Tuesday, January 29, 2019

Redmi Note 7 Preview (Things-u-need Package)




[Zawgyi]

ေစ်းတစ္ခုတည္းသိခ်င္သူေတြကို ဦးစားေပးတဲ့အေနနဲ႔ Note 7 ရဲ႕ေစ်းကို အရင္ေျပာပါ့မယ္။
32/3 GB ကို Y 999 (ျမန္မာေငြ ၂သိန္းခြဲဝန္းက်င္)
64/4 GB ကို Y 1199 (ျမန္မာေငြ ၃သိန္းဝန္းက်င္)
64/6 GB ကို Y 1399 (ျမန္မာေငြ ၃သိန္းခြဲဝန္းက်င္) နဲ႔ ရရွိႏိုင္မွာပါ။

Color အေနနဲ႔ Dawn Gold, Fantasy Blue နဲ႔ Bright Black ဆိုျပီး Gradient Color ၃ မ်ိဳးထုတ္လုပ္ေပးပါလိမ့္မယ္။ ဒီဇိုင္းကာလာ လွလွနဲ႔ Redmi Note 7 အတြက္ Original Cover ေတြကေတာ့ Y 29 (ျမန္မာေငြ ၇ေထာင္စြန္းစြန္း) ေလာက္ က်သင့္မွာပါ။ (လိုခ်င္သူမ်ား သက္ဆိုင္ရာ ဖုန္းဆိုင္ေတြကို နားပူနားဆာ လုပ္ၾကပါေလ)

Note 7 ဟာ Redmi ရဲ႕ Independent Brand အျဖစ္ ေၾကျငာအျပီးမွာ ပထမဆံုးလွမ္းလိုက္တဲ့ Big Step ဆိုလည္း မမွားပါဘူး။ Mid-range မွာ ေကာင္းမြန္တဲ့ Quality, သင့္တင့္တဲ့ေစ်းနဲ႔ P2P Smartphone ေတြထုတ္လုပ္ဖို႔ ဦးတည္ခ်ီတက္လာမယ့္ Redmi ရဲ႕ Note 7 မွာ အရင္ Redmi Series ေတြထက္ တိုးတက္ေျပာင္းလဲမွု အမ်ားအျပားကို ျမင္ေတြ႔ခဲ့ရတယ္။

– ေျပာင္းလဲလာတဲ့ Design နဲ႔ Built Quality

အရင္ Redmi Note Series ေတြနဲ႔မတူပဲ Note 7 မွာ Glass Sandwich Design ျဖစ္လာခဲ့ျပီ။ Camera Design ကလဲ အရင္ iPhone Design မဟုတ္ေတာ့သလို Gradient Color ေတြ သံုးလာျပီ။ သေဘာအက်မိဆံုးက သူ႔ရဲ႕ Durability ပါ။ ေရွ႕မ်က္ႏွာျပင္ကို 0.8mm အထူရွိတဲ့ Gorilla Glass 5 သံုးထားျပီး ဖုန္းရဲ႕ေထာင့္စြန္းေတြကိုလည္း ထိခိုက္၊ ျပဳတ္က်မွဳဒဏ္ ခံႏိုင္ေအာင္ ဖန္တီးေပးထားတယ္။ ပိုလန္းတာက Camera, USB, Sim Tray လိုေနရာေတြမွာ ေတာ္ရံုေရမဝင္ႏိုင္ေအာင္ Rubber Seal ေတြ ထည့္ေပးထားတာပါ။ ဒါဟာ Mid-range မွာ ျမင္ရခဲတဲ့ Built-Quaity အေပၚ အသားေပးမွုဆိုလည္း မမွားပါဘူး။

– Display

6.3”, 19.5:9 Ratio နဲ႔ Waterdrop Notch ကို သံုးထားတဲ့ Full HD+ LCD Display ျဖစ္လာျပီ။

– Battery

4,000 mAh Battery သံုးထားျပီး Quick Charge 4 ထိ Support ေပးမွာပါ။ ဘူးထဲမွာေတာ့ 5V 2A Charger ပဲပါမယ္ဆိုေပမယ့္ USB Type C ေၾကာင့္ 0-100 ကို 2:05 hr နဲ႔ အားသြင္းႏိုင္မယ္လို႔ ဆိုထားပါတယ္။

– Camera

Note 7 ရဲ႕ Spec ပိုင္းမွာ အားအရဆံုးအခ်က္ပါ။ 48MP, f/1.8, 0.8 micron Pixel Size ကို Pixel Binning သံုးျပီး 12MP, 1.6 micron Effective Pixel Size အျဖစ္ သံုးႏိုင္မွာပါ။ Depth Sensor အတြက္ 5MP Camera ကို သံုးထားတယ္။ Selfie Camera အေနနဲ႔ 13MP ပါဝင္မယ္။ ဆိုေတာ့ကာ လက္ရွိအခ်ိန္မွာ 48MP Camera သံုးတဲ့ ေစ်းအနည္းဆံုး Smartphone ျဖစ္လာမွာပါ။

– Others

Underclocked မလုပ္ထားတဲ့ Snapdragon 660 AI Chipset ကို သံုးထားတယ္။
Audio အတြက္ Apple မွာယူေလ့ရွိတဲ့ Supplier ဆီကေန Component ေတြမွာယူထားျပီး Smart PA Amplifier Chip နဲ႔အတူ DSM Dynamic Control, custom AAC micro-speaker နဲ႔ Large Sound Cavity Design စတာေတြေၾကာင့္ Volume ကို နဂိုထက္ ႏွစ္ဆခြဲ ပုိေကာင္းေစမယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ 3.5mm Headphone Jack, IR Blaster စတာေတြလည္း ရိုးရာမပ်က္ ပါဝင္လာဦးမွာပါ။ Storage နဲတယ္ထင္သူေတြအတြက္လည္း Mirco SD ကို Hybrid Slot အေနနဲ႔ ထည့္ေပးထားပါေသးတယ္။

ဆိုေတာ့ကာ အေပၚမွာ ေျပာထားတဲ့ ေစ်းနဲ႔ ေအာက္က ပါဝင္တဲ့ Spec ေတြကို ႏွိုင္းယွဥ္ၾကည့္ရင္ Redmi Note 7 အေပၚဘယ္လိုျမင္လဲဆိုတာ ေဆြးေႏြးဖို႔ကိုေတာ့ Fan ေတြရဲ႕တာဝန္အျဖစ္ ထားလိုက္ပါ့မယ္။ Xiaomi ရဲ႕ 2019 အဖြင့္ဟာ လွပလြန္းခဲ့တယ္လို႔ ဆိုရမွာပါ…

[Unicode]

Redmi Note 7 Preview (Things-u-need Package)


ဈေးတစ်ခုတည်းသိချင်သူတွေကို ဦးစားပေးတဲ့အနေနဲ့ Note 7 ရဲ့ဈေးကို အရင်ပြောပါ့မယ်။
32/3 GB ကို Y 999 (မြန်မာငွေ ၂သိန်းခွဲဝန်းကျင်)
64/4 GB ကို Y 1199 (မြန်မာငွေ ၃သိန်းဝန်းကျင်)
64/6 GB ကို Y 1399 (မြန်မာငွေ ၃သိန်းခွဲဝန်းကျင်) နဲ့ ရရှိနိုင်မှာပါ။

Color အနေနဲ့ Dawn Gold, Fantasy Blue နဲ့ Bright Black ဆိုပြီး Gradient Color ၃ မျိုးထုတ်လုပ်ပေးပါလိမ့်မယ်။ ဒီဇိုင်းကာလာ လှလှနဲ့ Redmi Note 7 အတွက် Original Cover တွေကတော့ Y 29 (မြန်မာငွေ ၇ထောင်စွန်းစွန်း) လောက် ကျသင့်မှာပါ။ (လိုချင်သူများ သက်ဆိုင်ရာ ဖုန်းဆိုင်တွေကို နားပူနားဆာ လုပ်ကြပါလေ)

Note 7 ဟာ Redmi ရဲ့ Independent Brand အဖြစ် ကြေငြာအပြီးမှာ ပထမဆုံးလှမ်းလိုက်တဲ့ Big Step ဆိုလည်း မမှားပါဘူး။ Mid-range မှာ ကောင်းမွန်တဲ့ Quality, သင့်တင့်တဲ့ဈေးနဲ့ P2P Smartphone တွေထုတ်လုပ်ဖို့ ဦးတည်ချီတက်လာမယ့် Redmi ရဲ့ Note 7 မှာ အရင် Redmi Series တွေထက် တိုးတက်ပြောင်းလဲမှု အများအပြားကို မြင်တွေ့ခဲ့ရတယ်။

 – ပြောင်းလဲလာတဲ့ Design နဲ့ Built Quality

အရင် Redmi Note Series တွေနဲ့မတူပဲ Note 7 မှာ Glass Sandwich Design ဖြစ်လာခဲ့ပြီ။ Camera Design ကလဲ အရင် iPhone Design မဟုတ်တော့သလို Gradient Color တွေ သုံးလာပြီ။ သဘောအကျမိဆုံးက သူ့ရဲ့ Durability ပါ။ ရှေ့မျက်နှာပြင်ကို 0.8mm အထူရှိတဲ့ Gorilla Glass 5 သုံးထားပြီး ဖုန်းရဲ့ထောင့်စွန်းတွေကိုလည်း ထိခိုက်၊ ပြုတ်ကျမှုဒဏ် ခံနိုင်အောင် ဖန်တီးပေးထားတယ်။ ပိုလန်းတာက Camera, USB, Sim Tray လိုနေရာတွေမှာ တော်ရုံရေမဝင်နိုင်အောင် Rubber Seal တွေ ထည့်ပေးထားတာပါ။ ဒါဟာ Mid-range မှာ မြင်ရခဲတဲ့ Built-Quaity အပေါ် အသားပေးမှုဆိုလည်း မမှားပါဘူး။

 – Display

6.3”, 19.5:9 Ratio နဲ့ Waterdrop Notch ကို သုံးထားတဲ့ Full HD+ LCD Display ဖြစ်လာပြီ။

– Battery

4,000 mAh Battery သုံးထားပြီး Quick Charge 4 ထိ Support ပေးမှာပါ။ ဘူးထဲမှာတော့ 5V 2A Charger ပဲပါမယ်ဆိုပေမယ့် USB Type C ကြောင့် 0-100 ကို 2:05 hr နဲ့ အားသွင်းနိုင်မယ်လို့ ဆိုထားပါတယ်။

 – Camera

Note 7 ရဲ့ Spec ပိုင်းမှာ အားအရဆုံးအချက်ပါ။ 48MP, f/1.8, 0.8 micron Pixel Size ကို Pixel Binning သုံးပြီး 12MP, 1.6 micron Effective Pixel Size အဖြစ် သုံးနိုင်မှာပါ။ Depth Sensor အတွက် 5MP Camera ကို သုံးထားတယ်။ Selfie Camera အနေနဲ့ 13MP ပါဝင်မယ်။ ဆိုတော့ကာ လက်ရှိအချိန်မှာ 48MP Camera သုံးတဲ့ ဈေးအနည်းဆုံး Smartphone ဖြစ်လာမှာပါ။

 – Others

Underclocked မလုပ်ထားတဲ့ Snapdragon 660 AI Chipset ကို သုံးထားတယ်။
Audio အတွက် Apple မှာယူလေ့ရှိတဲ့ Supplier ဆီကနေ Component တွေမှာယူထားပြီး Smart PA Amplifier Chip နဲ့အတူ DSM Dynamic Control, custom AAC micro-speaker နဲ့ Large Sound Cavity Design စတာတွေကြောင့် Volume ကို နဂိုထက် နှစ်ဆခွဲ ပိုကောင်းစေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် 3.5mm Headphone Jack, IR Blaster စတာတွေလည်း ရိုးရာမပျက် ပါဝင်လာဦးမှာပါ။ Storage နဲတယ်ထင်သူတွေအတွက်လည်း Mirco SD ကို Hybrid Slot အနေနဲ့ ထည့်ပေးထားပါသေးတယ်။

ဆိုတော့ကာ အပေါ်မှာ ပြောထားတဲ့ ဈေးနဲ့ အောက်က ပါဝင်တဲ့ Spec တွေကို နှိုင်းယှဉ်ကြည့်ရင် Redmi Note 7 အပေါ်ဘယ်လိုမြင်လဲဆိုတာ ဆွေးနွေးဖို့ကိုတော့ Fan တွေရဲ့တာဝန်အဖြစ် ထားလိုက်ပါ့မယ်။ Xiaomi ရဲ့ 2019 အဖွင့်ဟာ လှပလွန်းခဲ့တယ်လို့ ဆိုရမှာပါ…



မူရင္း Review ေရးၿပီးတင္ဆက္သူ စာမ်က္နွာက -

PLANET X

No comments: