Saturday, October 25, 2014

အခွန်ဆောင်ပြီး စားရတော့မယ့်သတင်း


စားသောက်ဆိုင် ဘောက်ချာများတွင် အမေရိကမှ မှာယူထားသည့် အခွန်တံဆိပ်များ ကပ်မည်

Saturday, 25 October 2014

ရန်ကုန်၊ အောက်တိုဘာ ၂၄

စားသုံးသူများက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အခွန်ပေးဆောင်ပြီးကြောင်း သိရှိစေရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် အတွင်းရှိ စားသောက်ဆိုင် ဘောက်ချာများတွင် အမေရိကန်ပြည်ထောင်စုမှ မှာယူတင်သွင်းသည့် အခွန်နံပါတ် တံဆိပ်များကို ကပ်နှိပ်မည်ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ တံဆိပ်များကို ကျပ် ၁၀၀၊ ၅၀၀၊ ၁၀၀၀ နှင့် ၅၀၀၀ ဟူ၍ တန်ဖိုးအလိုက် သတ်မှတ်ထားပြီး စားသုံးသူက စားသုံးပြီး တန်ဖိုးအလိုက် ယင်းတံဆိပ်များကို ဝယ်ယူရမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
“အခွန်ဆောင်ပြီးကြောင်း သိအောင်လို့ပါ။ နောက်မို့ဆို အခွန်ဆောင်လား မဆောင်လားဆိုတာ ကျွန်မတို့ရုံးက သေချာမသိပါဘူး။ (ကျပ်) ၁၀,၀၀၀ ဖိုး စားသုံးတဲ့သူတွေက ၅၀၀ တန် တံဆိပ်ကို ဝယ်ယူရမှာပါ” ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး ဒေါ်ခင်ယမုံအောင်က ပြောဆိုသည်။

အဆိုပါ တံဆိပ်များကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင် လုပ်ငန်းများထံသို့ ဖြန့်ဝေပေးမည် ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ စတင်ပေးဆောင်ရမည် ဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
စားသုံးသူများက ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ အစားအသောက် သို့မဟုတ် ပစ္စည်းတစ်ခု ဝယ်ယူပြီးတိုင်း ပစ္စည်းတန်ဖိုး၏ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို စားသုံးသူများက အခွန်ပေးဆောင်ပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“အရင်ကထက် စာရင်တော့ အခွန်ကောက်ခံတဲ့ ပုံစံက တိုးတက်လာပါပြီ။ ဒီလိုလုပ်တာ ကောင်းပါတယ်။ 
အရင်ကတော့ ပြည်တွင်းအခွန် အမှတ်တံဆိပ် ထုထားတဲ့ ဘောက်ချာတွေ သုံးရတာပါ။ အခုက တံဆိပ်လေးတွေ စားသုံးသူကို ပြန်ပေးရမှာပါ” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ဆိုသည်။
အချို့နိုင်ငံများတွင် ပစ္စည်းတစ်ခု၏ အမြတ်ငွေပေါ် ကုန်သွယ်ခွန်ဆောင်ရခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပစ္စည်းအားလုံး၏ တန်ဖိုးပေါ်မှ ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရခြင်း ဖြစ်ကြောင်း Unique အီလက်ထရွန်နစ် ပစ္စည်းနှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်လုပ်ငန်းရှင် ဦးကျော်ဆန်းဦးက ပြောကြားသည်။
The Voice Weekly

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များကို နိုဝင်ဘာ ၁ရက်မှ စတင်ကာ ကုန်သွယ်ခွန်ကောက်ခံမည်
==========================================
ရန်ကုန်၊ အောက်တိုဘာ ၂၄

ရန်ကုန်မြို့ရှိစားသောက်ဆိုင်များကို နိုဝင်ဘာ ၁ရက်မှ စတင်ကာ ကုန် သွယ်ခွန် ကောက်ခံသွားမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနမှသိရသည်။
ယင်းကဲ့သို့ ကောက်ခံနိုင်ရန် အတွက် အောက်တိုဘာ၂၄ရက်က ပြည်တွင်း အခွန်များဦးစီးဌာနရုံး တွင် စားသောက်ဆိုင်လုပ်ငန်းရှင်များ ကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာန မှညွှန်ကြားရေးမှူးဦးမင်းထွဋ်က ''နိုဝင်ဘာ ၁ရက်ကစပြီးစားသောက် ဆိုင်မှာ လာစားတဲ့သူတွေဆီကနေ အခွန်ကောက်ခံသွားဖို့အတွက် အခွန် ပေးဆောင်ထားတဲ့ တံဆိပ် တွေနဲ့ လုပ်ဆောင်သွားမှာပါ။ ဘာ ကြောင့်လဲဆိုရင် ရသင့်ရထိုက်တဲ့ အခွန်တွေကို တော်တော်များများက တော့ ပေးကြပါတယ်။ ဒါပေမဲ့ တချို့ အနည်းငယ် ကျန်ရှိနေသေးပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်ကနိုင်ငံတော် ကို ပေးဆောင်ရတဲ့အခွန်ပါ။ ဒါကြောင့် ပြည်သူတွေနားလည်အောင်လဲ လိုက် လံရှင်းပြတာတွေလုပ်ဆောင်နေပါ တယ်''ဟု ပြောသည်။

စားသောက်ဆိုင်ကုန်သွယ်လုပ်ငန်းခွန်ကို နိုင်ငံတကာနှင့် အနည်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပြီး၊ စား သောက်ဆိုင်လုပ်ငန်း ဝန်ဆောင်မှု လုပ်ငန်းအနေနှင့်ကုန်သွယ် လုပ်ငန်း ခွန်ပုဒ်မ(၄)အရ ဝန်ဆောင်မှု ရငွေ အပေါ်မှ ငါးရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ်ပြီး၊ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှကုန်သွယ်လုပ် ငန်းခွန်ကျသင့်သူ ဝန်ဆောင်မှုရယူသူ ထံမှတစ်ခါတည်း ပြည်တွင်းအခွန်များ ဦးစီးဌာနကိုယ်စား ကောက်ခံပေးရ မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာန ကုန်သွယ်လုပ်ငန်းခွန်ဌာနခွဲညွှန် ကြားရေးမှူး ဦးစိုးနိုင်က''စားသောက် ဆိုင်တွေကို ကုန်သွယ်ခွန်ကောက်ဖို့ အတွက် လုံခြုံမှုရှိတဲ့ အမှတ်တံဆိပ် တွေကို ပြည်ပကနေမှာယူထားပြီး ဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာနဲ့ ညှိနှိုင်းထားပြီးဖြစ် ပါတယ်''ဟုပြောသည်။
ကုန်သွယ်လုပ်ငန်းခွန် ကောက် ခံနိုင်ရန်အတွက် စားသောက်ဆိုင် များ၏ ပြေစာပေါ်တွင်ကပ်ရမယ့် အ ခွန် အမှတ်တံဆိပ်များကို ကျပ်၅ဝမှ ကျပ်တစ်သောင်းထိ ပြုလုပ်ထားပြီး၊ ယင်းအခွန်အမှတ်တံဆိပ်များသည် လေဆာစနစ်နှင့် ရေစိုခံနိုင်ပြီး၊ပြန်ခွာ ပြီးပြန်မကပ်နိုင်အောင်လုံခြုံမှုအဆင့် အတန်းများ ထည့်သွင်းထားပြီး၊ အ ခွန်အမှတ်တံဆိပ်များကို သက်ဆိုင် ရာမြို့နယ် အခွန်ဦးစီးမှူးများရုံးနှင့် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးများတွင် ကြိုတင်ထုတ်ယူနိုင်ပြီး၊ ကျသင့်တန် ဖိုးအလိုက် အခွန်ပြေစာတွင် ကပ်နှိပ် ပေးရမည်ဖြစ်သည်။

ယင်းအပြင် အဆိုပါ အမှတ် တံဆိပ်များကို ပထမအကြိမ်ထုတ် ယူရာတွင် အခွန်ပေးဆောင်ရန် မလို အပ်ဘဲ ဒုတိယအကြိမ်ထုတ်ယူသည့် အခါတွင် ပထမအကြိမ်ထုတ်ယူထား သည့် ပမာဏအပေါ်မူတည်ပြီး အခွန် တွက်ချက်၍ တစ်ခါတည်းပေးဆောင် ရမည်ဖြစ်ပြီး၊ ယင်းအမှတ်တံဆိပ်များ ကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အခမဲ့ထုတ်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှအတွင်း ရေးမှူး ဦးကျော်မြတ်မိုးက''အခွန် လုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ဖို့ဆိုရင်စား သောက်လုပ်ငန်းတွေရဲ့လိုအပ်ချက် တွေကိုလဲ ပေါင်းစပ်ညှိနှိုင်းပေးဖို့လိုပါ တယ်။ ဒါမှအခွန်ရရှိမှုမှာပိုမိုအောင် မြင်နိုင်တယ်။ စားသောက်ဆိုင်လုပ် ငန်းရှင်တွေမှာ ပြင်ဆင်စရိတ်၊ သား ငါးဝယ်ယူစရိတ်၊ ဝန်ထမ်းစရိတ်တွေ ရှိပါတယ်။ စားသုံးသူတွေရှိမှသာ အ ဆင်ပြေနိုင်တာပါ။ ဌာနချင်းလည်း ညှိနှိုင်းဆောင်ရွက်ဖို့လိုပါတယ်''ဟု ပြောသည်။
ံ
Democracytoday

အရက်ဖြတ်ဆေးသည် အရက်နှင့် မတည့်သည့် ဆေးဖြစ်၍ ကာယကံရှင် မသိဘဲ တိုက်ကျွေးခြင်း မပြုသင့်

(ရန်ကုန်၊ အောက်တိုဘာ ၁၈ )

အရက်ဖြတ် ဆေးသည် အရက် နှင့် မတည့်သည့် ဆေးတစ်မျိုးဖြစ် သည့် အတွက် ကာယကံရှင် မသိဘဲ တိုက်ကျွေးခြင်း မပြုသင့်ကြောင်း စိတ် ကျန်းမာရေး ဆေးရုံကြီးမှ လက်ထောက် ကထိက ဒေါက်တာ ဦးသီဟဆွေက ပြောသည်။
”အရက်ဖြတ်ရာမှာ သုံးတဲ့ဆေး က သူကသူ့ကို သောက်ထားရင် အရက် မသောက်ချင်ဘူး။ အဲဒီလို မဟုတ်ဘူး။သူက အရက် နဲ့ မတည့်တဲ့ဆေး ဖြစ်ပါ တယ်” ဟု ၄င်း က ပြောသည်။

အရက်ဖြတ်ရာတွင် သုံးသည့်ဆေး သည် အရက်နှင့် မတည့်သည့်ဆေး ဖြစ်သည့်အတွက် ၄င်းဆေးသောက် ထားပြီးနောက် အရက်ပြန်သောက်ပါ က သွေးပေါင်ချိန် ကျပြီး ရှော့ခ် ဖြစ်ကာ သေဆုံးနိုင်ကြောင်း သိရသည်။
”ရပ်ကွက်တွေထဲ မှာဆိုရင် မိန်းမ တွေက ကြားဖူးနားဝ နဲ့ ယောက်ျားကို အရက်ဖြတ်စေချင် လို့ ဆိုပြီးတော့ ဆေး ဆိုင်ကနေ ဝယ်တယ်။ ပြီးတော့ ထမင်း ထဲမှာ ရောကျွေး တယ်။ ယောက်ျားက ဘုမသိဘမသိ နဲ့ စားပြီး အရက် သောက် တော့ ဆေးရုံရောက် ရတယ်။ အဲဒါမျိုး တွေ ရှိတယ်”ဟု ၄င်းက ပြောသည်။

ယင်းကြောင့် အရက်ဖြတ်ချင် သည့် လူနာများ ဆိုပါက ဆေးရုံတွင် လူနာအား နားလည်အောင် ရှင်းပြ၍ အရက် လုံးဝ ပြန် မသောက်တော့ကြောင်း သေချာ မှသာ လူနာ၏ သဘော တူညီချက် နှင့် အုပ်ထိန်းသူ၏ သဘောတူညီ ချက် တို့ကိုယူ၍ အရက်ဖြတ်စေသည် ဟု သိရသည်။

အရက် သောက်ခြင်းကြောင့် စိတ်ဖောက်ပြန် ရောဂါ၊ စိတ်ကြွ စိတ်ကျရောဂါ၊ စိုးရိမ်လွန် ရောဂါနှင့် သတိမေ့ရောဂါ စသည့်ရောဂါ များ ဖြစ်ပွားနိုင် သည် ဟု ဒေါက်တာ သီဟဆွေက ပြောသည်။

ပြီးခဲ့သည့်နှစ် က စာရင်းများ အရ စိတ်ကျန်းမာရေး ဆေးရုံကြီး သို့ တက် ရောက်သူ စုစုပေါင်း ၁၁၂၉၅ ဦး ရှိခဲ့ပြီး အရက်ဖြတ်ရန် နှင့် အရက်ဖြတ် လက္ခဏာဖြင့် ဆေးရုံ တက်ရောက်သူ ဦးရေ မှာ ၄၃၁၉ ဦး ရှိခဲ့သည်။
စိတ် ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်) အရက်စွဲ ရောဂါ ကုသရေး နှင့် သုတေသန ဌာန၏ စာရင်းများ အရ အရက်ဖြတ် လက္ခဏာ နှင့် အရက်ဖြတ် ရန် ဆေးရုံ တက်ရောက် ခဲ့သည့် လူနာ အရေအတွက်မှာ ၂ဝ၁၁ ခုနှစ်တွင် ၂၆၄၁ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၂၆၈၁ ဦးနှင့် ၂ဝ၁၃ ခုနှစ်တွင် ၄၃၁၉ ဦး အထိ များပြား လာခဲ့သည်ဟု သိရသည်။

မြတ်စုငြိမ်း
Popular Myanmar

No comments: