Thursday, January 31, 2019

*** ရဲယိုသီးနှင့် ကျန်းမာရေး ***


~~~~~~~~~~~~~~~~~~~~~~~~~~~

💢 MWD: ရဲယိုပင်ရဲ့ သဘောသဘာဝလေးကို အရင်ဆုံးပြောပြပေးပါ ဆရာ..

Dr.KML: ရဲယိုပင်ကို အင်္ဂလိပ်လို Noni လို့ခေါ်ပါတယ်.. Indian Mulberry လို့လည်း ခေါ်ပါတယ်..  ရုက္ခဗေဒအခေါ်အဝေါ်အားဖြင့် Morinda citrifolia ဖြစ်ပါတယ်.. သူဟာ တစ်နှစ်ပတ်လုံးပေါက်ရောက်တဲ့ အပင်ငယ်တစ်မျိုးဖြစ်ပြီး ၁၀ ပေ ပတ်ဝန်းကျင်အထိ မြင့်ပါတယ်.. အချို့ သိပ်နှစ်ကြာရင်တော့ ၁၅ ပေ၊ ပေ၂၀ လောက် အထိမြင့်နိုင်ပါတယ်.. အထူးသဖြင့် ပူအိုက်စွတ်စိုတဲ့ရာသီဥတုကိုနှစ်သက်လို့ မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ပေါက်ပါတယ်.. တောင်ပေါ်ဒေသမှာတော့ ဖြစ်ထွန်းလေ့မရှိပါဘူး.. ကမ္ဘာပေါ်မှာ ရဲယိုသီးကို စီးပွားဖြစ်အမြောက်အများစိုက်တဲ့နေရာကတော့ ဟာဝိုင်အီ (Hawaii) ကျွန်းစုဒေသဖြစ်ပါတယ်.. ကျန်ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အီကွေတာနဲ့နီးပြီး ပင်လယ်နဲ့နီးစပ်တဲ့ မြေပြန့်ဒေသတွေမှာ တွေ့နိုင်ပါတယ်.. မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေဟာ သူရဲ့မူရင်းဒေသဖြစ်ပါတယ်.. လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကမှ Hawaii ကိုရောက်ရှိတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်..

💢 MWD: ရဲယိုကို ဆေးဖက်ဝင်အစိတ်အပိုင်းအနေနဲ့ ဘယ်အပိုင်းကို အသုံးပြုပါသလဲ ဆရာ.. ရိုးရာတိုင်းရင်းဆေးအနေနဲ့ကော ဘယ်လိုများအသုံးပြုပါသလဲ ဆရာ..

Dr.KML: အပင်တစ်ပင်လုံးကတော့ သူ့နေရာနဲ့သူ ဆေးဖက်ဝင်တယ်လို့ ပြောနိုင်ပါတယ်..  ဒါပေမယ့် အဓိကအသုံးပြုနိုင်တာကတော့ အသီးဖြစ်ပါတယ်.. တစ်ခါတစ်ရံမှာ အရွက်ကိုသုံးလေ့ရှိပြီး အချို့ရောဂါတွေမှာတော့ အမြစ်ကို အသုံးပြုရလေ့ရှိပါတယ်.. ရိုးရာတိုင်းရင်းဆေးပညာမှာတော့ အနာကျက်မြန်အောင် အရိုးကျိုးတဲ့အခါမှာ ဆက်တာမြန်အောင်၊ မူးတာအန်တာ သက်သာအောင်၊ ပါးစပ်အနံ့ဆိုးတာ၊ အသံဝင်တာ၊ လိပ်ခေါင်းရောဂါစသဖြင့် အသုံးပြုခဲ့ကြပါတယ်.. နောက်ပိုင်းမှာ ၀မ်းကိုက်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ ဓမ္မတာလာစဉ် ကိုက်ခဲတဲ့ရောဂါတွေမှာပါ အသုံးပြုလာကြတာ တွေ့ရပါတယ်..

💢 MWD: ရဲယိုသီးဟာ ဆေးဖက်ဝင်တယ်လို့ ပြောကြပါတယ် ဆရာ.. ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေ ပါဝင်လို့ဘယ်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတာ သိပါရစေ..

Dr.KML: ရဲယိုသီးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို အဓိကအုပ်စု (၂) ခု ခွဲနိုင်ပါတယ်.. ပထမအုပ်စုကတော့ အာဟာရဓာတ်တွေပေးတဲ့အုပ်စု တစ်နည်းအားဖြင့် Nutrition အုပ်စုဖြစ်ပြီး ဒုတိယအနေနဲ့တော့ ဆေးဖက်ဝင်အာနိသင်ကိုပေးတဲ့အုပ်စု တစ်နည်းအားဖြင့် Phytochemical အုပ်စုဆိုပြီး ဖြစ်ပါတယ်..

💢 MWD: ရဲယိုသီးမှာ ဘယ်လိုမျိုးအာဟာရဓာတ်တွေ ပါဝင်သလဲဆိုတာ သိပါရစေ..

Dr.KML: ဒီနေရာမှာ ရဲယိုသီးကိုအစိမ်းအတိုင်းစားတာရယ်၊ အခြောက်ခံအမှုန့်ပြုလုပ်ပြီးစားတာရယ် Noni juice အနေနဲ့ပြုလုပ်ပြီးစားတာရယ် ကွာခြားမှုရှိပါတယ်.. ရဲယိုသီးအစိမ်းမှာ ပါဝင်တဲ့ဓာတ်ပစ္စည်းတွေကို တိုင်းတာတဲ့အခါမှာ အခြောက်ခံအမှုန့်ပြုလုပ်ပြီးမှ တိုင်းတာလေ့ရှိတာမို့လို့ ရဲယိုသီး၏အခြောက်မှုန့်မှာပါဝင်တဲ့ အာဟာရတန်ဖိုးကို မူတည်ပြီးတော့ပဲ တင်ပြပါမယ်..
အဓိကအုပ်စု (၂) စုခွဲနိုင်ပါတယ်..

(၁) Macronutrient (အများဆုံးပါဝင်သောအာဟာရဓာတ်များ)
Carbohydrate  40%
Protein  6%
Fat 1%
Fiber 36%
Ash 10%
Moisture 7%
*ရဲယိုသီးဟာ အဆီပါဝင်မှုမရှိတဲ့ (<1 fiber="" p="">
(၂) ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်မှုကိုကြည့်ရင် အများဆုံးပါဝင်တာကတော့
Potassium  30 mg/g
Vitamin C 9 mg/g…….တို့ဖြစ်ပါတယ်
အနည်းငယ်ပါဝင်တာကတော့
Niacin (Vitamin B3)  40 ug/g
Provitamin A 2 lu/g
Calcium 800 ug/g
Iron 20 ug/g ……တို့ဖြစ်ပါတယ်

ဒီနေရာမှာ အရေးကြီးတဲ့အချက်အနေနဲ့ သူ့မှာ Potassium ပါဝင်မှုများတဲ့အတွက် ကျောက်ကပ်မကောင်းလို့ သွေးထဲမှာနဂိုကတည်းက Potassium များတဲ့သူတွေဟာ ရဲယိုသီးကို အစိမ်းအတိုင်းပဲဖြစ်ဖြစ်၊ ရဲယိုသီးဖျော်ရည်၊ ရဲယိုသီးဆေးတောင့်တွေကို မစားသင့်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်.. ကျန်တဲ့ Potassium ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ အုန်းစိမ်းရေတွေ ရှောင်သလိုမျိုး ရှောင်ရမှာဖြစ်ပါတယ်..

💢 MWD: ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေအကြောင်းလည်း သိပါရစေ ဆရာ..

Dr.KML: ပါဝင်တဲ့ဓာတ်ပစ္စည်းတွေအနက် အရေးအပါဆုံးတွေကတော့
(1) Xeronine
(2) Anthraquinones
(3) Scopoletin တို့ဖြစ်ပါတယ်..

💢 MWD: Xeroninie အကြောင်းလည်း အသေးစိတ်သိပါရစေ..

Dr.KML: Xeronine ဆိုတာ အပင်ကရတဲ့ Alkaloid တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်သာလိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်.. Picogram range သာလိုအပ်ပြီး လွန်စွာမှအစွမ်းထက်ပါတယ်.. သူ့ရဲ့အဓိကတာဝန်က ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Protein molecule တွေရဲ့ Shape and rigidity ကို control လုပ်တာဖြစ်ပါတယ်.. Protein တွေ ဟော်မုန်းတွေ သူ့အလုပ်သူ ကောင်းကောင်းလုပ်နိုင်ဖို့ Xeronine လိုအပ်ပါတယ်.. သူတို့တွေပုံမှန်မဖြစ်ခဲ့ရင် ကင်ဆာရောဂါအပါအ၀င် ရောဂါပေါင်းများစွာ ဖြစ်လာနိုင်ပါတယ်.. အဲ့ဒီလိုတဲ့ Xeronine ကို ကျွန်တော်တို့စားနေတဲ့ အသီးအနှံတွေက နေရပါတယ်.. အသားတွေ ငါးတွေကနေ မရနိုင်ပါဘူး.. ကမ္ဘာပေါ်မှာရှိတဲ့ အပင်တွေအားလုံးထဲမှာ Xeronine ပါဝင်မှုအများဆုံးကတော့ ရဲယိုပင်ဖြစ်ပြီး အသီးမှာ အများဆုံးပါဝင်ပါတယ်.. ဒုတိယပါဝင်မှုအများဆုံးကတော့ နာနတ်သီးဖြစ်ပါတယ်.. ဒါပေမယ့် ရဲယိုသီးမှာပါဝင်မှုက နာနတ်သီးထက် by weight အရပြောရင် အဆ ရှစ်စ ပိုများပါတယ်..
ရဲယိုသီးမှာ တကယ်ပါဝင်နေတာက Xeronine အနေနဲ့ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲရောက်ရင်Xeronine အဖြစ်ကိုပြောင်းနိုင်တဲ့ Proxeronine အနေနဲ့ဖြစ်ပါတယ်.. သူ့ကိုစားရင် Proxeronine တွေဟာ ခန္ဓာကိုယ်အထဲကိုရောက်ပြီး အူနံရံကနေစုပ်ယူပြီးတော့ အသည်းမှာသိုလှောင်ထားလိုက်ပါတယ်.. ခန္ဓာကိုယ်မှာလိုအပ်ပြီဆိုမှ အသည်းမှာရှိတဲ့ Proxeronine တွေဟာ လိုအပ်တဲ့ tissue တွေဆီကို ရောက်သွားပါတယ်.. အဲ့ဒီမှာ Proxeronase ဆိုတဲ့အင်ဇိုင်းတွေက Proxeronine ကနေ Xeronine အဖြစ်ကို ပြောင်းလိုက်ပါတယ်.. ပြီးမှ Xeronine အဖြစ် အသုံးပြုပါတယ်.. အထူးသဖြင့် ရောဂါဖြစ်နေတဲ့နေရာမှာရှိတဲ့ သေဆုံးသွားတဲ့ဆဲလ် (dead cells) တွေ Metabolites တွေကို ဖယ်ထုတ်ရာမှာ များစွာအထောက်အကူပြုပါတယ်..

💢 MWD: အဲ့ဒီ Xeronine ဆိုတဲ့ဓာတ်ပစ္စည်းကို ဘယ်သူကနေစပြီး ရှာဖွေတွေ့ရှိခဲ့တာပါလဲ ဆရာ..

Dr.KML: Xeronine ကို စတင်ရှာဖွေဖော်ထုတ်ခဲ့သူကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ University of Hawaii က Professor Dr Ralph Hernicke (MD, Ph.D) ဖြစ်ပါတယ်.. 1972 ခုနှစ်က တွေ့ရှိခဲ့တာဖြစ်ပြီး အသီးအနှံတွေထဲမှာရှိတဲ့ Xeronine တွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့နည်းပညာကိုပါ တီထွင်ခဲ့သူအဖြစ် ထင်ရှားပါတယ်.. အမေရိကားမှာရှိတဲ့ Biochemist တွေထဲမှာတော့ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်..

💢 MWD: ကျန်တဲ့ဓာတ်ပစ္စည်း၂ ခုကို ဆက်ပြောပါဦး ဆရာ..

Dr.KML: Anthraquinones ဆိုတာကတော့ Phenolic compound ဖြစ်ပြီး ကာဗွန် atom ၁၄ ခု C 14 (C6-C2-C6) နဲ့ဖွဲ့စည်းထားပါတယ်.. Flavonoid နဲ့နီးစပ်ပါတယ်.. ကာဗွန်နောက်ထပ်တစ်ခုထည့်လိုက်ရင် C15 (C6-C3-C6) ဖြစ်ရင် Flavonoid ဖြစ်သွားပါပြီ.. အဓိကအားဖြင့် Antibacterial action ကိုပေးပါတယ်.. ရောဂါပိုးတွေကိုသေစေနိုင်လို့ ရဲယိုသီးကိုစားရင် နှာခေါင်းမှာဖြစ်တဲ့ ထိပ်ကပ်နာ (sinusitis) နဲ့ အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးဝင်တဲ့ (respiratory tract infection) တွေကနေ ကာကွယ်ပေးပါတယ်.. Antiviral action ပါရှိလို့ အခုဆိုရင် HIV virus ပေါ်မှာ အာနိသင်ရှိ/မရှိ ဆိုတာကို ပညာရှင်တွေက လေ့လာလျက်ရှိပါတယ်..
နောက်တစ်ခုကတော့ Scopoletin ဖြစ်ပါတယ်.. သူ့ကိုတော့ မကြာသေးခင်ကမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်.. သူဟာ သွေးကြောတွေကိုကျယ်စေပါတယ်.. ရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင် (Antimicrobial action) ရှိပါတယ်.. Anti-histamine effect ရှိလို့ နှာခေါင်းပိတ်တာတွေ သက်သာစေနိုင်ပါတယ် .. ပန်းနာရင်ကြပ်ရောဂါတွေ သက်သာစေပါတယ်.. အခုနောက်ပိုင်း အော်ဇိုင်းမားရောဂါမှာ သူ့ကိုသုံးဖို့အတွက် သုတေသနတွေပြုလုပ်လျက်ရှိပါတယ်..

💢 MWD: ရဲယိုသီးစားရင် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုပါသလဲ ဆရာ..

Dr.KML: ရဲယိုသီးစားရင်ပဲဖြစ်ဖြစ် ရဲယိုသီးအမှုန့်နဲ့ပြုလုပ်ထားတဲ့ ဆေးတောင့်တွေသောက်လို့ပဲဖြစ်ဖြစ် Noni juice အနေနဲ့ပဲဖြစ်ဖြစ် မှန်မှန်စားခဲ့သောက်ခဲ့ရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့
(၁) ကင်ဆာရောဂါကာကွယ်ပေးပါတယ်.. ကင်ဆာရောဂါသည်တွေ သောက်မယ်ဆိုရင်လည်း နာကျင်မှုတွေသက်သာပြီး အကျိုးရှိပါတယ်..
(၂) စိတ်ရွှင်လန်းစေပြီး ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေကနေ ကင်းဝေးလျော့ပါးစေပါတယ်..  အထူးသဖြင့် အရိုးကျီးပေါင်းတက်တဲ့ဝေဒနာတွေကို သက်သာစေပါတယ်..
(၃) သွေးတိုရောဂါကို သက်သာစေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်..
(၄) နာတာရှည်ထိပ်ကပ်နာရောဂါကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးတွေဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်..
(၅) HIV လူနာတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာ Food supplement ဖြစ်ပါတယ်.. ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေလို့ ဖြစ်ပါတယ်..

💢 MWD:  ရဲယိုသီးဟာ ကင်ဆာရောဂါကာကွယ်၊ ကုသရေးမှာ အထောက်အကူပြုတယ်ဆိုတော့ ဘယ်လိုမျိုးအထောက်အကူပြုတယ်ဆိုတာလည်း ရှင်းပြပေးပါ ဆရာ..

Dr.KML: ဒီကနေ့ ကင်ဆာရောဂါကိုကုသတဲ့အခါမှာ အသုံးပြုတဲ့ဆေးဝါးအများစုဟာလည်း အပင်ကနေလာတာဖြစ်ပါတယ်.. ဥပမာ Vincristine တို့ Vinblastine တို့ဟာ မုန်တိုင်ပင်ကနေ ထုတ်ယူတာဖြစ်ပြီး Texol ဆိုရင် ကျောက်ထင်းရူးပင်ကနေ ထုတ်ယူတာဖြစ်ပါတယ်.. ဒါပေမယ့် အဲ့ဒီအပင်တွေဟာ လူစားသုံးလို့မရတဲ့အပင်တွေဖြစ်တော့ side effect လည်း များပါတယ်.. ရဲယိုကျတော့ အရင်ကတည်းက စားသုံးလို့ရတဲ့အသီးဖြစ်တော့ တစ်နည်းအားဖြင့် side effect များစွာလျော့နည်းမှာ သေချာပါတယ်.. အာနိသင်ရှိဖို့ကိုပဲ သေသေချာချာစမ်းသပ်ဖို့ လိုပါတယ်..
ရဲယိုဟာ ကင်ဆာရောဂါကာကွယ်၊ ကုသရေးမှာ အစွမ်းအာနိသင်ရှိ/မရှိ ဦးဆောင်လေ့လာခဲ့တဲ့ဌာနကတော့ University of Hawaii မှာရှိတဲ့ Department of Pharmacology (ဆေးဝါးဗေဒဌာန) နဲ့ Department of Pathology (ရောဂါဗေဒဌာန) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်.. Honolulu မှာရှိတဲ့ အဲဒီတက္ကသိုလ်က ပညာရှင်တွေဟာ ရဲယိုထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကို ဓာတ်ခွဲဖော်ထုတ်ခဲ့ပြီး တစ်ခုချင်းစီးရဲ့အာနိသင်ကို စမ်းသပ်ခဲ့ပါတယ်.. ပထမဆုံး ဓာတ်ခွဲခန်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေပေါ်မှာ အာနိသင်တိုင်းပါတယ်.. ပြီးတော့မှ ကြွက်ကလေးတွေအပေါ်မှာ စမ်းသပ်ပါတယ်.. နောက်ဆုံး လူမှာစမ်းသပ်တဲ့အခါမှာ စမ်းသပ်တွေ့ရှိမှုတွေက အတော်လေးကို အားရဖို့ကောင်းပါတယ်..  ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ရဲယိုကဟန့်တားနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်.. မကြာမီကာလမှာ ရဲယိုကနေထုတ်လုပ်တဲ့ ကင်ဆာဆေးစွမ်းကောင်းတစ်လက် ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်.. ဒီကြားထဲမှာတော့ ရဲယိုသီးကိုအစိမ်းအတိုင်းဖြစ်ဖြစ် Noni Juice အနေနဲ့ပဲဖြစ်ဖြစ် Noni power ကို capsule ထဲထည့်လို့ပဲဖြစ်ဖြစ် Food supplement အနေနဲ့ ကင်ဆာကာကွယ်ရေးမှာ သောက်ထားနိုင်သလို ကင်ဆာရောဂါဖြစ်ပွားသူတွေအနေနဲ့လည်း Supplement အနေနဲ့စားမယ်ဆိုရင် အကျိုးများနိုင်ပါတယ်..

💢 MWD: ကင်ဆာဆိုတာလည်း မျိုးစုံရှိတော့ ဘယ်လိုမျိုးကင်ဆာတွေကို အထောက်အကူပြုစေနိုင်တာပါလဲ ဆရာ..

Dr.KML: University of Hawaii နဲ့ Illinois University တွေမှာ လေ့လာချက်အရ အဆုတ်ကင်ဆာ (Lung cancer) ၊ အသည်းကင်ဆာ (Liver cancer) နဲ့ ကျောက်ကပ်ကင်ဆာ (Kidney cancer) တွေပေါ်မှာ ဟန့်တားနိုင်စွမ်းရှိတယ်လို့သိရပါတယ်.. ဆက်လက်ပြီးလည်း သုတေသနတွေပြုလုပ်လျက်ရှိပါတယ်..

💢 MWD: ရဲယိုသီးစားရင် စိတ်ရွှင်လန်းစေတယ်ဆိုတာ ဘာကြောင့်ပါလဲ ဆရာ..

Dr.KML: ရဲယိုသီးမှာပါတဲ့ Xeronine ဟာ စိတ်ကိုရွှင်လန်းစေတာဖြစ်ပါတယ်.. သူဟာ alkaloid တစ်မျိုးဖြစ်ပြီးေ က်ာဖီ၊ လက်ဖက်ရည်သောက်ရင် စိတ်ရွှင်လန်းစေတဲ့ အာနိသင်မျိုးဖြစ်ပါတယ်.. ပိုပြီးထူးခြားတာက ခန္ဓာကိုယ်မှာရှိတဲ့ နာကျင်မှုတွေကိုပါ သက်သာစေတဲ့အတွက် ခုနကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့်မှာ နာကျင်မှုပဲဖြစ်ဖြစ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ရောင်ရမ်းလို့နာကျင်တာပဲဖြစ်ဖြစ် ရဲယိုသီးက လျော့ပါးစေနိုင်တာဖြစ်ပါတယ်..  လည်းပင်းကျီးပေါင်းတက်လို့နာနေရင် ရဲယိုကိုစားလိုက်ရင် နာကျင်မှုသက်သာပြီး ပေါ့ပါးသွားသလိုမျိုး ခံစားရပါတယ်.. ကျီးပေါင်းပျောက်အောင်ကတော့ တခြား treatment တွေပါ ရောပေးဖို့လိုပါတယ်.. ရဲယိုတစ်ခုတည်းစားရုံနဲ့ကျီးပေါင်းမပျောက်နိုင်ပါဘူး..

💢 MWD: သွေးတိုးနဲ့ နှလုံးရောဂါတွေအပေါ်မှာ သက်ရောက်မှုလည်း သိပါရစေ..

Dr.KML: ရဲယိုသီးစားရင် သွေးကြောလေးတွေကျယ်လာပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်.. ဒါကြောင့် ပူတဲ့အသိကို ခံစားရပါလိမ့်မယ်.. ဒါကြောင့် သွေးတိုးရောဂါနဲ့ သွေးကြောကျဉ်ရောဂါတွေမှာ အကျိုးရှိတယ်လို့ ဆိုလိုတာပါ..  အဓိကလုပ်ဆောင်ပေးတဲ့ ဒြပ်ပေါင်းကတော့ Scopoletin တွေဖြစ်ပါတယ်..

💢 MWD: နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis) ဝေဒနာသည်တွေအတွက်ရော ဆရာ..

Dr.KML: Chronic sinusitis ဟာ အင်မတန်မှ ကုလို့ခက်တဲ့ရောဂါဖြစ်ပါတယ်.. ရဲယိုသီးကိုစားရင် အကျိုးကျေးဇူးအနေနဲ့ ပါဝင်တဲ့ Anthroquinone တွေကြောင့် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်.. အမြဲစွဲသောက်ရင် Bacteria တွေဝင်မလာနိုင်အောင် ဟန့်တားပေးပါတယ်.. Penicillin သောက်ပြီး လေးဖက်နာပိုးဝင်မလာအောင် ဟန့်တားထားတဲ့သဘောဖြစ်ပါတယ်.. နောက်တစ်ခုကပါဝင်တဲ့ Xeronine တွေကလည်း ထိပ်ကပ်နာကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်..
နောက်တတိယအနေနဲ့ Antihistamine အာနိသင်ရှိတာကြောင့် နှာခေါင်းပိတ်၊ နှာခေါင်းယားတာတွေ သက်သာစေပါတယ်.. သူ့မှာပါတဲ့ သဘာဝဗီတာမင်စီဟာလည်း နှာခေါင်းအနာကျက်စေဖို့ အထောက်အကူပြုပါတယ်.. ဒီအချက်တွေကြောင့် နာတာရှည်ထိပ်ကပ်နာ ဝေဒနာရှင်တွေအနေနဲ့ ရဲယိုသီးစားရင်စား၊ မစားနိုင်လျှင် ဆေးတောင့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် စွဲသောက်သင့်ပါတယ်..

💢 MWD: ရဲယိုဟာ HIV လူနာတွေအတွက် ဘယ်လိုအကျိုးရှိပါသလဲ ဆရာ..
Dr.KML: ဒါကတော့ စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးတယ်.. ဒီကနေ့အသုံးပြုတဲ့ HIV ဆေးတွေဟာလည်း ရာနှုန်းပြည့် အားကိုးနိုင်တာမဟုတ်လေတော့ သဘာဝသစ်သီးသစ်ဖုတွေမှာရှိတဲ့ HIV ဗိုင်းရပ်စ်ကိုဟန့်တားနိုင်တဲ့ အာနိသင်ရှိတဲ့ အပင်တွေကို သုတေသနပြုလုပ်ရာမှာ ရဲယိုဟာ ရှေ့တန်းကပါဝင်လျက်ရှိပါတယ်..
ကနဦးလေ့လာတွေ့ရှိချက်တွေအရ Noni ဟာ ခန္ဓာကိုယ်ခုခံအားကို မြင့်တက်စေနိုင်ကြောင်း သိရှိရပါတယ်.. ဒါကြောင့် ခုခံအားကျသူတွေ၊ မကြာခဏဖျားနာသူတွေအနေနဲ့ Noni စားရင် အကျိုးရှိပါတယ်.. HIV ပျောက်တယ်လို့ ဆိုလိုတာမဟုတ်ကြောင်း သိဖို့လိုပါတယ်..

💢 MWD: ဆရာတို့ FAME အနေနဲ့ ရဲယိုသီးကနေ သဘာဝဆေး ထုတ်ထားတယ်လို့ သိရပါတယ် ဆရာ.. အဲဒါလေးလည်း ရှင်းပြပေးပါ..

Dr.KML: ဆရာတို့ FAME အနေနဲ့ ရဲယိုသီးဟာ အစိမ်းအတိုင်းစားရင် အာနိသင်ထက်မြက်တာမှန်ပေမယ့် အနံ့ပြင်းလွန်းတာကြောင့် လူအများစုက စားဖို့တွန့်ကြပါတယ်.. အချို့လဲထန်းလျက်တို့၊ သကြားတို့၊ ဆားတို့နဲ့တော့ စားကြပါတယ်.. အဲ့ဒီအတွက် အဆင်ပြေအောင် မူလအာနိသင်မပျက်စေဘဲ အသီးကိုစနစ်တကျခူးယူပြီး အမှည့်မလွန်ခင်မှာ အမှုန့်ဖြစ်အောင် လုပ်ရပါတယ်.. ပြီးမှCapsule ထဲထည့်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်.. ဆေးတောင်တစ်တောင့်မှာ ရဲယိုသီးအမှုန့် 500 mg ပါဝင်ပါတယ်.. ပုံမှန်အားဖြင့် မနက်တစ်တောင့် ညတစ်တောင့် အစားမစားမီသောက်ရပါမယ်.. အဓိကအားဖြင့် လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းတွေနဲ့ မသောက်ရပါဘူး.. ရေနဲ့သောက်တာ အကောင်းဆုံးဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းမှာပါဝင်တဲ့ caffeine ဓာတ်ဟာ Proxeronine တွေကို ဖျက်ဆီးနိုင်လို့ဖြစ်ပါတယ်..

Credit: ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)

#MWD Health Talk Programme

No comments: