Sunday, January 20, 2019

Whey Protein မှ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုး ၄ မျိုး

( Possible 4 side effect of whey protein)
+++++++++++++++++++++++++++++++++++++


Body Fitness ကိုစိတ်ဝင်စားသူ (သို့) လေ့ကျင့်နေသူများအတွက် Whey Protein(WP)ဆိုတာနဲ့ မစိမ်းလောက်ပါဘူး။ Beginer တယောက်အနေနဲ့ Gym Room မရောက်ခင်မှာ ဘယ်ပရိုတိန်းအမှတ်တံဆိပ်ကကောင်းလဲဆိုတာ အရင်စုံစမ်းနေတတ်တာ စာရေးသူကိုယ်တိုင်ပါ။ Whey Protein (WP)ဟာ ယနေ့ Fitness အသိုင်းအဝိုင်းမှာ Dummbell နဲ့ ခောတ်မှီအလေးမစက်ပစ္စည်းတွေရဲ့ရှေ့ကနေမပါမဖြစ်အနေအထားတခုအနေနဲ့ပါဝင်ပါတ်သတ်နေရာယူထားနှင့်ပါပြီ။

Whey Protein(WP)ကို အမေရိကန်နိုင်ငံမှမှယူတင်သွင်းကြပါတယ်။ Whey Protein(WP)ရဲ့အကျိုးဖြစ်ထွန်းပုံကတော့ ဖြန့်ဝေသူ/သုံးစွဲသူကာယဗလစီနီယာအကိုများရေးသားခဲ့ကြပါတယ်။ ယ္ခုစာဖတ်သူထဲမှာသုံးစွဲနေသူများလည်းပါဝင်မှာမုချပါ။သုံးစွဲရတဲ့အကြောင်းအရင်းများကတော့
၁-သုံးစွဲသူအတွက် တကယ်လိုအပ်တဲ့ပမာဏကိုသိလို့, (Professional)
၂-သုံးစွဲသူအတွက် တကယ်လိုအပ်လို့, (Beginner)
၃-အကျိုးသက်ရောက်မူ့ (Professional & Beginner)

အဘယ်သိုပင်ဆိုစေကာမူသုံးစွဲသူတယောက်အနေနဲ့ဆောင်ရန်/ရှောင်ရန်သိစေဖို့ ဒီဆောင်းပါးကို ရေးသားလိုက်ပါတယ်။

Whey Protein (WP)ဘယ်ကနေရလဲ?
++++++++++++++++++++++++++
နွားနို့ကနေပရိုတိန်း ၂ မျိုးဖြစ်တဲ့ Whey Protein နဲ့ Casin Protein ကိုထုတ်ယူရရှိပါတယ်။ နို့မှာ Whey protein (WP) ပါဝင်မူ့ပမာဏက 20% နဲ့Casein ပါဝင်မူ့ပမာဏကတော့ 80% ပါရှိပါတယ်။ Whey protein က အစာခြေမူ့, အစာအိမ်မှစုပ်ယူနိုင်မူ့လျှင်မြန်ပီး Casein ကတော့အစာခြေမူ့, အစာအိမ်မှစုပ်ယူနိုင်မူ့နှေးကွေးစွာလုပ်ဆောင်စေပါတယ်။နွားနို့မှ Whey Protein&Casin နဲ့ ကောင်းသောအဆီဓါတ် (Fats)ကိုခွဲထုတ်ရယူပီးမှာတော့ ကျန်ရှိတဲ့အရာကို ဒိန်ခဲ cheese ပြုလုပ်ပါတယ်။

သန့်စင်ပြီးတဲ့ Whey protein (WP) မှာတော့ လူ၊ တိရစ္ဆာန်တို့အတွက် အသားဓာတ်ဖြစ်စေသော (Amino acids) အမီနိုအက်စစ် ၉ မျိုးနှင့်အတူနို့ထွက်သဘာဝအချိုဓါတ်(Lactose)လည်းအနည်းငယ်ပါရှိနေလို့ပြည့်စုံတဲ့ပရိုတိန်းလို့လဲမှတ်ယူနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဖြည့်စွတ်စာသို့မဟုတ်လေ့ကျင့်ခန်းအသုံးပြုသူတွေ ခွန်အားဖြည့်/သန်မာကြီးထွားတဲ့ကြွက်သားထုထည်ရရှိဖို့ဖြည့်စွက်စာအဖြစ်လည်းအသုံးပြုကြပါတယ်။

ယနေ့အသုံးပြုနေကြတဲ့ Whey Protein (WP)ဟာအန္တာရယ်ကင်းဖြည့်စွက်စာဖြစ်ပေမယ့် အလွန့်အကျွံဖြစ်အောင်မှီဝဲသင့်ပါဘူး။ အလွန့်အကျွံသုံးစွဲမိပီး+ကာဗိုဟိုက်ဒရိတ်(Carbohydrates= ကစီဓါတ်)စားသုံးမူ့ပါနည်းပါးခဲ့မယ်ဆိုရင် တန်ဆေးလွန်ဘေးဆိုသလို ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေ ၄ မျိုးရှိပါတယ်။

၁-သင့်ခန္ဓာကိုယ်မှာ အဆီပိုတွေစုလာမယ် (You will gain fats)
++++++++++++++++++++++++++++++++++++++++++++

ကြွက်သားကြီးထွားမူ့အတွက်လေ့ကျင့်ပြုလုပ်နေတဲ့သူတယောက်အဖို့အဆီစုလာလို့ခန္ဓာကိုယ်အလေးချိန်တက်လာမှာကိုတော့ မလိုချင်ကြပါဘူး။ Whey Protein(WP) Shake အမျိုးအစားအတော်များများမှာတော့ သကြားဓါတ်နှင့်အတူကာဗိုဟိုက်ဒြိတ်(Carbohydrates)ပါရောနှောပါဝင်ပါတယ်။ အချို့Brand တွေမှာ အဆီဓါတ်ပါထည့်သွင်းပြုလုပ်ကြပါတယ်။ ထိုကဲ့သို့ Whey Protein (WP)သုံးစွဲနေသူများမှာ တခါတလေမကြာခဏဆာလောင်မူဖြစ်ပေါ်တတ်ပီး အစားအစာများစွာစားသုံးမိတတ်ခြင်းကြောင့်မြင့်တက်လာတဲ့ ကယ်လိုရီနဲ့ကာဗိုဟိုက်ဒြိတ်ဟာ ခန္ဓာကိုယ်မှ လိုအပ်တဲ့ပမာဏထက်ပိုလျှံကုန်ပါတယ်။ Whey Protein (WP) သောက်သုံးနေချိန်မှာ သင်ဟာ အစားအစားသုံးမူ့ကို မဆင်ခြင်ဘဲဆက်လက်စားသုံးနေမည်ဆိုလျှင်တော့သင်မျှော်လင့်ထားတာတွေ ဖြစ်မလာဖို့က ရာခိုင်နှုန်းများနေပါပီ။

တချို့ Whey Protein (WP) များဟာ သေးသွယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်များအတွက် မာဆယ်ထုထည်ကြီးမားဖို့ (Mass Gainer)ကယ်လိုရီ+ကာဗိုဟိုက်ဒရိတ်(ကစီဓါတ်) ကိုပိုမိုထည့်သွင်းပီးသီးသန့်ထုတ်လုပ်ထားတာမျိုးလည်းရှိပါတယ်။ ပိုမိုသေချာအောင် WP ဗူးခွံမှာပါဝင်သောအညွန်းစာများကိုသဘောပေါက်သိနားလည်အောင် မဝယ်မှီ/အသုံးမပြုမှီ သေသေချာချာဖတ်ကြည့်သင့်ပါတယ်။

ဘေးထွက်ဆိုးကြိုးမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ?(How to avoid this side effect)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

Whey Protein မှာပါဝင်တဲ့ ကယ်လိုရီ(calorie=အစားအစာမှရသော စွမ်းအင် ယူနစ်), ကာဗိုဟိုက်ဒြိတ် (carbohydrate=ကစီဓါတ်)နဲ့ အဆီ(Fats) ပမာဏ ကိုအရင်ဖတ်ပါ။

# Whey Protein ကို ဖြည့်စွတ်အစားထိုးအစာအဖြစ်အသုံးပြုမယ်ဆိုလျှင် ပုံမှန်နေ့စဉ်စားသုံးနေတဲ့အစားအစာ ပမာဏကိုလျော့ချရမှာဖြစ်ပါတယ်။ (ဥပမာ။ ထမင်း ၃ ပန်းကန်စားမှ ဗိုက်ပြည့်တဲ့သူဟာ ၁ ပန်းကန်ဘဲစားသုံးရတော့မှာပါ) သို့မဟုတ် သင်ဟာ ပရိုတိန်းတခြားဖြည့်စွက်စာအနေနဲ့ ကြက်ဥအကာသဘာဝ(သို့) ပေါင်ဒါ/ ကြက်သား/ငါး/အမဲသား များသုံးစွဲသင့်ပါတယ်။ အထူးသတိပြုရမှာက ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းမှ မလိုအပ်တဲ့ ကယ်လိုရီနဲ့အဆီဓါတ်တွေ များပြားစွာပူးတွဲပါဝင်လာမှာဖြစ်ပါတယ်။

၂- သင့်ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ်(You Could Form Kidney Stones)
++++++++++++++++++++++++++++++++++++++++++++++++++++++++++

အန္တာရယ်ကင်းရှင်းပါတယ်လို့ယူဆခဲ့တဲ့ Whey Protein(WP)ကိုလိုအပ်တာထက်ကျော်လွန်ပီးအလွန့်အကျွံသုံးစွဲခဲ့ရင်တော့ ကျောက်ကပ်မှာကျောက်တည်တတ်တယ်ဆိုတာ အငြင်းပွားစရာကိစ္စတခုပါဘဲ။နိုင်ငံတကာ Research Teams တွေမှာသက်သေပြုအတည်ပြုစရာ အထောက်အထားတော့မရရှိသေးပေမယ့် Whey Protein(WP)ကတော့ ကျောက်ကပ်ကျောက်တည်ခြင်းကိုအကာအကွယ်မပေးနိုင်တာတော့ အသေအချာအတည်ပြုပါတယ်။ အကောင်းဆုံးနည်းလမ်းအနေနဲ့ကတော့ တန်ဆေးလွန်ဘေးပါ။

Whey Protein(WP)ကနေရရှိလာသောလုံလောက်တဲ့အမျှင်ဓါတ်(fibre)နဲ့ရေဓါတ်ဟာ သင့်ခန္ဓာကိုယ်ထိန်းသိမ်းဖို့နဲ့ ကြွက်သားတိုးတက်ဖို့လုပ်ဆောင်ပီး ပိုလျှံလာတဲ့အရာတွေကတော့ တဖြည်းဖြည်းစုဆောင်းမိလာပီး ကျောက်ကပ်မှာကျောက်တည်ဖို့ ဦးတည်လာပါတယ်။ Researcher တွေရဲ့တွေ့ရှိမူ့တခုကတော့ Whey Protein(WP) သောက်သုံးသူနဲ့ မသောက်သုံးယှဉ်တွဲကြည့်မယ်ဆိုရင် သုံးစွဲသူများဟာ ကျောက်ကပ်ကျောက်တည်ဖိုအတွက် ဖြစ်နိုင်ချေများပါတယ်။

ဘေးထွက်ဆိုးကြိုးမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ?(How to avoid this side effect)
+++++++++++++++++++++++++++++++++++++++++++++++++++++++++++

Whey Protein(WP)တခုတည်းကိုဖြည့်စွက်စာအဖြစ် ၁၀၀% မှီခိုမနေဘဲ ပရိုတိန်းဓါတ်တမျိုးတည်းတဖက်စောင်းနင်း(lopsided) မဖြစ်အောင်ကာဗိုဟိုက်ဒြိတ်+ကောင်းသောအဆီ (gets the right portions of carbohydrates and healthy fats) သင့်တင့်မျှတတဲ့ပမာဏအချိုးအစား အတိုင်းပုံမှန်စားသောက်မူ့မျိုးပြုလုပ်ပါ။ Whey Protein(WP)လိုအပ်မူ့ပမာဏဟာ သင့်အသက်အရွယ်အပေါ်တိုက်ရိုက်အချိုးမကျပါဘူး။ လက်ရှိသင့်ခန္ဓာကိုယ် ကြွက်သားတည်ဆောက်မူ့အလေးချိန်နဲ့သင်လိုအပ်တဲ့ ပရိုတိန်းပမာဏကို တွက်ချက်ယူပီး စားသုံးမူ့ကိုထိန်းချုပ်ပါ။ (ဥပမာ။ တွက်ချက်မူ့အရ သင်ဟာ ၁၀၀ဂရမ် ပရိုတိန်းလိုအပ်လျှင် ၇၀ ဂရမ် WP ကိုသောက်သုံးပီး တခြားပုံးမှန်နေစဉ်စားသုံးမူများမှ (သား/ငါး/နို့) ၃၀ ဂရမ်ရယူပါ။)

၃- သင့်ရဲ့အစာခြေဖျက်မူ့စနစ်လုပ်ဆောင်ချက်ကိုထိခိုက်စေပါတယ် (You Could Have Digestive Trouble)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++

နို့ထွက်ပစ္စည်းကနေထုတ်ယူရရှိတဲ့ Whey Protein(WP)မှာ Lactose လို့ခေါ်တဲ့ နွားနို့တွင်တွေ့ရသောသသကြားတစ်မျိုးပါဝင်ပါတယ်။ နို့သကြားလို့ခေါ်ပါတယ်(ကလေးအစာများတွင် သုံးလေ့ ရှိသည်။) Lactose ဟာ အစာအိမ်နုနယ်သူ/အစားအမှားမခံနိုင်သူတွေရဲ့အစာခြေဖျက်မူ့စနစ်ကို အနှောက်အယှက်ရံဖန်ရံခါမှာဖြစ်စေတတ်ပါတယ်။
သင်ဘယ်လိုသိနိုင်မလဲ? သင်ငယ်စဉ်ကတည်းက နို့ထွက်ပစ္စည်းတွေ(milk, cheese, and ice cream)စားသုံးမိတိုင်း ဗိုက်နာ/ဗိုက်အောင့်ဖြစ်ခဲ့ဘူးတယ်ဆိုရင်သင်ဟာ Lactose မပါဝင်တဲ့ Whey Protein Isolate ကိုပြောင်းလဲသုံးသင့်ပါတယ်။

ဘေးထွက်ဆိုးကြိုးမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ?(How to avoid this side effect)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++

# သင်Whey Protein(WP)သုံးစွဲတိုင်း အစာအိမ်အတွက်အဆင်မပြေမူ့တွေဖြစ်နေမယ်ဆိုရင်တော့ Lactose လုံးဝမပါဝင်နိုင်မယ့် တခြားအမျိုးအစား (Organic Protein Powder=သဘာဝမြေသြဇာသုံး အသီးအနှံမှရသောပရိုတိန်းပေါင်ဒါ) ပြောင်းလဲသုံးစွဲသင့်ပါတယ်။ ဥပမာ။ ဆန်၊မုရောစပါး၊ပဲအမျိုးမျိုး၊အသီးအနှံ။

၎- သင့်ကို အဆစ်အမျက်ရောင် ရောဂါ။ ဂေါက်နာရောဂါ ဖြစ်စေနိုင်ပါတယ် (You Could Develop Gout)
+++++++++++++++++++++++++++++++++++++++

Whey Protein(WP) ကြောင့်ဖြစ်ပွားဖို့ရာခိုင်နှုန်းကအနည်းငယ်အဆင့်ဘဲရှိပါတယ်။ မသောက်ခင်မှာ အဆစ်အမျက်ရောင်ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာပြလာတဲ့အခြေအနေရှိခဲ့သူ (သို့) Protein Shake အလွန်အကျွံသုံးစွဲသူများအထူးသတိထားရမှာက အဆစ်အမျက်ရောင်ရောဂါမိသားစုရောဂါရာဇဝင်ရှိခဲ့သူတွေပါ၊

Whey Protein(WP)မှာ လူ၊ တိရစ္ဆာန်တို့အတွက် အသားဓာတ်ဖြစ်စေသော အမီနိုအက်စစ် (Amino Acids) အမြောက်အများပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်မှအမီနိုအက်စစ်များကိုထိထိရောက်ရောက် အသုံးမပြုနိုင်ဘူးဆိုလျှင် သူတို့ဟာ အသည်းနှင့်အခြားကလီစာအဂါင်္အစိတ်အပိုင်များကို အသုံးပြုစေပါတယ်။ အထက်မှာပြောခဲ့သလို သင့်ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ သင့်တင့်တဲ့ပရိုတိန်းပမာဏကို တွက်ချက်သုံးစွဲမူ့ဟာ အရေးကြီးဆုံးအချက်ပါ။

ဘေးထွက်ဆိုးကြိုးမဖြစ်အောင် ဘယ်လိုရှောင်ရှားမလဲ?(How to avoid this side effect)
++++++++++++++++++++++++++++

# သင့်မှာအဆစ်အမျက်ရောင်ရောဂါ မိသားစုရာဇဝင်ရှိခဲ့မယ်ဆိုရင် Whey Protein(WP) သုံးစွဲပီးတိုင်းသင့်ခန္ဓာကိုယ်ရဲ့တုန့်ပြန်မူု့ကိုသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

# မိသားစု ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ သင့်နဲ့သင့်တော့်မယ့် Whey Protein အမျိုးအစား နှင့်အသုံးပြုသင့်တဲ့ပမာဏ အစရှိသဖြင့်အကြံဉာဏ်ရယူပါ။


[တန်ရင်ဆေး လွန်ရင်ဘေးဆိုတာ မမေ့လျော့ကြပါစေနဲ့]

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။

လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက Group ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း။

ဒေါမနစ်
၁၇ ဂျွန်လ ၂၀၁၆ (SGT 14:44)

မှီငြမ်း။ ။ http://bembu.com/whey-protein-side-effects

No comments: