Sunday, December 30, 2012

ကျန်းမာရေးအမေးအဖြေ


1. ကျမ အသက် ၃၉ နှစ်ကျော်ပါရှင်
2. သမီးအသက်က ၂၇ ပါ။
3. ဆရာရှင့် ဖြစ်တာက ကျွန်မညီမပါ။
4. ကျွန်တော်တို့ အိမ်ထောင်ကျတာ ၇ လကျော်ပါပြီ။
5. Dr. I am now 16 years old and
6. သုံးလခံတားဆေးကို မထိုးခင် တရက်ကနေလိုက်မိပါတယ်။
7. ကျနော်နှင့်ကျနော့်အမျိုးသမီး ညနေက အတူနေမိမလိုဖြစ်သွားတယ်။
8. ဆရာ site ပေါ် မဖော်ပြစေချင်လို့ပါဆရာ။
9. ကျွန်တော်တို့နိုင်ငံကထုတ်တဲ့ အပြာစာအုပ်တွေမှာ
10. ကျွန်တော့်နာမည် ဦး (့) ပါ။ အသက်ကတော့ ၅၄ နှစ်ရှိပါပြီ။
11. သမီးအသက်က ၂၅ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။
12. အသက် ၃၄ နှစ် အပျိုပါ။


Sun, Dec 23, 2012 at 12:37 AM
ကျမ အသက် ၃၉ နှစ်ကျော်ပါရှင် ကျမဧ။်ညာဘက်သားဥအိမ်တွင် သွေးလုံးတည်နေတာ ၄.၅ cm ရှိနေပါတယ်။ ဆီးစပ်နှင့်ခါးလည်း အရမ်းကိုက်ပါတယ်။ ခွဲစိပ်ရင်ကောင်းမလား ဆေးသောက်ရင်ကောင်းမလား ဆိုတာ ဆရာအကြံပေးပါလားရှင်။ ဆရာကိုတစ်ခါမှမမေးဘူးတဲ့အတွက် အမှားရှိရင် ခွင်လွှတ်ပေးပါ။


Ovarian cyst ဆိုတာ ဆေးနဲ့တော့ မပျောက်ပါ။ ကြီးလာနိုင်တယ်။ တဖက်တည်းဖြစ်တာ တော်ပါသေးတယ်။ ကင်ဆာ မဟုတ်တာလဲ ကံကောင်းတယ်။ သွေးဖြစ်နေရင် များလာတဲ့အခါ ဖိအားသက်ရောက် တာ၊ ပေါက်တာ ဖြစ်ချင်ဖြစ်လာ တတ်တယ်။ ခွဲစိတ်ထုတ်ပြစ်တာက အပန်းမကြီးပါ။ အိမ်ထောင်ရေး၊ ကလေး အခြေအနေပေါ်မူတည်ပြီး အကျိတ်သပ်သပ်သိုသာ ထုတ်ာနဲ့ မျိုးဥအိမ်တခုလုံး ထုတ်တာ ရွေးချယ်လေ့ ရှိပါတယ်။

Sun, Dec 23, 2012 at 7:16 PM
သမီးအသက်က ၂၇ ပါ။ မိန်းကလေးတစ်ယောက်ရဲ့ အပျိုမြှေးက ဘယ်နားလောက်မှာရှိပါသလဲဆရာ။ မိန်းကလေး လမ်းကြောင်းရဲ့ အလယ်လောက်မှာ ရှိတာပါလား၊ အင်္ဂါ အဝမှာရှိတာပါလားဆရာ။ သမီး ချစ်သူနဲ့ တစ်ခေါက် ဆက်ဆံဖူးပါတယ်။ သူပြောတာတော့ အထဲမဝင်ဘူးတဲ့။ ဒါပေမယ့် သွေးတွေတော့ ထွက်ပါတယ်ဆရာ။ အရမ်းနာလို့ ဆက်မလုပ်ဖြစ်ကြတော့တာပါ။ အဲ့ဒါ အမြှေးပါးပေါက်သွား တာလား။ နောက် တစ်ခုက လက်ညှိုးတစ်ချောင်းလောက် ထည့်ရင်ကော အဲ့ဒီအမြှေးပါးက ပေါက်တတ်ပါသလားဆရာ။


နောက်တစ်ခုသိချင်တာက သမီးလွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ပါးစပ်အာခေါင်နံရံနှစ်ဖက်ကနေ အဖြူဖက်တွေ ထွက်ပါတယ်။ အမှန်က ခုလုခုလု ဖြစ်နေလို့ကြည့်လို့တွေ့တာပါ။ အဲ့ဒါတွေကို လက်နဲ့ ကလော် ထုတ်ရပါတယ်။ နာကျင်တာတွေဘာတွေ ဘာမှမရှိပါဘူး။ ဆေးခန်းလဲပြကြည့်ပါတယ်။ ခံတွင်းကင်ဆာတို့ ဘာတို့ဖြစ်မှာ စိုးလို့ပါ။ ဆရာဝန်က ဘာမှမဖြစ်ဘူးပါဘူးတဲ့။ သမီးကအရင်က အာသီး ခဏခဏ ရောင်ဖူး ပါတယ်။ အာသီးရောင်ပြီး ဆေးထိုးပြီးမှ အဲ့ဒီအဖြူဖက်ထွက်တာပါ။ အခုတော့ဘာမှမဖြစ်တော့ပါဘူး။ ဒါပေမယ့် အဲ့ဒီ အဖြူဖက်တွေက ထွက်ထွက်နေတုန်းပဲမို့ပါ။ အဲ့ဒါ ဘာများဖြစ်တာပါလဲ သိချင်ပါတယ်ဆရာ။

အပျိုမြှေးဆိုတာ မိန်မအင်္ဂါ အဝမှာသာ ရှိတယ်။ အပြင်ဆုံးနေရာရဲ့ အတွင်းလောက်မှာ နဲနဲလေးသာ နက်တဲ့နေရာမှာပါ။ သွေးထွက်တာက အဲဒါစုတ်ပြဲသွားတာ ဖြစ်ပါမယ်။ တခြားကနေ သွေးထွက်စရာဆိုလို့ ရာသီလာတာဘဲ ဖြစ်နိုင်ပါတယ်။

လက်ချောင်းလေးတချောင်း ဝင်သာယုံဆိုတာတော့ ပြောမရသေးပါ။ မေးတဲ့သူမှာ ကိုယ့်ဖါသာကိုယ် သိတာဘဲ။ အထဲဝင်တာ မဖြစ်ခဲ့ဘူးလို့ လက်တချောင်းစာသာ ကျယ်ချင်ကျယ်နေမယ်။ တကယ်တော့ လိင်ဆက်ဆံဖူးသူ ဖြစ်နေတယ် မဟုတ်လား။ လက်တချောင်းဆိုတာလဲ အဝနေရာမှာသာ မှန်တယ်။ အထဲရောက်ရင် အချောင်ကြီးလို့ ပြောနိုင်တယ်။ (ဆောရီး)။
လက်ညှိုးတချောင်းထည့်ရင် ပေါက်မလားဆိုတာလဲ မတူကြဘူး။ တချို့က အစကတည်းက သိပ်ကျဉ်းနေတယ်။ တချို့က တခြားအကြောင်းတခုခုကြောင့် နဲနဲကျယ်နေတယ်။ တချို့က ကျဉ်းတာသာမက ထူနေတတ်တယ်။ တချို့မှာ အပေါက် လုံးဝမပါဘူး။

အပျိုစစ်စစ်တွေလဲ အဲလိုဘဲ။ အပျိုစစ်ဆိုတာဘာလဲ ဆိုတာလဲ ဆရာရေးထားပါတယ်။ ပါးစပ်အဖြူဖတ်ဆိုတာ မှိုဖြစ်နိုင်တယ်။ အလိုလိုပျောက်တာများတယ်။ လိုအပ်ရင်တော့ မှိုဆေးသောက်ရတယ်။ ခံတွင်းသန့်ရှင်းရေးမှာ ဆားနည်ကကောင်းတယ်။

Mon, Dec 24, 2012 at 11:00 AM
ဆရာရှင့် ဖြစ်တာက ကျွန်မညီမပါ။ သူမက အသက် 25 ပါ။ ရည်စားနဲ့ လွန်ခဲ့ကြပါတယ်။ သူမရဲ့ အပျိုဘ၀ ပေးလိုက်မိပါတယ်တဲ့။ ကောင်လေးနဲ့နေတုန်း သုတ်တော့ မကျန်ခဲ့ဘူးပြောပါတယ်။ နည်းနည်းတော့ ကျန်နိုင်တယ်လည်းပြောပါတယ်။ လွန်ခဲ့တဲ့သုံးရက်က အတူနေမိတာလို့ ပြောပါတယ်။ သူက အခုကလေး ရမှာကြောက်နေပါတယ် ဆရာ။ ဆေးလည်း မစားထားဘူးပြောပါတယ်။ သတ်သေမယ်လို့လည်း ပြောနေ ပါတယ်။ သမီး အခုသူ့ကို ဘာလုပ်ပေးရမလဲ။ အိမ်ကလည်း သူမကို တခြားတစ်ယောက်နဲ့ ပေးစားဖို့ စီစဉ်ထားပါတယ်။ ဘယ်လိုလုပ်လုပ်ရမလဲဆရာ။ သူမ ကိုယ်ဝန်ရနိုင်လားဟင်။ ဘာဆေးကျွေးရမလဲဆရာ။


http://dts-medicaleducation-adult.blogspot.in/ ထဲက အောက်ဆုံးမှာ မာတိကာရှိတယ်။ သိချင်တာ ရှာဖတ်နိုင်ပါတယ်။
Mon, Dec 24, 2012 at 8:25 PM

ကျွန်တော်တို့ အိမ်ထောင်ကျတာ ၇ လကျော်ပါပြီ။ ပထမဆုံးတော့ ၃ လဆေးထိုးပါတယ်။ နောက်ပိုင်း အမျိုးသမီးမှာ ခေါင်းမူးခါးကိုက်နဲ့ မကြာခန ဖျားခြင်းတို့ ဖြစ်ပေါ်လာသောကြောင့် ဆရာဝန်ညွှန်ကြားချက်အရ တစ်လဆေးကဒ်ကိုပဲ အားဆေးနဲ့ တွဲပြီးသုံးပါတယ်။ အမျိုးသမီးက ရာသီလာချိန်ဆိုလည်း မခံမရပ်နိုင်အောင်ကိုက်ခဲတတ်ပါတယ်။ အပျိုဘဝထဲကပါ။ ခုနောက်ဆုံးရာသီလာချိန်မှာလဲ မခံမရပ်နိုင်အောင်ကိုက်ပြီး လာတော့လည်း တစ်စက်နှစ်စက်လောက်ပါပဲ။ ဒါ့အပြင် အသားစလို အစလေးများ ကျလာပါတယ်။ တစ်လက်မအရွယ်လောက်အထိ အသားစလေးများပါလာပါသဖြင့် စိုးရိမ်ရပါသလားသိချင်ပါတယ်ဆရာ။


ရာသီလာတုံးနာရင်၊ ဆင်းတာများရင်၊ တနေ့ ၁ ပြားသောက်ပြီး၊ တလမှာ ၂၁-၂၈ ရက်နေ့တိုင်းသောက်ရတဲ့ တားဆေးကပ်ကို ပေးနိုင်တယ်။ ဒါကြောင့် နာတတ်တာ သက်သာလာပါလိမ့်မယ်။ ဆေးကပ် အမျိုးအစား ပြောင်းချင်ပြောင်ရနိုင်တယ်။ များသောအားဖြင့်တော့ ခပ်ဆင်ဆင်ပါ။ ဆင်းတာထဲမှာ ဘယ်လိုအရာပါနေနေ စိုးရိမ်စရာမရှိပါ။ အခဲလိုဟာ ဆင်းခါနီးရင် ဗိုက်ရစ်နာနိုင်တယ်။ အနာ-အကိုက် ပျောက်ဆေး သောက်ရပါမယ်။ အစာနဲ့တွဲသောက်ပါ။ ရေနွေးအိတ်ကပ်ပါ။

Mon, Dec 24, 2012 at 9:29 PM
Dr. I am now 16 years old and I want to know about sex and pregnancy. Please write me back in Burmese.

You are under-age. I write on reproductive health and relationship issues in Burmese but only for over 18 readers.
အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ http://dts-medicaleducation-adult.blogspot.in/


Tue, Dec 25, 2012 at 1:46 PM
သုံးလခံတားဆေးကို မထိုးခင် တရက်ကနေလိုက်မိပါတယ်။ အဲဒါကိုယ်ဝန်ရှိနိုင်ပါသလား။ esse2 သောက်ပြီး တာဆေးထိုးလို့ရပါသလား။


အတူနေတဲ့အချိန်မှာ မိန်းကလေးက ရာသီရက်ဘယ်လောက်မှာရောက်နေတာ သိမှ ကိုယ်ဝန်ရ-မရ ပြောနိုင်တယ်။ အရေးပေါ်တားဆေး သောက်ပြီး ထိုးလို့တော့ရပါတယ်။ ကောင်းတာက ရာသီလာ (သွေးဆင်းတာ) သိရမှ ထိုးသင့်တယ်။ ဒါတောင် ၃ လခံဆေးထိုးပြီး ၅-၇ ရက်အထိ စိတ်မချရသေးပါ။ အကာကွယ်သုံးသင့်တယ်။

Tue, Dec 25, 2012 at 9:50 PM
ကျနော်နှင့်ကျနော့်အမျိုးသမီး ညနေက အတူနေမိမလိုဖြစ်သွားတယ်။ ဒီလိုပါ နေမိမလိုဆိုတာက ကျနော်တို့ နေဖြစ်တိုင်း ကွန်ဒုံးသုံးတယ်ခဗျ။ သို့ပေမယ့် ညနေက နားနဲ့မနာဖ၀ါးနဲ့နာ နေမလိုဖြစ်တုန်း ကွန်ဒုံး မရှိတာသိလိုက်တော့ မနေလိုက်တော့ဘူး။ ကျနော် ၂ချက်လောက်တော့ အမျိုးသမီးထဲကိုဝင်သွားသေးတယ် မပြီးလည်းမပြီးပါဘူး ဇာတ်သိမ်းခန်းတော့ ကိုယ့်ဟာကိုယ်ပဲ ဖြေလိုက်တယ်။ ဖြစ်ချင်တော့ အမျိုးသမီး ရာသီပေါ်တာ ၁၃ရက်နေ့ကဆရာ။ သူကတော့ သူ့ဟာသူတွက်ချက်ပြီး မျိုးဥကြွေချိန်တွေ ဘာညာ ပြောနေတော့ စိတ်ပူနေလို့ပါ။ ကျနော်ကတော့ အရေးပေါ်ဆေးတွေလည်း မသုံးချင်ဘူး ဆရာ။ ဘေးထွက် ဆိုးကျိုးတွေလည်း ဆရာ့ဆိုဒ်ထဲမှာ ဖတ်ဖူးနေတော့ စိုးရိမ်ပါတယ်။ တခြားဘယ်လိုနည်းနဲ့ တားလို့ရဦးမလဲသိချင်ပါခဗျ။ သို့ပေမယ့် ဒီလိုလေးလောက်နဲ့ ကိုယ်ဝန်များ ကပ်သွားနိုင်သလားလည်း ကျနော် တို့နှစ်ယောက် စဉ်းစားအဖြေမထွက်လို့ ကူညီအကြံဥာဏ်ပေးပါဦးဗျာ


ပြောတဲ့အတိုင်းဆိုရင် ကိုယ်ဝန်မရဘို့ အတော်များပါတယ်။ ရာခိုင်နှုန်းတော့ ၁ဝဝ% မပြည့်ပါ။ သုက်ရည်အပြင်ထုတ်နည်းကနေ ၁၈% ရနိုင်တယ်။ ကိုယ်က ၉၂%ထဲမှာလဲ ဖြစ်နိုင်တာပေါ့။ အရေးပေါ် တားနည်းနဲ့ တားဆေး ၂ မျိုးရှိတယ်။ တားဆေးထဲမှာလဲ ဆေးတမျိုးမကရှိတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတော့ ရှိတယ်။ တားနည်းက သားအိမ်ထဲ ကောပါးတီ ထည့်ရတယ်။ ဆေးလိုတော့ ပျို့-အန်တာမဖြစ်ပါ။

Wed, Dec 26, 2012 at 2:33 PM ဆရာရှင့် ဆီးစစ်ကြည့်တော့လည်း မျဉ်းတကြောင်းဘဲပြပါတယ်။ အဲ့ဒါ မနက်ဖြန် ဆေးကဒ် အသစ်သောက်သင့် မသောက်သင့် မေးတာဆရာ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင် mail ဘဲပြန်ပေးစေချင်ပါတယ်။ ဆရာ site ပေါ် မဖော်ပြစေချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

့
့
ဆရာ့ (ဆိုက်) မှာ ဘယ်အမေးကိုဖြစ်ဖြစ် ဘယ်ကနေမေးတယ်ဆိုတာ မထည့်ပါ။

Thu, Dec 27, 2012 at 9:58 AM
ကျွန်တော်တို့နိုင်ငံကထုတ်တဲ့ အပြာစာအုပ်တွေမှာ နန်းလုံးကြိုင်အမြစ်နဲ့ဆန်ဆေးရည်ကို သွေးပြီးလိမ်းရင် ယောက်ျားအင်္ဂါ ကြီးထွားတယ်ဆိုတာ ဟုတ်ပါသလားဆရာ။ သူ့မှာ ဆိုးကျိုးတွေကော ရှိပါသလားဆရာ။ ကြီးတာသေးတာဟာ အဓိကမဟုတ်ဖူး ဆိုပေမယ့်လည်း တူတူတန်တန်တော့ ဖြစ်ချင်တာပေါ့ဆရာရယ်။


မြန်မာဆေး၊ တိုင်းရင်းဆေးတွေကို ကျွန်တော်တို့လိုဆရာဝန်တွေက သိပ်မသိကြပါ။ အမြစ်ကိုသွေးလမ်းတာဟာ သောက်တာ၊ ထိုးတာတွေထက် ဘေးထွက်ဖြစ်စရာ နည်းပါမယ်။ သုတေသနမရှိတဲ့ နည်းတွေ ထဲက ဆေးထိုးတာမျိုးကို မလုပ်သင့်ဘူးလို့ သတိပေးပါတယ်။ ဆေးလိမ်းတာမှာ အခုမေးတဲ့နည်းကို အရင်က မြန်မာတွေသုံးတာကိုသိပါတယ်။ ဒီနည်းသုံးလို့ ဒုက္ခရောက်တယ်ဆိုပြီး မေးလာတာတော့ မတွေ့ ဘူးသေးပါ။ ဆေးထိုးလို့ ဖြစ်တာတွေတော့ မေးကြတာရှိပါတယ်။ ဆရာဝန်တွေသိတာတချို့ရေးထားတာကို ဖတ်နိုင်ပါတယ်။

Thu, Dec 27, 2012 at 2:53 PM
ကျွန်တော့်နာမည် ဦး (့) ပါ။ အသက်ကတော့ ၅၄ နှစ်ရှိပါပြီ။ ကျွန်တော် ရောဂါတစ်ခုဖြစ်သလို ခံစားနေရပါတယ်။ ထင်တာကတော့ ဆီးကြိတ်ရောင်တာ၊ ကြီးတာ လို့ ထင်တယ်။ ဆရာဝန်တွေဘာတွေတော့ မပြကြည့်ရသေးဘူး။ ကင်ဆာတွေဘာတွေ ဖြစ်နေမှာလည်းစိုးရိမ်လို့ မေးကြည့်ရတာပါ။ အသက်က ရလာပြီဆိုတော့ ဘယ်မှလည်း မသွားဖြစ်ဘူး။ ကျွန်တော် သိသလောက်တော့ ဆီးကျန်တာပဲ ဖြစ်မယ်ထင်တယ်။ ဘယ်လိုလုပ်ရမလဲ အကြံဥာဏ်ပေးပါဦး။ အဲဒီလိုရောဂါအကြောင်း ရှင်းရှင်းလင်းလင်းသိချင်လို့ ဖြေပေးပါဦး။


BPH ခေါ်တဲ့ ယောက်ျား ဆီးကျိတ်ကြီးတာ ဖြစ်ဘို့များပါတယ်။ ဆီးကုန်အောင်မသွားနိုင်တာဘဲ ခံစားရအုံးမယ်။ ကင်ဆာအတွက် မစိုးရိမ်ပါနဲ့အုံး။ သေချာအောင် ဆီးလမ်းအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။ သိပ်ကြီးလာရင် အချိန်မတော် ဆီးလုံးဝမထွက်နိုင်ဘဲ အရေးပေါ်ဖြစ်တတ်တယ်။

Thu, Dec 27, 2012 at 4:24 PM
သမီးအသက်က ၂၅ နှစ်ပါ။ ရန်ကုန်မှာနေပါတယ်။ သမီး ၁၁ လပိုင်းက သအိမ်ခြစ်ထားပါတယ်။ ဆေးရုံမှာတော့မဟုတ်ပါဘူး ခြစ်ပြီးနောက် သွေးတွေလာပါတယ် ၂ ကြိမ်ပါ ကုန်သလောက်နီးပါးဆင်းပါတယ်။ တစ်ကြိမ်လာရင်လဲ ၄ ရက် ၅ရက်လောက် လာပါတယ်။ ခုဒီလမှာလဲ ၂ ကြိမ်လာနေပါတယ်။ သွေးကတော့ မဲမနေပါဘူး နံလဲမနံပါဘူး ။ ခဏခဏလာတော့ နဲနဲစိတ်ပူလာလို့ပါ။ ဘာလုပ်သင့်လဲဆိုတာ အကြံပေးပါအုန်း ဆရာ....


သားအိမ်မခြစ်ခင်က ရာသီ ဘယ်လောက်ကြာအောင်ထိန်သလဲ မသိပါ။ ဆင်းစရာကုန်အောင်ဆင်းပါလိမ့်မယ်။ နောက်တခါ ကိုယ်ဝန်မယူချင်သေးရင် တားဆေး၊ တားနည်း စနစ်တကျသုံးသင့်ပါတယ်။ သားအိမ်ကို ခဏခဏခြစ်ရတာ မကောင်းလှပါ။ သွေးအားကောင်းဆေး (သံဓါတ်) ဆေး သောက်သင့်ပါတယ်။
Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ


Thu, Dec 27, 2012 at 12:04 PM
အသက် ၃၄ နှစ် အပျိုပါ။ ရာသီစလာထဲက ဗိုက်က အရမ်းအောင့်ပါတယ်၊ စစလာခြင်းတရက်ပါဘဲ၊ Postan 500 (Mefenamic Acid 500 mg) သောက်ရင်ကောင်းသွားရော၊ နောက်ရက်တွေဆို မနာတော့ပါဘူး ဆရာ၊ အခုနောက်ပိုင်းကြတော့ အဲ့လိုမဟုတ်ပဲ ရာသီလာတဲ့ ၄ ရက်လုံး မခံမရပ်နိုင်အောင် ဗိုက်အောင့်အောင့်ပြီး အရမ်းလာပြီး ဆေးသောက်လို့လဲမရ၊ သွေးပေါင်တွေ လဲကျပြီးတော့ ၃-၄ ရက်လုံး မလှုပ်နိုင်ပဲ အိပ်ရာထဲလဲနေရတာ့ ရာသီလာမှာတောင် အရမ်းကိုကြောက်နေပါတယ်။ ၃ လလုံး အဲ့လိုပဲဖြစ်နေတော့ ဆေးခန်းသွားပြပြီး Ultrasound ရိုက်လိုက်တာ၊ အလုံး ၂ လုံတွေ့တယ်လို့ပြောပါတယ်။


-A submucous fibroid measures 2.2cm
-Culs
Lt culs - A multiloculated cyst (6.7*6.1) cm with internal echoes is noted
Rt ovary is normal in size & appearance.
POD - clear
-Liver, spleen, pancreas - Normal in size & echotexture.
-Kidneys & bladder - Normal.


Comments:
(1) Submucous fibroid
(2) Lt endometriotic cyst


အခု Mervelon 28 ကို နံပါတ် ၂၁ အထိ ၆လ သောက်ခိုင်းပါတယ်။ (အောက်ဆုံးက ဆေးသေးသေးလေတွေ (နံပါတ် ၂၂-၂၈) ကို မသောက်ခိုင်းပါဘူး။) ၆ လပြည့်လို့ Ultrasound ပြန်ရိုက်ကြည့်လို့ ကောင်းရင် လဲကောင်းသွားမယ် မကောင်းပဲ ပိုကြီးလာရင်တော့ ခွဲရမယ်လို့ ပြောပါတယ်။ အခုဆေးသောက်တာ ၂ လရှိပါပြီ။ ဆေးသောက်နေတဲ့အချိန်မှာ ရာသီတော့ မလာတော့ပါဘူး၊ ရာသီမလာဘူးဆိုတော့ အရမ်းကိုပျော် ပါတယ်။ လူလဲသက်သာပါတယ်။ ဒါပေမယ့် လူတကိုယ်လုံး တက်တက်ကြွကြွမရှိပဲ မလှုပ်ချင်အောင်ဖြစ်ပါတယ်။ ဒေါသတွေလဲ အရမ်းထွက်ပြီး တခုခုပြောရင် ပြန်ပြန်အော်နေလို့ပါ။ အရင်ကအဲ့လိုမဟုတ်ပါဘူး။ ဆံပင်တွေလဲ အရမ်းကျွတ်ပြီး ၀က်ခြံတွေလဲပေါက်ပါတယ် အဲ့ဒါ ဆေးရဲ့ side effect ကြောင့်ဖြစ်တာမလားဆရာ။ 

အိမ်ကိုပြောတော့လဲ အိမ်ကလူတွေက အဲ့လိုသာဖြစ်ရင် တားဆေးစားတဲ့ မိန်းကလေးတွေအကုန် အဲ့လိုတွေဖြစ်နေမှာပေါ့တဲ့။ အဲ့ဒီ side effect တွေ သက်သာအောင် ဘာတွေလုပ်ရမလဲ။ ၀က်ခြံပျောက်ပြီး ဆံပင်ကျွတ်တာလဲရပ်အောင်ပေါ့။ အခုဆို သမီးရဲ့ ဗိုက်ကလဲပူလာပြီးတော့ ဆီးလဲသိပ်ပြီး မထိန်း ထားနိုင်ဘူး၊ တခါတလေဆို ဗိုက်က တဆစ်ဆစ်နဲ့ အောင့်ပါတယ်။ သမီးက အိမ်ထောင်ပြု့ဖို့ အစီစဉ်ရှိပါတယ် ကြာတော့ ကြာအုံးမှာပါ အဆင်မပြေသေးလို့ပါ၊ အဲ့လိုဖြစ်နေလို့ ကလေးကောရနိုင်ပါသေးလားဆိုတာ သိချင်ပါတယ်ရှင်။ ခုတလော အဲ့လိုဖြစ်တဲ့ မိန်းကလေးတွေ များလာလို့ပါ၊ သမီး သူငယ်ချင်း ၁ ယောက်လဲ အဲ့လိုမျိုးဖြစပါတယ် သူကတော့ ဆေးသောက်နေရင်းနဲ့မှာ ရာသီတွေအရမ်းလာလို့ ခွဲထုပ်လိုက် ပါတယ်။ နောက် အသိထဲက တယောက်က ပေါက်ထွက်သွားလို့တဲ့ ဆေးရုံတင်လိုက်ရတယ်။ အဲ့လို သားအိမ်မှာ အလုံးဖြစ်နေတဲ့ မိန်းကလေးတွေ အတွက် ဆောင်ရန် နဲ့ ရှောင်ရန်တွေကိုပါ ပြောပြ ပေးစေချင်ပါတယ်။

ဆောရီး။ ဖြစ်တတ်တဲ့ရောဂါပါ။ အခံရဆိုးတယ်။ ကံကောင်းတာက ကင်ဆာ မဟုတ်ပါ။ စိတ်တော့ မပျက်ပါနဲ့ ကုသရတာလဲ ခက်တယ်။ အချိန်ယူရတယ်။ အကျိတ်က ၂ မျိုးဖြစ်နေတယ်။ Fibroid ဆိုတာက သားအိမ် အကျိတ်။ ဒါက သိပ်စိုးရိမ်စရာမရှိပါ။ သေးလဲသေးသေးတယ်။ သားအိမ်အပြင်အဖုံးလွှာအောက်မှာဖြစ်လို့ ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာအတွက် မထူးစေပါ။ ဒါပေမဲ့ ကြီးလာနိုင်တယ်။ နောက်တခုက Lt endometriotic cyst အခုလိုခံစားနေရတာတွေကိုဖြစ်နေစေတာဖြစ်တယ်။ သားအိမ်ရောဂါတမျိုးဖြစ်တယ်။ စာတပုဒ်ရေးထားတာကို ပို့လိုက်ပါတယ်။ ပြနေတဲ့ သားဖွါး-မီးယပ်အထူးကုကနေ အကောင်းဆုံး လုပ်ပေးပါလိမ့်မယ်။ အိမ်ထောင်ပြုလို့တော့ ရပါတယ်။ ပုံမှန်လိုတော့ အဆင်ပြေချင်မှတော့ ပြေပါမယ်။ တချို့မျာ အတူနေရင် မနာသင့်ဘဲနာတာမျိုး ဖြစ်တတ်တယ်။ လူတိုင်းတော့မဟုတ်ပါ။

ယမုန်နာဆေးခန်း - အမေး အဖြေ (၁၀၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

1 comment:

Anonymous said...

ဆရာရှင့်

နားနဲ့မနာဖဝါးနဲ့နာပါရှင့်ကျွန်မအိမ်ထောင်ကျတာမကြာသေးပါဘူးရှင့်ကိုယ်ဝန်မရခြင်သေး၍ကျွန်မတို့ဇနီးမောင်နှံဆင်ခြင်ကြပါတယ်ရှင့်ဒါပေမဲ့ကျွန်မရာသီလာပြီးနောက်တရက်အကာကွယ်မဲ့လိင်ဆက်ဆံမိပါတယ်ရှင့်လိင်ဆက်ဆံပြီးရာသီပြန်လာပါတယ်ရှင့်ဆရာရှင့်အဲ့ဒါကိုယ်ဝန်ရနိုင်မရနိုင်သိလိုပါတယ်ရှင့်ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ်ရှင့်