Monday, January 28, 2019

အမ်ိဳးသားမ်ားလည္း နစ္နာရပါတယ္



Gender ဆိုတာ ဘာလဲလို႕ေမးရင္ သတ္မွတ္ခ်က္ေတြကို ဆုိလုိတာပါ။ ေယာက်ာ္းဆုိတာ ဘယ္လုိျဖစ္ရမယ္၊ မိန္းမဆုိတာ ဘယ္လုိျဖစ္ရမယ္ ဆုိျပီးေတာ့ေပါ့။ ဥပမာအားျဖင့္ ေယာက်ာ္းဆုိတာ ဦးေဆာင္ႏုိင္စြမ္း ရွိရတယ္၊ မိန္းမဆုိတာ ဗိုင္းေကာင္းေက်ာက္ဖိေနရမယ္ စတဲ့ သတ္မွတ္ခ်က္ေတြကို Gender လို႕ေခၚပါတယ္။

ဒီလိုသတ္မွတ္ခ်က္ေတြေၾကာင့္ ဘာျဖစ္လဲ၊ ဘာလို႕ ဒါေတြကို အေရးတယူလုပ္ ေျပာေနရတာလဲ။

မိန္းကေလးမို႕လို႕ လင္ေကာင္းသားေကာင္းရရင္ ေတာ္ပါျပီ ဆုိျပီး ေက်ာင္းထုတ္လုိက္ရာကေန၊ ေဖ့စ္ဘြတ္မွာ မာနမင္းသားေလး ဆုိတဲ့အေကာင့္နဲ႕ ရည္းစားျဖစ္၊ အျပင္မွာခ်ိန္း၊ ဟုိတယ္သြား၊ ကုိယ္၀န္ရ၊ အ့ဲကတည္းက မာနမင္းသားေလးကုိလည္း ရွာမရေတာ့ဘဲ ဒုကၡေရာက္ရတဲ့ အျဖစ္မ်ိဳးေတြ ရွိလာတယ္။

ကၽြန္ေတာ္တုိ႕ ၾကားသိေနရသမွ် အၾကမ္းဖက္မႈ၊ အႏုိင္က်င့္ေစာ္ကားမႈ၊ ႏွိမ့္ခ်ဆက္ဆံမႈေတြအားလံုးဟာ ဒီအျမင္ေတြကေန ျမစ္ဖ်ားခံတယ္။ ဒါေၾကာင့္ ဒီသတ္မွတ္ခ်က္ေတြ ျပင္ဖုိ႕လုိတယ္လို႕ ေျပာေနရတာ။

မ်ားေသာအားျဖင့္ေတာ့ ဒီအျမင္ေတြေၾကာင့္ မိန္းကေလးေတြက ျပႆနာျဖစ္ၾကရတာ ပုိမ်ားေပမယ့္ ကၽြန္ေတာ္တုိ႕ ေယာက်ာ္းေလးေတြမွာလည္း ထိခုိက္ရတာေတြ ရွိတယ္။

စဥ္းစားမိတဲ့ တခ်ိဳ႕ကို ေရးျပခ်င္ပါတယ္။

၁။ ေဆးလိပ္၊ အရက္ မေသာက္တတ္ရင္ …

‘ေယာက်ာ္းမွန္ရင္’ ဆုိတဲ့ သတ္မွတ္ခ်က္ေတြထဲမွာ အဲဒါေတြကို ထည္႕ထားၾကတယ္။ တကယ္ေတာ့ ဒါေတြက ေယာက်ာ္းျဖစ္ျခင္း၊ မိန္းမျဖစ္ျခင္းနဲ႕ မဆုိင္ဘူး၊ ေသာက္ခ်င္တဲ့သူက ေသာက္မွာပဲ၊ စားခ်င္တဲ့သူက စားမွာပဲ၊ မေသာက္ခ်င္ မစားခ်င္တဲ့သူကလည္း မေသာက္ဘူး၊ မစားဘူး။ ဒါေပမယ့္ အဲ့လုိ ေဆးလိပ္မေသာက္၊ ကြမ္းမစား၊ အရက္မေသာက္တတ္ရင္ ေယာက်ာ္းမွ ဟုတ္ရဲ႕လားလို႕ ေနာက္ေျပာင္ခံရတယ္။ တကယ္ဆုိ အမ်ိဳးသမီးေတြလည္း ဒီလုိ ေသာက္လို႕ရတယ္ဆုိရင္ အမ်ိဳးသားေတြထဲမွာလည္း မေသာက္တတ္တဲ့သူ ရွိႏုိင္တယ္ဆုိတာ လက္ခံေပးရမွာေပါ့။

၂။ ဘာမဆုိ လုပ္တတ္ရမယ္

“ေယာက်ာ္းျဖစ္ျပီး ဆုိင္ကယ္ေတာင္ မစီးတတ္ဘူးလား”၊ “သားေယာက်ာ္းေလး ေမြးထားတာ ဒါေလးေတာင္ အားမကုိးရဘူး” စသျဖင့္ ေျပာတတ္ၾကတယ္။ ဒီေနရာမွာလည္း တူတူပဲ၊ ဆုိင္ကယ္စီးတတ္တာ၊ ေဘာလံုးကန္တတ္တာ၊ မီးေခ်ာင္း လဲတတ္တာ၊ ဒါေတြဟာ အရည္အခ်င္းပဲ၊ Skill ပဲ။ သင္ရင္ တတ္မယ္၊ မသင္ရင္၊ မေလ့က်င့္ရင္ မတတ္ဘူး။ ဒါေပမယ့္ ေယာက်ာ္းဆုိရင္ တတ္ကုိတတ္ရမယ္လုိ႕ ျမင္ေနၾကေတာ့ ခက္တယ္။ ဘယ္အတတ္ပညာမဆုိ တတ္ထားရင္ေတာ့ ေကာင္းတာေပါ့၊ ဒါေပမယ့္ ေယာက်ာ္းျဖစ္ရင္ တတ္ကိုတတ္ထားရမယ္ ဆုိတာကေတာ့ အဓိပၸါယ္မရွိပါဘူး။

၃။ အလွအပ မၾကိဳက္ရဘူး

“ေယာက်ာ္းၾကီးျဖစ္ျပီး မွန္ အဲ့ေလာက္ၾကိဳက္ရလား”၊ “ႏုလိုက္တာလည္း လြန္ပါေရာ”၊ ဒီလိုမ်ိဳးေတြ ေျပာတတ္ၾကတယ္။ တကယ္ေတာ့ အလွအပၾကိဳက္တာ၊ ျဖစ္သလိုေနတတ္တာေတြကလည္း က်ားရယ္ မရယ္နဲ႕ မဆုိင္ဘူး။ မိန္းကေလးထဲမွာလည္း ျဖစ္သလို ေနတတ္ျပီး အလွအပကို သိပ္ဂရုမစိုက္တတ္သူေတြ ရွိေနသလို၊ ေယာက်ာ္းေလးထဲမွာလည္း သပ္သပ္ရပ္ရပ္ ေက်ာ့ေက်ာ့ေမာ့ေမာ့ ေနခ်င္သူဆုိတာ ရွိႏုိင္တာပါပဲ။

၄။ အေၾကာက္တရား ကင္းမဲ့ရမယ္၊ မငုိရဘူး

သရဲေျခာက္တယ္ဆုိလည္း မေၾကာက္ရ၊ ေျမြ၊ ပုိးဟပ္၊ ဖား စတဲ့ ေသးေသးၾကီးၾကီး ဘယ္လုိသတၱ၀ါမ်ိဳးကိုမွ ေယာက်ာ္းက ေၾကာက္ခြင့္မရွိဘူး။ ေၾကာက္ေနဦးေတာ့၊ ပါးစပ္ကေန ထုတ္ေျပာခြင့္မရွိဘူး။ ၀မ္းနည္းစရာ ေတြ႕လည္း မငိုရဘူး။ “ေယာက်ာ္းျဖစ္ျပီး မ်က္ရည္မက်နဲ႕” တဲ့၊ ငယ္ငယ္ကတည္းက ဆံုးမခံခဲ့ၾကရတယ္။

၅။ ရန္ျဖစ္ရဲရမယ္၊ အကာအကြယ္ေပးႏုိင္ရမယ္

ေကာင္ေလးနဲ႕ ေကာင္မေလး လမ္းေလွ်ာက္လာတယ္၊ အဲဒီမွာ တျခားေကာင္ေလး ၃ ေယာက္ေလာက္က ေကာင္မေလးကို ရိသဲ့သဲ့ေျပာမယ္။ ဒါ ဘယ္သူမဆုိ ေဒါသထြက္မွာပဲ၊ တံု႕ျပန္ဖို႕ လုပ္မယ္၊ ရန္ျဖစ္မယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕ဘ၀ဆုိတာ ျမန္မာကား မဟုတ္ေတာ့ ကုိယ္ကလည္း မင္းသား မဟုတ္သလို၊ ကုိယ့္ကို ရန္လာစတဲ့သူေတြကလည္း ကိုလူေခ်ာတုိ႕အဖြဲ႕ မဟုတ္ဘူး။ ဒီေတာ့ ၃ ေယာက္ ၁ ေယာက္ဆုိ ကိုယ္ခံရဖုိ႕ မ်ားတယ္။ ေနာက္ဆက္တြဲ ျဖစ္လာႏုိင္တာေတြလည္း အမ်ားၾကီးပဲ။ ဒီလိုေတြးမိလို႕ သည္းခံျပီး ထြက္လာလိုက္မယ္ ဆိုပါေတာ့၊ ေကာင္မေလးက ဘာေျပာမလဲ၊ နင္ ေယာက်ာ္းျဖစ္ျပီး ကိုယ့္ခ်စ္သူတစ္ေယာက္လံုးကိုေတာင္ အကာအကြယ္ မေပးႏုိင္ဘူး၊ နင့္ကို ငါဘယ္လုိအားကိုးရမလဲ တဲ့။

၆။ ႏြားျဖစ္ျပီ

လူပ်ိဳမစစ္ေတာ့တဲ့ ေယာက်ာ္းေလးတစ္ေယာက္ကို လက္ထပ္ရလို႕ ဘယ္သူကမွ ႏြားမလို႕ မေခၚေပမယ့္ အပ်ိဳမစစ္ေတာ့တဲ့ မိန္းကေလးတစ္ေယာက္ကို ယူမိရင္ေတာ့ ခ်ိဳ(ဂ်ိဳ)ေပါက္ေနျပီ၊ ျမက္ၾကိဳက္လုိ႕လား စသျဖင့္ ေျပာခံရတယ္။ ေကာင္မေလးတစ္ေယာက္ရဲ႕ အပ်ိဳစင္ဘ၀ကို လုိခ်င္လို႕ ခ်စ္တယ္ ဆုိတဲ့ စကားလံုးေလး လွလွပပသံုးျပီး အယံုသြင္းတယ္၊ လိုခ်င္တာရျပီးေတာ့ ထားသြားတယ္၊ ျပီးေတာ့ အဲဒါကို ေအာင္ျမင္မႈတစ္ခုလုိ ဂုဏ္ယူ၀င့္ၾကြားစြာ ေလွ်ာက္ေျပာေနတယ္၊ အဲ့ေကာင္မေလးရဲ႕ လက္ရွိရည္းစားကိုလည္း မင္းက ငါ့အက် တြဲရတဲ့ေကာင္ပါကြာ ဆိုျပီး သြားေျပာတယ္၊ အဲ့လိုေယာက်ာ္းကိုက် အားက်ေနၾကျပီးေတာ့၊ ေကာင္မေလးမွာ အတိတ္က ကိစၥေတြ ရွိခဲ့တာ သိသိၾကီးနဲ႕ ဒါဟာ ဒီမိန္းကေလးရဲ႕ တန္ဖုိးကို မက်ေစသလို၊ သူတုိ႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးမွာလည္း ဘာျပႆနာမွ မရွိဘူးလို႕ ခံယူတဲ့အတြက္ ျမတ္ျမတ္ႏုိးႏုိးနဲ႕ လက္ထပ္လိုက္တဲ့ ေယာက်ာ္းကိုေတာ့ ကၽြန္ေတာ္တုိ႕က ႏြားတံဆိပ္ကပ္တယ္။

ဒီလိုသတ္မွတ္ခ်က္ေတြေၾကာင့္ မိန္းကေလးတစ္ေယာက္ရဲ႕ ပထမဆံုးပဲ ျဖစ္ခ်င္တယ္ ဆိုတဲ့ အယူအဆေတြ လႊမ္းမိုးလာသလို၊ ကုိယ့္ဟာကုိယ္ အဆင္ေျပပါတယ္ဆုိေတာင္ ပတ္၀န္းက်င္ရဲ႕ တံဆိပ္ကပ္မႈကို မခံႏုိင္လုိ႕ အဆံုးသတ္လိုက္ရတဲ့ Relationship ေတြ အမ်ားၾကီးရွိေနပါတယ္။

၇။ သူမ်ားသားသမီးကို ႏွစ္ရွည္လမ်ား တြဲျပီး ခုထိ မယူေသးဘူး

(ဒီေနရာမွာ လက္ထပ္မယ္လို႕ အယံုသြင္းျပီး ကာမလိမ္လည္ရယူတာေတြ၊ အေပ်ာ္သက္သက္ တြဲတာေတြကိုေတာ့ ထည္႕မေျပာပါဘူး။) ဒါက ရည္းစားသက္တမ္း ၾကာလာရင္ မိန္းကေလးဆုိတာ တန္ဖုိးက်က်လာတယ္ ဆုိတဲ့ အျမင္နဲ႕ ဆက္စပ္တယ္။ မိန္းကေလးေတြမွာလည္း ဒီအျမင္ရဲ႕ဒဏ္ကို မခံႏုိင္ၾကတဲ့အတြက္ ႏွစ္ေတြၾကာလာ၊ တစ္ေယာက္ကို တစ္ေယာက္သိလာလုိ႕ အဆင္မေျပေတာ့ဘူး ဆုိရင္ေတာင္ မျပတ္ရဲေတာ့ဘူး၊ ဒီလိုပဲ ၾကိတ္မွိတ္ေနလိုက္ၾက၊ လက္ထပ္လိုက္ၾက၊ ေကာင္ေလး မူမမွန္ေတာ့တာကိုေတာင္ အမ်ိဳးမ်ိဳး သည္းခံၾကရနဲ႕ ျဖစ္ကုန္တယ္။ အဲဒီလုိပဲ၊ ေယာက်ာ္းေလးေတြကုိလည္း သူမ်ားသားသမီးကို ဒီေလာက္ႏွစ္ရွည္လမ်ား တြဲခဲ့ျပီး မယူေသးဘူးလားလုိ႕ ေျပာခံရတာပဲ။ အေၾကာင္းေၾကာင္းေၾကာင့္ လမ္းခြဲလိုက္ရင္လည္း လူမဆန္တဲ့ေကာင္လုိ ျမင္ၾကတာ။ တကယ္ေတာ့ သူတုိ႕ဟာသူတုိ႕ အဆင္မေျပလို႕ လမ္းခြဲလိုက္တာ၊ ေအးေအးေဆးေဆးပဲ၊ ပတ္၀န္းက်င္ကသာ အဲ့လုိမ်ိဳးေတြ ေျပာေနၾကတာ။

၈။ ေငြရွာေကာင္းရမယ္

တကၠသို္လ္ကေန ဘႊဲ႕ရလာရင္ မိန္းကေလးေတြက ပညာဆက္သင္ဖုိ႕ အာရံုရွိေနခ်ိန္၊ ေယာက်ာ္းေလးေတြက ေငြရွာဖုိ႕ကုိ ပိုဦးစားေပးရတယ္။ ငါ သူမ်ားသားသမီးကို ယူျပီးရင္ သူ႕အေဖထားတာထက္ မသာေတာင္ တင့္တင့္တယ္တယ္ေလးေတာ့ ထားႏုိင္မွ ဆုိျပီးေတာ့ေပါ့။

မိသားစုတစ္စုမွာ ေယာက်ာ္းက ပိုက္ဆံရွာျပီး မိန္းမက အိမ္ေထာင္မႈ ထိန္းသိမ္းတယ္ဆုိ ေအးေအးေဆးေဆးပဲ ဘာမွမျဖစ္ဘူး။ ဘယ္သူကမွလည္း မိန္းမကုိ ေယာက်ာ္းပုဆုိးနား ခုိစားတယ္လုိ႕ မေျပာဘူး။ ဒါ သာမန္လို႕ပဲ ျမင္ၾကတယ္။ မိန္းမတစ္ေယာက္ရဲ႕ စိတ္ထဲမွာလည္း လံုျခံဳမႈရွိတယ္။ ေယာက်ာ္းက အားကိုးရတယ္ေပါ့။ ေျပာင္းျပန္အေနနဲ႕ မိန္းမက ပုိက္ဆံရွာျပီး ေယာက်ာ္းက ေနာက္ကပံ့ပုိးေပးမယ္ ဆုိပါေတာ့။ သူတုိ႕ဟာသူတုိ႕ အဆင္ေျပေနရင္ေတာင္ ပတ္၀န္းက်င္က ေျပာၾကမယ္၊ မိန္းမထမီနား ခုိစားတယ္ ဆုိျပီး။

ေယာက်ာ္း ေတာ္ေတာ္မ်ားမ်ားကလည္း ဒီအေျခအေနနဲ႕ ပတ္သက္လုိ႕ စိတ္လံုျခံဳမႈ မရွိဘူး။ ၾကာေတာ့ ဘယ္လိုမွ သည္းမခံႏုိင္ေတာ့ဘူး။ သူ႕ထက္သာေနတဲ့ မိန္းမျဖစ္သူကို အလုိလုိေနရင္း ၾကည္႕မရေတာ့ဘူး။ သူနဲ႕အတူတြဲလိုက္တုိင္း ကုိယ့္ကုိယ္ကုိယ္ေလးစားမႈ ေပ်ာက္လာတယ္။ ဒီေတာ့ ဘုရင္မနားကေန ခြာျပီး မိဖုရားရွာတယ္။ ဒီမိဖုရားဟာ ဘုရင္မေလာက္လည္း မလွဘူး၊ မေတာ္ဘူး၊ ေငြေၾကးမျပည္႕စံုဘူး၊ ဒါေပမယ့္ သူကေတာ့ ဘုရင္ျဖစ္ခြင့္ရတယ္။ ဒီလိုနဲ႕ အိမ္ေထာင္ေရး ေဖာက္ျပန္တာေတြ ျဖစ္လာတယ္။

ဒါေတြက ကၽြန္ေတာ္ စဥ္းစားမိတဲ့ ဥပမာတခ်ိဳ႕ေပါ့။ ေသခ်ာဖတ္ၾကည္႕လိုက္ရင္ ဘာသြားေတြ႕မလဲ ဆုိေတာ့ မိန္းကေလးေတြကို ထိခုိက္နစ္နာေစတဲ့၊ ရုတ္တရက္ဆုိ ကၽြန္ေတာ္တုိ႕ ေယာက်ာ္းေတြ အသာရေနတယ္လို႕ ထင္ရတဲ့ ကိစၥေတြကပဲ ကၽြန္ေတာ္တုိ႕ကို ထိခုိက္ေစေနတာ ျဖစ္ပါတယ္။

ဥပမာ မိန္းကေလးတစ္ေယာက္ရဲ႕ တန္ဖုိးကို အပ်ိဳစစ္ျခင္းနဲ႕ တုိင္းတာေနတာကပဲ ကၽြန္ေတာ္တို႕ကုိ ႏြားျဖစ္ေစတာ၊ ခ်ိဳေပါက္ေစတာ။ ႏွစ္ေတြၾကာလာရင္ မိန္းကေလးက တန္ဖုိးက်လာတယ္ ဆိုတဲ့အျမင္ကပဲ ကၽြန္ေတာ္တို႕ကို ႏွမသားခ်င္း မစာနာတဲ့သူေတြ ျဖစ္လာေစတာ။ “စီးတဲ့ေရ ဆည္တဲ့ကန္သင္း” ဆုိတာက အမ်ိဳးသမီးေတြကုိ ကိုယ္ပုိင္၀င္ေငြမရွိ၊ ကုိယ့္ဟာကုိယ္ မရပ္တည္ႏုိင္ေတာ့ဘဲ ေယာက်ာ္းအႏုိင္က်င့္သမွ် ျငိမ္ခံရတဲ့ လူတစ္ေယာက္ ျဖစ္လာေစသလို၊ ေယာက်ာ္းေတြအတြက္လည္း ေငြရွာေကာင္းရမယ္ ဆုိတဲ့ ၀န္ထုပ္၀န္ပိုးကို ျဖစ္ေစတာ။ ကုိယ္မ်ား မေတာ္တဆ အသက္ဆံုးပါးသြားတဲ့အခါ ကုိယ့္သားသမီးေတြနဲ႕ ကုိယ့္မိသားစုကို ဘာမွမလုပ္တတ္ မကိုင္တတ္နဲ႕ ဒုကၡေတြျဖစ္ျပီး က်န္ခဲ့ေစတာ။

ဒါေၾကာင့္ ဒီလုိ လူမႈအသိုင္းအ၀ိုင္းၾကားမွာ ရွိေနတဲ့ အျမင္ေတြကုိ ေျပာင္းလဲပစ္ဖုိ႕ဟာ အမ်ိဳးသမီးေတြအတြက္ပဲ လုိအပ္တာ မဟုတ္ဘူး၊ အမ်ိဳးသားေတြအတြက္လည္း လိုအပ္တယ္၊ ဒီအျမင္ေတြေၾကာင့္ အမ်ိဳးသမီးေတြ ထိခုိက္နစ္နာရသလို၊ ဒီလိုေဘာင္တစ္ခုထဲ အံ၀င္ခြင္က် ျဖစ္မေနတဲ့ အမ်ိဳးသားေတြဟာလည္း ကဲ့ရဲ႕ျပစ္တင္ခံေနရတယ္၊ ဒီအျမင္ေတြေၾကာင့္ သူတို႕တင္ ထိခုိက္ခံစားေနရတာ မဟုတ္ဘဲ ကၽြန္ေတာ္တို႕လည္း နစ္နာေနရတယ္ ဆုိတာကုိ သိေစခ်င္ပါတယ္။ ေနာက္ျပီး အဲဒီအျမင္ေတြ ေလ်ာ့နည္းပေပ်ာက္သြားဖို႕ ၾကိဳးစားၾကတဲ့ ေနရာမွာလည္း အမ်ိဳးသားေတြကို ပူးေပါင္းပါ၀င္ေစခ်င္ပါတယ္၊ ဒါမွပဲ ပိုမုိေအာင္ျမင္မႈ ရလာမွာျဖစ္တယ္ ဆုိတာကို ႏုိ၀င္ဘာ ၁၉ ရက္ေန႕မွာ က်ေရာက္တဲ့ ဒီႏွစ္ ႏုိင္ငံတကာ အမ်ိဳးသားမ်ားေန႕ (International Men’s Day) အထိမ္းအမွတ္အေနနဲ႕ တင္ျပေဆြးေႏြးလိုက္ရပါတယ္။

(၂၄.၁၁.၂၀၁၈ ထုတ္ Voice Weekly ပါ ေဆာင္းပါး)

(Unicode)

Gender ဆိုတာ ဘာလဲလို့မေးရင် သတ်မှတ်ချက်တွေကို ဆိုလိုတာပါ။ ယောကျာ်းဆိုတာ ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုပြီးတော့ပေါ့။ ဥပမာအားဖြင့် ယောကျာ်းဆိုတာ ဦးဆောင်နိုင်စွမ်း ရှိရတယ်၊ မိန်းမဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ် စတဲ့ သတ်မှတ်ချက်တွေကို Gender လို့ခေါ်ပါတယ်။

ဒီလိုသတ်မှတ်ချက်တွေကြောင့် ဘာဖြစ်လဲ၊ ဘာလို့ ဒါတွေကို အရေးတယူလုပ် ပြောနေရတာလဲ။

မိန်းကလေးမို့လို့ လင်ကောင်းသားကောင်းရရင် တော်ပါပြီ ဆိုပြီး ကျောင်းထုတ်လိုက်ရာကနေ၊ ဖေ့စ်ဘွတ်မှာ မာနမင်းသားလေး ဆိုတဲ့အကောင့်နဲ့ ရည်းစားဖြစ်၊ အပြင်မှာချိန်း၊ ဟိုတယ်သွား၊ ကိုယ်ဝန်ရ၊ အဲ့ကတည်းက မာနမင်းသားလေးကိုလည်း ရှာမရတော့ဘဲ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ ရှိလာတယ်။

ကျွန်တော်တို့ ကြားသိနေရသမျှ အကြမ်းဖက်မှု၊ အနိုင်ကျင့်စော်ကားမှု၊ နှိမ့်ချဆက်ဆံမှုတွေအားလုံးဟာ ဒီအမြင်တွေကနေ မြစ်ဖျားခံတယ်။ ဒါကြောင့် ဒီသတ်မှတ်ချက်တွေ ပြင်ဖို့လိုတယ်လို့ ပြောနေရတာ။

များသောအားဖြင့်တော့ ဒီအမြင်တွေကြောင့် မိန်းကလေးတွေက ပြဿနာဖြစ်ကြရတာ ပိုများပေမယ့် ကျွန်တော်တို့ ယောကျာ်းလေးတွေမှာလည်း ထိခိုက်ရတာတွေ ရှိတယ်။

စဉ်းစားမိတဲ့ တချို့ကို ရေးပြချင်ပါတယ်။

၁။ ဆေးလိပ်၊ အရက် မသောက်တတ်ရင် …

‘ယောကျာ်းမှန်ရင်’ ဆိုတဲ့ သတ်မှတ်ချက်တွေထဲမှာ အဲဒါတွေကို ထည့်ထားကြတယ်။ တကယ်တော့ ဒါတွေက ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ သောက်ချင်တဲ့သူက သောက်မှာပဲ၊ စားချင်တဲ့သူက စားမှာပဲ၊ မသောက်ချင် မစားချင်တဲ့သူကလည်း မသောက်ဘူး၊ မစားဘူး။ ဒါပေမယ့် အဲ့လို ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်တတ်ရင် ယောကျာ်းမှ ဟုတ်ရဲ့လားလို့ နောက်ပြောင်ခံရတယ်။ တကယ်ဆို အမျိုးသမီးတွေလည်း ဒီလို သောက်လို့ရတယ်ဆိုရင် အမျိုးသားတွေထဲမှာလည်း မသောက်တတ်တဲ့သူ ရှိနိုင်တယ်ဆိုတာ လက်ခံပေးရမှာပေါ့။

၂။ ဘာမဆို လုပ်တတ်ရမယ်

“ယောကျာ်းဖြစ်ပြီး ဆိုင်ကယ်တောင် မစီးတတ်ဘူးလား”၊ “သားယောကျာ်းလေး မွေးထားတာ ဒါလေးတောင် အားမကိုးရဘူး” စသဖြင့် ပြောတတ်ကြတယ်။ ဒီနေရာမှာလည်း တူတူပဲ၊ ဆိုင်ကယ်စီးတတ်တာ၊ ဘောလုံးကန်တတ်တာ၊ မီးချောင်း လဲတတ်တာ၊ ဒါတွေဟာ အရည်အချင်းပဲ၊ Skill ပဲ။ သင်ရင် တတ်မယ်၊ မသင်ရင်၊ မလေ့ကျင့်ရင် မတတ်ဘူး။ ဒါပေမယ့် ယောကျာ်းဆိုရင် တတ်ကိုတတ်ရမယ်လို့ မြင်နေကြတော့ ခက်တယ်။ ဘယ်အတတ်ပညာမဆို တတ်ထားရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် ယောကျာ်းဖြစ်ရင် တတ်ကိုတတ်ထားရမယ် ဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။

၃။ အလှအပ မကြိုက်ရဘူး

“ယောကျာ်းကြီးဖြစ်ပြီး မှန် အဲ့လောက်ကြိုက်ရလား”၊ “နုလိုက်တာလည်း လွန်ပါရော”၊ ဒီလိုမျိုးတွေ ပြောတတ်ကြတယ်။ တကယ်တော့ အလှအပကြိုက်တာ၊ ဖြစ်သလိုနေတတ်တာတွေကလည်း ကျားရယ် မရယ်နဲ့ မဆိုင်ဘူး။ မိန်းကလေးထဲမှာလည်း ဖြစ်သလို နေတတ်ပြီး အလှအပကို သိပ်ဂရုမစိုက်တတ်သူတွေ ရှိနေသလို၊ ယောကျာ်းလေးထဲမှာလည်း သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့ နေချင်သူဆိုတာ ရှိနိုင်တာပါပဲ။

၄။ အကြောက်တရား ကင်းမဲ့ရမယ်၊ မငိုရဘူး

သရဲခြောက်တယ်ဆိုလည်း မကြောက်ရ၊ မြွေ၊ ပိုးဟပ်၊ ဖား စတဲ့ သေးသေးကြီးကြီး ဘယ်လိုသတ္တဝါမျိုးကိုမှ ယောကျာ်းက ကြောက်ခွင့်မရှိဘူး။ ကြောက်နေဦးတော့၊ ပါးစပ်ကနေ ထုတ်ပြောခွင့်မရှိဘူး။ ဝမ်းနည်းစရာ တွေ့လည်း မငိုရဘူး။ “ယောကျာ်းဖြစ်ပြီး မျက်ရည်မကျနဲ့” တဲ့၊ ငယ်ငယ်ကတည်းက ဆုံးမခံခဲ့ကြရတယ်။

၅။ ရန်ဖြစ်ရဲရမယ်၊ အကာအကွယ်ပေးနိုင်ရမယ်

ကောင်လေးနဲ့ ကောင်မလေး လမ်းလျှောက်လာတယ်၊ အဲဒီမှာ တခြားကောင်လေး ၃ ယောက်လောက်က ကောင်မလေးကို ရိသဲ့သဲ့ပြောမယ်။ ဒါ ဘယ်သူမဆို ဒေါသထွက်မှာပဲ၊ တုံ့ပြန်ဖို့ လုပ်မယ်၊ ရန်ဖြစ်မယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝဆိုတာ မြန်မာကား မဟုတ်တော့ ကိုယ်ကလည်း မင်းသား မဟုတ်သလို၊ ကိုယ့်ကို ရန်လာစတဲ့သူတွေကလည်း ကိုလူချောတို့အဖွဲ့ မဟုတ်ဘူး။ ဒီတော့ ၃ ယောက် ၁ ယောက်ဆို ကိုယ်ခံရဖို့ များတယ်။ နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေလည်း အများကြီးပဲ။ ဒီလိုတွေးမိလို့ သည်းခံပြီး ထွက်လာလိုက်မယ် ဆိုပါတော့၊ ကောင်မလေးက ဘာပြောမလဲ၊ နင် ယောကျာ်းဖြစ်ပြီး ကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင် အကာအကွယ် မပေးနိုင်ဘူး၊ နင့်ကို ငါဘယ်လိုအားကိုးရမလဲ တဲ့။

၆။ နွားဖြစ်ပြီ

လူပျိုမစစ်တော့တဲ့ ယောကျာ်းလေးတစ်ယောက်ကို လက်ထပ်ရလို့ ဘယ်သူကမှ နွားမလို့ မခေါ်ပေမယ့် အပျိုမစစ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ယူမိရင်တော့ ချို(ဂျို)ပေါက်နေပြီ၊ မြက်ကြိုက်လို့လား စသဖြင့် ပြောခံရတယ်။ ကောင်မလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို လိုချင်လို့ ချစ်တယ် ဆိုတဲ့ စကားလုံးလေး လှလှပပသုံးပြီး အယုံသွင်းတယ်၊ လိုချင်တာရပြီးတော့ ထားသွားတယ်၊ ပြီးတော့ အဲဒါကို အောင်မြင်မှုတစ်ခုလို ဂုဏ်ယူဝင့်ကြွားစွာ လျှောက်ပြောနေတယ်၊ အဲ့ကောင်မလေးရဲ့ လက်ရှိရည်းစားကိုလည်း မင်းက ငါ့အကျ တွဲရတဲ့ကောင်ပါကွာ ဆိုပြီး သွားပြောတယ်၊ အဲ့လိုယောကျာ်းကိုကျ အားကျနေကြပြီးတော့၊ ကောင်မလေးမှာ အတိတ်က ကိစ္စတွေ ရှိခဲ့တာ သိသိကြီးနဲ့ ဒါဟာ ဒီမိန်းကလေးရဲ့ တန်ဖိုးကို မကျစေသလို၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာလည်း ဘာပြဿနာမှ မရှိဘူးလို့ ခံယူတဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်လိုက်တဲ့ ယောကျာ်းကိုတော့ ကျွန်တော်တို့က နွားတံဆိပ်ကပ်တယ်။

ဒီလိုသတ်မှတ်ချက်တွေကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးပဲ ဖြစ်ချင်တယ် ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးလာသလို၊ ကိုယ့်ဟာကိုယ် အဆင်ပြေပါတယ်ဆိုတောင် ပတ်ဝန်းကျင်ရဲ့ တံဆိပ်ကပ်မှုကို မခံနိုင်လို့ အဆုံးသတ်လိုက်ရတဲ့ Relationship တွေ အများကြီးရှိနေပါတယ်။

၇။ သူများသားသမီးကို နှစ်ရှည်လများ တွဲပြီး ခုထိ မယူသေးဘူး

(ဒီနေရာမှာ လက်ထပ်မယ်လို့ အယုံသွင်းပြီး ကာမလိမ်လည်ရယူတာတွေ၊ အပျော်သက်သက် တွဲတာတွေကိုတော့ ထည့်မပြောပါဘူး။) ဒါက ရည်းစားသက်တမ်း ကြာလာရင် မိန်းကလေးဆိုတာ တန်ဖိုးကျကျလာတယ် ဆိုတဲ့ အမြင်နဲ့ ဆက်စပ်တယ်။ မိန်းကလေးတွေမှာလည်း ဒီအမြင်ရဲ့ဒဏ်ကို မခံနိုင်ကြတဲ့အတွက် နှစ်တွေကြာလာ၊ တစ်ယောက်ကို တစ်ယောက်သိလာလို့ အဆင်မပြေတော့ဘူး ဆိုရင်တောင် မပြတ်ရဲတော့ဘူး၊ ဒီလိုပဲ ကြိတ်မှိတ်နေလိုက်ကြ၊ လက်ထပ်လိုက်ကြ၊ ကောင်လေး မူမမှန်တော့တာကိုတောင် အမျိုးမျိုး သည်းခံကြရနဲ့ ဖြစ်ကုန်တယ်။ အဲဒီလိုပဲ၊ ယောကျာ်းလေးတွေကိုလည်း သူများသားသမီးကို ဒီလောက်နှစ်ရှည်လများ တွဲခဲ့ပြီး မယူသေးဘူးလားလို့ ပြောခံရတာပဲ။ အကြောင်းကြောင်းကြောင့် လမ်းခွဲလိုက်ရင်လည်း လူမဆန်တဲ့ကောင်လို မြင်ကြတာ။ တကယ်တော့ သူတို့ဟာသူတို့ အဆင်မပြေလို့ လမ်းခွဲလိုက်တာ၊ အေးအေးဆေးဆေးပဲ၊ ပတ်ဝန်းကျင်ကသာ အဲ့လိုမျိုးတွေ ပြောနေကြတာ။

၈။ ငွေရှာကောင်းရမယ်

တက္ကသိုလ်ကနေ ဘွှဲ့ရလာရင် မိန်းကလေးတွေက ပညာဆက်သင်ဖို့ အာရုံရှိနေချိန်၊ ယောကျာ်းလေးတွေက ငွေရှာဖို့ကို ပိုဦးစားပေးရတယ်။ ငါ သူများသားသမီးကို ယူပြီးရင် သူ့အဖေထားတာထက် မသာတောင် တင့်တင့်တယ်တယ်လေးတော့ ထားနိုင်မှ ဆိုပြီးတော့ပေါ့။

မိသားစုတစ်စုမှာ ယောကျာ်းက ပိုက်ဆံရှာပြီး မိန်းမက အိမ်ထောင်မှု ထိန်းသိမ်းတယ်ဆို အေးအေးဆေးဆေးပဲ ဘာမှမဖြစ်ဘူး။ ဘယ်သူကမှလည်း မိန်းမကို ယောကျာ်းပုဆိုးနား ခိုစားတယ်လို့ မပြောဘူး။ ဒါ သာမန်လို့ပဲ မြင်ကြတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာလည်း လုံခြုံမှုရှိတယ်။ ယောကျာ်းက အားကိုးရတယ်ပေါ့။ ပြောင်းပြန်အနေနဲ့ မိန်းမက ပိုက်ဆံရှာပြီး ယောကျာ်းက နောက်ကပံ့ပိုးပေးမယ် ဆိုပါတော့။ သူတို့ဟာသူတို့ အဆင်ပြေနေရင်တောင် ပတ်ဝန်းကျင်က ပြောကြမယ်၊ မိန်းမထမီနား ခိုစားတယ် ဆိုပြီး။

ယောကျာ်း တော်တော်များများကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ စိတ်လုံခြုံမှု မရှိဘူး။ ကြာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူ့ထက်သာနေတဲ့ မိန်းမဖြစ်သူကို အလိုလိုနေရင်း ကြည့်မရတော့ဘူး။ သူနဲ့အတူတွဲလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်လေးစားမှု ပျောက်လာတယ်။ ဒီတော့ ဘုရင်မနားကနေ ခွာပြီး မိဖုရားရှာတယ်။ ဒီမိဖုရားဟာ ဘုရင်မလောက်လည်း မလှဘူး၊ မတော်ဘူး၊ ငွေကြေးမပြည့်စုံဘူး၊ ဒါပေမယ့် သူကတော့ ဘုရင်ဖြစ်ခွင့်ရတယ်။ ဒီလိုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ ဖြစ်လာတယ်။

ဒါတွေက ကျွန်တော် စဉ်းစားမိတဲ့ ဥပမာတချို့ပေါ့။ သေချာဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့မလဲ ဆိုတော့ မိန်းကလေးတွေကို ထိခိုက်နစ်နာစေတဲ့၊ ရုတ်တရက်ဆို ကျွန်တော်တို့ ယောကျာ်းတွေ အသာရနေတယ်လို့ ထင်ရတဲ့ ကိစ္စတွေကပဲ ကျွန်တော်တို့ကို ထိခိုက်စေနေတာ ဖြစ်ပါတယ်။

ဥပမာ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ်ခြင်းနဲ့ တိုင်းတာနေတာကပဲ ကျွန်တော်တို့ကို နွားဖြစ်စေတာ၊ ချိုပေါက်စေတာ။ နှစ်တွေကြာလာရင် မိန်းကလေးက တန်ဖိုးကျလာတယ် ဆိုတဲ့အမြင်ကပဲ ကျွန်တော်တို့ကို နှမသားချင်း မစာနာတဲ့သူတွေ ဖြစ်လာစေတာ။ “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဆိုတာက အမျိုးသမီးတွေကို ကိုယ်ပိုင်ဝင်ငွေမရှိ၊ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တော့ဘဲ ယောကျာ်းအနိုင်ကျင့်သမျှ ငြိမ်ခံရတဲ့ လူတစ်ယောက် ဖြစ်လာစေသလို၊ ယောကျာ်းတွေအတွက်လည်း ငွေရှာကောင်းရမယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေတာ။ ကိုယ်များ မတော်တဆ အသက်ဆုံးပါးသွားတဲ့အခါ ကိုယ့်သားသမီးတွေနဲ့ ကိုယ့်မိသားစုကို ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခတွေဖြစ်ပြီး ကျန်ခဲ့စေတာ။

ဒါကြောင့် ဒီလို လူမှုအသိုင်းအဝိုင်းကြားမှာ ရှိနေတဲ့ အမြင်တွေကို ပြောင်းလဲပစ်ဖို့ဟာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တာ မဟုတ်ဘူး၊ အမျိုးသားတွေအတွက်လည်း လိုအပ်တယ်၊ ဒီအမြင်တွေကြောင့် အမျိုးသမီးတွေ ထိခိုက်နစ်နာရသလို၊ ဒီလိုဘောင်တစ်ခုထဲ အံဝင်ခွင်ကျ ဖြစ်မနေတဲ့ အမျိုးသားတွေဟာလည်း ကဲ့ရဲ့ပြစ်တင်ခံနေရတယ်၊ ဒီအမြင်တွေကြောင့် သူတို့တင် ထိခိုက်ခံစားနေရတာ မဟုတ်ဘဲ ကျွန်တော်တို့လည်း နစ်နာနေရတယ် ဆိုတာကို သိစေချင်ပါတယ်။ နောက်ပြီး အဲဒီအမြင်တွေ လျော့နည်းပပျောက်သွားဖို့ ကြိုးစားကြတဲ့ နေရာမှာလည်း အမျိုးသားတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ ဒါမှပဲ ပိုမိုအောင်မြင်မှု ရလာမှာဖြစ်တယ် ဆိုတာကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒီနှစ် နိုင်ငံတကာ အမျိုးသားများနေ့ (International Men’s Day) အထိမ်းအမှတ်အနေနဲ့ တင်ပြဆွေးနွေးလိုက်ရပါတယ်။

(၂၄.၁၁.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)

ေရးသားသူ - ေဒါက္တာ ျဖိဳးသီဟ 

No comments: