Friday, January 25, 2019

သက်သတ်လွတ် မန္တလေးမြီးရှေ - သက်သတ်လွတ် ရှမ်းခေါက်ဆွဲ - သက်သတ်လွတ် မုန့်တီ

သက်သတ်လွတ် မန္တလေးမြီးရှေ
.......................


မုန့်တီဖတ် နန်းလတ်  -  ၇၅၀ ဂရမ်

ဆီနီအတွက် လိုအပ်တာတွေကတော့ >>>
ငရုတ်သီးအကြမ်းဖတ်  -  စားပွဲဇွန်း ၃ ဇွန်း
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း

ဆီမွှေးအတွက် လိုအပ်တာတွေကတော့ >>>
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်းတစ်ဝက်

ကော်ရည်အတွက် လိုအပ်တာတွေကတော့ >>>
ကော်မှုန့်  -  ၇၀ ဂရမ် (ပီလောပီနန်မှုန့်)
ဆန်မှုန့်  -  ၇၀ ဂရမ်
ရေ  -  ၅၀ဝ မီလီလီတာ

ဂျုံလုံးကြော်အတွက် လိုအပ်တာတွေကတော့ >>>
ဂျုံမှုန့်  -  ၇၀ ဂရမ်
ဆန်မှုန့်  -  ၇၀ ဂရမ်
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆော်ဒါ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ  -  စားပွဲဇွန်း ၁၀ ဇွန်း
ကြော်ရန် ဆီ  -  လိုသလောက်

အရသာအတွက် လိုအပ်တာတွေကတော့ >>>
ပဲငါးပိ  -  ၈၀ ဂရမ်
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
တရုတ်နံနံ  -  ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ  -  ၄၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ရှလကာရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆီတိုဟူး  -  ၂ တုံး
ငရုတ်ကောင်းအဖြူမှုန့်
မုန်ညင်းချဉ်  -  ၁၂၀ ဂရမ်
ရေ  -  အနည်းငယ်

ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>
ဟင်းသီးဟင်းရွက်ပြုတ်ရည်  -  ၁ အိုး (ချက်နည်းကို ရှမ်းခေါက်ဆွဲချက်နည်းမှာ ကြည့်ပါ။)
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်  -  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း >>>
၁။ ဆီနီချက်ရန်အတွက် ဒယ်အိုးအသေးထဲ ဆီထည့်ပါ။ ဆီပူလျှင် မီးပိတ်၍ ငရုတ်သီး အကြမ်းဖတ်ထည့်ပြီး မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၂။ ဆီမွှေးအတွက် နောက်ဒယ်အိုးအသေးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလျှင် မီးပိတ်ပြီး တရုတ်မဆလာထည့်၍ မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၃။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ရှလကာရည်နဲ့ ဖျော်ထားပါ။
၎။ နုပ်နုပ်စဉ်းထားတဲ့ တရုတ်နံနံကိုလည်း ရေသန့်သန့်နဲ့ ဖျော်ထားပါ။
၅။ ပဲငါးပိကို ခြေပြီး ပဲငံပြာရည်အကြည်နဲ့ ရောထားပါ။
၆။ ဆီတိုဟူးကို ခြေထားပါ။
၇။ ကော်ရည်ကျိုရန်အတွက် အိုးအသေးတစ်အိုးထဲ ကော်မှုန့်နှင့် ဆန်မှုန့်ထည့်ပါ။ ပြီးလျှင် ရေထည့် ပြီး ကျဲကျဲဖျော်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ကျိုပါ။ အရောင်ကြည်လာလျှင် မီးဖိုပေါ်မှချပါ။
၈။ ဂျုံလုံးကြော်ရန်အတွက် ဂျုံမှုန့်နှင့် ဆန်မှုန့်ကို ဇလုံထဲ ထည့်ပါ။ ပြီးလျှင် ဆား၊ ဆော်ဒါထည့်ပြီး မွှေပါ။ ပြီးလျှင် ရေထည့်ပြီး ပျစ်ပျစ်ဖျော်ပါ။
၉။ ဂျုံလုံးကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလျှင် မုန့်နှစ်ပျစ်ပျစ် ၁ ဇွန်းခတ်ပြီး ကြော်ပါ။နီညိုရောင်သန်း လျှင် ဆယ်ယူထားပါ။ မုန့်နှစ်အားလုံးကုန်သည်အထိ ဆက်၍ကြော်ပါ။
၁၀။ ဟင်းရည်အတွက် ဟင်းသီးဟင်းရွက်ပြုတ်ရည် အိုးထဲ ဆား၊ ပဲငံပြာရည်၊ တရုတ်မဆလာ ထည့်ပြီး မွှေထားပါ။
၁၁။ မုန့်ဖတ်ရေနွေးဖျောရန်အတွက် ရေနွေးအိုး တည်ထားပါ။
၁၂။ မုန့်ဖတ်တစ်ပွဲစာကို ရေနွေးဖျော်ပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ဆီနီ၊ ကြက်သွန်ဖြူ၊ ပဲငါးပိ၊ ဆီတိုဟူး၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့် ထည့်ပါ။ ဂျုံလုံးကြော်ကို ကတ်ကြေးဖြင့် ညှပ်ထည့်ပါ။ မုန်ညင်းချဉ်ကို သီးသန့် ပန်းကန်ပြား အသေးထဲ ထည့်ပါ။
၁၃။ ဟင်းရည်အတွက် တစ်ယောက်စာ ပန်းကန်လုံးအသေးထဲ ပဲငါးပိအနည်းငယ်၊ ကြက်သွန်ဖြူနှင့် တရုတ်နံနံအနည်းငယ်ထည့်ပါ။ ပြီးလျှင် ချက်ထားတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည် လောင်းထည့်ပါ။
......................
Myint Oo Tha


သက်သတ်လွတ် ရှမ်းခေါက်ဆွဲ
...............................


ရှမ်းခေါက်ဆွဲဖတ်အစို  -  ၈၀ဝ ဂရမ်
ခရမ်းချဉ်သီးဟင်းအနှစ်ချက်ရန် လိုအပ်တာတွေကတော့-
ခရမ်းချဉ်သီးအမှည့်  -  ၄၅၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ကြက်သွန်နီ  -  ၁၇၀ ဂရမ် (ပါးပါးလှီးထားပါ)
ငရုတ်သီးအရောင်တင်မှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ကြိုက်နှစ်သက်ပါက သက်သတ်လွတ်ဟင်းခတ်မှုန့် သုံးနိုင်ပါတယ်။)
ဆီ  -  စားပွဲဇွန်း ၄ ဇွန်း

အရသာအတွက် လိုအပ်တာတွေကတော့ >>>>

ဆီနီအတွက် >>>
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း
ငရုတ်သီးအကြမ်းဖတ်  -  စားပွဲဇွန်း ၃ ဇွန်း

ဆီမွှေးအတွက် >>>
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီတိုဟူး  -  ၂ တုံး
မြေပဲလှော်  -  ၈၅ ဂရမ် (ထောင်းထားပါ)
ကြက်သွန်မြိတ်  -  ၃ ပင် (ပါးပါးလှီးထားပါ)
တရုတ်နံနံ  -  ၃ ပင် (ပါးပါးလှီးထားပါ)
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၃ ဇွန်း

အချဉ်အတွက် လိုအပ်တာတွေကတော့ >>>
ဂေါ်ဖီ  -  ၆၀ ဂရမ် (ပါးပါးလှီးထားပါ)
မုန်လာဥနီ  -  ၅၀ ဂရမ် (အမြှောင်းသေးသေးလှီးထားပါ)
မုန်ညင်းချဉ်  -  ၆၀ ဂရမ်
အုန်းရည်/ရှလကာရည်  -  စားပွဲဇွန်း ၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>
မုန်လာဥနီ  -  ၁၂၀ ဂရမ် (အတုံးကြီးကြီးတုံးထားပါ)
ကြက်သွန်နီ  -  ၃ လုံး (အခွံမနွှာဘဲ ထက်ခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ  -  ၁ ဥ (အခွံနွှာစရာမလိုပါ)
တရုတ်နံနံ  -  ၁ စည်း (အရှည်လိုက်ကြီးကြီးဖြတ်ထားပါ)
ငရုတ်ကောင်းအဖြူစေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ  -  ၂   ၁/၂ လီတာ
ဆား၊ ငံပြာရည်  -  အနည်းငယ်

ပြုလုပ်နည်း >>>
၁။ ဟင်းရည်အတွက် လိုအပ်တဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်လုပ်ရန် အိုးကြီးတစ်အိုးထဲ ဆား၊ ငံပြာရည်မှလွဲ၍ ရေနှင့် ပါဝင်သော ဟင်းသီးဟင်းရွက်အားလုံးထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် တည်ထားပါ။
၂။ ပြီးလျှင် ဟင်းသီးဟင်းရွက်အားလုံးကို စစ်ထုတ်ပစ်ပါ။ ကျန်ရှိတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်ထဲ ဆား၊ ပဲငံပြာရည် ထည့်ပြီး မွှေပါ။
၃။ အချဉ်စပ်ရန်အတွက် ဇလုံအသေးထဲ ပါးပါးလှီးထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်ညင်းချဉ်၊ ရှလကာရည်၊ ဆား၊ သကြားထည့်ပြီး မွှေပါ။
၎။ ပထမဦးဆုံး ခရမ်းချဉ်သီးအနှစ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။
၅။ ဆီပူလျှင် ကြက်သွန်နီထည့်ပြီး ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။
၆။ ပြီးလျှင် အတုံးသေးသေးတုံးထားတဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်ထည့်ပြီး ချက်ပါ။
၇။ အရသာအတွက် ဆား၊ ပဲငံပြာရည်ထည့်ပြီး ဆီပြန်သည်အထိ ချက်ပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။
၈။ ဆီမွှေးချက်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးထဲ ဆီထည့်ပြီး အပူပေးပါ။
၉။ ဆီပူလျှင် မီးပိတ်ပြီး တရုတ်မဆလာထည့်မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၁၀။ ပြီးလျှင် ဆီနီချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်၍ ဆီပူလျှင် မီးပိတ်ပြီး ငရုတ်သီး အကြမ်းဖတ် ထည့်၍ ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၁၁။ ဆီတိုဟူးကို ပန်းကန်လုံးအသေးထဲ ထည့်ပြီး ခြေထားပါ။
၁၂။ ပဲငံပြာရည်အကြည်နှင့် အနောက်ကိုလည်း ပန်းကန်ထဲ ထည့်ပြီး မွှေထားပါ။
၁၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။
၁၄။ တရုတ်နံနံပင်ကိုလည်း ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။
၁၅။ အားလုံးအဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲပြုတ်ရန် ရေနွေးအိုးတည်ပါ။
၁၆။ ပြီးလျှင် ခေါက်ဆွဲ ၁ ပွဲစာ (၁၆၀ ဂရမ်) ရှမ်းခေါက်ဆွဲ ဖတ်ကို ရေနွေးအိုးထဲ ထည့်ပြီး ရေနွေးဖျောပါ။
၁၇။ ပြီးလျှင် ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးအနှစ်ချက် စားပွဲဇွန်း ၁ ဇွန်း၊ ထောင်း ထားတဲ့ မြေပဲလှော် စားပွဲဇွန်း ၁ ဇွန်း၊ ဆီမွှေး လက်ဖက် ရည်ဇွန်း ၁/၂ ဇွန်း၊ ခြေထားတဲ့ ဆီတိုဟူး လက်ဖက် ရည်ဇွန်း ၁/၂ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း ၁  ၁/၂ ဇွန်း၊ ကြက်သွန်မြိတ်နှင့် နံနံပင် ထည့်ပြီး နယ်ပါ။
၁၈။ ပြီးလျှင် ဂေါ်ဖီနှင့် စပ်ထားတဲ့ မုန်ညင်းချဉ်နဲ့ တွဲပြီး စားပါ။ ဟင်းရည်အတွက် တစ်ယောက်စာ ပန်းကန်လုံးထဲ ဟင်းရည်ခတ်ထည့်ပြီး ပါးပါးလှီးထားတဲ့ တရုတ်နံနံ ထည့်ပါ။
......................
Myint Oo Tha


<<<<သက်သတ်လွတ် မုန့်တီ >>>




ပါဝင်ပစ္စည်းများ >>>

မုန့်တီဖတ် နန်းလတ်  –  ၈၀ဝ ဂရမ် ( ၅ ပွဲစာအတွက်)

တိုဟူး  –  ၃၀ဝ ဂရမ်

ဂေါ်ဖီ  –  ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)

ပဲတောင့်ရှည်  –  ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်နီ  –  ၃ လုံး (ပါးပါးလှီးထားပါ)

ဆီနီ (ဆီ+ငရုတ်သီးအကြမ်းဖတ်)           –  စားပွဲဇွန်း ၁၀ ဇွန်း +စားပွဲဇွန်း ၅ ဇွန်း

ဆီဝါ (ဆီ+နနွင်းမှုန့်+ ကြက်သွန်ဖြူ)  –  စားပွဲဇွန်း ၄ ဇွန်း +လက်ဖက်ရည်ဇွန်း ၁ ဇွန်း+၂ မြွှာ

ဆားရည်  –  စားပွဲဇွန်း ၁ ဇွန်း + စားပွဲဇွန်း ၂ ဇွန်း (ဆား+ဟင်းသီးဟင်းရွက်ပြုတ်ရည်)

ပဲငံပြာရည်  –  စားပွဲဇွန်း ၅ ဇွန်း

ပဲမှုန့်အကျက်မှုန့်  –  စားပွဲဇွန်း ၅-၇ ဇွန်း

နံနံပင်  –  ၁ စည်း

မတ်ပဲဗယာကြော်  –  ၅ ခု

ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>

ဟင်းသီးဟင်းရွက်ပြုတ်ရည်  –  ၁ အိုး

ပိတ်စွယ်  –  ၅ ချောင်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း >>>

၁။       ဆီနီချက်ရန်အတွက် ဒယ်အိုးအသေးထဲ ဆီထည့်၍ ဆီပူလျှင် မီးပိတ်ပြီး ငရုတ်သီး အကြမ်းဖတ် ထည့်၍ မွှေပါ။

၂။       ပြီးလျှင် ဆီဝါအတွက် နောက်အိုးအသေးတစ်လုံးထဲ ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူ ၂ မြွှာကို ဓားပြားရိုက်ပြီး ထည့်ပါ။ နနွန်းမှုန့်ထည့်၍ မွှေပေးပါ။  (ကြက်သွန်ဖြူထည့်ကြော်ခြင်း အားဖြင့် ဆီချက်ပိုမွှေးပါတယ်။ ကြက်သွန်ဖြူ များသွားလျှင် ကြက်သွန်ဖြူဆီချက်ဖြစ်သွားပြီး မုန့်တီသုပ်နဲ့မတူဘဲ အသုပ်စုံ သုပ်သလို ဖြစ်သွားတတ်ပါတယ်။ နနွင်းနံ့မွှေးမွှေးလေး ကြိုက်လျှင်တော့ ကြက်သွန်ဖြူမထည့်လည်း ရပါတယ်။)

၃။       ဟင်းရွက်ပြုတ်ရည်အိုးထဲ ဆား၊ ပဲငံပြာရည်၊ ထည့်ပါ။ ပြီးလျှင် ပိတ်စွယ်ပါးပါး လှီးထည့်ပြီး ငရုတ်ကောင်းမှုန့်ထည့်ပါ။ ပြီးလျှင် မုန့်တီနဲ့ တွဲပြီးစားရမယ့် ဟင်းချိုရပါပြီ။

၎။       ပွဲပြင်တဲ့အခါ ပန်းကန်ထဲ မုန့်ဖတ်တစ်ပွဲစာထည့်ပါ။ ပြီးလျှင် တိုဟူးကို လှီးပြီး ထည့်ပါ။ ဆားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်  စားပွဲဇွန်း ၁ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၁ ဇွန်း၊ ဆီဝါ စားပွဲဇွန်း ၁ ဇွန်း၊ ပဲမှုန့်အကျက်မှုန့် စားပွဲဇွန်း ၁ ဇွန်း၊ နံနံပင်၊ ဂေါ်ဖီ၊  ကြက်သွန်နီ၊ ပဲတောင့်ရှည်နည်းနည်းစီထည့်ပြီး နယ်ပါ။ မတ်ပဲဗယာကြော်ကို ခြေပြီး ထည့်ပါ။

၅။       ပြီးလျှင် ဟင်းချိုနဲ့ တွဲပြီး သုံးဆောင်ပါ။


<<<<ငါးမာလာ မြေအိုးချဉ်စပ်>>>>


[by ပန်းခရေ ]

ပါဝင်ပစ္စည်းများ>>>>

ငါးရံ့အနေတော်  –  ၁ ကောင်

ငုံးဥပြုတ်ပြီး  –  ၅ လုံး

ပြုတ်ထားသောမျှစ်ချဉ်  –  အနည်းငယ်

ပါဝင်သောအသီးအနှံများ >>>>

မာလာအနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဟွာကျောက်စေ့  –  ၅ စေ့ခန့်

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ချင်း  –  လက်တစ်ဆစ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အပျစ်  –  စားပွဲဇွန်း ၁ ဇွန်း

အရသာမှုန့်  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရှမ်းနံနံ  –  အနည်းငယ်

ကုဆိုင်  –  အနည်းငယ်

သံပရာသီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း၂ ဇွန်း

ပြုလုပ်နည်း>>>

          ဦးစွာ ငါးကို အကြေးထိုး၊ ပါးဟက်၊ အူနုတ်ပြီး ရေဆေးပါ။ ငါးတစ်ကောင်လုံးကို လက်တစ်လုံးအနေအထား အကွင်းလေးတွေကို ဗိုက်နားပြတ်ထွက်မသွားအောင် လှီးပါ။ ဒါဆိုလျှင် ငါးတစ်ကောင်လုံးကို လှပစွာ မြေအိုးထဲ ခွေထည့်လို့ရပါတယ်။ ငါးကို မြေအိုးထဲ လှပစွာ ခွေထည့်ပြီး မျှစ်ချဉ်ကို လက်တစ်လုံးစာလေးတွေ လှီးဖြတ်ထည့်ပါ။ ငုံးဥပြုတ်ကို အခွံနွှာ ထည့်ပါ။ အသီးအနှံများကို သူ့နေရာနဲ့သူ စိတ်ကူးရသလို လှပစွာစီထည့်ထားပါ။ ငရုတ်သီး အရောင်တင်မှုန့်ကို ချင်း၊ ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆီပူအိုးထဲ ဟွာကျောက်စေ့နှင့် အတူ မွှေးလာသည်အထိ ဆီသတ်ပါ။ မွှေးလာလျှင် မာလာဟင်းအနှစ် ထည့်ပါ။ ရေနွေးဆူဆူ လီတာဝက်ခန့်လောင်းပါ။ ဆား၊ အရသာ၊ သကြား၊ ပဲငံပြာရည် ထည့်ပါ။ ပြီးလျှင် ဟင်းရည်ကို ဆီသတ်ထားတဲ့အဖတ်တွေ မပါအောင် စစ်ထုတ်ပါ။ အရည်တွေကို မြေအိုးထဲက အဆာပလာတွေထဲထည့်ပြီး မီးရှိန်ပြင်းပြင်းနဲ့ ငါးမာလာကို ၁၀ မိနစ်ခန့် ချက်ပါ။ အပေါ့အငန် အရသာမြည်းပါ။ အိုးချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်၊ ရှမ်းနံနံ၊ ကုဆိုင်ကို လက်တစ်ဆစ် အနေအထားလေးတွေ ဖြတ်ထားတာ ထည့်ပါ။ သံပရာရည် ညှစ်ထည့်ပြီးလျှင် ပူစပ်မွှေး ငါးမာလာချဉ်စပ်ရပါပြီ။ မြေအိုးမရှိလျှင် သင့်တော်ရာအိုးနဲ့ ချက်လို့ ရပါတယ်။


<<<<< သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲ >>>>



 by Myint Oo Tha

          သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲချက်မည်ဆိုလျှင် ဟင်းသီးဟင်းရွက်ပြုတ်ရည်ရှိဖို့ လိုပါတယ်။ ဟင်းသီး ဟင်းရွက်ပြုတ်ရည်လုပ်နည်းကို ယခင်က ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလမှာတော့ ဟင်းသီးဟင်းရွက်ပြုတ်ရည်အစား သက်သတ်လွတ် ဟင်းခတ်မှုန့်သုံးမှာ ဖြစ်တဲ့အတွက် ဟင်းရည်ချက်တဲ့အခါမှာ ပဲပြုတ်ရည်နဲ့ ရေကိုပဲ သုံးထားပါတယ်။ ကာရီပေါင်ဒါမရှိလျှင် နံနံစေ့ကို လှော်ပြီး ထောင်းထည့်နိုင်သလို ဂေါ်ရင်ဂျီမဆာလာကိုလည်း သုံးနိုင်ပါတယ်။ ပဲပြားကိုြွကပ်အောင်ကြော်ပြီး ဟင်းရည်ချိုချိုမှာ ထည့်ထားတဲ့အတွက် ပဲပြားက အင်မတန်မှ စားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ >>>

ခေါက်ဆွဲဖတ်အစို  –  ၁ ကီလိုဂရမ်

ခရမ်းသီး  –  ၁ လုံး (အမြှောင်းသေးသေးလှီးထားပါ)

ပဲသီး  –  ၅ တောင့် (၁ လက်မအရွယ်ဖြတ်ထားပါ)

ပဲပင်ပေါက်  –  ၂၅၀ ဂရမ် (ရေစိမ်ထားပါ)

ပဲပြား  –  ၂  ပြား (လေးထောင့်အတုံးသေးသေးတုံးထားပါ)

ဟင်းရည်အတွက် လိုအပ်တာတွေကတော့->>>

ကုလားပဲ  –  ၆၀ ဂရမ် (ရေဆေးထားပါ)

ကုလားပဲပြုတ်ရန် ရေ  –  ၂ လီတာ

အုန်းနို့  –  ၂၀ဝ မီလီလီတာ

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သကြားခဲ (Rock Sugar)  –  အသေး ၂ ခဲ

သက်သတ်လွတ်ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ပဲပြုတ်ပြီးရတဲ့ ပဲပြုတ်ရည်  –  ၁ လီတာ

ရေ  –  ၁ လီတာ

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့->>

ကြက်သွန်နီ  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၀ ဂရမ်

စပါးလင်  –  ၂ ချောင်း

ငရုတ်ကောင်းစေ့  –  ၁၀ စေ့

ကာရီပေါင်ဒါ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း >>>

၁။       ကုလားပဲပြုတ်ရန်အတွက်  အိုးထဲ ရေ ၂ လီတာထည့်ပါ။ ပြီးလျှင် ကုလားပဲကို ရေဆေးပြီး ထည့်ပါ။ ဆူလာလျှင် အပေါ်တက်လာတဲ့ အမြှုပ်များကို ခပ်ထုတ်ပါ။

၂။       ကုလားပဲနူးလျှင် ဆယ်ယူထားပြီး ကုလားပဲပြုတ်ရည်ကို သိမ်းထားပါ။

၃။       ဆယ်ယူထားတဲ့ ကုလားပဲကို ညက်အောင် ထောင်းပါ။

၎။       အနှစ်အတွက် လိုအပ်တဲ့ စပါးလင်၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်ဖြူကို အရင်ထောင်းပါ။ ညက်သွားလျှင် ကြက်သွန်နီ၊ ငရုတ်သီးမှုန့်ထည့်ပြီး ထောင်းပါ။ အားလုံး ညက်သွားလျှင် ကာရီပေါင်ဒါထည့်ပြီး မွှေပါ။

၅။       တုံးထားတဲ့ ပဲပြားကိုြွကပ်အောင်ကြော်ပြီး ဆယ်ယူထားပါ။ ပြီးလျှင် ခရမ်းသီးကိုလည်း ကြော်ပြီး ဆယ်ယူထားပါ။

၆။       ဟင်းရည်ချက်မည့်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီပူလျှင် ထောင်းထားတဲ့ အနှစ်ထည့်ပြီး ဆီသတ်ပါ။

၇။       မွှေးလာလျှင် စောစောက သိမ်းထားတဲ့ ပဲပြုတ်ရည် ၁ လီတာနှင့် ရေ ၁ လီတာ ထည့်ပါ။

၈။       ဆူလာလျှင် ထောင်းထားတဲ့ ကုလားပဲထည့်ပြီး ဆူအောင် ဆက်၍ တည်ထားပါ။

၉။       ကုလားပဲအစိမ်းနံ့ပျောက်လျှင် အုန်းနို့ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပါ။

၁၀။     အရသာအတွက် ပဲငံပြာရည်၊ သကြား၊ ဆားနှင့် သက်သတ်လွတ်ဟင်းခတ်မှုန့်တို့ကို ထည့်ပါ။

၁၁။     ကြော်ထားတဲ့ ပဲပြားထည့်ပြီး မီးအေးအေးနှင့် ဆက်၍ တည်ထားပါ။

၁၂။     ပဲပင်ပေါက်နှင့် ပဲသီးတို့ကို ရေနွေးဖြောထားပါ။

၁၃။     စားသုံးမည်ဆိုပါက တစ်ယောက်စာပန်းကန်ထဲ ခေါက်ဆွဲထည့်ပြီး ဟင်းရည်နဲ့ ပဲပြားထည့်ပါ။ ကြော်ထားတဲ့ ခရမ်းသီး၊ ပဲပင်ပေါက်နှင့် ပဲသီးတို့ကို ထည့်ပါ။

၁၄။     ကြိုက်နှစ်သက်ပါက ငရုတ်သီးကြော်၊ ဒါမှမဟုတ် ငရုတ်သီးအကျက်မှုန့်နှင့် ရှောက်သီးတို့ကို ညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။


No comments: