Monday, September 24, 2018

⚠️ဒီဂျစ်တယ် မီးဖို အသုံးပြုသူများ သိထားရမည့် အချက်(၅) ချက်⚠️




👍အိမ်ရှင်မ အိမ်ရှင်ထီးတို့အတွက် အသုံးတည့်မယ်လို့ ယုံကြည်တာလေး ရေးပေးလိုက်ပါတယ်👍

1️⃣ဒီဂျစ်တယ်မီးဖို တော်တော်များများ က 2000 W, 2200 W ရှိလို့ (လုံးဝ) Extension ကြိုးခွေများနဲ့ မသုံးသင့်ပါဘူး❗

2️⃣တော်တော်များများက “on/off” နှိပ်ပြီးရင် တန်းပြီး လာပေမယ့် တစ်ချို့ အလုံးတွေက “ON” နှိပ်ပြီးတဲ့အပြင် “stand by” သို့မဟုတ် “Function” ခလုတ် တစ်ခုခုကိုပါ နှိပ်ဖို့လိုပါတယ်။ ထွေထွေထူးထူး မဟုတ်ပေမယ့် ဆိုင်က သေချာ ရှင်းပြလိုက်ရင်တောင် အိမ်ရောက်မှ ပြန်လာတာမျိုး ဖုန်းဆက်မေးတာမျိုး ဖြစ်ဖူးလို့ပါ❗

3️⃣ဒီဂျစ်တယ်မီးဖို တိုင်းမှာ “Function” တွေအစုံ ပြထား ရေးထားပေမယ့် တကယ်သုံးသင့်တာက ကိုယ်ချက်တဲ့ ဟင်းအပေါ် ဆီပူအပေါ် မူတည်ပြီး ‘(+ , -)’ အတိုးအလျှော့ လုပ်ပေးရင်း ချက်တာက ကျွန်တော်တို့ အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် ပိုအဆင်ပြေ သင့်တော်ပါတယ်❗

4️⃣“တရုတ်မိတ်တွေက ခဏ ခဏ အပျက်မြန်တယ်” “အကောင်းဝယ်လည်း မထူးပါဘူး” ဆိုတဲ့ အသံတွေအတွက်တော့ အရေးကြီးဆုံး ဒီနည်းလေးကို မမေ့စေချင်ပါဘူး❗

☑️ဒီဂျစ်တယ်မီးဖို တော်တော်များများက “Auto-Off” အလိုလျောက် ပိတ်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ ဈေးကွက်ထဲက ဈေးအပေါဆုံး ဒီဂျစ်တယ်ဖိုကတော့ မပါဝင်ပါဘူး။ သို့သော် အခုပြောမယ့် အချက်လေးကိုတော့ အလိုအလျောက် ပိတ်တဲ့ စနစ် ပါပါ မပါပါ အသုံးပြုပေးဖို့ တိုက်တွန်းပေးချင်ပါတယ်☑️

🔴ချက်ပြီးပြီ ဆိုတာနဲ့ ပလပ် ကို ချက်ချင်း မဖြုတ်ပါနဲ့🔴

✴️“on/off” ခလုတ်နှိပ်ပြီးသာ ပိတ်ပါ။ ပန်ကာက ဆက်လည်နေပါလိမ့်မယ်။ အလိုလျောက် ပိတ်တဲ့ စနစ်ပါဝင်တဲ့ မီးဖိုတွေက အချိန်ကြာလို့ လေပူပြန်ထုတ်တာ ‘၀’ သွားရင် အလိုလို ပိတ်သွားပါလိမ့်မယ်။ ပန်ကာလည်တဲ့ ကြာချိန် (အပူထုတ်တဲ့ကြာချိန်)က မိမိ ချက်ခဲ့တဲ့ အချိန်ပေါ် မူတည်ပြီး ကွာဟနိုင်ပါတယ်။ ပန်ကာရပ်ပြီး အသံမကြားတော့တဲ့အချိန်မှာ ပလပ်ကိုဖြုတ်ပါ✴️

✳️အကယ်၍ အလိုလျောက်ပိတ်တဲ့ စနစ်မပါရင်လည်း တော်တော် ကြာကြာထားပြီးမှ ပလပ်ကိုဖြုတ်ပါ။ ဒီနည်းက တကယ်ရေရှည်သုံးမယ့် အိမ်ရှင်ထီး အိမ်ရှင်မတွေ အတွက် အကောင်းဆုံးနည်းလမ်းလေးလို့ ညွှန်ပေးချင်ပါတယ်✳️

5️⃣️ချက်ပြီးပြီးချင်း တော့ အလယ် မီးပူနေရာကို သွားမကိုင်ဖို့ကတော့ အထူးပြောနေစရာ မလိုဘူးထင်ပေမယ့် အေးသွားလို့ သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်တော့ ရေစိုဝတ် အခြောက်(သို့မဟုတ်) ဖေါ့ဖတ်လေးကို အသုံးပြုစေချင်ပါတယ်❗

📣📣📣 ကဲ ဒီလောက်ဆို အိမ်ရှင်မ👩‍🍳 အိမ်ရှင်ထီး👨‍🍳များ ဒီဂျစ်တယ်မီးဖိုကို ဘယ်လို ရေရှည်ခံအောင် သုံးမလဲဆိုတဲ့ အသုံးပြုပုံလေးတွေကို သိသွား တတ်သွားပြီလို့ အထူး ယုံကြည်ပါတယ်...🤩🤩🤩


👍ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ👍

မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်များလည်း သိခွင့်ရအောင် share လုပ်ပေးလိုက်ပါဦးလို့ တိုက်တွန်းချင်ပါတယ် 🗣️ 🗣️🗣️…

🙏ကျေးဇူးအထူး🙏

🌐New World Wholesale🌐
(လက္ကားဈေးကြီးသင့်ဆီလာပြီ)

#NewWorldWholesale #NWW
#DigitalStove #5ways
#Sunday_Knowledge_Sharing

No comments: