Sunday, February 10, 2019

KPI, KRA and Learning and Development Program


*****************************************************************
Htain Lin Kyaw (HR)

ဒီတစ်ပတ်အတွက်တင်ပြချင်တာတော့ KPI and KRA အကြောင်းနဲ့ Learning and Development Program ဆက်စပ်ဆောင်ရွက်ရတဲ့ အကြောင်းလေးပါ။ KPI ကိုတော့လူတိုင်းတော်တော် များများ ကြားဖူး ကြပါလိမ့်မယ်။ Key Performance Indicator လို့ခေါ်တဲ့ စွမ်းဆောင်ရည်တိုင်းတာ သတ်မှတ်ချက်တွေကို လုပ်ငန်းခွင်တွေမှာ ၀န်ထမ်းတစ်ယောက်ချင်းစီ အလိုက် KPI တွေအဖြစ် သတ်မှတ်ကြပါတယ်။ ဥပမာအားဖြင့်အရောင်းဝန်ထမ်းတစ်ယောက်က လစဉ်အရောင်း ဘယ်လောက်ရှိရမယ် ဆိုတဲ့ Target မျိုး ၊ အဲကွန်းပြင်ဆင်ရေး အင်ဂျင်နီယာ တစ်ယောက်က တစ်လကို အဲကွန်း ဘယ်နှစ်လုံး တပ်ဆင် ပြင်ဆင်ပြီး သားဖြစ်ရမယ် ဆိုတာမျိုးကို သတ်မှတ်ကြတာပါ။

အဲ့လိုသတ်မှတ်ရာမှာ အရင်ဆုံးအနေနဲ့ Key Result Area တွေသတ်မှတ်ရပါတယ်။ KPI သတ်မှတ်ဖို့ အတွက် KRA မရှိလို့မရပါဘူး ။ ၀န်ထမ်းတစ်ယောက်ချင်းစီမှာ KPI တွေအများကြီးသတ်မှတ်လို့ရနိုင်ပါတယ် ။ ဒါကြောင့် မိမိအဖွဲ့အစည်းရဲ့ အရေးပါတဲ့ အရာကို KPI သတ်မှတ်ဖို့အတွက် KRA တွေကို အရင်ဆုံး သတ်မှတ်ရပါတယ်။ KPI is always connected with the corporate goals ဆိုတဲ့အတိုင်း အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အမြဲတမ်းချိတ်ဆက်ထားဖို့ မမေ့သင့်ပါဘူး ။ နောက်တစ်ချက်က ၀န်ထမ်းတွေအတွက် ရှုပ်ထွေးနေတာမျိုးမဖြစ်စေရပဲ နားလည်လွယ်ကူစေရမှာပါ ။ ဒါမှလည်း မိမိ ဆောင်ရွက် ရမယ့် KPI တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ဥပမာ -Store Keeper တစ်ယောက်အတွက် KPI သတ်မှတ်မယ်ဆိုပါစို့ ၊ ကုန်လက်ကျန်ပျက်စီးမှု များနေတဲ့ လုပ်ငန်းမှာ ဒီအချက်က အရေးပါတာမို့ ကုန်လက်ကျန်ထိန်းသိမ်းရေးအတွက် ပျက်စီးမှု အနည်းဆုံးဖြစ်ရမယ် ဆိုတာကို တိုင်းတာရပါတယ် ။ ဒီတော့ KPI က ကုန်လက်ကျန်ပျက်စီးမှု မရှိရဘူးဆိုတာ ဖြစ်ပါတယ် ။ ဒီ Key Result Area အတွက် တိုင်းတာရမယ့် KRA က ကုန်လက်ကျန်ထိန်းသိမ်း ထားရှိမှုဖြစ်ပါတယ်။

KPI တွေသတ်မှတ်ရာမှာ အလွယ်ဆုံး ပြောရရင် ရုံးစည်းကမ်းလို်က်နာမှု ဆိုတဲ့ KRA ကိုသတ်မှတ်ပြီးရင် ပြစ်ဒဏ်ပေးခံရမှု ၊ ရုံးပျက်ကွက်ခြင်း အစရှိရှိတဲ့ KPI တွေကို ကာလတစ်ခုသတ်မှတ်ပြီးတိုင်းတာလို့ရပါတယ်။ ဒါက KPI တွေပါ ၊ တစ်ချို့သော နှစ်စဉ်ပြုလုပ်တဲ့ Performance Appraisal တွေမှာ KRA တွေကို KPI အဖြစ်ထည့်သွင်းတိုင်းတာကြတာကိုလည်း အမှတ်မှားစွာတွေ့ကြပါတယ် ။ KRA ကိုတိုင်းတာလို့မရသလို ၊တိကျမှုလည်းမရှိပါဘူး ၊ တိကျချင်ရင်တော့ KPI သတ်မှတ်ပြီး ၀န်ထမ်းတစ်ဦးချင်းစီအလိုက် Record ထားရှိတာ တိုင်းတာရတာပါ။

KPI ဆိုတာမျိုးကလည်း ၀န်ထမ်းက ချမှတ်ရတာမျိုးမဟုတ်ပါဘူး ၊ ၀န်ထမ်းကို သတ်မှတ်ခိုင်းရင် သူလုပ်နိုင်တဲ့ အနည်းဆုံး KPI တွေကိုသာ သတ်မှတ်မှာမို့လို Management ကချမှတ်ပေးရပါတယ်၊နောက်တစ်ချက်က KPI တွေသတ်မှတ်ရာမှာ လုပ်ငန်းရဲ့ သဘောသဘာဝ အနေအထားကို ချိန်ဆပြီး သတ်မှတ်ပေးရတာပါ။ အရောင်းဝန်ထမ်းတွေအတွက် Sale Target နဲ့ချိတ်ဆက်ပြီး KPI သတ်မှတ်ပေးမယ် ဆိုရင် ဈေးကွက်အတွင်းက မိမိ Product ရဲ့ အခြေအနေကို အရင်ဆုံးသုံးသပ်ရပါမယ်။ တွေ့ဖူတာလေး တစ်ခု မျှဝေချင်ပါတယ် ။ အရောင်းပိုင်းလုပ်ငန်းတစ်ခုက KPI သတ်မှတ်ရာမှာ မိမိ Product အခြေအနေကို သေချာမသုံးသပ်ပဲ Sale Target ကို KPI သတ်မှတ်ပြီး မြှင့်တင်လိုက်ပါတယ်။ နဂိုကတည်းက သိပ်မရောင်းရတဲ့ Product လည်းဖြစ်နေ ဖြန့်ဖြူးရေးက သူများလို ကားနဲ့တောင်မဟုတ် ၀န်ထမ်းက လိုင်းကားနဲ့ သွားနေရတဲ့ အခါနောက်ဆုံး KPI လည်း မထိ ၊ ၀န်ထမ်းလည်း အလုပ်က ထွက်တာမျိုးကို မြင်ဖူးပါတယ်။ ဒီတော့ မိမိ လုပ်ငန်းရဲ့အခြေအနေကိုလည်း ထည့်သွင်းတွက်ချက်ပြီးမှ KPI သတ်မှတ် တာမျိုးက ပိုပြီးကောင်းပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ KRA ကို အများဆုံး (၄) ခုလောက် သတ်မှတ်နိုင်ပြီး ၊KPI ကိုတော့အများဆုံး (၈)ခုလောက်သာ သတ်မှတ်ထားတာ အကောင်းဆုံးလို့ ဆိုထားပါတယ်။

ကျွန်တော်တို့လုပ်ငန်းတွေမှာ ဘာကြောင့် KPI တွေသတ်မှတ်ရတာလဲ ? တိကျတဲ့ လုပ်ငန်းစဉ် သတ်မှတ်ချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက်ပါ။ နောက်တစ်ချက်က (JD) ထဲမှာ ကိန်းဂဏန်းအတိအကျနဲ့ ဖော်ပြလို့မရတဲ့အတွက် ၀န်ထမ်းတစ်ယောက်ချင်းစီအလိုက် ဆောင်ရွက်ရမယ့် KPI တွေသတ်မှတ်ပေးထားတာပါ ။ အရေးကြီးတာတစ်ခုကိုတော့မမေ့ဖို သတိရှိစေချင်တာက KPI တွေသတ်မှတ်ပြီး ၀န်ထမ်းကို ဆောင်ရွက်ခိုင်းတဲ့အခါ (၆) လတစ်ခါဖြစ်စေ ၊(၁) နှစ်လုံးစာအတွက်ဖြစ်စေ သတ်မှတ်ပေးရတာတွေရှိပါတယ် ။ အဲ့လိုသတ်မှတ်ပြီးလို့ ဆောင်ရွက်တဲ့အခါ ၀န်ထမ်းရဲ့ ကြိုးစားမှုကြောင့် ထိရောက်အကောင်အထည်ဖော်နိုင်တယ်ဆိုရင် Reward Systems တစ်ခုခုမျိုးနဲ့ချိတ်ဆက်ထားနိုင်မှ ရေရှည်မှာ ထိရောက်နိုင်ပါတယ်။ မဟုတ်ရင် ၀န်ထမ်းအနေနဲ့ အားလျော့ပြီးနောက်နှစ်မှာ ကြိုးစားလို စိတ်ပျောက်သွားတာကို ဖြစ်စေနိုင်ပါတယ်။

KPI သတ်မှတ်ရာမှာ တို်င်းတာလို့လွယ်ကူမယ့်အရောင်ပိုင်းတွေ ၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ၀န်ထမ်းတွေအတွက် သတ်မှတ်ရတာ လွယ်ကူပေမဲ့ ၊ စီမံရေးရာ လုပ်ငန်းစဉ်မှာ ဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေ အတွက် သတ်မှတ်ရတာတော့ အနည်းငယ်စဉ်းစားရပါတယ် ။ မိမိအဖွဲ့အစည်းမှာ လစဉ်ဝန်ထမ်း ရွေးချယ်ရေး လုပ်ငန်းတွေ ဦးစားပေး လုပ်နေရတယ် ဆိုပါစို့ KPI သတ်မှတ်ဖို့ Recruitment အပိုင်းကို KRA အဖြစ် စဉ်းစားရမှာပါ။

ဥပမာ - HR Manager တစ်ယောက်အတွက် KPI သတ်မှတ်မယ် ဆိုပါစို့ ၊ ဘယ်အပိုင်းကိုသတ်မှတ်မလဲ ဆိုတဲ့ KRA ကိုအရင်ဆုံး စဉ်းစားရပါတယ် ။ KRA ကို Recruitment လို့သတ်မှတ်ရင် KPI ကို ၀န်ထမ်းထွက်နှုန်း( Turnover Rate) ရဲ့ 90 % ပြည့်မီအောင်ရှာဖွေဖို့ သတ်မှတ်လို့ရနို်င်ပါတယ် ။ ဒီ Recruitment အပိုင်းမှာပဲ KPI ကို ၀န်ထမ်းတွေကို ရှာဖွေ ခန့်အပ်တဲ့အချိန်က အများဆုံး (၃၀) ရက်ထက်မကျော်လွန်စေရဘူးဆိုတဲ့ အချိန်သတ်မှတ် ချက်မျိုး ကို ထပ်မံသတ်မှတ်နို်င်ပါတယ်။

KRA and KPI အကြောင်းလည်းများသွားပြီဆိုတော့ Learning and Development Program အကြောင်းကို ဆက်သွားရအောင် ….. KPI တွေကိုထိရောက်အောင် အကောင်အထည်မဖော်နို်င်တဲ့ ၀န်ထမ်းတွေကို Employee Performance Record မှာ ထည့်သွင်းမှတ်သားထားရပါတယ် ။ ဒီဝန်ထမ်းတွေအနေနဲ့ (၁) နှစ်လောက် အထိ KPI တွေထိအောင် မဆောင်ရွက်နို်င်ဘူးဆိုရင်တော့ သူရဲ့ ကျွမ်းကျင်မှု လိုအပ်ချက်ကြောင့်လား ?အဖွဲ့အစည်းရဲ့အားနည်းချက်ကြောင့်လားဆိုတာကို လေ့လာရပါတယ် ၊ တကယ်လို့ သေချာစွာ လေ့လာပြီးလို့လိုအပ်ချက်ရှိတယ် ဆိုရင် KPI ဆောင် သတ်မှတ်အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးရပါမယ် ၊ New Skill တွေ သင်ကြားပေးတာတွေ ၊ နည်းပညာမျှဝေတာတွေကို ပြုလုပ်ပေးရပါမယ် ၊ ဒါကို စဉ်ဆက်မပြတ်လုပ်ဆောင်နေရတဲ့ Learning and Development အပိုင်းပဲဖြစ်ပါတယ်။

တကယ်လို့ နှစ်စဉ် KPI တွေထိရောက်အောင်
အကောင် အထည်ဖော်နိုင်တဲ့ ၀န်ထမ်းတွေဆိုရင်လည်း ဒီထက် မြင့်မားတဲ့ ရာထူးတာဝန်တွေ ၊ ရပိုင်ခွင့်တွေကို တိုးမြှင့်ခံစားစေရပါမယ်။ ဒီအတွက် လိုအပ်တဲ့ New Skill တွေကိုလည်း Update လုပ်ပေးလို့ရပါတယ်။ ဒီကတစ်ဆင့် ထပ်တိုးတိုးပြီး ဆောင်ရွက်စေလို့ရပါတယ်။ ဒီလောက်ဆိုရင်တော့ KPI နဲ့ KRA အကြောင်းနဲ့ ချိတ်ဆက်ပြီး Learning and Development အပိုင်းကို နားလည်ပြီလို့ ထင်ပါတယ် ။


#ထိန်လင်းကျော် (HR)

No comments: