Saturday, February 9, 2019

လွ်ိဳ႕၀ွက္ခ်က္ေတြကုိ ရင္ဖြင့္သင့္သလား



(Zawgyi)

၁)

ဆရာမင္းလူေရးတဲ့ “သူငယ္ခ်င္းတစ္ေယာက္အေၾကာင္း” စာအုပ္ ဖတ္ဖူးပါတယ္။ ငယ္ငယ္က မျပည္႕မစံု ေနခဲ့ရေပမယ့္ စီးပြါးေရးအကြက္ျမင္၊ ေပါင္းတတ္သင္းတတ္၊ Street smart ျဖစ္ခဲ့လို႔ တျဖည္းျဖည္း ခ်မ္းသာလာတဲ့ သူ႕ငယ္သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ဘ၀ဇာတ္ေၾကာင္းပါ။

တစ္ခါက သူတို႕သူငယ္ခ်င္းေတြ ေက်ာင္းလစ္ၿပီး ေဘာလံုးပြဲသြားၾကည္႕ၾကပါတယ္။ အဲဒီမွာ ေက်ာင္းက ဆရာတစ္ေယာက္နဲ႕ ေဘာလံုးကြင္းထဲမွာ ေတြ႕ပါေလေရာ။ ေတြ႕ေတာ့ သူက လန္႕သြားတာေပါ့။ ဒါေပမယ့္ သူ႕သူငယ္ခ်င္းက ခပ္ေအးေအးပဲ ေျပာတယ္။ မေၾကာက္ပါနဲ႕၊ ဆရာေတာင္ ေဘာလံုးပြဲလာၾကည္႕ေနမွေတာ့ ငါတုိ႕ကုိ သူဘယ္လုိတုိင္မလဲ တဲ့။

တစ္ဖက္သားရဲ႕ အားနည္းခ်က္ကို ကုိင္ထားတတ္တဲ့ သူ႕အက်င့္စရုိက္ကုိ ဒီငယ္ဘ၀အျဖစ္အပ်က္ေလးကတစ္ဆင့္ ဆရာမင္းလူက ပံုေဖာ္ထားပါတယ္။

၂)

စိတ္ဖိစီးမႈေတြကုိ ကေလးဘ၀က က်က္ရတဲ့ ရူပေဗဒေဖာ္ျမဴလာေလးနဲ႕ ေျဖေဖ်ာက္ၾကည္႕ပါ ဆုိတဲ့ ေဆာင္းပါးေလးတစ္ပုဒ္ ဖတ္ဖူးတယ္။

Pressure (Stress) = Force / Area

ဖိအားဆုိတာ သက္ေရာက္မႈကုိ တည္၊ သက္ေရာက္တဲ့ ဧရိယာနဲ႕ စား။

စဥ္းစားၾကည္႕၊ ကုိယ့္ဆီေရာက္လာတဲ့ စိတ္ဒုကၡက ၁၀၀ ဆုိပါေတာ့၊ ကုိယ္တစ္ေယာက္တည္းမွာပဲ သက္ေရာက္ေနမယ္ဆုိရင္ ၁၀၀ အစား ၁ မို႕ ကုိယ့္ရဲ႕ စိတ္ဖိစီးမႈ၊ စိတ္ဖိအားက ၁၀၀ ပဲ ျဖစ္ေနမယ္။

တကယ္လို႔ ကုိယ္တစ္ေယာက္တည္းမဟုတ္ဘဲ (၅)ေယာက္ေလာက္ မွ်ခံစားလိုက္မယ္ဆုိရင္ေတာ့ ကုိယ့္ရဲ႕စိတ္ဖိစီးမႈက ၁၀၀ အစား ၅ ဆုိေတာ့ ၂၀ ပဲက်န္ေတာ့မယ္ တဲ့။

ဒါေၾကာင့္မို႕ စိတ္ဒုကၡေတြနဲ႕ ၾကံဳေနရရင္ ယံုၾကည္စိတ္ခ်ရသူ တစ္ေယာက္ကုိ ဖြင့္ေျပာပါ သက္သာရာ ရလိမ့္မယ္ တဲ့။

၃)

အတိအက်မမွတ္မိေတာ့လို႔ ဇာတ္လမ္းသေဘာေလးပဲ ေျပာပါရေစ။

မေဟာ္သဓာဇာတ္ေတာ္ထဲက အျဖစ္အပ်က္တစ္ခုပါ။ သူ႕ကုိ အေကာက္ၾကံဖုိ႔ အၿမဲၾကိဳးစားေနတဲ့ အမတ္ၾကီးေတြက တစ္ရက္ေတာ့ေမးတယ္။ ကုိယ့္ရဲ႕ လွ်ိဳ႕၀ွက္ခ်က္ကုိ ဘယ္သူ႕ကုိ ေျပာျပသင့္လဲ ဆုိေတာ့ မေဟာ္သဓာက ေျဖတယ္၊ ဘယ္သူ႕မွ ေျပာမျပသင့္ဘူး တဲ့။ ဒီမွာတင္ အမတ္ေတြလည္း အကြက္ရသြားၿပီး ဘုရင္ကုိသြားေလွ်ာက္၊ အရွင္မင္းၾကီး မေဟာ္သဓာမွာေတာ့ လွ်ိဳ႕၀ွက္ၾကံစည္ထားတာေတြ ရွိေနၿပီ စသျဖင့္ေျပာ၊ ထံုးစံအတုိင္း ဘုရင္က မယံုဘူး။ ဒီအခါမွာ ေနာက္ေန႕ ညီလာခံက် ေမးၾကည္႕ပါလုိ႔ ေျပာေတာ့ ဘုရင္ကေမးေရာ။ ေမးေတာ့ မေဟာ္သဓါကလည္း သူယံုၾကည္တဲ့အတုိင္းပဲ ေျဖတယ္။ အဲဒီမွာတင္ ဘုရင္က သိပ္သေဘာမက်ေတာ့ဘူး ျဖစ္သြားတယ္။ ဒါကုိ မေဟာ္သဓာကလည္း ရိပ္မိတယ္။

ညက်ေတာ့ အမတ္မင္း(၄)ေယာက္ သီးသန္႕ဆံုၾကမယ့္ေနရာမွာ မေဟာ္သဓာက အရင္ တိတ္တိတ္ေလး ေနရာယူၿပီး သြားနားေထာင္တယ္။ အမတ္မင္းေတြလည္း မေဟာ္သဓာကို ဘုရင္က အထင္လြဲသြားေတာ့ ေအာင္ျမင္ၿပီဆုိၿပီး ၀မ္းသာအားရနဲ႕ သူတုိ႕ငယ္ငယ္က အတြင္းေရးေတြကုိ ေျပာၾကပါေလေရာ။ အမႈျဖစ္ဖူးတဲ့သူ၊ ေရာဂါရွိတဲ့သူ စသၿဖင့္ ေပၚလာတာေပါ့။

ေနာက္ေန႕ ညီလာခံလည္းက်ေရာ မေဟာ္သဓါက အဲဒီအေၾကာင္းေတြ ထုတ္ေဖာ္ေျပာၿပီး ဘုရင္ကုိ ျပန္ေလွ်ာက္ေတာ့ အမတ္ေတြလည္း အရွက္ကြဲ၊ ဘုရင္လည္း သူ႕အဆုိကုိ လက္ခံသြားပါေတာ့တယ္။

၄)

လူဆိုတာက အေဖာ္မင္တတ္တယ္၊ ကိုယ့္ရင္ထဲ ျပည္႕ၾကပ္လာတဲ့အခါ ရင္ဖြင့္ခ်င္တယ္၊ ၾကံရာမရ ျဖစ္လာတဲ့အခါ အၾကံဉာဏ္ေတာင္းခ်င္တယ္။

“မိတ္ေဆြေကာင္းဆိုတာ ကိုယ့္အေပၚ နားလည္ေပးတဲ့သူ၊ စာနာနားလည္ေပးတဲ့သူ၊ ကိုယ္ငိုရင္ လိုက္၀မ္းနည္းေပးၿပီး ကိုယ္၀မ္းသာေနရင္ လိုက္ေပ်ာ္ေပးတဲ့သူ”” စသျဖင့္ ေျပာတတ္ၾကေပမဲ့ တကယ့္လက္ေတြ႔မွာေတာ့ ဒီေလာက္မရိုးစင္းပါဘူး။ ဘယ္သူက မိတ္ေဆြ၊ ဘယ္သူက ရန္သူ ခြဲျခားရခက္သလို၊ ဒီေန႔ မိတ္ေဆြျဖစ္ေနသူက မနက္ျဖန္မွာ ရန္သူ ျဖစ္သြားႏိုင္ပါတယ္။ ဒီေန႕ ခ်စ္သူကလည္း မနက္ျဖန္က် ကုိယ့္အားနည္းခ်က္ကုိ ၿခိမ္းေၿခာက္အၾကပ္ကုိင္သူ ျဖစ္လာႏုိင္တယ္။ ဒါေၾကာင့္မုိ႕ ကုိယ့္အေၾကာင္းေတြ၊ ကိုယ့္လွ်ိဳ႕၀ွက္ခ်က္ေတြ ရင္ဖြင့္ေျပာျပထားၿခင္းက တစ္ဖက္ကို ကိုယ့္အေပၚ အႏိုင္ယူခြင့္၊ ကုိယ့္အားနည္းခ်က္ကို ခ်ဳပ္ကိုင္ပိုင္ခြင့္ ေပးလိုက္တာနဲ႕ အတူတူပါပဲ။

ရႈပ္ေထြးတဲ့ေလာကမွာ ရုိးတဲ့သူ၊ အတဲ့သူဟာ ခံရစၿမဲပါ။ တစ္ေယာက္ေလာက္က ကုိယ့္ရုိးအမႈကို ခ်ီးက်ဴးေနခ်ိန္မွာ ေနာက္လူ(၁၀)ေယာက္ေလာက္က အျမတ္ထုတ္ဖို႔ ၾကိဳးစားေနၾကတယ္။ အသက္ေတြၾကီးလာတဲ့အမွ် အေရာင္အေသြးေတြ စံုလင္လာတဲ့ လူမႈဆက္ဆံေရးနယ္ပယ္မွာ သတိၾကီးၾကီးထားဖို႔ လိုလာပါတယ္။

ပညာရွိတစ္ေယာက္ကေတာ့ ေျပာဖူးပါတယ္

လူဟာ ကိုယ့္အေၾကာင္းကိုယ္ ေျပာတဲ့အခါတိုင္းမွာ ရံႈးတယ္၊ ကိုယ့္မေကာင္းေၾကာင္းေတြကို ေျပာတဲ့အခါ တစ္ဖက္လူက “ေၾသာ္.. သူကိုယ္တိုင္ ေျပာတာပဲေလ” ဆိုၿပီး အၾကြင္းမဲ့ယံုၾကည္သြားတတ္ေပမဲ့ ေကာင္းေၾကာင္းေတြကို ေျပာတဲ့အခါက်ေတာ့ မယံုတဲ့အျပင္ ကိုယ့္ဂုဏ္ကိုယ္ေဖာ္ေနတယ္ ဆိုၿပီးေတာင္ အထင္အၿမင္ေသးသြားတတ္ပါေသးတယ္ တဲ့။

၅)

ေလာကၾကီးဟာ ကေလးဘဝက ေတြးထင္ခဲ့သလုိ မရုိးရွင္းပါဘူး။ ကုိယ္က သူမ်ားအားနည္းခ်က္ကုိ ခ်မနင္းခ်င္ဘူးဆုိတုိင္း ကုိယ့္လုိပဲ လူတုိင္းကုို မထင္ပါနဲ႕။ အဲ့လိုခ်နင္းသြားမယ့္လူေတြက ကုိယ့္ပတ္၀န္းက်င္မွာ အမ်ားၾကီး ရွိေနႏုိင္ပါတယ္။ ဒီေခတ္ဟာ အၿပိဳင္အဆုိင္လည္း မ်ားလာတယ္ဆုိတာ သတိရပါ။ ဒါေၾကာင့္မို႕ ကုိယ္က ခ်မနင္းလည္း အနင္းမခံရေအာင္ေတာ့ ၾကိဳးစားဖို႔လိုပါတယ္။

စာေရးဆရာၾကီး မာ့ခ္တိြန္းေျပာသလို လူသားတုိင္းဟာ အေမွာင္ဖက္တစ္ျခမ္းစီရွိတဲ့ လတစ္စင္းစီပါပဲ၊၊

အၾကြင္းမဲ့မဟုတ္ေတာင္ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား လက္ခံပါတယ္။ ကၽြန္ေတာ္တုိ႔အားလံုးမွာ လူမသိေစခ်င္တဲ့ အေမွာင္ဖက္ျခမ္းဆုိတာ ရွိၾကတာခ်ည္းပါပဲ။

ကေလးေတြကေတာ့ သူတို႕ခံစားခ်က္ေတြ၊ သူတုိ႕အေၾကာင္းေတြကုိ ေတြ႕တဲ့လူတုိင္းကုိ ေျပာျပၾကလိမ့္မယ္။

ရင့္က်က္သြားတဲ့သူေတြကေတာ့ သူတုိ႕ယံုၾကည္ရတဲ့သူေတြကုိပဲ ေျပာျပတယ္။

တကယ့္ဂႏၱ၀င္ေတြကေတာ့ သူတို႕အေၾကာင္း၊ သူတုိ႕လွ်ိဳ႕၀ွက္ခ်က္ေတြကုိ ဘယ္သူ႕ကုိမွ မေျပာဘဲေနႏုိင္ေအာင္၊ ဘယ္သူ႕ရဲ႕ လႊမ္းမုိးမႈ၊ ဘယ္သူ႕ပါ၀ါေအာက္မွ ေရာက္မသြားေအာင္ ၾကိဳးစားၾကတယ္။

ေဒါက္တာ ၿဖိဳးသီဟ
၁၇.၈.၂၀၁၇

(Unicode)

၁)

ဆရာမင်းလူရေးတဲ့ “သူငယ်ချင်းတစ်ယောက်အကြောင်း” စာအုပ် ဖတ်ဖူးပါတယ်။ ငယ်ငယ်က မပြည့်မစုံ နေခဲ့ရပေမယ့် စီးပွါးရေးအကွက်မြင်၊ ပေါင်းတတ်သင်းတတ်၊ Street smart ဖြစ်ခဲ့လို့ တဖြည်းဖြည်း ချမ်းသာလာတဲ့ သူ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ။

တစ်ခါက သူတို့သူငယ်ချင်းတွေ ကျောင်းလစ်ပြီး ဘောလုံးပွဲသွားကြည့်ကြပါတယ်။ အဲဒီမှာ ကျောင်းက ဆရာတစ်ယောက်နဲ့ ဘောလုံးကွင်းထဲမှာ တွေ့ပါလေရော။ တွေ့တော့ သူက လန့်သွားတာပေါ့။ ဒါပေမယ့် သူ့သူငယ်ချင်းက ခပ်အေးအေးပဲ ပြောတယ်။ မကြောက်ပါနဲ့၊ ဆရာတောင် ဘောလုံးပွဲလာကြည့်နေမှတော့ ငါတို့ကို သူဘယ်လိုတိုင်မလဲ တဲ့။

တစ်ဖက်သားရဲ့ အားနည်းချက်ကို ကိုင်ထားတတ်တဲ့ သူ့အကျင့်စရိုက်ကို ဒီငယ်ဘဝအဖြစ်အပျက်လေးကတစ်ဆင့် ဆရာမင်းလူက ပုံဖော်ထားပါတယ်။

၂)

စိတ်ဖိစီးမှုတွေကို ကလေးဘဝက ကျက်ရတဲ့ ရူပဗေဒဖော်မြူလာလေးနဲ့ ဖြေဖျောက်ကြည့်ပါ ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ဖတ်ဖူးတယ်။

Pressure (Stress) = Force / Area

ဖိအားဆိုတာ သက်ရောက်မှုကို တည်၊ သက်ရောက်တဲ့ ဧရိယာနဲ့ စား။

စဉ်းစားကြည့်၊ ကိုယ့်ဆီရောက်လာတဲ့ စိတ်ဒုက္ခက ၁၀၀ ဆိုပါတော့၊ ကိုယ်တစ်ယောက်တည်းမှာပဲ သက်ရောက်နေမယ်ဆိုရင် ၁၀၀ အစား ၁ မို့ ကိုယ့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဖိအားက ၁၀၀ ပဲ ဖြစ်နေမယ်။

တကယ်လို့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ (၅)ယောက်လောက် မျှခံစားလိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်ဖိစီးမှုက ၁၀၀ အစား ၅ ဆိုတော့ ၂၀ ပဲကျန်တော့မယ် တဲ့။

ဒါကြောင့်မို့ စိတ်ဒုက္ခတွေနဲ့ ကြုံနေရရင် ယုံကြည်စိတ်ချရသူ တစ်ယောက်ကို ဖွင့်ပြောပါ သက်သာရာ ရလိမ့်မယ် တဲ့။

၃)

အတိအကျမမှတ်မိတော့လို့ ဇာတ်လမ်းသဘောလေးပဲ ပြောပါရစေ။

မဟော်သဓာဇာတ်တော်ထဲက အဖြစ်အပျက်တစ်ခုပါ။ သူ့ကို အကောက်ကြံဖို့ အမြဲကြိုးစားနေတဲ့ အမတ်ကြီးတွေက တစ်ရက်တော့မေးတယ်။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူ့ကို ပြောပြသင့်လဲ ဆိုတော့ မဟော်သဓာက ဖြေတယ်၊ ဘယ်သူ့မှ ပြောမပြသင့်ဘူး တဲ့။ ဒီမှာတင် အမတ်တွေလည်း အကွက်ရသွားပြီး ဘုရင်ကိုသွားလျှောက်၊ အရှင်မင်းကြီး မဟော်သဓာမှာတော့ လျှို့ဝှက်ကြံစည်ထားတာတွေ ရှိနေပြီ စသဖြင့်ပြော၊ ထုံးစံအတိုင်း ဘုရင်က မယုံဘူး။ ဒီအခါမှာ နောက်နေ့ ညီလာခံကျ မေးကြည့်ပါလို့ ပြောတော့ ဘုရင်ကမေးရော။ မေးတော့ မဟော်သဓါကလည်း သူယုံကြည်တဲ့အတိုင်းပဲ ဖြေတယ်။ အဲဒီမှာတင် ဘုရင်က သိပ်သဘောမကျတော့ဘူး ဖြစ်သွားတယ်။ ဒါကို မဟော်သဓာကလည်း ရိပ်မိတယ်။

ညကျတော့ အမတ်မင်း(၄)ယောက် သီးသန့်ဆုံကြမယ့်နေရာမှာ မဟော်သဓာက အရင် တိတ်တိတ်လေး နေရာယူပြီး သွားနားထောင်တယ်။ အမတ်မင်းတွေလည်း မဟော်သဓာကို ဘုရင်က အထင်လွဲသွားတော့ အောင်မြင်ပြီဆိုပြီး ၀မ်းသာအားရနဲ့ သူတို့ငယ်ငယ်က အတွင်းရေးတွေကို ပြောကြပါလေရော။ အမှုဖြစ်ဖူးတဲ့သူ၊ ရောဂါရှိတဲ့သူ စသဖြင့် ပေါ်လာတာပေါ့။

နောက်နေ့ ညီလာခံလည်းကျရော မဟော်သဓါက အဲဒီအကြောင်းတွေ ထုတ်ဖော်ပြောပြီး ဘုရင်ကို ပြန်လျှောက်တော့ အမတ်တွေလည်း အရှက်ကွဲ၊ ဘုရင်လည်း သူ့အဆိုကို လက်ခံသွားပါတော့တယ်။

၄)

လူဆိုတာက အဖော်မင်တတ်တယ်၊ ကိုယ့်ရင်ထဲ ပြည့်ကြပ်လာတဲ့အခါ ရင်ဖွင့်ချင်တယ်၊ ကြံရာမရ ဖြစ်လာတဲ့အခါ အကြံဉာဏ်တောင်းချင်တယ်။

“မိတ်ဆွေကောင်းဆိုတာ ကိုယ့်အပေါ် နားလည်ပေးတဲ့သူ၊ စာနာနားလည်ပေးတဲ့သူ၊ ကိုယ်ငိုရင် လိုက်ဝမ်းနည်းပေးပြီး ကိုယ်ဝမ်းသာနေရင် လိုက်ပျော်ပေးတဲ့သူ”” စသဖြင့် ပြောတတ်ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီလောက်မရိုးစင်းပါဘူး။ ဘယ်သူက မိတ်ဆွေ၊ ဘယ်သူက ရန်သူ ခွဲခြားရခက်သလို၊ ဒီနေ့ မိတ်ဆွေဖြစ်နေသူက မနက်ဖြန်မှာ ရန်သူ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ ချစ်သူကလည်း မနက်ဖြန်ကျ ကိုယ့်အားနည်းချက်ကို ခြိမ်းခြောက်အကြပ်ကိုင်သူ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့ ကိုယ့်အကြောင်းတွေ၊ ကိုယ့်လျှို့ဝှက်ချက်တွေ ရင်ဖွင့်ပြောပြထားခြင်းက တစ်ဖက်ကို ကိုယ့်အပေါ် အနိုင်ယူခွင့်၊ ကိုယ့်အားနည်းချက်ကို ချုပ်ကိုင်ပိုင်ခွင့် ပေးလိုက်တာနဲ့ အတူတူပါပဲ။

ရှုပ်ထွေးတဲ့လောကမှာ ရိုးတဲ့သူ၊ အတဲ့သူဟာ ခံရစမြဲပါ။ တစ်ယောက်လောက်က ကိုယ့်ရိုးအမှုကို ချီးကျူးနေချိန်မှာ နောက်လူ(၁၀)ယောက်လောက်က အမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ အသက်တွေကြီးလာတဲ့အမျှ အရောင်အသွေးတွေ စုံလင်လာတဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ သတိကြီးကြီးထားဖို့ လိုလာပါတယ်။

ပညာရှိတစ်ယောက်ကတော့ ပြောဖူးပါတယ်

လူဟာ ကိုယ့်အကြောင်းကိုယ် ပြောတဲ့အခါတိုင်းမှာ ရှုံးတယ်၊ ကိုယ့်မကောင်းကြောင်းတွေကို ပြောတဲ့အခါ တစ်ဖက်လူက “သြော်.. သူကိုယ်တိုင် ပြောတာပဲလေ” ဆိုပြီး အကြွင်းမဲ့ယုံကြည်သွားတတ်ပေမဲ့ ကောင်းကြောင်းတွေကို ပြောတဲ့အခါကျတော့ မယုံတဲ့အပြင် ကိုယ့်ဂုဏ်ကိုယ်ဖော်နေတယ် ဆိုပြီးတောင် အထင်အမြင်သေးသွားတတ်ပါသေးတယ် တဲ့။

၅)

လောကကြီးဟာ ကလေးဘဝက တွေးထင်ခဲ့သလို မရိုးရှင်းပါဘူး။ ကိုယ်က သူများအားနည်းချက်ကို ချမနင်းချင်ဘူးဆိုတိုင်း ကိုယ့်လိုပဲ လူတိုင်းကိုု မထင်ပါနဲ့။ အဲ့လိုချနင်းသွားမယ့်လူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီး ရှိနေနိုင်ပါတယ်။ ဒီခေတ်ဟာ အပြိုင်အဆိုင်လည်း များလာတယ်ဆိုတာ သတိရပါ။ ဒါကြောင့်မို့ ကိုယ်က ချမနင်းလည်း အနင်းမခံရအောင်တော့ ကြိုးစားဖို့လိုပါတယ်။

စာရေးဆရာကြီး မာ့ခ်တွိန်းပြောသလို လူသားတိုင်းဟာ အမှောင်ဖက်တစ်ခြမ်းစီရှိတဲ့ လတစ်စင်းစီပါပဲ၊၊

အကြွင်းမဲ့မဟုတ်တောင် ရာခိုင်နှုန်းတော်တော်များများ လက်ခံပါတယ်။ ကျွန်တော်တို့အားလုံးမှာ လူမသိစေချင်တဲ့ အမှောင်ဖက်ခြမ်းဆိုတာ ရှိကြတာချည်းပါပဲ။

ကလေးတွေကတော့ သူတို့ခံစားချက်တွေ၊ သူတို့အကြောင်းတွေကို တွေ့တဲ့လူတိုင်းကို ပြောပြကြလိမ့်မယ်။

ရင့်ကျက်သွားတဲ့သူတွေကတော့ သူတို့ယုံကြည်ရတဲ့သူတွေကိုပဲ ပြောပြတယ်။

တကယ့်ဂန္တဝင်တွေကတော့ သူတို့အကြောင်း၊ သူတို့လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ မပြောဘဲနေနိုင်အောင်၊ ဘယ်သူ့ရဲ့ လွှမ်းမိုးမှု၊ ဘယ်သူ့ပါ၀ါအောက်မှ ရောက်မသွားအောင် ကြိုးစားကြတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၇.၈.၂၀၁၇

No comments: