Thursday, January 10, 2019

Asus Zenfone Max Pro M2 Review



Mid-range Smartphone ကောင်းတစ်လုံးဖြစ်ဖို့ ဘာတွေလိုအပ်သလဲ?

သေချာစဉ်းစားကြည့်ရင် လွယ်မလိုနဲ့ခက်တဲ့အဖြေပါ။ High End Level ဖုန်းတွေမှာတောင် All Rounder Smartphone တစ်လုံး ဖြစ်နိုင်ဖို့မလွယ်ရင် Mid-range တွေမှာဆို ဒီထက်ပိုခက်ဖို့ပဲရှိမှာပါ။ ဒါပေမယ့် တစ်နေ့တစ်ခြား ပြိုင်ဆိုင်မှုအား ပိုကောင်းလာတဲ့ Mid-range Level မှာ Company တွေဟာ သင့်တင့်တဲ့ဈေးမှာ လှပတဲ့ Design, ကောင်းမွန်တဲ့ Quality နဲ့ Smartphone တွေကို သူ့ထက်ငါအပြိုင်အဆိုင် ထုတ်နိုင်ဖို့ အရင်ကထက် ပိုကြိုးစားလာကြပါပြီ။ Zenfone Max Pro M1, Zenfone 5 စတာတွေနဲ့ User တွေကို တစ်ဖန်ပြန်လည်မျက်စိကျစေနိုင်ခဲ့တဲ့ Asus ဟာလည်း ခေတ်နဲ့အညီလိုက်မှီနိုင်ဖို့ Generation အသစ် Zenfone Max Pro M2 ကို မိတ်ဆက်လိုက်ပြန်ပါပြီ။

Zenfone Max Pro M2 ရဲ့ 3/32 GB ဈေးဟာ မြန်မာငွေ ၃သိန်း၁သောင်း၉ထောင် ဖြစ်ပြီး 6/64 GB ကတော့ မြန်မာငွေ ၄သိန်း၂သောင်း၉ထောင် ထိ ကျသင့်မှာဖြစ်ပြီး Blue နဲ့ Titanium အရောင်နှစ်မျိုးနဲ့ ဝယ်ယူနိုင်မှာပါ။

Design and Built-Quality

Glossy Back Design တွေ ခေတ်စားလာတဲ့ 2018 မှာ Asus ကလည်း သူ၊ ငါ နည်းတူ Reflective Design ကို သုံးထားတယ်။ သူ့ Plastic Curved Body က ရုတ်တရက်ကြည့်ရင် Vivo V Series ကို သွားသတိရစေတယ်ဆိုပေမယ့် ကွဲပြားနေမှာက Pro M2 ရဲ့ Camera Design ပါ။ Vertical Dual Camera အပြင် Flash Light ကိုပါ Frame ထဲထည့်ထားတော့ မသိရင် Silicon Cover အကြည်တပ်ထားသလို ထင်ရစေတယ်။ သုံးထားတဲ့အရောင်၊ ပြောင်လက်တဲ့မျက်နှာပြင်ကြောင့် Pro M1 တုန်းကထက် ဒီဇိုင်းကာလာအနေအထားမှာ ပိုပြီးတည်ငြိမ်လှပလာပေမယ့် လက်ဗွေရာအထင်လွယ်သလို၊ ပွန်းလွယ်စင်းလွယ်မယ်လို့ ခံစားမိတာကြောင့် Cover တပ်ကိုင်ကြပါလေ။ (Glass မဟုတ်လို့ ပြုတ်ကျတာ ဘာညာကို ပိုပြီးခံနိုင်လောက်ပေမယ့် မစမ်းသပ်တာတော့ အကောင်းဆုံးဖြစ်မှာပါ)

Overview တုန်းကပြောခဲ့သလိုပဲ 5000 mAh Battery ပါတဲ့ဖုန်းတစ်လုံးအနေနဲ့ ဒီလောက်ပေါ့ပါးနေတာဟာ ကျေနပ်စရာ။ ပွယောင်းယောင်းမဆန်ပဲ ကျစ်ကျစ်လျစ်လျစ်နဲ့ ကိုင်လို့ကောင်းတဲ့အနေအထားမှာရှိတယ်။ အမိုက်ဆုံးအချက်က Display ကိုအုပ်ပေးထားတဲ့ Gorilla Glass 6 ပါ။ Gorilla 3 ထက် ပိုတွေ့ရခဲတဲ့ Mid-range Level မှာ ဒီအချက်ကို Impressed ဖြစ်မိတယ်။ ဖုန်းကိုင်တာ လက်မြဲတဲ့သူတစ်ယောက်အတွက်ဆိုရင် မှန်ကပ်ကိစ္စပူစရာမလိုပဲ Display အရသာကို အပြည့်အ၀ခံစားနိုင်ပါလိမ့်မယ်။ Volume & Power Button လေးတွေကလည်း Feedback ကောင်းတယ်။ ဆိုတော့ကာ Plastic Body ဆိုတာလေးတစ်ချက်ကလွဲရင် Zenfone Max Pro M2 ကို Design ပိုင်း ရိုးရှင်းခန့်ညားပြီး Built-Quality ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ မှတ်ချက်ပေးချင်မိတယ်။

Display

Pro M1 မှာတုန်းက Notch မပါတဲ့ Display နဲ့ ပွဲထွက်လာခဲ့ပေမယ့် သူတို့လည်း ခေတ်ရေစီးကြောင်းကို မလွန်ဆန်နိုင်ခဲ့ဘူးထင်ရဲ့။ Pro M2 ရဲ့ Notch က Waterdrop တွေလောက် မသေးပေမယ့် Notch တစ်ခုအနေနဲ့ လက်ခံနိုင်တဲ့အနေအထားပါ။ သူ့ရဲ့ Chin ကတော့ Mi 8 ထက်တောင် နဲနဲပိုကြီးသလို ခံစားရတယ်။ (2018 ကုန်ခါနီးနေချိန်မှာ သူ့ရှေ့မျက်နှာပြင် Design က နဲနဲ Date အောက်နေသယောင်တော့ရှိ) Full HD+ Resolution သုံးထားပြီး Display Size က 6.26”ဖြစ်လာတယ်။ သဘောကျမိတာက 19:9 Ratio မို့ အရင် 16:9 Display တွေကနေပြောင်းသုံးတဲ့သူတွေအတွက် စာရိုက်တဲ့အခါ တစ်ချို့ဖုန်းတွေလို ကျင့်သားရဖို့အချိန်ပေးရတာမျိုး မရှိတော့တာပါ။ နောက် Update တွေမှာထည့်ပေးမလားမသိသေးပေမယ့် Notch ဖျောက်တဲ့ Function တော့ Setting ထဲမှာ မတွေ့မိသေး။ (ဒါပေမယ့် Notch Support မပေးတဲ့ App အများစုမှာတော့ Auto ဖျောက်ပေးတာတွေ့ရတယ်။)

အဲဒီအချက်တွေဖယ်လိုက်ရင် Pro M2 ရဲ့ LCD Display ဟာ Mid-range မှာ အတော့်ကိုကောင်းမွန်တဲ့ Display ဆိုလည်း မမှားပါဘူး။ Black Level အသင့်အတင့်ရှိတယ်။ Brightness မဆိုစလောက်နဲလို့ Indoor မှာ ပုံမှန်ထက် နဲနဲပိုတင်သုံးရပေမယ့် နေရောင်အောက်မှာ ကောင်းကောင်းမြင်နိုင်တယ်။ Display Color က ပုံမှန်ထက် နဲနဲပို Saturate ဖြစ်ပေမယ့် အရမ်းလွန်ကဲတာမျိုးမဟုတ်ပဲ Color Accurate ဖြစ်မှကြိုက်တတ်တဲ့ ကိုယ်တွေအတွက်တောင် သဘောကျမိတဲ့အထိ အတော့်ကိုမျက်စိပသာဒဖြစ်တယ်။ (Color Calibration လုပ်နိုင်မယ့် Setting လေးပါခဲ့ရင် Perfect ဖြစ်သွားမယ်လို့ ထင်မိတယ်) Color Shifting လည်း မရှိသလောက်နဲတယ်။ ဆိုတော့ကာ Display ကောင်းကောင်း၊ Color စိုစိုကြိုက်တတ်သူတွေအတွက် Asus Zenfone Max Pro M2 က မျက်စိမှိတ်ရွေးလို့ရတဲ့ဖုန်းတစ်လုံး သေချာပေါက်ဖြစ်နေမှာပါ။

Fingerprint & Face Unlock

Pro M2 ရဲ့ Fingerprint Unlock Speed ကတော့ Mid-range Smartphone တွေထဲမှာတော့ အမြန်ဆုံးမဟုတ်သေးသည့်တိုင် Pro M1 တုန်းကထက်စာရင် Acceptable Level တစ်ခုကို ရောက်လာခဲ့ပါပြီ။ Face Unlock အနေနဲ့လည်း Fingerprint ထက် နဲနဲပိုနှေးပေမယ့် အမှောင်ထဲကောင်းကောင်းအလုပ်လုပ်သလို မျက်လုံးစုံမှိတ်ရင်လည်း မပွင့်နိုင်ဘူးဆိုတော့ သုံးရအဆင်ပြေမှာပါ။

Speaker & Audio Quality

Pro M2 မှာ အားအရဆုံးအချက်ဆိုလည်း မမှားပါဘူး။ (Zenfone 5 ကို ဖယ်လိုက်ရင်) စမ်းဖူးသမျှ Mid-range Speaker တွေထဲ သဘောအကျဆုံးပါ။ Single Speaker ဆိုပေမယ့် အသံထွက်အတော်အောင်တယ်။ Sound Stage တွေ Wide ဖြစ်သလို Bass သံတွေကလည်း ထင်မထားလောက်အောင် ကောင်းနေတယ်။ High Volume မှာ အမြင့်သံတွေမှာ နဲနဲအက်ချင်သလိုဖြစ်တာကလွဲရင် အပြစ်ပြောစရာမရှိ။ Stereo Speaker ဘာညာ Allergic မဖြစ်တတ်ရင် သူ့ရဲ့ Speaker က စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်မယ်လို့ ယူဆပါတယ်။

Pro M2 မှာ 3.5mm Headphone Jack က ရိုးရာမပျက်ပါနေတုန်းပဲ။ ဒါပေမယ့် Speaker ပိုင်းမှာ Impressed ဖြစ်မိသလောက် သူ့ရဲ့ Earphone Audio Quality ကိုတော့ အားမရမိတာအမှန်။ အဓိကပြဿနာက သူ့ရဲ့ Raw Quality ကို ထိန်းပေးနိုင်မယ့် Equalizer မပါတာကြောင့် လို့ပဲထင်မိတယ်။ သူ့မှာပါတဲ့ Play Music နဲ့ နားထောင်ကြည့်တဲ့အခါမှာ အားသာချက်အနေနဲ့ Volume ကျယ်တာ (50% လောက်မှာတင် အတော့်ကိုကျယ်ကျယ်လောင်လောင်ကြားရ) ရယ်၊ Bass သံကောင်းတာရယ်ကလွဲရင် Mids & Treble Sound တွေက Average Level အောက်ကို ရောက်နေတဲ့ Terrible Experience မျိုး ရခဲ့တယ်။ ဒါနဲ့ 3rd Party Music Player ကို Playstore မှာတက်ရှာခဲ့ပေမယ့် ကျေနပ်လောက်စရာ Rating နဲ့ Zen Player ကို ရှာမတွေ့ခဲ့။ ဒီတော့ MX Player ကိုပဲ Audio Player အဖြစ် စမ်းသုံးဖြစ်ခဲ့တယ်။

ကံကောင်းတယ်ဆိုရမလားပဲ။ MX Player မှာ HW+ Audio Decoder ပြောင်းပြီး နားထောင်လိုက်ချိန်မှာတော့ အရင်ကနဲ့ဘာမှမဆိုင်တဲ့ Audio Quality ကို ခံစားရတယ်။ Deep & Powerful ဖြစ်တဲ့ Bass, Clarity ကောင်းတဲ့ Vocal & Mids, Improved ဖြစ်လာတဲ့ Treble Sounds စတာတွေကို Separation ကောင်းကောင်းနဲ့ ကြားရတော့တာပါပဲ။ MX ရဲ့ HW+ ကထွက်လာတဲ့ Audio Quality က Pro M2 ကို Mid-range ရဲ့ ထိပ်တန်း Music Device ဖြစ်သွားစေတဲ့လို့ ခံစားမိတယ်။ (Treble & Hi-Hats တစ်ချို့ကလွဲရင်ပေါ့) ဒီတော့ သီချင်းများများနားထောင်ဖြစ်သူတွေ (အထူးသဖြင့် Basshead တွေ) အတွက် Zenfone Max Pro M2 ကို Strongly Recommend ပေးပါတယ်။ (Music Player ကောင်းကောင်းတော့ သုံးပေါ့)

Performance & Battery

ဒါက Pro M2 မှာ တိုးတက်လာတဲ့အပိုင်းဆိုပေမယ့် Mid-range အများစုအတွက်တော့ Standard တစ်ခုလိုဖြစ်နေပါပြီ။ Snapdragon 660 ကို 6GB RAM, Pure Android စတာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ Multi-tasking, Social Media စတာတွေမှာ အရင် M1 တုန်းကထက် ပိုပြီး Smooth ဖြစ်တဲ့ Feeling ကို ရစေတယ်။ Gaming မှာလည်း PUBG ကို HD, High Setting ကို SD 636 တုန်းကထက် ပိုပြီး Smooth ဖြစ်ဖြစ်နဲ့ အချိန်ကြာကြာဆော့နိုင်တာကို တွေ့ရတယ်။ Thermal Throttling Test လုပ်ကြည့်တော့လည်း Stable ဖြစ်တယ်ဆိုတော့ Performance ပိုင်းမှာ စိတ်ပူစရာတော့မရှိ။

5000 mAh Battery ဟာ Zenfone Max Pro Series ရဲ့ Main Selling Point လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် “25% ပိုပါတဲ့ Battery Capacity အတွက် 10% ပိုကောင်းတဲ့ Battery Life ကိုပဲရတယ်" ဆိုတဲ့ Youtuber တစ်ယောက်ရဲ့စကားကို သွားသတိရမိသလိုတော့ရှိသား။ ဒါကလည်း SD 660 ရဲ့ SD 636 ထက် Battery ပိုစားနှုန်းကြောင့်လို့ ထင်မိတယ်။ Battery Usage မှာ Wifi သုံးပြီး 50% Volume & Brightness ထားရင်
- 720p Youtube 1hr ကို 9%
- 720p Video 1hr ကို 6-7%
- PUBG 1hr ကို 16-18% နဲ့
- Stand-by (Dual Sim) 8 hr ကိုတော့ 2% ပဲ လျော့တာတွေ့ရတယ်။ ဒီတော့ ဂိမ်းမဆော့၊ Online အသုံးနည်းတဲ့ Light User တွေတွက်တော့ Pro M2 ဟာ Two Days Phone ဖြစ်ပြီး Normal User တွေတွက်တော့ တစ်ရက်တာကို Charger ရှာစရာမလိုပဲ Solid ဖြတ်သန်းရင်တောင် 20% ဝန်းကျင်လောက် အသာလေးကျန်ရစ်စေနိုင်မယ့် ဖုန်းမျိုးပါ။

ကြာကြာသုံး၊ ကြာကြာအားသွင်း ဆိုတဲ့ဖုန်းထဲမှာ Pro M2 လည်းပါပါတယ်။ သူ့မှာ Micro USB Type B ပဲသုံးထားသလို Quick Charger လည်း Support မလုပ်။ ဒီတော့ 10W Charger နဲ့အားသွင်းမယ်ဆိုရင် 10-90% ကို ၂နာရီကြာမြင့်မှာဖြစ်ပြီး ကျန်တဲ့ 10% တွက်ကိုတော့ နောက်ထပ် ၄၅မိနစ်လောက် ထပ်စောင့်ရပါလိမ့်မယ်။ Temperature အနေနဲ့ PUBG ၄၅ မိနစ်လောက်ဆော့ပြီးချိန်မှာ Battery Temperature 43 Degree ထိတက်ပေမယ့် သူ့ရဲ့ Plastic Body ကြောင့်ထင်ရဲ့။ ဖုန်းနောက်ကျောက သိပ်မပူပဲ ဖုန်းမျက်နှာပြင်ကတောင် နဲနဲပိုပူတယ်လို့ခံစားရတယ်။ ဒီတော့ Charging Speed နဲ့ပတ်သက်ပြီး စိတ်ညစ်ရမယ်ဆိုပေမယ့် တစ်ခါသွင်း၊ တစ်နေ့သုံးနိုင်မယ့် Battery ကြောင့် စိတ်ကျေနပ်နိုင်လောက်ပါရဲ့။

Camera

Camera နဲ့ပတ်သက်ပြီး တစ်ခွန်းတည်းပြောပါဆိုရင် “Pro M1 ထက် တိုးတက်လာတယ်” လို့ပဲပြောရမှာပါ။ ရှေ့၊ နောက် Camera တွေအပြင် Camera UI ပိုင်းမှာလည်း တိုးတက်မှုတော့ရှိလာတယ်။ သို့ပေမယ့် Review Unit မို့လားပဲ၊ Bug တွေများနေသေးတာတွေ့ရတယ်။ ပြီးတော့ No Panorama Mode ပါ။ Pro Mode ပါလာပေမယ့် ISO 1600 နဲ့ Shutter Speed 1/4 sec ကတော့ အဖြစ်သဘောထည့်ထားတယ်လို့ ခံစားရစေတယ်။

ဒီတော့ Image Quality ကရော?

Daytime Image Quality က မဆိုးဘူးပြောလို့ရတယ်။ Zoom ဆွဲကြည့်ရင် Sharpness လေးတွေနဲနဲကျပေမယ့် Detail ကောင်းသလို Dynamic Range ကလည်း မဆိုးလှ။ သို့ပေမယ့် Color ပိုင်းမှာ Saturate ဖြစ်တာကိုတော့ သိပ်သဘောမတွေ့မိ။ ထူးထူးခြားခြားပဲ HDR ဖွင့်ရိုက်ချိန်မှာတော့ Color တွေ Accurate ဖြစ်ပြီး Exposure လည်း သိသိသာသာတက်လာတာတွေ့ရတယ်။ (ဒါကြောင့်လည်း Daytime မှာ HDR ဖွင့်ရိုက်ဖြစ်တာပိုများတယ်)

သူ့ရဲ့ Low Light Quality ကတော့ Hit or Miss ပါပဲ။ Noise မထအောင် ISO ကို သိသိသာသာလျော့ထားတာတွေ့ရတယ်။ f/1.8 Aperture ကို Software က ကောင်းကောင်း မထိန်းနိုင်သေးတာလားပဲ။ ခဏခဏ Light Burn ဖြစ်ကုန်တာတွေ့ရတယ်။ Sharpness, Dynamic Range တွေကျပေမယ့် Detail ပိုင်းတော့ အတော်လေးထိန်းထားနိုင်တယ်။ AI Night Scene Mode ပါပေမယ့် Color တွေ Washed out ဖြစ်ကုန်တာတော့ သိပ်သဘောမကျ။ ဒီတော့ Low Light ပိုင်းမှာ တိုးတက်လာတယ်ဆိုသည့်တိုင် Mid-range Level မှာတော့ တန်းတစ်ခုနိမ့်နေသလိုခံစားရတယ်။

ဒါပေမယ့် သူ့ရဲ့ Low Light Quality ကို အတိုင်းအတာတစ်ခုထိ ဆွဲတင်ပေးတာကတော့ Google Camera ပါ။ (Overview မှာ သွင်းနည်းပြောပြီး) လက်ရှိမှာ Pro M2 အတွက် GCam နှစ်မျိုးရှိတယ်။ Night Mode ပါတဲ့ Pixel 3 Version နဲ့ မပါတဲ့ Pixel 2 Version ပါ။ Low Light အကောင်းဆုံးကတော့ Night Mode ကို HDR+ Enhanced လုပ်ပြီးရိုက်တဲ့အချိန်ပါ။ ဒါပေမယ့် Selfie Camera သုံးမရတာ၊ Landscape Mode မှာ Focus Hunting တစ်ချက်တစ်ချက်ဖြစ်တာ၊ တစ်ချို့ Function တွေသုံးမရသေးတာ စတဲ့အားနည်းချက်တွေရှိသေးတာမို့ GCam နှစ်မျိုးလုံးထည့်သုံးတာတော့ အကောင်းဆုံးပါ။

သူ့ရဲ့ Portrait Mode က Aperture Mode နဲ့ပိုတူပြီး Background Blur Level ကိုချိန်လို့ရတယ်။ Edge Detection လေးလည်း မဆိုးဘူးပြောရမယ်။ 13MP Selfie Camera ကလဲ Selfie Portrait တွေရိုက်နိုင်သလို Low Light Selfie တွက်လည်း Flash Light ပါဝင်တယ်။ Video ပိုင်းမှာတော့ 4K, 30fps ထိရိုက်နိုင်ပေမယ့် EIS မပါ။ Video အတွက် EIS ပါတဲ့ 1080P ကို ပိုပြီးသဘောတွေ့မိတယ်။ ဒီတော့ Camera ပိုင်းမှာ တိုးတက်မှုတွေရှိနေပေမယ့် Camera အသားပေးဝယ်ချင်သူတွေအတွက်တော့ Max Pro M2 ကို အားမပေးလိုပါ။ (GCam ကိုဘာကြောင့်စမ်းရသလဲဆိုရင် Stock Android ဖြစ်တာရယ်၊ Android Phone သုံးသူတော်တော်များများက GCam ကိုအရံအနေနဲ့ထည့်သုံးကြတာများလို့ Traditional App တစ်ခုအနေနဲ့စမ်းလိုက်တာပါ)

System UI

Pro M2 မှာ Android 8.1 Pure Android ကိုသုံးပေးထားတယ်။ Android One Program ထဲမပါပေမယ့် Asus ရဲ့ဖြည့်စွက်မှုတစ်ချို့ကလွဲရင် တကယ့် Pure ပါပဲ။ (2019 အစမှာ Android Pie Update ပေးမယ်လို့လဲ Asus က အာမခံထားတယ်) User Experience အနေနဲ့ Dialer, Camera က Bug တစ်ချို့နဲ့ App Drawer ဆွဲရင်တွေ့ရတဲ့ Hiccup အနည်းငယ်ကလွဲရင် So Damn Smooth ပါပဲ။ Setting ပိုင်းမှာလည်း ရိုးရှင်းလွန်းပြီး ZenMotion လို Double Tap နဲ့ Screen အဖွင့်အပိတ်လုပ်တာ၊ Smart Screen စတာကလွဲရင် ကျန်တာ Stock အတိုင်းပါပဲ။ ဒီတော့ လုံးဝ Minimalistic ဖြစ်မှ ကြိုက်တတ်ရင်၊ Smooth ဖြစ်တဲ့ Experience ကို UI Function တွေထက်ပိုမက်မောတဲ့ Pure Android Fan ဖြစ်နေရင် Max Pro M2 ကို သေချာပေါက်ရွေးသင့်ပါတယ်။ (ကိုယ်တွေလို UI Lover တစ်ယောက်အတွက်တော့ အတော်ပျင်းစရာပေါ့)

ဒီတော့ Asus ရဲ့ Zenfone Max Pro M2 ကို ဘယ်လိုမြင်လဲ? ကျွန်တော်ကတော့ Performance နဲ့ Battery အသားပေးဖုန်းတစ်လုံးလို့မြင်ပါတယ်။ တကယ်ပါ၊ Asus အနေနဲ့ Max Pro Series ကို We Love Photo ဆိုတဲ့ Slogan နဲ့ Camera ကိုအားစိုက်မယ့်အစား သူ့ရဲ့ အားသာချက်တွေအပေါ် ပိုပြီးအသားပေးကြေငြာတာ၊ Upgrade လုပ်တာမျိုးကို ပိုအလေးပေးသင့်တယ်လို့ထင်ပါတယ် (Camera အတွက် Zenfone 5 ရှိနေပြီပဲ) ဒီတော့ Display ကောင်းကောင်း၊ Audio Quality ကောင်းကောင်း၊ Battery ခံပြီး Simple and Smooth Performance ကိုခံစားချင်ရင်တော့ Asus ရဲ့ Zenfone Max Pro M2 ကို Recommend ပေးမိမှာပါ။


[Htet Oo Naing]

No comments: