Tuesday, January 15, 2019

❗️❗️❗️HR တိုင်းအတွက် မသိမဖြစ် HR Matrices



Htain Lin Kyaw (HR)

လုပ်ငန်းတွေမှာ HR ဌာန တွေဖွဲ့စည်းပြီး လူ့စွမ်းအားအရင်းအမြစ်ကို အကောင်းဆုံး စီမံခန့်ခွဲလာ ကြတာတွေ့ရတယ် ။  ၀န်ထမ်းတွေအတွက်  မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တဲ့ HR ဌာန တစ်ခုဖြစ်ဖို့ တည်ဆောက် လာကြတာ ကို တွေ့ရပါတယ် ။ လုပ်ငန်းတစ်ခု စတင်ပြီဆိုတာနဲ့ ကျွဲကူးရေပါ ဖြစ်လာတဲ့ ၀န်ထမ်းရေးရာ ကိစ္စတွေအတွက် မှန်ကန်တဲ့  စီမံခန့်ခွဲမှု တွေကို လုပ်နိုင်ဖို့ လိုပါတယ်၊ ဒီလို ဆောင်ရွက်နိုင်ဖို့ မိမိအဖွဲ့အစည်း အတွင်းမှာ ဘာတွေဖြစ်နေပြီလဲ ဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ် ။

ဒါကြောင့် လုပ်ငန်းတိုင်းသိထားသင့်တဲ့ HR Matrices တွေကို မျှဝေပေးချင်ပါတယ် ။

 ကနဦးအနေနဲ့ HR Matrices ဆိုတာ အရင်ဆုံး ရှင်းလင်းတင်ပြချင်ပါတယ် ။ နားလည်အလွယ်ဆုံး ပြောရရင် မိမိ အဖွဲ့အစည်းတွေထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိရှိနိုင်ပြီး ဘာတွေ ရှေ့ဆက် အကောင် အထည်ဖော်ရမယ် ၊   ချမှတ်ထားတဲ့ အဖွဲ့အစည်းရဲ့ မူလရည်ရွယ်ချက်တွေကို သွေဖယ်မသွားအောင် လို့ ဘာတွေ ဆက်ပြီး ဆောင်ရွက်သင့်သလဲ ?  Organization ရဲ့ Current Condition ကို သိရှိစေမယ့် အချက်တွေပဲဖြစ်ပါတယ် ။

အလွယ်ဆုံးဥပမာ ပေးရရင် -  ၀န်ထမ်းထွက်နှုန်း ဘယ်လောက်ရှိနေမလဲ  ၊ ၀န်ထမ်းတွေ အထွက်များနေရင် ဘာကြောင့်လဲ ဆိုတာက စလို့ ၊ အဖွဲအစည်းအတွင်းက ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နိုင်စေဖို့ဆောင်ရွက်ရတာပါ ။

ဒါကြောင့် HR Matrices တွေက ရတဲ့ အချက်အလက် ဒေတာ တွေကို ခွဲခြမ်းစိတ်ဖြာပြီး ဘာတွေ ချမှတ်အကောင်အထည်ဖော်သင့်သလဲ ဆိုတာကို ဆုံးဖြတ်လို့ရပါတယ် ။  ဒီလို တိုင်းတာတဲ့ နေရာမှာလည်း မိမိ အဖွဲ့အစည်းပေါ် မူတည် တိုင်းတာ ချက်တွေ ကွဲလွဲနိုင်တာကြောင့် လုပ်ငန်းတိုင်းအတွက် လိုအပ်တဲ့ HR Matrices (၉) မျိုး ကို ဒီဆောင်းပါးကနေ တင်ပြ ချင်ပါတယ် ။

1. Satisfaction rate : (the percent of employees who are satisfied with job conditions)

ဒီအလုပ်အပေါ်မှာ ၀န်ထမ်းတွေအနေနဲ့ ဘယ်လောက် ထိ ကျေနပ်သဘောကျကြောင်းကို သိရှိထားခြင်းဟာ သင့်အတွက် အားသာချက် တစ်ခုဖြစ်ပါတယ် ၊ ဆန့်ကျင့်ဘက်တွေရင် သူတို့ ဘယ်အရာတွေကို သဘော မကျဘူးလည်းဆိုတာပါ သိစေနိုင်တာကြောင့် Satisfaction rate က အရေးကြီးတဲ့ HR Matrices တစ်ခုအနေနဲ့ပါဝင်ပါတယ် ။

2. Absence rate: (The number of days absent in month/average number of employees during the month x number of working days)

ဝန်ထမ်းတွေ အလုပ်တအားပျက်နေရင်တော့ သင့်အဖွဲ့အစည်းအတွက် စိတ်မချမ်းမြေ့စရာဖြစ်ပါလိမ့်မယ် ၊ ဒါကြောင့်လည်း သင့်ဝန်ထမ်းတွေရဲ အလုပ်ပျက်နှုန်းကို သိစေဖို့ Absence rate ကိုလည်း သိထားရမှာ ဖြစ်ပါတယ် ။ မကြာခဏ အလုပ်ပျက်နှုန်းတွေများလာတာကို ဘာကြောင့်လဲ ဆိုတာ ကိုင်တွယ်ဖြေရှင်းဖို့ ဒါက လည်း သိထားရမယ့်အချက်ပါ ။ ( အပေါ်က နည်းအတိုင်း သင်ကိုယ်တိုင်  Absence rate ကို တွက်ကြည့် လို့ရပါတယ်)

3. Turnover – (Number of employees leaving jobs in 12 months/average number of employees during 12 months)

မဖြစ်မနေပါဝင်လာတာက Turnover ပါ ၊ ဒါကလည်း မိမိအဖွဲ့အစည်းအတွက် သင့် ၀န်ထမ်းတွေကို ဘယ်လို ရေရှည်ထိန်းသိမ်းနိုင်မလဲ ဆိုတာကို သိစေမယ့်အချက်ပါ ။  Turnover Rate တအားများနေတာတွေ ၊ နည်းလွန်းနေတာတွေကလည်း ကောင်းတဲ့ အခြေအနေ တစ်ခုမဟုတ်ပါဘူး ၊ သတ်မှတ်ထားတဲ့ ၀န်ထမ်းထွက်နှုန်းနဲ့ အနီးစပ်ဆုံးအခြေအနေ တစ်ခု ရှိနေမယ်ဆိုရင်တော့ ပုံမှန်လောက်ပါပဲ ။ဒါကြောင့် သင်သိထားသင့်တဲ့ HR Matrices  တစ်ခုက Turnover  Rate ပဲဖြစ်ပါတယ် ။

4. Cost per hire (total cost of hiring/the number of new hires)

ဝန်ထမ်းတစ်ယောက်ခန့်တဲ့အခါ ကုန်ကျမယ့် ကုန်ကျစရိတ်ကို သင့်အနေနဲ့ မဖြစ်မနေ သိသင့်ပါတယ် ၊ ၀န်ထမ်းရှာဖွေရေး အတွက် ကုန်ကျတာတွေ ၊ လေ့ကျင့်သင်ကြားပေးရတာတွေ ၊ လစာနဲ့ အခြားထောက်ပံ့မှုတွေကို လည်း သိရှိစေမှာဖြစ်တဲ့အတွက် ဒီအချက်ကို လည်း သိရှိထား သင့်ပါတယ် ။ (တွက်နည်းကတော့ အပေါ်မှာ ပြထားတဲ့ အတိုင်းပါ)

5. Yield ratio: % of applicants that went to the next stage of recruiting process

ဝန်ထမ်းရွေးချယ်ရေး လုပ်တဲ့အခါ မိမိ အသုံးပြုနေတဲ့ သက်ဆိုင်ရာ Recruitment Channel တွေ မှာ ဘယ်လောက်ထိရောက်မှု ရှိသလဲ သိရှိဖို့လိုပါတယ် ၊ ဒါကြောင့် ဒီ Yield Ratio ကို အသုံးပြုခြင်းအားဖြင့် သိနိုင်ပါတယ် ။   ၀န်ထမ်းရွေးချယ်ရေးမှာ အစပိုင်း အလုပ်လျှောက်ထားသူ ကနေ ခန့်အပ်တဲ့အဆင့်ဆင့်အထိ ရောက်ရှိလာတဲ့ လူဦးရေကို အချိုးကျ တွက်ချက်ခြင်းဖြစ်ပါတယ် ။( ဥပမာ - အလုပ်လျှောက်ထားသူ (၁၀၀) မှာ နောက်ဆုံးအလုပ်ခန့်အပ်ခြင်းခံရသူ အဖြစ် (၁၀) ယောက် ရရှိတယ် ဆိုရင်  10:1 အဖြစ်တွက်ချက်ရတာပါ ။ ကြားက အဆင့်အလိုက်တွက်ချက်မယ်ဆိုရင်လည်း အလုပ်ခန့်အပ်ဖို့ ကမ်းလှမ်းတာ (၁၀) ယောက်ရှိပြီး ကမ်းလှမ်းတာကို လက်ခံသူ (၅) ယောက်ရှိရင် (၂:၁)  လို့ သတ်မှတ်ပါတယ်။ ဒါက မိမိအဖွဲ့အစည်းအတွက် ထိရောက်တဲ့ Recruitment Channel ရွေးချယ်ရာမှာ Effective ဖြစ်စေပါတယ် ။

6. HR to staff ratio: Number of employees/ number of HR team members.

မိမိအဖွဲ့အစည်းအတွင်းရှိနေတဲ့ ၀န်ထမ်းအရေအတွက်နဲ့ HR ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းအရေအတွက် အချိုးအစားမျှတ ဖို့လည်း လိုပါတယ် ။ဒါမှသာလည်း ၀န်ထမ်းရေးရာ ကိစ္စတွေကို ပြည့်ပြည့်၀၀  ကိုင်တွယ်နိုင်မှာဖြစ်ပါတယ် ။ ဒီနေရာမှာတစ်ခု ထည့်သွင်းစဉ်းစားရမှာက လုပ်ငန်း တာဝန်ယူ နေရတဲ့ Function တွေပါ ၊  HR Functions တွေ အကုန်နီးပါးလုပ်ဆောင်နေရရင်တော့ ဒီအချိုးအတိုင်း တွက်ချက်သင့်ပေးမဲ့ ၊ မိမိက လုပ်ငန်းသေးတယ် ၊  HR Functions အားလုံးနီးပါး မလုပ်ရ သေးတဲ့ လုပ်ငန်းတွေ အတွက်တော့ စဉ်းစားသင့်ပါတယ် ။

7. Revenue per employee: Revenue/number of employees total

ဝန်ထမ်းတစ်ယောက်အနေနဲ့ အမြတ်တွေ ဘယ်လောက် ရှာဖွေပေးနိုင်မယ်လို့ သင်ထင်ပါသလဲ ? သင်ကိုယ်တိုင်ကော သိချင်ပါတယ် ဆိုရင်တော့ အပေါ်ကတွက်နည်းနဲ့ တွက်ကြည့်လို့ရပါတယ် ။ သင့်လုပ်ငန်းရဲ့ အမြတ်တွေကို သင်ဝန်ထမ်းဦးရေ စုစုပေါင်းနဲ့စားလိုက်ပါ ။ ဒါက ၀န်ထမ်းတစ်ဦးချင်းစီအလိုက် ထုတ်လုပ်ရှာဖွေပေးနိုင်တဲ့ ပမဏာ ပဲဖြစ်ပါတယ် ။ သင်စိတ်ဝင်စားတယ်ဆိုရင် သိသင့်တဲ့ အချက်ပါ ။

8. Performance and potential (the 9-box grid)

ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ Performance and Potential ကို သိဖို့က အဖွဲ့အစည်းအတွက် မဖြစ်မနေ သိရှိရမယ့်အရာပါ ။ ဒါကို 9 Box talent Matrices လို့လည်း ခေါ်ပါတယ်။ မိမိ အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အရည်အချင်းရှိသူတွေ  ၊ အလားအလာ ရှိသူတွေကို ရှာဖွေ ဖော်ထုတ်တာပဲဖြစ်ပါတယ် ။
အရင်ဆုံး အခြေခံ  Factor  နှစ်ခုသတ်မှတ်ထားရပါမယ်။ ဒါကတော့ Performance and Potential ပါ ဒီလို သတ်မှတ်ပြီးရင်တော့   Matrix  (၉) ကွက်ပါတဲ့ ဇယားကို ချရပါတယ် ။

ဒီလိုဆိုရင်တော့   X,Y ၀င်ရိုးချပြီး Performance and Potential ကို တစ်ဖက်စီ အတိုင်းချပေးလိုက်ရင် ရသွားပါလိမ့်မယ် ။potential ကိုတော့  High , Moderate , Limited ဆိုပြီး သုံးဆင့်သတ်မှတ်ထားရပါမယ်။  Performance ကိုလည်း  High, good ,poor ဆိုပြီး သုံးဆင့်သတ်မှတ်ရပါတယ် ။ ဒီလို အဆင့်ဆင့်သတ်မှတ်ပြီးရင်တော့ ပုံမှာပါတဲ့အတိုင်း အကွက် ကိုးကွက်နဲ့ အနည်းအများအလိုက် အဆင့်ဆင့် ထွက်လာပါလိမ့်မယ် ။ ဒီအဆင့်ကိုရောက်ဖို့အတွက် ၀န်ထမ်းတွေကို တစ်ဦးချင်းစီအလိုက် အကဲဖြတ်တာတွေ ၊ သူတို့ရဲ့  Performance and Potential ကို

မိမိအဖွဲ့အစည်းရဲ့ Goals  ကို မူတည်ပြီးအကဲဖြတ်ရမှာဖြစ်ပါတယ် ။ ဒီမှာ တစ်ချက် ကြည့်ရမှာက သူတို့ကို တိုင်းတာမယ့် Performance and Potential တွေမှာ ဘာတွေပါဝင်မလဲဆိုတာကို သေချာစွာ တိုင်းတာ သတ်မှတ်ပေးရမှာဖြစ်ပါတယ် ။ အဲ့လို သတ်မှတ်ထားတဲ့ အချက်တွေ မရှိရင် သေချာစွာ အကဲဖြတ်နိုင်ဖို့ လည်းခက်ခဲပါတယ် ။

9. Average Performance Rating (Total of all Performance Ratings/ Number of employees who received a Performance Rating) x 100

စွမ်းဆောင်ရည်နဲ့ သက်ဆိုင်တဲ့အရာက အဖွဲ့အစည်းတွေအတွက် အရေးကြီးဆုံးအချက်လို့ ဆိုနိုင်ပါတယ် ။ ဒီတော့ မိမိဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ဘယ်လောက်ရှိသလဲ ဆိုတာကို သိဖို့ လိုပါတယ် ။ တစ်နှစ်ပတ်လုံး ပြုလုပ်လာတဲ့   စွမ်းဆောင်ရည်ရလာဒ်တွေကောင်းမွန်ခြင်းရှိမရှိ သိရှိစေဖို့ အထက်ပါအတိုင်း တွက်ချက် ကြည့်လို့ ရနိုင် ပါတယ် ။

အခုတင်ပြပေးခဲ့တဲ့ HR Matrices တွေက နေ တစ်ဆင့်ရရှိလာတဲ့ အချက်အလက်တွေကို လေ့လာရမှာဖြစ်ပြီး ဒီအချက်တွေက ကိန်းဂဏန်းတွေသာဖြစ်ပါတယ် ၊ ဒီကိန်းဂဏန်းတွေကို အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်ပြီး ကိုယ်ဘာဆက်လုပ်သင့်သလဲ ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ် ။

Finance ပိုင်းနဲ့ ပြောရရင် သင့်လုပ်ငန်းက ရှံးနေလား၊ မြတ်နေလား  ဆိုတာကို  သိစေမယ့် ကိန်းဂဏန်းတွေကို ကြည့်ပြီး လုပ်ငန်းရဲ့ အခြေအနေကို သိစေနိုင်မယ့် သဘောပဲဖြစ်ပါတယ် ။

ဒါကြောင့် သင်လုပ်ငန်းအတွက် အရေးပါစေမယ့် HR Matrices တွေကို အသုံးပြုပြီး အဖွဲ့အစည်းကို အကောင်းဆုံး ဦးဆောင်နိုင်ပါစေ ……

ထိန်လင်းကျော်  (HR)

Ref :   :   Erik van Vulpen is founder of Analytics in HR (AIHR).
Advanced Analytics: Using Data to Drive HR Excellence -
SHRM HR Metrics HR Metrics (based on Functional Areas)
https://www.lanteria.com/news/10-key-hr-metrics-every-company-needs-know

No comments: