Monday, August 20, 2018
မှိုခြောက်စပ်ကြော် - Dim Sum ကြက်ခြေထောက်ပေါင်း - ကြံသကာ ဝက်လက် အနှေးပေါင်း - ပုစွန်ငါးပေါင်းထုပ်
ပုစွန်ငါးပေါင်းထုပ် 
 မိုးတွင်းအခါမှာ မျှစ်စို့နုနုလေးတွေလည်း ပေါလာပြီး ပုစွန်ဘော့ ချိတ်လေးတွေလည်း ပေါလာပြန်တော့ ပုစွန်ငါးပေါင်းထုပ် ထုပ်စားကြစို့ နော်။
 ပါဝင်ပစ္စည်းများ
• မျှစ်အစို့ပေါက်နုနု        - ၁၀ ကျပ်သား
•  ပုစွန်ဘော့ချိတ်             - ၃၀ ကျပ်သား
• ကြက်သွန်နီ  - ၁၅ လုံး (အနေတော်)
• ချင်း                   - လက်တစ်ဆစ်
• ကြက်သွန်ဖြူဗမာဥ - ၂ ဥ
• ဆီ           - ၂ ကျပ်ခွဲသား
• ငရုတ်အပုခြောက်တောင့်     - ၅ တောင့်
• ဆန်စိမ်းမှုန့်  - ၁၀ ကျပ်သား
• ဆား          - စတီးဇွန်း ၁ ဇွန်း
• အရသာမှုန့်    - စတီးဇွန်း ၁ ဇွန်း
• သကြား     - စတီးဇွန်း၁ ဇွန်း
• ယိုးဒယား ငံပြာရည်        - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးစိမ်း       - ၅ တောင့်
• ရေဆေးသန့်စင်ထားတဲ့ ရဲယိုရွက်
• ရေဆေးပြီး ရေနွေးဖျောထားတဲ့ ငှက်ပျောရွက်
 အနေတော်ဖြတ်ထားတဲ့အရွက် - ၂၀ ခန့်
 ပေါင်းနည်း 
 မျှစ်စို့နုနုကို နာရီဝက်ခန့်ပြုတ်ပြီး ပါးပါးလှီးထားပါ။ ပုစွန်ဘော့ချိတ် ကို အခွံ၊ ခေါင်း အကုန်နွှာထားပါ။ ကြက်သွန်နီ ၂ ဥ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ပုကို ညက်နေအောင် ထောင်းပြီး မွှေးနေအောင် ဆီသတ်ထားပါ။ ကြက်သွန်နီ ၁၃ လုံးကို လေးစိတ်ထိုးပြီး လှီးထားပါ။ မိမိနှစ်သက်ရာ မှို၊ ဘူးသီး၊ ဂေါ်ရခါးသီး၊ ဂျူးမြစ်စသည်တို့ကိုလည်း ထည့်နိုင်ပါတယ်။ ပြီးလျှင် ဇလုံထဲ ပုစွန်၊ ပါးပါးလှီးထားတဲ့ မျှစ်၊ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီ၊ ဆီသတ်ထားတဲ့ ငရုတ်နှစ်၊ ဆန်စိမ်းမှုန့်၊ ဆား၊ အရသာ၊ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း ညှပ်ထည့်ပြီး နယ်ပါ။ နယ်ပြီးလျှင် စထုပ်ပါမယ်။ အနေတော်ဖြတ်ပြီး ပျော့ပျောင်းသွားအောင် ရေနွေးဖျော ထားတဲ့ ငှက်ပျောရွက်တစ်ရွက်ပေါ်မှာ ရဲယိုရွက်တစ်ရွက် ထပ်ခင်းပါ။ ရဲယိုရွက်ပေါ်မှာ နယ်ထားတဲ့အဆာ စားပွဲဇွန်း ၂ ဇွန်းထည့်ပြီး ရေလုံ အောင် အဆင်ပြေသလို ထုပ်နိုင်ပါတယ်။ ပုစွန်ငါးပေါင်းလေးတွေ ကုန် အောင်ထုပ်ပြီးပြီဆိုလျှင် ရေနွေးငွေ့နဲ့ ဆန်ခါခံပြီး ပုစွန်ငါးပေါင်းထုပ် လေးတွေကို နာရီဝက်လောက် ပေါင်းပေးရင် စားချင်စဖွယ် နွေးနွေး ထွေးထွေး ပုစွန်ငါးပေါင်းထုပ်လေးတွေ ရပါပြီ။
.....................
ပန်းခရေ
 ကြံသကာ ဝက်လက် အနှေးပေါင်း  (Slow Cook Pork Leg with sugar cane)
ဝက်လက် ကို ကြံသကာ ဖြင့်ပေါင်းတာ အအီသက်သာစေပြီး အရည်သောက်လဲ အရသာရှိသလို အသားစားလဲ နူးအိနေစေပါတယ်။ အသားပေါင်းအိုး ဖြင့် ပါဝင် ပစ္စည်းများ အားလုံး ထည့်ပြီး ပေါင်းရုံနှင့် အရည်သောက် ဟင်းကောင်း တစ်ပွဲ ရတာကြောင့် လုပ်စားကြည့်လိုက်နော်….။
ပါဝင်ပစ္စည်းများ
ဝက်လက်  ၂ ချောင်း  (အကွင်း လိုက် လှီးခုတ်ထားပါ၊ ဆူးချွန်လေးဖြင့်ဆွထားပါ)
ဆား ၂ ဇွန်း လက်ဖက်ဇွန်း
ပဲငံပြာရည်အငံ ၁ ဇွန် ခွဲ စားပွဲဇွန်း
ပဲငံပြာရည်အချိုပြစ် ၁ ဇွန် စားပွဲဇွန်း
ကြံသကာ ၁ ချပ် (အနည်းငယ်ချေထားပါ)
ရွှေဖယုံသီး ၁ ခြမ်း  (အခွံခွာ အတုံးကြီးကြီးတုံးထားပါ)
ကရဝေးရွက် ၅ ရွက်
သစ်ကြပိုးခေါက် ၁ ခေါက်
နာနတ်ပွင့် ၅ ပွင့်
လေးညှင်း ၅ ပွင့်
ကြက်သွန်နီအလုံးကြီး ၂ လုံး (လေးခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ ၅တက်  (အခွံနဲ့ တစ်ပြားရိုက်ထားပါ)
ချင်း  လက်တစ်ဆစ် အရွယ်(အခွံခွာ အပြားကြီးကြီး လှီးထားပါ)
ကြက်သွန်မြိတ် ၂ ပင် (ဟင်းကြက်မှ ဖြူးစားရန်)
ဆော့လုပ်ရန် ပါဝင်ပစ္စည်းများ
ချင်း လက်မ ၀က်ခန့် (နုတ်နုတ်စင်းထားပါ)
နံနံပင် ၃ ပင် (နုတ်နုတ်လှီးထားပါ)
ကြက်သွန်ဖြူ ၅ တက် (နုတ်နုတ်လှီးထားပါ)
ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း
သကြားအညို ၁ ဇွန်း ခွဲ စားပွဲဇွန်း
မန်းကျီးသီးအနှစ် ၃ ဇွန်း စားပွဲဇွန်း
ငရုတ်သီးစိမ်း ၅ တောင့် (အနေတော် လှီးထားပါ)
ပြုလုပ်နည်း
၁။ Pressure cooker ထဲ ကြက်သွန်မြိတ်ကလွဲလို့ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး သေချာနယ်နှပ်ပါ။ ၁၅- ၂၀ မိနစ်လောက် အသားနယ်နှပ်ပြီး ထားပါ။ ပြီးလျင် အသားတုံး ရေ မြုပ်တယ့် အထိထည့်ပြီးပေါင်းပါ။ pressure cooker ကို meat/pork ကိုရွေးပြီး ပေါင်းထားပါ။ အဖုံးသေချာဖုန်းပါ၊ ကျက်လို့ အဖုံးဖွင့်လျင်လဲ သေချာ ဖွင့်ပါ။ ဝက်လက်သား နူးမနူး ခရင်းလေးဖြင့် ထိုးကြည့်ပြီး မြည်းကြည့်ပါ။
၂။ ဆော့လုပ်ရန် အိုးအသေး ထဲ သကြား ရေအနည်းဖြင့် မီးအနေတော်ဖြင့်ညောင်ကျအောင် ကျိုထားပါ။ အနည်းငယ် ပြစ်လာလျင် နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး အနံမွှေးလာသည် အထိတည်ပါ။ ဆားမြည်းပါ လိုတာထပ်ဖြည့်ပြီး နံနံပင် ဖြူးပါ။ နှံ့အောင်မွှေပါ။ အနည်းငယ် အအေးခံပြီး  ဝက်လက်ပေါင်း ကို ဆော့အတူတွဲစားလျင် လိုက်ဖက်ပါသည်။
Syilwin Foodsgarden
Dim Sum  ကြက်ခြေထောက်ပေါင်း
Dim Sum ဆိုင်တွေမှာရောင်းတဲ့ အလွန်စားကောင်းတဲ့ ကြက်ခြေထောက်ပေါင်းပါ။ ကြက်ခြေထောက်ပေါင်းလုပ်နည်းအမျိုးမျိုးရှိပါတယ်။ အရသာကတော့ တူတူပါပဲ။ ဒီနည်းကတော့ အိစံအိမ်မှာလုပ်စားတဲ့ ကြက်ခြေထောက်ပေါင်းနည်းပေါ့။ အိမ်ကလူတွေတော့ အရမ်းကြိုက်ကြတယ်။ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်ခြေထောက် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်ဖြူ - ၃ မွှာ
၃။ ဆား - အနည်းငယ်
၎။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၆။ ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၇။ နံနတ်ပွင့် - ၃ ခု
၈။ ပဲငပိအချို - ထမင်းစားဇွန်း ၁ ဇွန်း
၉။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တ ၀က်
၁၀။ ဟင်းချက်ဆန်ဝိုင် - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ ငရုတ်ကောင်းအဖြူ - အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။)
၁၂။ ငရုတ်သီးတောင့်အနီ - ၂ တောင့် (အစပ်ကြိုက်လျှင် ထည့်ပါ။ အိစံကတော့ မထည့်ပါဘူး)
၁၃။ ဆီ - ၁ ခွက်
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် ၊ ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်ခြေထောက်များရဲ့ ခြေသည်းခွံညှပ် သန့် စင်ပြီးေ၇ခြောက်အောင်လုပ်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်စဉ်းထားပါ။ ငရုတ်သီးတောင့်အနီကိုလဲ တောက်တောက်စဉ်းထားပါ။
၂။ ရေခြောက်အောင်လုပ်ထားသော ကြက်ခြေထောက်များကို ဆားအနည်းငယ်ဖြင့် နယ်ပါ။
၃။ ထို့ နောက် ကြက်ခြေထောက်တည်မည့်အိုးထဲတွင်ဆီကို ထည့်အပူပေးပါ။ ဆီပူလာလျှင် ကြက်ခြေထောက်များကို ထည့်ရ်ျ အပေါ်ယံအေ၇ခွံတင်းလာအောင်ကြော်ပေးပါ။ (ဒယ်အိုးကို အသုံးမပြုပါနဲ့။ ဟင်းချက်တဲ့အိုးကိုသုံးပါ။ ကြက်ခြေထောက်များရေပေါက်တာ သက်သာအောင်လို့ ပါ။ ကြက်ခြေထောက်များလဲရေခြောက်နေပါစေ။)
၎။ ကြော်ပြီးသားကြက်ခြေထောက်များကို ဆယ်ရ်ျ ပန်းကန်တခုထဲထည့်ထားပါ။
၅။ ကြော်ထားသော ဆီများထဲမှ ဆီထမင်းစားဇွန်း ၂ ဇွန်းစာကိုပဲ ချန်၍ကျန်သောဆီများကို ခပ်ထုတ်ထားပါ။
၆။ ကျန်သောဆီအနည်းငယ်ကို အပူပေးပြီး ပူလာလျှင် ကြက်သွန်ဖြူထည့်၍ဆီသတ်ပါ။ ထို့ နောက် ကြက်ခြေထောက်များကို ထည့်ပါ။ ပြီးလျှင် ပဲငပိနှင့် ငရုတ်သီးတောင့် အနီတို့ မှလွဲပြီး ကျန်သည့် ပါဝင်သောပစ္စည်းများကိုထည့်ရ်ျလုံးပါ။
ရေကို ကြက်ခြေထောက်မြုပ်အောင်ထည့်၍တည်ပါ။
၇။ ရေခမ်းခါနီးတွင် ကြက်ခြေထောက်နူးမနူးကြည့်ပါ။ မနူးသေးလျှင် ရေထည့်၍ထပ်တည်ပါ။
၈။ လိုချင်သော ကြက်ခြေထောက်အနေအထားရလျှင် ပဲငပိအချိုနှင့် တောက်တောက်ဆင်းထားသော ငရုတ်သီးတို့ ကို ထည့်ပါ။ နောက် ၅ မိနစ်လောက်တည်ပီး မီးဖိုပေါ်မှချပါ။
၉။ ကြက်ခြေထောက်ကို စားခါနီးတွင် ပေါင်းအိုးထဲမှာပေါင်းရ်ျ ပူလာလျှင် သုံးဆောင်နိုင်ပါပြီ။
#Eisanshomemadeinspiration
မှိုခြောက်စပ်ကြော်
ကဲကဲရဲ့ သူငယ်ချင်းတွေအတွက် ... ထမင်းဖြူလေးနှင့် စားလျှင် လိုက်ဖက်တဲ့ မှိုခြောက်စပ်ကြော်နည်းကို ပြောပြပါမယ်ရှင်။
အသက်သတ်လွတ်စားတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်ရှင်။ ကျောင်းတက်တုန်းက အိမ်ကနေ ထည့်ပေးလိုက်တဲ့ အကြော်လှော်တွေထဲက ကြိုက်နှစ်သက်တဲ့ အစားအစာလေးတစ်မျိုးပါရှင့်။
** အဓိက..မှိုတွေကို သဲတွေစင်အောင် လုပ်ရပါမယ်။ အချိန်ရလျှင် အနည်းငယ်ခြောက်သွားအောင် ရေဆေးပြီးတဲ့အခါ နေပူလှန်းပါ။
Ingredients:
မှို ၂၅ကျပ်သား (ငွေနှင်းမှို၊ကောက်ရိုးမှို)
ငရုတ်သီးအကြမ်းမှုန့်  ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ ၃မွှာ
ကြက်သွန်နီ အနေတော် ၂လုံး
ဆား အနည်းငယ်
ဆီ အနည်းငယ်
နံနံပင် (မထည့်လည်း ရပါတယ်)
Preparation Method:
၁) မှိုတွေကို သေသေချာချာ ရေဆေးပြီး ရေစစ်ပါ။ ကဲကဲကတော့ ရေစစ်သွားအောင် တနေ လှန်းလိုက်ပါတယ်။ မှိုတွေ ခြောက်သွားပြီး ကြော်တဲ့အခါ ပိုစားကောင်းပါတယ်။
၂) ဒယ်အိုးထဲ ဆီများများ ထည့်ပြီး ဆီဆူလာလျှင် မှိုတွေကို ထည့်ကြော်ပါ။ ဆယ်ယူပြီး ဆီစစ်ပါ။
၃)  ဆီတွေကို ခပ်ထုတ်ပြီး အနည်းငယ် ချန်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ ကို  ပါးပါးလှီးပါ။
၎) ကျန်နေတဲ့ ဆီကို မီးအပူပြန်ပေးပြီး ကြက်သွန်နီကို အရင် ထည့်ကြော်ပါ။ ရွှေရောင်သန်းလာလျှင် ဆယ်ယူပြီး ဆီစစ်ပါ။  ကြက်သွန်ဖြူ ထည့်ကြော်ပါ။ ရွှေရောင်သန်းလာလျှင် ဆယ်ယူပြီး ဆီစစ်ပါ။
၅) ငရုတ်သီးအကြမ်းမှုန့် ထည့်ပါ။ ပြီးလျှင် မှိုကြော်ကို ထည့်ပါ။ ဆား အနည်းငယ် ထည့်ပြီး အသာမွှေပါ။
၆) အရသာ အပေါ့အငန်ပြင်ပြီး နံနံပင် အုပ်ပါ။
ထမင်းဖြူပူပူလေးနှင့် မှိုခြောက်စပ်ကြော်လေးဆို နောက်ထပ်ဟင်းတွေ မလိုတော့ပါဘူးရှင်။
စားခါနီးမှ သံပုရာရည် ဆမ်းလိုက်လျှင် ပိုမွှေးပြီး စားလို့ကောင်းပါတယ်။
Kae Kae 
No comments: