Sunday, February 24, 2019
OPPO R17 Pro User Experience Review
 By MMPR
OPPO R17 Pro ကထွက်ရှိထားတာ အနည်းငယ်ကြာပြီ ဖြစ်ပေမဲ့ လက်ထဲကို Review unit ကရောက်လာတာနောက်ကျတဲ့အတွက် အခုမှပဲ Review လုပ်ပေးလိုက်ပါတယ်။တစ်ခြား specification တွေက သိပြီးသလောက်တွေဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ နှစ်ပါတ်အတွင်း အသုံးပြုလို့အဆင်ပြေတာတွေမပြေတာတွေ ၊  အသုံးပြုလို့ရလာတဲ့အတွေ့အကြုံတွေကိုအဓိကထားပြောပေးသွားမှာပါ။ ပထမ  Video Review လုပ်ချင်ပေမဲ့ ပြောချင်တဲ့ Details တွေအကုန်လုံးထည့်ပြောရင် အဆင်မပြေတဲ့အတွက် စာအနေနဲ့ ပဲ Review လုပ်ပေးဖြစ်သွားပါတယ်။
Build & Design
***************
Design ပိုင်းကိုစပြောရမယ်ဆို အခုရထားတဲ့ဖုန်းက Radiant Mist ဆိုပြီးလာတဲ့  Gradient Color ကိုအရင်ဆုံးပြောတာပိုကောင်းမယ် .... မြင်လိုက်တာနဲ့ မိန်းကလေးတစ်ယောက်သာဆိုတန်းသဘောကျမဲ့အရောင်အတွဲအစပ်နဲ့ ဘေးဘက် Frame တွေထိကို အရောင်တွေသုံးပေးထားတဲ့အတွက် တော်တော်လေးသဘောကျစရာပါ။ Power ခလုပ်နဲ့  Volume အတိုးအကျယ်ခလုပ်တွေကို ဘယ်ညာခွဲပေးထားတဲ့အတွက်မှားနှိပ်မိမှာမပူရတဲ့အနေအထား ၊ Glass ဆိုပေမဲ့ ပြောင်ချော်ချော်ကြီးမဖြစ်နေတာ လက်ရာတွေသိပ်မထင်တာ အနောက်ဘက်ကို Curve လုပ်ပေးထားတဲ့အချက်တွေကြည့်လိုက်တာနဲ့  Premium ဖုန်းတစ်လုံးဆိုတာသိသာစေတဲ့အချက်တွေပါပဲ ။
 နောက်တစ်ချက်က ဒီဖုန်းမှာပုံမှန်ကင်မရာ ၂ လုံးအပြင် TOF Sensor တစ်ခုပါထည့်ထားပါတယ်။အဲ့အတွက် ကင်မရာ ( ၃ )လုံးပဲဆိုပါဆို့  ။ ကင်မရာ ၂ လုံးတောင် Bump ထွက်နေတာတော်တော်ထူနေရင် ကြည့်မကောင်းတာကို  ဒီ ကင်မရာ ၃ လုံးဖုန်းက ကင်မရာကိုအလည်တည့်တည့်မှာထားပြိး Bump ကြီးထူထူထွက်နေတယ်ဆိုတာစဉ်းစားသာကြည့်တော့ ။ ဖုန်းကိုစားပွဲပေါ်တို့ ဘာတို့ ချတတ်တဲ့သူဆိုရင် ဒီ Bump ကြီးခုနေတာနဲ့ ဘယ်လို မှအဆင်မပြေနိုင်  Lens Cover လဲအလွယ်တကူပွန်းနိုင်တဲ့အနေအထားပါ။ ဒါတောင် In Display Finger Print Sensor ဖြစ်နေတဲ့အတွက် ကျောဘက်မှာ Finger Print Scanner မပါလာတာတော်သေးတယ်လို့ ပြောရပါမယ်။Display ကို Gorilla Glass 6 အသုံးပြုပေးထားတယ် Gorilla Glass 6 ဘယ်လောက်မာလဲမမာလဲဆိုတာတော့ပုံတွေကြည့်ရင်သိသာပါတယ် :P ။ ဘယ် Reviewer စမ်းသပ်ထားလဲတော့မသိ လက်ထဲ Review Unit ရောက်လာထဲက ဒီလိုလေးဆိုတော့လဲ စမ်းစရာမလိုတော့ဖူးပေါ့ ။
Display
၆.၄ လက်မရှိပြီး AMOLED သုံးထားတယ် water drop notch ဖြစ်တဲ့အတွက် Display က အပြည့် နီးပါးဖြစ်နေမယ်။ Full HD+ resolution နဲ့ ဆိုတော့ ဒီဖုန်းက Specification ပိုင်းနဲ့ ပြောရရင် လက်ခံလို့ ရတဲ့အနေအထားပါ။ တစ်ကယ်တန်း Daily Usage တွေအတွက်ဆိုရင် Brightness ပိုင်းတွေအဆင်ပြေတယ် ။ Contrast ပိုင်းအနည်းငယ်အားနည်းတယ်လို့ ပြောလို့ ရတယ် ။ AMOLED ဖြစ်တဲ့အလျောက် Dark Area ပိုင်းမှာ သိသိသာသာအားကောင်းတယ် ။
ဒါပေမဲ့  ဒီဖုန်းတန်ဖိုး ၉ သိန်းဆိုတဲ့အနေအထားမှာ Ambient Display မပါလာဘူး ဆိုတာကအပြစ်လို့ ပြောလို့ ရတယ်။နောက်တစ်ချက်က ဒီ Display က တစ်ခါကြည့်ပြီး အရမ်းကြိုက်လောက်အောင် ကောင်းတဲ့အထဲမပါဘူး ။ ဒါပေမဲ့ ဒီ Display နဲ့ ပတ်သတ်ပြီး အဆင်မပြေတာရှိလားလို့ မေးရင်လဲ မရှိဘူးလို့ ပဲပြောရမှာပါ။
နောက်တစ်ချက်က Screen resolution ကို Adjust လုပ်ခွင့်မပေးထားဘူး ။ ကျွန်တော်တို့ အတွက်တော့ ဒီ OPPO R17 Pro က သုံးလို့ အဆင်ပြေတဲ့ Display ဆိုတာထက် ဘာမှပိုသဘောကြသွားတာမရှိ ။
Performance
 ဒီ Processor ကိုသုံးထားတဲ့ဖုန်းတွေထဲမှာ မြန်မာနိုင်ငံမှာဆိုတော်တော်များများသိပြီးသားဖြစ်တဲ့ Xiaomi 8 SE ဖုန်းတွေကိုကြည့်လိုက်မယ်ဆိုရင်ဈေးနှုန်းတွေက ၃ သိန်းနဲ့ ၎ သိန်းကြားပဲရှိတာပါ။ OPPO ကလဲဒါကိုမသိပဲနေမှာမဟုတ်ပါဘူး ။
 ဆိုတော့ ဒီဖုန်းမှာ Performance ပိုင်းမှာအဆင်ပြေပြေသုံးလို့ ရအောင်ပဲထည့်ထားမယ် အဲ့ထက်တစ်ခြား Feature တွေမှာပို ကောင်းအောင်လုပ်လိုက်မယ်ဆိုတဲ့ပုံစံပါ။ ဘယ်လိုပဲဖြစ်ဖြစ်ဒီ Processor သုံးထားတဲ့ဖုန်းကို ၉ သိန်းပေးဝယ်ဖို့ ဆိုတာကတော့ သေချာပေါက် လက်တွန့်သွားလောက်တဲ့အနေအထားပါ ။
အပေါ်မှာ ကျွန်တော်တို့ ပြောခဲ့သလိုပဲ web browsing ပိုင်းတွေ Social Media သုံးတဲ့အပိုင်းတွေမှာ တော်တော်လေးသွက်တယ် ။ RAM 8 GB ဆိုတဲ့အလျောက် Multitasking ပိုင်းမှာတော်တော်လေးကောင်းတယ်လို့ ပြောလို့ ရမှာဖြစ်ပြီး ကျွန်တော်တို့ နေစဉ်သုံးနေချိန်အတွင်းမှာ RAM Usage အနေနဲ့ အလွန်ဆုံး 4.5GB ၀န်းကျင်လောက်ထိပဲရှိပါတယ်။
Software
*********
အစောပိုင်း ထဲကColor OSဟာ ကျွန်တော်တို့ကြိုက်တဲ့ အဆင်ပြေတဲ့ OS မဟုတ်ဖူးဆိုတာပြောပြီးသားပါ. ရှုပ်ထွေးလွန်းတဲ့ System UI ,လိုတာထက်ပိုထည့်ပေးထားတဲ့ pre install app တွေ ၊ smooth မဖြစ်တဲ့ Gesture တွေကသေချာပေါက်ဒီ Color OS ကို Polish တင်ဖို့လိုနေသေးတယ်ဆိုတာကိုပြနေသလိုပါပဲ၊ ကျွန်တော်တို့ကရှင်းလင်းလွန်းတဲ့ Stock Android ကိုကြိုက်တဲ့သူမဟုတ်ပေမဲ့ ဒီလိုရှုပ်ထွေးလွန်းတဲ့ UI မျိုးကိုတော့ဘယ် လိုမှသဘောမကျပါဖူး။
 နောက်တစ်ချက်က Pre-Installed App တွေအရမ်းများလွန်းတာပါ။ Personal အရပြောရမယ်ဆိုရင် အသုံးတည့်တာတွေရောမတည့်တာတွေရော ထည့်ထားပေးတဲ့အတွက် အနည်းဆုံး ပြန်ဖျက်ရတာအလုပ်ပိုရှုပ်စေပါတယ်။ လက်ရှိအချိန်မှာ OPPO R17 Pro က OPPO ကထုတ်တဲ့ဖုန်းတွေထဲမှာ Flagship ဘွဲ့ ကိုခံထားတဲ့ဖုန်းတစ်လုံးဖြစ်ပေမဲ့ ခုချိန်ထိ Android 8.1 Oreo ပဲ အသုံးပြုနိုင်ပါသေးတယ်။
ဒါ့အပြင် ကင်မရာပိုင်းမှာ ထည့်ပြောမဲ့  3D TOF Camera Sensor ကလဲလက်ရှိအချိန်ထိသုံးလို့ မရသေးတဲ့အတွက် Software update ပိုင်းမှာ ဒီ့ထက်ပို အများကြီးတိုးတက်ဖို့ လိုသေးတယ်လို့ ပြောလို့ ရပါတယ်။
Camera
********
 ဒီ Main Camera ကအားသာချက်ဖြစ်သွားပြီး Aperture  f/1.5 ထိရိုက်ကူးနိုင်တာကြောင့် Low light လို အနေအထားမှာ တော်တော်လေးကောင်းတယ်လို့ ပြောလို့ ရမှာဖြစ်တဲ့အပြင် Night Mode ပါ လာတဲ့အတွက် ဒီ OPPO R 17 Pro ဟာ Low Light အတွက်မှာဆိုတော်တော်လေးအဆင်ပြေတဲ့ဖုန်းတစ်လုံးလို့ ပြောရမှာပါ။ နောက်ထပ်ကင်မရာတစ်လုံးကတော့ 20 megapixel Camera ကိုတပ်ဆင်ပေးထားပြီး အထူးသဖြင့် Depth Sensor အနေနဲ့ အသုံးပြုပေးထားတဲ့အတွက် Portrait လို ပုံတွေရိုက်ကူးတဲ့အခါ Edge တွေကတော်တော်လေးသပ်ရပ်တယ်လို့ ပြောလို့ ရပါတယ်။ Portrait Mode အတွက် Lighting Effect တွေလည်းထည့်ပေးထားတဲ့အတွက် ဒီဖုန်းကင်မရာမှာ ဒုတိယသဘောအကျဆုံးအချက်ကိုပြောပါဆိုရင် Portrait Mode ကိုပဲပြောရမှာပါ။ ဆိုတော့ပုံမှန်ရိုက်ကူးတဲ့ပုံတွေအတွက်ဆိုရင်ရော ? .....
ပထမဆုံး ဒီကင်မရာနဲ့ ရိုက်လိုက်တဲ့ဖုန်းကို ဒီဖုန်းထဲမှာကြည့်လိုက်တော့ တော်တော်လေးအရောင်ဖျော့တော့တော့နဲ့ ကြည့်လို မကောင်းဘုးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ ဒီပုံကိုပဲ PC ကိုပြောင်းလိုက်တဲ့အခါမှာ ဆန့် ကျင်ဘက်လောက်လုံးလုံးဖြစ်သွားသလောက်ပါပဲ ။ Color တွေစိုတယ် ။ Sharpness တွေကောင်းတယ် ။ Details တွေတော်တော်လေးကျန်တယ်။အရမ်းကောင်းတယ်လို့ ပြောလို့ မရရင်တောင်တော်တော်လေးကောင်းတဲ့အထဲပါတယ်လို့ ပြောလို့ ရပါတယ်။
Front Camera ကိုတော့ 25 megapixel သုံးပေးထားတယ် ။ Selfie ရိုက်တဲ့ပုံတွေက အတော်လေးအဆင်ပြေတယ်လို့ ပြောလို့ ရသလို အရောင်တွေကသဘာဝကျတယ်လို့ 
ပြောလို့ ရပါတယ်။ Sharpness ပိုင်းတော့နဲနဲအားနည်းတယ်လို့ ပြောလို့ ရတယ်။
Audio
*******
OPPO R17 Pro မှာ Mono Speaker ပဲသုံးထားပေမဲ့ အသံတော်တော်လေးကျယ်တယ်လို့ ပြောလို့ ရသလို Clear ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့  ဘူးထဲမှာပါလာတဲ့ Type C နားကျပ်ကတော့တော်တော်လေးရွဲတယ်လို့ ပြောလို့ ရပြီး အသံထွက်လဲအဆင်မပြေပါဘူး။ Speaker ကထွက်တဲ့ Audio Quality ကတော့တော်တော်လေးအဆင်ပြေတယ်လို့ ပြောလို့ ရပါတယ်။
Battery
********
OK ဒီဖုန်းမှာ သဘောအကျဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ Battery ပါ။ Battery မှာ OPPO လုပ်ထားတဲ့အကွက်က တစ်ကယ်လှပါတယ်၊တစ်ကယ်လည်းအသုံးဝင်ပါတယ်။ 3700 man Battery ကိုတစ်လုံးထဲမထည့်ပေးပဲ နှစ်လုံးသုံးပေးလိုက်ပြီး 10V ကို 5A နဲ့ 50W အားသွင်းစေတာပါ။ 10မိနစ်နဲ့ 40% တစ်ကယ်ပြန်အားသွင်းနိုင်သလို 20% ကနေ 100% ကို မိနစ် ၃၀ ဝန်းကျင်သာသွင်းရပါတယ်။ Super VOCC Charge စနစ် ကတော့ လုံးဝ impressive ဖြစ်တဲ့ စနစ်တစ်ခုလို့ ပြောလို့ ရတာအသေ အချာပါပဲ ။
အဲ့တော့ Battery ကအားသွင်းတာကမြန်တာဟုတ်ပါပြီ ။   Battery efficiencyဖြစ်ရဲ့လားဆိုတာပါ။ ဖြစ်ပါတယ် ပုံမှန် User တွေအတွက် 2 day ဖုန်းပါ။ သေချာပေါက် ဒီဖုန်းရဲ့ Main Selling Point ကို Battery အနေနဲ့ ရွေးပေးထားတာလဲ မှန်တယ်လို့ ပြောလို့ ရပါတယ်။
Fingerprint Sensor ကို in display Finger print sensor ကိုအသုံးပြုပေးထားတယ် ။ မမြန်ပါဘူး ဒါပေမဲ့ စောက်ထိုးပဲနှိပ်နှိပ် အတည့်ပဲနှိပ်နှိပ် ပွင့်ပါတယ်။ In Display Finger Print Sensor တော့ ဒီ့ထက်ပိုတိုးတက်ဖို့ လိုပါသေးတယ်။ နောက်တစ်ချက်က Face unlock ကတော်တော်လေးမြန်တယ် နဲနဲပါးပါး အလင်းရောင်ရှိရင် ပွင့်တယ် ဆိုတော့မဆိုးဘူးပြောလို့ ရပါတယ်။
P.S -minor software update တစ်ခုရလို့တင်လိုက်တဲ့အခါမှာ Finger Print အပိုင်း သိသိသာသာ ပိုသွက်သွားပါတယ်။
ဆိုတော့ ဒီ OPPO R17 Pro ကထွက်ထားတာလဲ ကြာပြီဖြစ်သလို Reviewer တော်တော်များများကလည်း Review လုပ်ပြီးနေပြီဆိုတော့ ထူးထူးခြားခြား ဘာမှပြောစရာမရှိတဲ့အတွက်တိုတိုနဲ့ ပဲ နိဂုံးချုပ်ပါမယ်။ ဒီဖုန်းကဘက်စုံထောင့်စုံကနေကြည့်ရင်တော့ ဆိုးဆိုးဝါးဝါးအပြစ်လို့ ပြောစရာဆိုရင် ၉ သိန်း ဆိုတဲ့ဈေးတစ်ခုကိုပဲထိပ်ဆုံးကပြောရမှာပါ။ဒီဖုန်းကို သုံးရတာအဆင်မပြေတာဘာရှိလဲမေးရင်ဘာမှ မရှိပါဘူး ဒါပေမဲ့ ကြိုက်လားလို့ မေးရင်တော့ Review လုပ်ပြီးတဲ့ အချိန်ထိ ကြိုက်တယ်လို့ ဖြေဖို့ ခက်နေတုန်းပါ။ ဘာလို့ လဲဆိုရင်တော့ အဖြေကရှင်းပါတယ် ဒီဈေးတန်းဝန်းကျင်ထဲမှာ ဒီ့ထက်ပို ပြီးရွေးချယ်စရာဖုန်းတွေ အများကြီးရှိသေးတယ်ဆိုတာပြောရင်း နောက် Review တွေမှာပြန်တွေ့ ကြတာပေါ့ဗျာ
Thanks  For Reading :D
#MMPR
#OPPOR17Pro
#UserExperienceReview
No comments: