Wednesday, February 20, 2019

လူငယ္တစ္ေယာက္လိုႏုပ်ိဳေနတဲ့ ဦးေလးႀကီးရဲ႕ လွ်ိဳဝွက္ခ်က္

အသက္ ၅၁ႏွစ္ရွိတာေတာင္ လူငယ္တစ္ေယာက္လိုႏုပ်ိဳေနတဲ့ ဦးေလးႀကီးရဲ႕ လွ်ိဳဝွက္ခ်က္

By Kyaw Htike Aung 




Chuando Tan ဆိုတဲ့ အသက္ ၅၁ႏွစ္အရြယ္ရွိတဲ့ အမ်ိဳးသားဟာ စကၤာပူႏိုင္ငံရဲ႕ ဓာတ္ပုံဆရာတစ္ေယာက္ျဖစ္ၿပီး သူဟာ ၁၉၆၇ခုႏွစ္မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။ ၁၉၈၀ ခုႏွစ္မွာ ေမာ္ဒယ္အလုပ္ကို စတင္လုပ္ကိုင္ခဲ့ၿပီး ၁၉၈၀ ခုႏွစ္မွာ pop အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ သီခ်င္းဆိုတာ မိမိရဲ႕ အသက္ေမြးဝမ္းေက်ာင္းအတြက္ ေရရွည္မတည္ၿမဲတာေၾကာင့္ ဓာတ္ပုံေလာက္ကထဲကို စတင္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ Tan ရဲ႕ အသက္ဟာ ၅၁ႏွစ္ဆိုတာ ဘယ္သူမွသတိမထားမိၾကပါဘူး။ Tan ႏုပ်ိဳေနတာကို လူေတာ္ေတာ္မ်ားမ်ားက စကၤာပူရဲ႕ သန္႔စင္တဲ့ ေလေကာင္းေလသန္႔ေၾကာင့္လား၊ ေကာင္းမြန္တဲ့ ေဆးဝါးေတြ မွီဝဲလို႔လား ဒါမွမဟုတ္ အရည္အေသြးျမင့္ ထုတ္ကုန္ေတြ သုံးစြဲတာေၾကာင့္လား၊ မ်ိဳး႐ိုးဗီဇေၾကာင့္လား စသျဖင့္ အမ်ိဳးမ်ိဳး ေမးျမန္းမႈေတြရွိပါတယ္။ သူရဲ႕လွ်ိဳ႕ဝွက္ခ်က္ကိုေတာ့ အင္တာဗ်ဴးေတြမွာ မွ်ေဝေပးခဲ့ပါတယ္။ သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္က ဘာျဖစ္မလဲဆိုေတာ့


သူက နံနက္စာကို ၾကက္ဥ ၆လုံးစားသုံးပါတယ္။ Tan ရဲ႕အဆိုအရ သူရဲ႕ လူတစ္ေယာက္ က်န္းမာႏုပ်ိဳဖို႔ဆိုတာ ေန႔စဥ္စားေသာက္တဲ့ အစားအေသာက္အေပၚ ၇၀% မူတည္ၿပီး ေလ့က်င့္ခန္းအေပၚ ၃၀% မူတည္ပါတယ္လို႔ဆိုပါတယ္။ သူရဲ႕ ကိုလက္စထေရာလ္ကို ထိန္းညႇိဖို႔အတြက္ နံနက္စာကို ၾကက္ဥအႏွစ္ ၂လုံးနဲ႔ အကာ ၆လုံးကို စားသုံးပါတယ္။ ဒါ့အျပင္ ႏို႔တစ္ခြက္နဲ႔ တစ္ခါတေလမွာ ဘယ္ရီသီး၊ ေထာပတ္သီးတို႔ကို စားေလ့ရွိပါတယ္။ ေန႔လယ္စာအတြက္ ထမင္း၊ အသီးအရြက္ကင္၊ ငါးဟင္းခ်ိဳ၊ ၾကက္သား စတဲ့ အစားအစာမ်ိဳးကို စာသုံးၿပီး ေကာ္ဖီနဲ႔ လက္ဖက္ရည္ကိုေတာ့ မေသာက္ျဖစ္တာမ်ားပါတယ္။ ေကာ္ဖီ၊ လက္ဖက္ရည္အစား ေရမ်ားမ်ားေသာက္ ေပးပါတယ္။ ညစာအတြက္ လတ္ဆတ္တဲ့ အစိမ္းေရာင္ အသီးအရြက္ကို သုပ္စားျဖစ္ပါတယ္။ ဒါ့အျပင္ ေဆးလိပ္၊ အရက္လည္း လုံးဝေသာက္သုံးျခင္း မရွိပါဘူး။


ေလ့က်င့္ခန္းအတြက္ တစ္ေန႔ကို အခ်ိန္ မိနစ္ ၉၀ ေပးထားပါတယ္။ အလုပ္မ်ားတဲ့ အခါမ်ိဳးမွာ တစ္ပတ္ကို ၃-၄ႀကိမ္သာ ေလ့က်င့္ခန္းလုပ္ျဖစ္ၿပီး ေရကူးဖို႔အတြက္ ေန႔စဥ္ေန႔တိုင္း အခ်ိန္ေပးထားပါတယ္။ ညေနပိုင္းဆို ၁နာရီေလာက္ ပုံမွန္ေရကူးေလ့ရွိပါတယ္။


အသားအေရကို ထိန္းသိမ္းဖို႔အတြက္ ဘာထုတ္ကုန္မွ မသုံးျဖစ္ပါဘူး။ မ်က္ႏွာကို ခြဲစိတ္ျပဳျပင္ထားျခင္းနဲ႔ အလွအပထုတ္ကုန္ေတြကို လုံးဝျပဳလုပ္ျခင္းမရွိဘူးလို႔ဆိုပါတယ္။ မိမိရဲ႕အသားအေရဟာ ထိခိုက္မခံတဲ့ အသားအေရမ်ိဳးျဖစ္တာေၾကာင့္ Gel Face နဲ႔ အသားအေရစိုေျပေစဖို႔ ခရင္မ္တစ္မ်ိဳးကိုသာ အသုးျပဳႏိုင္ပါတယ္။ ညဘက္ ၁၁နာရီမွာ အိပ္ေလ့ရွိၿပီး နံနက္ပိုင္းမွာ ေစာေစာထေလ့ရွိပါတယ္။ ညဥ့္နက္တဲ့အထိ ႐ုပ္ရွင္ၾကည့္ျခင္း၊ ဖုန္းသုံးျခင္းမ်ိဳးကိုလည္း ေရွာင္ၾကဥ္ပါတယ္။ ေကာင္းေကာင္းအိပ္စက္အနားယူဖို႔အတြက္ အိပ္ယာသို႔မသြားခင္ ၅-၆ နာရီအလိုထဲက အစာအစားသုံးျခင္းကို ေရွာင္ၾကဥ္ပါတယ္။ လူတစ္ေယာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားလွ်င္ သူ႔ရဲ႕တစ္ေန႔တာကို ပိုၿပီး အလုပ္လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီအခ်က္ေတြကေတာ့ Tan ရဲ႕ တစ္ေန႔တာ လုပ္ေဆာင္တဲ့ လုပ္ေဆာင္ခ်က္ေတြပဲျဖစ္ပါတယ္။

#Lifestyle_Myanmar


(Unicode)

အသက် ၅၁နှစ်အရွယ်ရှိတဲ့ဦးလေးကြီးက ဘာလို့ ဒီလောက်နုပျိုနေတာလဲ။ သူရဲ့ လျှိုဝှက်ချက်ကိုသိချင်လား။
Chuando Tan ဆိုတဲ့ အသက် ၅၁နှစ်အရွယ်ရှိတဲ့ အမျိုးသားဟာ စင်္ကာပူနိုင်ငံရဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူဟာ ၁၉၆၇ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မော်ဒယ်အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ်မှာ pop အဆိုတော်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သီချင်းဆိုတာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းအတွက် ရေရှည်မတည်မြဲတာကြောင့် ဓာတ်ပုံလောက်ကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ Tan ရဲ့ အသက်ဟာ ၅၁နှစ်ဆိုတာ ဘယ်သူမှသတိမထားမိကြပါဘူး။ Tan နုပျိုနေတာကို လူတော်တော်များများက စင်္ကာပူရဲ့ သန့်စင်တဲ့ လေကောင်းလေသန့်ကြောင့်လား၊ ကောင်းမွန်တဲ့ ဆေးဝါးတွေ မှီဝဲလို့လား ဒါမှမဟုတ် အရည်အသွေးမြင့် ထုတ်ကုန်တွေ သုံးစွဲတာကြောင့်လား၊ မျိုးရိုးဗီဇကြောင့်လား စသဖြင့် အမျိုးမျိုး မေးမြန်းမှုတွေရှိပါတယ်။ သူရဲ့လျှို့ဝှက်ချက်ကိုတော့ အင်တာဗျူးတွေမှာ မျှဝေပေးခဲ့ပါတယ်။ သူ့ရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတော့

သူက နံနက်စာကို ကြက်ဥ ၆လုံးစားသုံးပါတယ်။ Tan ရဲ့အဆိုအရ သူရဲ့ လူတစ်ယောက် ကျန်းမာနုပျိုဖို့ဆိုတာ နေ့စဉ်စားသောက်တဲ့ အစားအသောက်အပေါ် ရ၀% မူတည်ပြီး လေ့ကျင့်ခန်းအပေါ် ၃၀% မူတည်ပါတယ်လို့ဆိုပါတယ်။ သူရဲ့ ကိုလက်စထရောလ်ကို ထိန်းညှိဖို့အတွက် နံနက်စာကို ကြက်ဥအနှစ် ၂လုံးနဲ့ အကာ ၆လုံးကို စားသုံးပါတယ်။ ဒါ့အပြင် နို့တစ်ခွက်နဲ့ တစ်ခါတလေမှာ ဘယ်ရီသီး၊ ထောပတ်သီးတို့ကို စားလေ့ရှိပါတယ်။ နေ့လယ်စာအတွက် ထမင်း၊ အသီးအရွက်ကင်၊ ငါးဟင်းချို၊ ကြက်သား စတဲ့ အစားအစာမျိုးကို စာသုံးပြီး ကော်ဖီနဲ့ လက်ဖက်ရည်ကိုတော့ မသောက်ဖြစ်တာများပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်အစား ရေများများသောက် ပေးပါတယ်။ ညစာအတွက် လတ်ဆတ်တဲ့ အစိမ်းရောင် အသီးအရွက်ကို သုပ်စားဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်၊ အရက်လည်း လုံးဝသောက်သုံးခြင်း မရှိပါဘူး။

လေ့ကျင့်ခန်းအတွက် တစ်နေ့ကို အချိန် မိနစ် ၉၀ ပေးထားပါတယ်။ အလုပ်များတဲ့ အခါမျိုးမှာ တစ်ပတ်ကို ၃-၄ကြိမ်သာ လေ့ကျင့်ခန်းလုပ်ဖြစ်ပြီး ရေကူးဖို့အတွက် နေ့စဉ်နေ့တိုင်း အချိန်ပေးထားပါတယ်။ ညနေပိုင်းဆို ၁နာရီလောက် ပုံမှန်ရေကူးလေ့ရှိပါတယ်။

အသားအရေကို ထိန်းသိမ်းဖို့အတွက် ဘာထုတ်ကုန်မှ မသုံးဖြစ်ပါဘူး။ မျက်နှာကို ခွဲစိတ်ပြုပြင်ထားခြင်းနဲ့ အလှအပထုတ်ကုန်တွေကို လုံးဝပြုလုပ်ခြင်းမရှိဘူးလို့ဆိုပါတယ်။ မိမိရဲ့အသားအရေဟာ ထိခိုက်မခံတဲ့ အသားအရေမျိုးဖြစ်တာကြောင့် Gel Face နဲ့ အသားအရေစိုပြေစေဖို့ ခရင်မ်တစ်မျိုးကိုသာ အသုးပြုနိုင်ပါတယ်။ ညဘက် ၁၁နာရီမှာ အိပ်လေ့ရှိပြီး နံနက်ပိုင်းမှာ စောစောထလေ့ရှိပါတယ်။ ညဉ့်နက်တဲ့အထိ ရုပ်ရှင်ကြည့်ခြင်း၊ ဖုန်းသုံးခြင်းမျိုးကိုလည်း ရှောင်ကြဉ်ပါတယ်။ ကောင်းကောင်းအိပ်စက်အနားယူဖို့အတွက် အိပ်ယာသို့မသွားခင် ၅-၆ နာရီအလိုထဲက အစာအစားသုံးခြင်းကို ရှောင်ကြဉ်ပါတယ်။ လူတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလျှင် သူ့ရဲ့တစ်နေ့တာကို ပိုပြီး အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကတော့ Tan ရဲ့ တစ်နေ့တာ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေပဲဖြစ်ပါတယ်။


Kyaw Htike Aung

(Lifestyle Myanmar

No comments: