Saturday, January 12, 2019

ဂျင်​စင်း (​ကောလိသိမ်​)



Panax ginseng C.A. Mey.
Common Names: Asiatic ginseng,
Chinese ginseng, Kauli-thein

မိတ်​​ဆွေတ​ယောက်​ဆီ အလည်သွား​တော့ ဂျင်​ဆင်းလဘက်​ရည်​နဲ့ ဧည့်​ခံတယ်​၊ ginseng tea ဆို​တော့ အ​တော်​သ​ဘောကျ သွားတာ​ပေါ့ ၊ ဂျင်​ဆင်းကို ဘယ်​လိုရသလဲဆို​တော့ ပန်းခြံထဲ ​ခေါ်သွားပြတယ်​၊ ဒီမှာ စိုက်​ထားတာ အများကြီး ဆရာလိုသ​လောက်​ယူလို့ရတယ်​ လို့ဆိုတယ်​၊ အပင်​ကိုမြင်​မှ ဒါက ဂျင်​ဆင်းအစစ်​ မဟုတ်​မှန်းသိရတယ်​၊ သူ့အပင်​အမည်​က Talinum triangulare ဖြစ်​​နေတာသိရတယ်​၊ အရွက်​သားထူထူ အရည်​ရွှမ်းပြီး ပန်း​ရောင်​ပန်းငယ်​ငယ်​​လေး​တွေပွင့်​တဲ့ Family Portulacaceae ထဲက အပင်​ဖြစ်​​နေတယ်​၊

 သူ့ကိုလည်း မြန်​မာဂျင်​စင်း ၊  waterleaf, cariru, Surinam purslane, Philippine spinach, ceylon spinach, Florida spinach, Potherb fame flowers, Lagos bologi ,Sweetheart.လို့အမျိုးမျိုး​ခေါ်ကြတယ်​၊ သူလည်း​ဆေးဖက်​ဝင်​ပါတယ်​၊ ဒါ​ပေမည့်​ ဂျင်​စင်းအစစ်​​တော့ မဟုတ်​ဖူး​ပေါ့ ၊ အခုဆို အဲဒီအပင်​​လေး​တွေကို ဂျင်​ဆင်းဆိုပြီး အိမ်​အ​တော်​များများမှာစိုက်​လာကြတယ်​၊ ဆီး​ရောဂါ သက်​သာတယ်​လို့ ​​သောက်ေ​ပမည့်​ တတ်​သိနားလည်​​သော တိုင်းရင်း​ဆေးဆရာတဦးဦးနဲ့ တိုင်​ပင်​​သောက်​သုံးဖို့ အကြံ​ပေးခဲမိတယ်​၊ ဘယ်​အရာမဆို ​ဘေးထွက်​ဆိုးကျိုးက အနည်းနှင့်​ အများ ရှိ​နေတတ်​တာမို့ပါ။

ဂျင်​ဆင်းပင်​ဆိုတာ?

ဂျင်​စင်းပင်​ကို ကျ​နော်​တို့​တွေနဲ့ ရင်းရင်းနှီးနှီး ထိ​တွေ့​စေတာက Korea ဇတ်​လမ်းတွဲ​တွေပါ၊ သမား​တော်​ ချန်​ဂင်​က အစ ဇတ်​လမ်းအ​တော်​များများမှာ သူက ဇတ်​လိုက်​ဖြစ်​လို့​နေတယ်​၊ ​တော​တောင်​​တွေထဲမှာ သဘာဝအတိုင်း အရိုင်း​ပေါက်​​နေတဲ့ ဂျင်​စင်း ကို လိုက်​ရှာရ​သော ​ဆေးဆရာ အ​ကြောင်း က ခဏခဏပါတယ်​၊ အရမ်း​ဆေးဖက်​ဝင်​ပြီး တန်​ဖိုးကြီးမှန်းသိ​ပေမည့်​ အပင်​ပုံစံ တိတိကျကျ မသိခဲ့ဖူး၊ သူ့အ​ကြောင်း ​ရေးထား​သော စာ​တွေဖတ်​ကြည့်​​တော့မှ အဖိုးတန်​မယ်​ဆိုလည်းတန်​ထိုက်​ပါတယ်​လို့ ဆိုရမယ်​၊

ဂျင်​စင်း အမျိုးအမည်​​တွေက အများကြီးရှိတယ်​ ၊ ဒါ​ပေမည့်​ ​ပေါ်ပြူလာ အဖြစ်​ဆုံးက​တော့  American ginseng (Panax quinquefolius) and Asian ginseng (Panax ginseng) တို့ဖြစ်​ကြတယ်​။


Ginseng ပင်ကတော့ နှစ်ရှည်ခံအပင်ဖြစ်သလို သူ့မှာ ထူးခြားသော အမြစ် fleshy roots ပါပါတယ် မျိုးရင်း Araliaceae ထဲမှာပါဝင်ပြီး သူရဲ့ မျိုးစုကတော့ Panax ဖြစ်ပါတယ်။ ဂျင်စင်းပင်တွေကို Northern Hemisphere မှာ ပေါက်ရောက်ကြတာပါ North America နဲ့ Eastern Asiaမှာတွေ့ရမှာပါ Korea ginseng ကတော့ အထူးဘဲ နာမည်ကြောကြားလှတယ်၊ Ginseng တွေဟာ အေးမြလှသောရာသီကို အထူးနှစ်သက်တဲ့အပင်ပါ၊

ginseng ပင်တွေမှာ ဆေးဝင်သော ginsenosides ပါဝင်နေခြင်းက အဓိက လက္ခဏာတခုပါဘဲ၊ အဲဒီနိုင်ငံမှာရိုးရာအနေနဲ့ ဂျင်စင်းတွေကို ဒီအတိုင်းစားကြသလို aphrodisia ကာမအားတိုးဆေး , stimulent အားကြွဆေး , type IIdiabetes အဆင့်၂ဆီးချိုရောဂါ ကုသရန် နဲ့ sexual dysfunction အနေနဲ့စားသုံးကြပါတယ်၊ Energy drinks or tea အနေနဲ့လည်းသောက်ကြပါသေးတယ်၊ ဒါ့အပြင် cosmetic preparation အနေနဲ့လည်းသုံးကြပါသေးတယ်၊ Panax ginseng ဟာ ကင်ဆာရောဂါကုသရာမှာ သက်ရောက်မှုရှိတယ်လို့ သုတေသနများက ဖော်ပြပေမဲ့ အတိအကျဖော်ပြနိုင်စွမ်းမရှိသေးပါဘူး၊ အရာအားလုံးကောင်းသည်မဆိုသာပါ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေတာပါ ဒါတွေက စားသုံးတာများရင် nausea မအီမသာပျို့အန်ခြင်း , diarrhea ၀မ်းလျှောခြင်း , headaches ခေါင်းကိုက်ခြင်း , nose bleed နှာခေါင်းသွေးယိုခြင်း , high blood pressure သွေးတိုးခြင်း , low blood pressure သွေးကျခြင်း, breast pain ရင်သားနာကျင်ခြင်း တွေဖြစ်တတ်ပါတယ်၊

HISTORY AND USE

ပထမဆုံး ဂျင်​စင်း ကို သုံးခဲ့တာက​တော့ BC 4000 ​လောက်​ကဖြစ်​တယ်​၊ တရုတ်​ပြည်​ နှင့်​ ​မြောက်​ကိုရီးယား နိုင်​ငံ ​မြေရှင်​ ပ​ဒေသရာဇ်​များကြီးစိုးချိန်​မှာ ​မြေရှင်​ကြီးများ၊ ဧကရာဇ်​များ၊ သူ၏ ကိုယ်​ရံ​တော်​များက ဒီအပင်​ရဲ့ ကုစားနိုင်​​သော အကျိုးသက်​​ရောက်​မှုကိုသိပြီး ယူ​ဆောင်​ခဲ့ကြတယ်​၊ တရုတ်​ရိုးရာ​ဆေးပညာမှာ ဂျင်​စင်းဟာ နာမကျမ်း ​အဖျား​ရောဂါအားလုံးကို ကုစားနိုင်​တယ်​၊ ကိုယ်​ခံစွမ်းအားကိုပြန်​လာ်​ ဖြည့်​တင်း​ပေးတယ်​၊ ​ရောဂါကူးစက်​မှု ​ရောဂါကျ​ရောက်​မှုများက ကာကွယ်​​ပေး​သော ​ဆေးမြစ်​တပါး အဖြစ်​ယူဆ ကြတယ်​။ အခြားနိုင်​ငံ​တွေမှာ​တော့ သူ့အ​ကြောင်း သိပ်​မသိကြ​သေးဖူး။ ၁၈ ရာစု​လောက်​မှာမှ ဂျင်​စင်းကို  ကာမအားတိုး​ဆေး  aphrodisiac, အာပြည်​​စေ​သောအရာ  fortifying ၊ အာရုံ​​ကြောများနှင့်​ဆို​သော ​ဆေး  nervous stimulant အဖြစ်​ အသုံးပြုလာကြတာဖြစ်​တယ်​။

DESCRIPTION OF THE PLANT

Ginseng အပင်​​လေး​တွေဟာ သက်​တန်းအားဖြင့်​တို​သော နှစ်​ရှည်​ခပင်​  short-lived perennial plant ​လေး​တွေဖြစ်​ကြတယ်​ အမြင့်​က ၁ ​ပေ ၁​ပေခွဲသာသာ 30 to 50 cm မြင့်​ကြတယ်​။ သူ့အရွက်​​တွေက ထူးခြားတယ်​၊ အရွက်​မြင်​တာနဲ့ ဂျင်​စင်းမှန်း သိသာ​စေတယ်​၊  အရွက်မှာရှိ​​သော အဝိုက်​​တွေက ဘဲတို့ ဖားတို့ ​ခြေ​​ထောက်​က အ​ရေပြားဆက်​​နေသလို ပုံစံ  webbed arrangement ဖြစ်​​နေတယ်​။ ပန်းအ​ရောင်​က အဖြူ​ရောင်​သန်းပြီး အစုလိုက်​ ပန်းခိုင်​  umbel ပုံစံရှိတယ်​။ အသီးသီးရင်​ အနီ​ရောင်​ ဘယ်​ရီ အသီး​လေး​တွေစုစုပြီးသီတယ်​၊  တကယ့်​​ဆေးဝင်​​သော အင်္ဂါက အပင်​ရဲ့ ကျူဘာပုံစံ အမြစ်​​တွေ tuberous roots ​တွေသာဖြစ်​တယ်​၊ အပင်​အရွယ်​ရလာသည်​ နှင့်​ အမျှ အရွယ်​က ကြီးလာတယ်​။

CURATIVE ACTION

General tonic action အ​နေဖြင့်​ ​ရောဂါ ခံစား​နေရလို့ အားအင်​ ချိနဲ့ ​နေသူများ​သောက်​သုံးရင်​ အားအင်​ပြည့်​ဖြိုးလာ​စေပါတယ်​၊ ဒါ့အပြင်​ sedative စိတ်​ငြိမ်​​ဆေး အဖြစ်​လည်းအသုံးပြုကြတယ်​။ တရုတ်ပြည်မှာ  အားကစားသမားများ အတွက် tonic plant အားအင်ဖြစ်စေသော အပင်အဖြစ် အသုံးပြုခဲ့ကြသည်။ ထို့ပြင် ကျားအားတိုးဆေး male aphrodisiac အဖြစ်လည်းသုံးခဲ့ကြတယ်။ ဂျင်စင်းပင်ဟာ ပြန်လည်လန်းဆန်းစေသော အပင် invigorating plant ဖြစ်ပြီး အားနည်းနေသူများ ၊နလံထကာစလူမမာများ၊ စိတ်ဖိစီးမှုများနေသူများ၏ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ physical များအပြင် ဉာဏ်ပညာပိုင်းဆိုင်ရာ ကိစ္စများပင် တိုးတက်လာစေတယ်။ ထို့အပြင် ပန်းသေ ပန်းညှိုး ရောဂါ ခံစားနေရသူများအတွက် ရောဂါဝေးနာ ပျောက်ကင်းမှုတိုးလာစေနိုင်သော အပင်ဖြစ်သည်။ ဒီအပင်ဟာ anti-inflammatory, an antioxidant, a stimulant of brain function, anabolic and immunostimulant များ အနေဖြင့်ပြုမူနေပါတယ်၊

USUAL THERAPEUTIC INDICATIONS

Ginseng ကို အထူးအနေဖြင့် ထောက်ခံမှုပေးသော အရာများက   stimulate virility ယောင်္ကျားပီသအောင် လှုံ့ဆော်ပေးခြင်း ၊  improve physical endurance ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခံစွမ်းအားမြင့်တက်လာစေခြင်း၊ ဥာဏ်ကောင်းလာစေခြင်း intellectual performance၊ စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်နိုင်စေခြင်း၊ မူမမှန်သော အစာလမ်းကြောင်းဆိုင်ရာရောဂါများကို ကုသနိုင်ခြင်း၊ ကိုယ်ခံစွမ်းအား immune system ကို ပိုမိုအားကောင်းလာစေခြင်း တို့ဖြစ်ကြတယ် ၊ ထို့အပြင် အခြာခြားသော ရောဂါများလည်း ကုသနိုင်တယ်၊ ဥပမာ
 cardiovascular problems, ဆီးချိုရောဂာ diabetes, hypercholesterolemia, neurovegetative diseases and disorders affecting cognitive functions ရောဂါများလည်း ကုသ နိုင်ပြန်တယ်။ .

USES

နေ့စဉ် ၂ ဂရမ်လောက်သာ အကန့်အသတ်နဲ့ ထားပြီးသုံးစွဲရင် အကျိုးရှိစေပြီး ဘေးထွက် အန္တရာယ်လည်းအလွန်နည်းပါတယ်။ အနည်းဆုံး dosage ပမာဏက 800 mg ဖြစ်ပါတယ်။ လူနာရဲ့ ကျမ်းမာမှု အခြေအနေ ပေါ်ကြည့်ပြီး ဆေးပမာဏကို ပြောင်းလဲ အသုံးပြုနိုင်တယ်။ ဂျင်စင်း နှပ်ရည် infusion တခုကို အလွယ်တကူ ပြုလုပ်နိုင်တယ်၊ ဂျင်စင်းအမြစ်ကို ၃ ခု ကနေ ၅ ခုအထိ ပါးပါးလေးတွေဖြစ်အောင် လှီးလိုက်ပါ၊ ရေ ၃ ခွက်စွာထဲထည့်ပါ ပြီးလျှင် ceramic container ကိုသုံးပြီး ရေဆူအောင် ကြိုပါ၊ ပြုတ်ရည် decoction ကို ထမင်းမစားမီ နာရီဝက် အလိုမှာ မီဝဲသောက်သုံးပါ၊ ဆေးတောင့်များကိုတော့ မနက်စောစော ဒါမှမဟုတ် မွန်းလွဲ အချိန်မှာ ရေပမာဏ များများနဲ့ အစာမစားမီ မိနစ် အနည်းငယ်အလိုမှာ  သောက်ရပါမည်။ ဂျင်စင်း စစ်ထုတ်ရည် Liquid extracts (essential oil and ampoules) ကိုတော့ အစာအိမ်ထဲမှာ အစာမရှိသောအခြေအနေ ဖြစ်သည် မနက်စောစော နဲ့ နေ့လယ် အချိန်များမှာ သောက်သုံးရမှာပါ။


မြန်​မာစာက ဆရာ ကို​အောင်​ဆန်းလင်းတို့ အဖွဲ့နတ်​မ​တောင်​ တက်​တာကို post မှာဖတ်​ရ​တော့ လွန်​ခဲ့​သော ၇ နှစ်​နီးပါးက ကန်​ပက်​လက်​က လမ်းပြတ​ယောက်​ပြလို့ မြန်​မာပြည်​က ဂျင်​စင်းပင်​ကို ရှားရှားပါးပါး မြင်​ခဲ့ရတယ်​၊ နတ်​မ​တောင်​ရဲ့အမြင့်​ဆုံး ​တော​တောင်​​တွေမှာ ​ပေါက်​​တယ်​လို့ ​ပြောပြတယ်​ ၊ မြန်​မာနိုင်​ငံ​မြောက်​ပိုင်း ကချင်​ပြည်​နယ်​ဖက်​မှာလည်း ဂျင်​စင်းအနွယ်​  Panax pseudoginseng များ​ပေါက်​တယ်​လို့ သိရပြန်​တယ်​၊ တခါတ​လေ​တော့ ​ဆေးဖက်​ဝင်​ပြီး ရှားပါးလှတဲ့ ဒီ အပင်​ကို ထိ​တွေ့ခြင်​လှတယ်​...

Thetnaing oo
Monywa University

က​လးများအတွက်​လ​ရေးရတာမို့
လိုအပ်​ချက်​​တွေရှိမှာပါ....

ကိုးကား

https://www.imagenesmy.com/imagenes/mountain-ginseng-d7.html

https://www.magicgardenseeds.es/Plantas-medicinales/Ginseng-(Panax-ginseng)-A.PAN01-

No comments: