Wednesday, December 26, 2012

ဆောင်းတွင်း အသားအရေ ခြောက်သွေ့သူများအတွက်


အဆီပါဝင်မှုများသော မျက်နှာသစ်ဆပ်ပြာကို အသုံးပြုပါ။ လင်နိုလင် သို့မဟုတ် အုန်းဆီထည့်သွင်းပြုလုပ်ထားသော မျက်နှာသစ် ဆပ်ပြာကိုသုံးပေးပါ။ ကြမ်းတမ်းသော ဆပ်ပြာသုံးခြင်းက သင့်အရေပြားမှာ ရှိတဲ့အကာအကွယ်ပေးတဲ့ အဆီလွှာကို ပျက်စီးသွားစေနိုင် ပါတယ်။ ရေမွှေးပါသော ဆပ်ပြာ၊ ဗက်တီးရီးယားပိုးသေစေသော ဆပ်ပြာတို့ဟာ အသားအရေကို ပိုမိုခြောက်သွေ့စေပါတယ်။

-       အစိုဓာတ်ခံလိမ်းဆေး အသုံးပြုပေးပါ။ အသားအရေခြောက်သွေ့တာဟာ အရေပြားမှာ ရေဓာတ်လုံလောက်မှု မရှိလို့ဖြစ်ပါ တယ်။ ကိုယ်လိမ်းခရင်မ်များ၊ လိုးရှင်းများကို လိမ်းပေးခြင်းဖြင့် အရေပြားမှ ရေဓာတ်များ ထွက်မသွားအောင် ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းထားစေနိုင်ပါတယ်။

လိုးရှင်းထဲကို ဂလစ်စရင်းလေး တစ်စက်နှစ်စက်လောက်ထည့်လိမ်းနိုင်ပါတယ်။ နည်းနည်း စေးကပ်ကပ် ဖြစ်ပေမယ့် အလွန်ထိရောက်ပါ တယ်။

-       ရေနွေးလေးဖြင့် ရေချိုးပါ။ ရေနွေးပူပူဖြင့် ရေချိုးပါက အရေပြားက အဆီလွှာတွေပျက်စီးသွားနိုင်ပါတယ်။
-       ချမ်းအေးသောလေ အတိုက်မခံပါနှင့်။ အလွန်ချမ်းအေးသော နေရာသို့ သွားမယ်ဆိုရင် အနွေးထည် သေသေချာချာ ၀တ်သွား ပါ။

ခန္ဓာကိုယ်အကြောင်း တစေ့တစောင်း

-       ခန္ဓာကိုယ်ထဲက အရိုးရဲ့ တစ်ဝက်ကျော်ဟာ ခြေထောက်များနဲ့လက်များမှာ တည်ရှိပါတယ်။

-       ဘ၀တစ်လျှောက်မှာ လူတစ်ဦးဟာ ပျမ်းမျှ ရေဂါလံပေါင်း ၁၆၀၀၀ သောက်ပါတယ်။

-       ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမှင်များထဲမှ မုတ်ဆိတ်မွှေးက အရှည်အမြန်ဆုံးဖြစ်ပါတယ်။ အမျိုးသားတစ်ဦးဟာ မုတ်ဆိတ်မွှေး တွေကို မရိတ်ဘဲထားရင် ဘ၀တစ်လျှောက်လုံးမှာ ပေ ၃၀ခန့်ရှည်နိုင်ပါတယ်။

-       ဦးနှောက်ဟာ လျှပ်စစ်လှိုင်း အချက်ပြပို့လွှတ်မှု Electrical Wave Signals တွေကို သေဆုံးပြီးနောက် ၃၇ နာရီလောက်အထိ ပို့ လွှတ်နေဆဲပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲက အံ့သြစရာများ
-       နှာခေါင်းဟာ အနံ့ပေါင်း ၅သောင်းကျော်ကို မှတ်မိနိုင်တယ်။

-       နှာချေတဲ့နှုန်းဟာ တစ်နာရီကို မိုင် ၁၀၀နှုန်း (100 mph) ဖြစ်တယ်။

-       မေးရိုးဟာ ခန္ဓာကိုယ်က အရိုးများထဲမှာ အခိုင်ခံ့ဆုံးဖြစ်တယ်။

-       ရယ်မောခြင်းနဲ့ ချောင်းဆိုးခြင်းဟာ လမ်းလျှောက်ခြင်းနဲ့ မတ်တပ်ရပ်ခြင်းထက် မြီးညှောင့်ရိုးအပေါ်ကို ဖိအားသက်ရောက်မှု ပိုမို တယ်။

-       ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံး သွေးအုပ်စုဟာ အိုသွေးအုပ်စုဖြစ်တယ်။

မျက်လုံး၏ ထူခြားမှုများ
-       အမျိုးသမီးတွေဟာ အမျိုးသားတွေထက် မျက်တောင်ခတ်တဲ့ အကြိမ် ၂ဆပိုများတယ်။

-       လူ့မျက်လုံးဟာ အရောင်ကွဲပေါင်း သိန်း ၁၀၀ကျော်ကို အာရုံသိနိုင် (ခွဲခြားနိုင်) တယ်။

-       မျက်လုံးမှာရှိတဲ့ ကြွက်သားတွေဟာ လူ့ခန္ဓာကိုယ်မှာ တုံ့ပြန်မှုအမြန်ဆုံးကြွက်သားများဖြစ်တယ်။ ၄င်းဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၀၀ပုံ ၁ပုံ အချိန်အတွင်းမှာ ကျုံ့နိုင်ဆန့်နိုင်တယ်။

-       မျက်မှောင်ကြုံ့ခြင်းအကြိမ် ၂သိန်းခန့်ပြုလုပ်ရင် နဖူးမှာ အရေးအကြောင်းတစ်ခုပေါ်လာတယ်။

-       မျက်လုံးရဲ့အမြင်အားဟာ နေ့တစ်နေ့ရဲ့အလယ် Middle of the day မှာ အစူးရှဆုံးဖြစ်တယ်။

Credit: Health Digest Journal – Vol. (9), No. (6) 14-12-2011

No comments: