မူခဲ့ပါ၏။
''လူအများ၌ ကိုယ့်ထက် အိမ်ကောင်းယာ
ကောင်းရှိမှာစိုးခြင်း၊ ကိုယ့်ထက်ဥစ္စာဓန ပေါမှာစိုးခြင်း၊ ရောင်းဝယ်ကောင်းမှာစိုး ခြင်း၊
ကိုယ့်ထက်ဆွေမျိုးညာတိ ပေါမှာစိုး ခြင်း၊ ကိုယ့်ထက်လှမှာစိုးခြင်း၊ ကိုယ့်ထက် ဂုဏ်ကြီးမှာစိုးခြင်း၊
ကိုယ့်ထက် တတ်သိ မှာစိုးခြင်း..စသော သဘောများရှိတတ် လေသည်။ ထိုသဘောများက မစ္ဆရိယပင်
တည်း။ ထိုသို့ မစ္ဆရိယဖြစ်သည့်အတွက် တစ်ဖက်လူ အကျိုးမယုတ်ဘဲ ကိုယ့်မှာ သာ စိတ်ယုတ်မာရှိကြောင်း
ထင်ရှားရ ကား၊ ဤမစ္ဆရိယကို ဝါသနာနှင့်တကွ အမြစ်ပါပြုတ်အောင်ကြိုးစား၍ ဖြုတ် သင့်ကြလေသည်။''
တကယ်တော့ စိတ်ထဲတွင် မည်သည့်မစ္ဆ ရိယမှ
အဝင်မခံသင့်ပါ။ သဝန်တိုမှုတစ်ခုခုကိန်းဝပ် လာသည်နှင့် စိတ်သည် မစင်ကြယ်တော့။ ညစ်နွမ်း
သွားသည်။ သဝန်တိုမှုဟူသော စိတ်ဓာတ်၏ မစင် ကြယ်မှုအင်္ဂါက အကုသိုလ်ကို မွေးဖွားပေးသည်။ သဝန်တိုနေစဉ်အခိုက်အတန့်
မိမိ၏အတွင်းသန္တာန် ကို ငဲ့စောင်းကြည့်လျှင် မည်မျှသေးသိမ်နုံ့နဲနေကြောင်း၊ အောက်တန်းကျနေကြောင်း
ရှက်စဖွယ်တွေ့မြင်ရပေ လိမ့်မည်။ သဝန်တိုနေချိန်တွင် သူတော်ကောင်းဓာတ် ကင်းမဲ့နေပါသည်။
မစ္ဆရိယငါးမျိုးရှိပါသည်။ မိမိနေသောနေ
ရာတွင် အခြားသူလာနေမည်ကို မလိုလားမနှစ်သက် ခြင်းမှာ အာဝါသမစ္ဆရိယဖြစ်ပါ၏။ မိမိနှင့်
ပေါင်း သင်းရင်းနှီးခင်မင်သူကို အခြားသူတစ်ဦးက ခင်မင် ရင်းနှီးမည်ကို မလိုလားမနှစ်သက်ခြင်းမှာ
ကုလမစ္ဆ ရိယ ဖြစ်ပါသည်။
မိမိရရှိသော ငွေကြေးဥစ္စာမျိုးကို အခြားသူတွေရမည်ကို
မလိုလားမနှစ်သက်ခြင်းမှာ လာဘမစ္ဆရိယဖြစ်ပါ၏။ ဆွေမျိုးအသိုက်အဝန်းအထဲ မှာပင်ဖြစ်စေ၊ ရုံးဌာန
လုပ်ငန်းခွင်အတွင်းမှာပင်ဖြစ် စေ၊ မြို့နယ်အတွင်းမှာပင်ဖြစ်စေ၊ နိုင်ငံအတွင်းမှာပင်
ဖြစ်စေ၊ မိမိသာလျှင် ထင်ပေါ်ကျော်ကြားအောင်မြင် ချင်ပြီး အခြားသူတို့ ထင်ပေါ်ကျော်ကြားမည်ကို
သဝန် တို မနှစ်မြို့ခြင်းမှာ ဝဏ္ဏမစ္ဆရိယဖြစ်ပါ၏။ မိမိ သိ ထားသော တရားထူး၊ အသိပညာ၊ ဗဟုသုတများကို
မိမိသာလျှင် သိရှိတတ်မြောက်လိုပြီး အခြားသူများ သိရှိအောင် ဖြန့်ဝေမပေးချင်ခြင်းမှာ
ဓမ္မမစ္ဆရိယဖြစ် ပါ၏။ ဤသဝန်တိုခြင်းငါးပါးကို အတွင်းသန္တာန်အ တွင်း လုံးဝ ဝင်ရောက်ခွင့်မပေးခြင်းသည်ပင်
သူတော် ကောင်းတို့၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်ပါသည်။
အချို့သူတို့သည် ကောက်ကျစ်စဉ်းလဲတတ်
သည်။ သူတစ်ပါးတို့အပေါ် မရိုးမဖြောင့်ဆက်ဆံတတ် သည်။ သူ့အကျိုးစီးပွားအတွက်ဆိုလျှင် အခြားသူများ
အပေါ် လှည့်စားဖို့ဝန်မလေး။ ပရိယာယ်လုပ်ဖို့ ဝန် မလေး။ သည်လိုလူတွေက သူတို့၏အတွင်းသန္တာန်
တွင် ''ပူ'' နေသလား၊ ''အေး'' နေသလားဟူသည်ကို အခြားသူတို့ မရိပ်မိစေရန်လည်း ပီပီပြင်ပြင်ဟန်
ဆောင်နိုင်စွမ်းရှိ၏။ သူတို့က အခြားသူတို့နှင့်ဆက် ဆံရာတွင် အရှိပကတိအတိုင်း ပွင့်ပွင့်လင်းလင်းရိုး
ရိုးသားသား မဆက်ဆံ၊ မပြောဆို၊ ကောက်ကျစ်စဉ်း လဲသူပီပီ အချက်အလက်မှန်၊ အဖြစ်အပျက်မှန်တို့ကို
ဖုံးဖုံးကွယ်ကွယ်ပြု၏။ ထိမ်ထိမ်ချန်ချန် သိုဝှက်၏။ ထိုသူမျိုးနှင့် မလွှဲသာ၍ ဆက်ဆံရသူများအနေဖြင့်
နောက်ကျော လုံစရာအကြောင်းမရှိ။ တစိုးရိမ်ရိမ်တ ကြောင့်ကြကြဖြစ်စရာတွေချည်းဖြစ်၏။ သံသယဝင်
စရာတွေချည်းဖြစ်၏။ စိတ်နှလုံးမအေးချမ်း၊ ပူပန်စရာတွေချည်းဖြစ်၏။
အချို့သူတို့က မာယာအမျိုးမျိုး၊ ပရိယာယ်
အထွေထွေ၊ ကောက်ကျစ်လှည့်စားမှုအဖုံဖုံ သုံးပြီး ကိုယ်ကျိုးရှာနေသည်ကိုပင် မိမိကိုယ်ကိုယ်'တော်'
လှ ပြီး 'တတ်' လှပြီ 'အရည်အချင်းရှိ' လှပြီဟု ထင်မှတ် ဂုဏ်ယူနေတတ်သည်။ သူ၏ ကောက်ကျစ်စဉ်းလဲမှု
တွေ၊ မာယာပရိယာယ်တွေကို တစ်ဖက်သူဘယ်တော့ မှ မသိဟုပင် ထင်မှတ်ထားဟန်တူသည်။ သည်လို ကောက်ကျစ်စဉ်းလဲသူတွေကြောင့်
လူ့အသိုက်အဝန်း တွင် လူအချင်းချင်း မသင့်မြတ်မှုများ၊ ရန်ပွဲများ၊ အ မုန်းတရားများ ဖြစ်ပွားပေါ်ပေါက်လာခြင်းဖြစ်ပါ၏။
ကောက်ကျစ်စဉ်းလဲကာ လိမ်လည်လှည့်ဖြားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခများ၊ ပြဿနာများကို
ဖန်တီးဖြစ်ပေါ်စေပါသည်။ အတွင်းသန္တာန်တွင် သူ တော်ကောင်းဓာတ် ခြောက်သွေ့ကင်းမဲ့နေသူများ
သည် ကောက်ကျစ်စဉ်းလဲတတ်ပါ၏။
ပုထုဇဉ်လူသားတို့အနေနှင့် အဆင်မပြေ
မှု၊ အလိုမကျမှု၊ အစော်ကားခံရမှု၊ အဖိနှိပ်ခံရမှုတို့ နှင့် ကြုံဆုံသောအခါ အနည်းနှင့်အများ
ဒေါသထွက် တတ်ကြသည်မှာ ဓမ္မတာသာဖြစ်ပါ၏။ သို့တစေ လူ တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထားနှင့်
အသိဥာဏ် ကွာဟခြားနားမှုကြောင့် ဒေါသထွက်ရာ၌ အပြင်း အပျော့ ကွာခြားတတ်ပေသည်။ အချို့က
မပြောပ လောက်သော အကြောင်းအပေါ်မူတည်၍ ဒေါသ ပြင်းပြင်းထန်ထန် ပေါက်ကွဲသည်။ ဓမ္မအသိရှိသူက
မပြောပလောက်သောအကြောင်းအပေါ် ဒေါသမဖြစ် အောင် စိတ်ကိုထိန်းချုပ်နိုင်သည်။ အမှန်တော့
ဒေါသ ဟူသည် အကုသိုလ်ရေသောက်မြစ်သုံးသွယ်တွင် တစ် ခုအပါအဝင်ဖြစ်ပါ၏။ အကုသိုလ်စေတသိက်ဖြစ်
ပါ၏။
ထစ်ခနဲဆို ဒေါသဖြစ်လွယ်လွန်းခြင်းသည်
သူတော်ကောင်းလက္ခဏာမဟုတ်လေပါ။ ဒေါသဖြစ် လွယ်တတ်သော စရိုက်ဆိုးကြောင့် ဒုစရိုက်မှုတွေဖြစ်
ကာ ဘဝလမ်းကြောင်း တိမ်းစောင်းသွားသူတွေအ ကြောင်း မှုခင်းသတင်းများတွင် ဖတ်ရှုနေရပါသည်။
စင်စစ် ရင်တွင်း၌ ဓမ္မဓာတ်မတည်ကိန်းလေ ဒေါသ စရိုက်ကြီးလေပင်ဖြစ်ပါ၏။
အထက်ပါဓမ္မပဒတွင် ဘုရားရှင်က ''ဝန် တိုခြင်း၊
ငြူစူခြင်း ကောက်ကျစ် စဉ်းလဲခြင်းတို့သည် သူတော်ကောင်းလက္ခဏာမဟုတ်ကြောင်း ဟောကြား မိန့်မြွက်တော်မူခဲ့ပါသည်။
သူတော်ကောင်းဖြစ်လိုသူ တိုင်း မိမိ၏အတွင်းသန္တာန်တွင်
သူတစ်ပါးအပေါ် ဝန် တိုခြင်း၊ ငြူစူခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ဒေါသ အမျက်ထွက်လွယ်ခြင်းဟူသော
စရိုက်ဆိုးများ မတည် ကိန်းအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ် ပါ၏။
မင်းနန်(မော်ကျွန်း)
ရေးသားသည်။
https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.33
No comments:
Post a Comment