သြဂုတ် - ၁၅ ၊၂၀၁၈
ဒီကနေ့မှာ ပဲ မြန်မာကျပ်ငွေ နဲ့ အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းထားဟာ စံချိန်တင်ဈေးနှုန်းကိုရောက်ရှိလာခဲ့ ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာကျဆင်းလာပြီးအမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၅၀၁ ကျပ် ထိရှိနေပါပြီ ။
ဒီလိုအချိန်မှာ အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စီးပွားရေးဆိုင်ရာ အကြံဥာဏ် များပေးနေတဲ့ စီးပွားရေး ပညာရှင် ပါမောက္ခရှောင်တာနဲလ် က မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေရတဲ့အကြောင်းကို သူရဲ့ဖေ့ဘွတ်ခ်မှာ ဒီကနေ့ နေလယ်ပိုင်းက ရေးသားထားခဲ့ပါတယ်။
စီးပွားရေး ပညာရှင် ပါမောက္ခရှောင်တာနဲလ် ရဲ့ ရေးသားချက်ကို ပြန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။
လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေရခြင်းဟာ တချို့တွေ တွေးသလို တကယ့် ပြဿနာ မဟုတ်ပါဘူး။ အမှန်က အမေရိကန် သမ္မတ ရုစဗဲ့လ်တ် ပြောခဲ့တဲ့ ဆိုရိုးအတိုင်းပါပဲ။ “စိုးရိမ် ကြောက်ရွံ့မှုကသာ ကျွန်ုပ်တို့ တကယ် တွန်းလှန်ရမယ့် အရာ ဖြစ်ပါတယ်”
ကျွန်တော့်ဖက်က အကြောင်းပြချက်က ဒီလိုပါ။
၁။ လတ်တလော ဖြစ်ပျက်နေတာတွေဟာ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ကိစ္စပါ။ အမေရိကန်ဒေါ်လာ တန်ဖိုးမာနေမှုဟာ (ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အပါအဝင်) ဈေးကွက်ထဲက ငွေကြေး ယူနစ် အားလုံးအပေါ် သက်ရောက်နေပါတယ်။ ဒါဟာ စိုးရိမ်မှုတွေ မြင့်တက်လာနေမှုကို ထင်ဟပ်စေပါတယ်။ ထုံးစံအတိုင်းပဲ ဖြစ်နိုင်ခြေတွေနဲ့ ပတ်သက်လို့ ကြိုတင် တွက်ဆ ပြင်ဆင်မှုတွေလည်း မြင့်တက်လာပါတယ်။ အမေရိကန် အတွက်တော့ လုံခြုံဘေးကင်းရာ အရပ်ကို ပျံသန်းဖို့ လမ်းကြောင်းတစ်ခု ရှိနေပါတယ်။ ဒေါ်လာဈေးကို တခြား ငွေကြေး ယူနစ် အားလုံးနဲ့ ယှဉ်ရင် ငွေလဲနှုန်း မြင့်တက်လာအောင် တွန်းတင်လိုက်ပါတယ်။ တကယ်တော့ အမေရိကန် ဒေါ်လာဟာ သူ့ရဲ့ အမှန်တကယ် တစ်ခုတည်းသော ပြိုင်ဘက်ဖြစ်တဲ့ ရွှေဈေးနဲ့ ယှဉ်ပြီးပါ မြင့်တက်လာခဲ့ပါတယ်။
၂။ အလားသဏ္ဍန်တူ ငွေကြေးအရွေ့တွေကို ဆန်းစစ်ကြည့်ပြီးတဲ့နောက် လတ်တလော ကာလတွေအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းသွားတာဟာ “ကျွန်ုပ်တို့လည်း ကြုံရပါသည်”ဆိုတဲ့ အဲဒီ ရိုးရှင်းတဲ့ အရှိန်အဟုန်ကြောင့် ဖြစ်တယ်ဆိုတာ ၈၀ ရာခိုင်နှုန်းလောက် မှန်ကန်တယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။
၃။ မြန်မာကျပ်ငွေဟာ တခြား ငွေကြေးယူနစ်တွေနည်းတူ တန်ဖိုးကျနေတာ မှန်ပါတယ်။ (၁၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး တချို့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေထက် နည်းပါတယ်) ဒါပေမဲ့ တချို့ နိုင်ငံသုံး ငွေတွေထက်လည်း အခြေအနေ ပိုဆိုးနေပြန်တယ်။ အင်ဒိုနီးရှား ရူပီယာနဲ့ အိန္ဒိယ ရူပီးတွေ (၈ ရာခိုင်နှုန်းစီ ကျဆင်း)နဲ့ MCSIရဲ့ ဖွံ့ဖြိုးဆဲ ငွေကြေးဈေးကွက် ညွှန်ကိန်း (၇ ရာခိုင်နှုန်းလောက် ကျဆင်း)တွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
၎။ ဒါဆို မြန်မာကျပ်ငွေက ဘာကြောင့် တန်ဖိုးနည်းနည်း ပိုကျနေတာပါလဲ။
က - မြန်မာဟာ ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခု ဆိုတာထက် စမ်းသပ် အစပျိုးဆဲ ဈေးကွက်တစ်ခု ပိုဆန်ပါတယ်။ မြန်မာ ကျပ်ငွေဟာလည်း တခြားသော ဈေးကွက်ဝင် ငွေကြေးတွေနဲ့ ယှဉ်ရင် ငွေဖော်နိုင်စွမ်း ပိုနည်းပါတယ်။
(တကယ်က မြန်မာ့ နယ်နိမိတ် ကျော်လွန်သွားပြီဆိုရင် တရားဝင် ငွေဖော်ဖို့ အဆင်မပြေပါဘူး) ဒီတော့ မြန်မာကျပ်ငွေကို ကိုင်ထားတာဟာ စွန့်စားရတဲ့ စံနှုန်း အခြေအနေ ပိုမြင့်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကလည်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းတွေပေါ်မှာ တခြားနိုင်ငံတွေထက် နည်းနည်းပိုပြီး အရဲစွန့် ရွေးချယ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ခ - အနေအထားတူ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းက နည်းနည်း ပိုမြင့်ပါတယ်။ ဒီကိစ္စမှာ ကျပ်ငွေရဲ့ သမားရိုးကျ တန်ဖိုးဟာ ပုံမှန် အနေနဲ့တောင် လဲလှယ်နှုန်း ကျဆင်းလာနိုင်ကြောင်း ယူဆလို့ ရပါတယ်။
ဂ - လက်ရှိ ကာလမှာ ကျပ်ငွေရဲ့ တန်ဖိုးကို အကျပိုင်းဆီ ဦးတည်အောင် ဖိအားပေးနေတဲ့ တခြား နည်းစနစ်ပိုင်း ညွှန်ကိန်းတွေလည်း ရှိနေပြန်ပါတယ်။ တရုတ်နဲ့ သကြား/ဒီဇယ် တင်ပို့မှုတွေ ပြန်လည် စတင်လာပါတယ်။ ဒီဖြစ်စဉ်မှာ တရုတ်ဆီက သကြားနဲ့ ဒီဇယ်တွေ တင်ပို့လာခြင်းကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ငွေကြေးတွေ စီးထွက်သွားပါတယ်။ ဒါပေမဲ့ မြန်မာဖက်က ပို့ကုန်တွေ တင်ပို့ရမယ့် ကိစ္စကတော့ တရားဝင် ဖြစ်မြောက်မလာပါဘူး (ဒီစီးပွားရေး လုပ်ငန်းနယ်ပယ်မှာ ပါဝင်နေတဲ့ ကုန်သည်တွေက နယ်ခြားဒေသမှာ ကုန်သွယ်လို့ မရတဲ့ RMB စာရင်းတွေနဲ့ပဲ ဖြတ်သန်းနေစေခဲ့ပါတယ်) အလားတူစွာပဲ ပြည်တွင်း ဘဏ်တွေမှာလည်း အမေရိကန် ဒေါ်လာကို လက်ဆုပ်လက်ကိုင် ငွေစက္ကူ အခြေအနေကနေ အမေရိကန်ဒေါ်လာ ထည့်သွင်းထားတဲ့ Nostro ငွေစာရင်းတွေအဖြစ် ပြောင်းလဲဖို့ ပြဿနာတွေ ကြုံနေရပါတယ်။ ဒါကြောင့် အသုံးပြုနိုင်မယ့် အမေရိကန် ဒေါ်လာ ရင်းမြစ် ထောက်ပံ့မှုတွေက နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက် တစ်ခုလုံးမှာ အကန့်အသတ် ဖြစ်လာပါတယ်။
ဒီတော့ အထက်ပါ အကြောင်းအရာတွေ အပြီးမှာ ဘာလုပ်သင့်ပါသလဲ။ ကျွန်တော့် အမြင်အရတော့ အပေါ်မှာ ပြောခဲ့တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ပြန်သွားသင့်ပါတယ်။ ပြင်သင့်တာတွေ ပြင်ရပါမယ်။ ဒါ့အပြင် လုပ်နိုင်တာတော့ ဘာမှ မရှိပါဘူး။
တခြား ဖွံ့ဖြိုးဆဲ ဈေးကွက်တွေနဲ့ ယှဉ်ကြည့်ရင် မြန်မာမှာ (ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ အပါအဝင်) နိုင်ငံခြား ငွေကြေးယူနစ် လွှမ်းမိုးတဲ့ ကြွေးမြီက အရမ်းနည်းပါတယ်။ ဒီတော့ ငွေလဲလှယ်မှုနှုန်း ကျဆင်းမှုတွေဟာ ဒီနိုင်ငံမှာတော့ ပုံစံတူနေမှာ မဟုတ်ပါဘူး။ ၁၉၉၇/၉၈ အာရှ ဘဏ္ဍာရေး အကျပ်အတည်းကို ပြန်ကြည့်လို့ ရပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ဒေသတွင်း ငွေကြေးယူနစ်တွေ တန်ဖိုးကျဆင်းသွားသလို (အရေးကြီးတဲ့ ပြဿနာတစ်ခုအဖြစ် ယူဆဖို့ လိုပါတယ်)နဲ့ နိုင်ငံခြားငွေ ကြွေးမြီတင်ရှိမှု ကြီးထွားလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒုတိယ ပြဿနာမျိုး သိပ်ပြီး မကြုံခဲ့ရပါဘူး။
အဆုံးသတ် အနေနဲ့ ဘာတွေ လုပ်နိုင်မလဲ။
မြန်မာနိုင်ငံမှာ ကိုယ်ပိုင် ငွေကြေးယူနစ်ကို ကာကွယ်ဖို့ လုံလောက်တဲ့ နိုင်ငံခြားငွေ အရန်အင်အားစု သိုမှီးထားတာ မရှိပါဘူး။ လုပ်သင့်တဲ့ အခြေအနေက အရန်သိုလှောင်ထားတဲ့ ဒေါ်လာတွေကို မြန်မာကျပ်ငွေ ဝယ်ယူဖို့အတွက် ထုတ်သုံးရမှာပါ။ ဒီအခါမှာ ကျပ်ငွေတန်ဖိုး ပြန်တက်လာပေမယ့် အရန်ထားရှိတဲ့ ဒေါ်လာ အရင်းအမြစ်က မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားပါလိမ့်မယ်။ မြန်မာ အနေနဲ့ နိုင်ငံခြားငွေ လွတ်လပ်စွာ လဲလှယ်ခွင့် လိုအပ်ချက်ကို မလွဲမသွေ ရင်ဆိုင်လာရပါမယ်။ လုပ်ပိုင်ခွင့် သတ်မှတ်ချက်တွေကို သုံးပြီး ကျပ်ငွေရဲ့ တန်ဖိုးကို သတ်မှတ် ကြေညာလိုက်မယ် ဆိုရင် (တခြားနည်းနဲ့ လဲလှယ်သူတွေကို ဖမ်းဆီးရပါမယ်) အရင်ကလိုပဲ မှောင်ခို ငွေကြေးဈေးကွက်တစ်ခု ချက်ချင်း ပြန်ပေါ်လာတော့မှာပါ။
နိုင်ငံခြား ငွေကြေးတွေကို ဈေးကွက်မှာ လွတ်လွတ်လပ်လပ် လဲလှယ်တာမျိုးဟာ ကောင်းကျိုးတွေ အများကြီး ရှိစေနိုင်ပါတယ်။ ဩစတြေးလျမှာဆိုရင် (တခြားနိုင်ငံတွေမှာလည်း ဥပမာတွေ ရှိခဲ့ပါတယ်) ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ ကောင်းကောင်း သက်သေပြနိုင်ခဲ့ပြီးပါပြီ။ တခြားသော စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆုံးဖြတ်ချက်တွေထက် ဩစတြေးလျ ဒေါ်လာကို ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလမှာ လွတ်လပ်စွာ လဲလှယ်ပိုင်ခွင့် ပေးလိုက်ခြင်းက ဩစတြေးလျကို ကမ္ဘာပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးမှု အရှည်ကြာဆုံး ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာစေပါတယ်။
ဒီတော့ ကျွန်တော့် အမြင်အရတော့ စိတ်အေးအေးထားပြီး ရှေ့ဆက်တာ အကောင်းဆုံးလို့ ခံစားရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးကို အရှိန်အဟုန် မြှင့်တင်တာဟာ တခြားသော အကြောင်းရင်းတွေအတွက် ထိုက်သင့်လို လိုအပ်ချက်တွေ ရှိပါလိမ့်မယ်။ ငွေလဲလှယ်နှုန်းတွေကို သူ့သဘော အလျောက်သာ ဆုံးဖြတ်စီမံခွင့် ပေးလိုက်ရုံပါ။
The current fall of the kyat is really not the problem some people think it is. Indeed, to paraphrase Roosevelt, 'fear' itself is the thing that really needs to be opposed.
Here are my reasons why:
1. What is happening at the moment is overwhelmingly a global story - of a strengthening US dollar against all emerging market currencies (and even rich world ones) reflecting growing risk anxieties. In the time-honoured fashion of increased risk perceptions, there is a flight to the one (liquid) safe haven asset, the $US, pushing up its relative price (exchange rate) against all other currencies. Indeed, the $US is even rising against its only real 'when the chips are down' competitor, that old 'barbarous relic', gold.
2. My estimate, based on peer currency movements, is that in excess of 80% of the kyat's recent decline is entirely explained by this simple 'me too' momentum.
3. The fall in the kyat is in line thus with other currencies (at around 10%, it is much much less than some), but it is true it has fallen marginally more than, say, the Indonesian Rupiah (down about 8%), Indian Rupee (also down about 8%), and the MCSI emerging market currency index (down about 7%).
4. Why has the kyat fallen by slightly more?
a) Myanmar is properly a 'frontier' rather than 'emerging' market. Accordingly, the kyat is perceived as being less liquid than emerging currencies broadly (indeed, in essence, it is not at all legally liquid beyond Myanmar's borders), and thus carries a higher risk premium. Similarly (and reasonably) the country broadly is regarded as slightly riskier than other countries, further down the political and economic reform track.
b) Myanmar has slightly higher inflation than some peer countries. This being the case, one would expect a depreciation in the nominal value of the kyat anyway, in order to maintain the real exchange rate (and purchasing power parity).
c) There are some additional 'technical' factors putting downward pressure on the kyat at the moment - the sugar/diesel re-export business to China, for instance, has recommenced. This results in an outflow of foreign exchange from Myanmar as sugar and diesel are imported, but the corresponding forex inflow upon re-export does not formally take place (the traders in this business keeping their receipts largely across the border in non-tradeable RMB accounts). Similarly, local banks have problems in converting 'physical' $US into $US nostro accounts, thus limiting the 'usable' supply of $US to the wholesale forex market.
So, given all of the above, what to do? In my view, revisit some of the 'technical' problems noted above and fix them, but other than that - nothing at all!
Unlike many emerging markets, Myanmar has very low levels of foreign-currency denominated debt (private sector included), so a falling exchange rate here does not replicate the situation, say, of the Asian economic and financial crisis of 1997/98. What caused that crisis to be so serious was falling local currencies and (necessary for this to be a critical problem) large foreign currency debts. Myanmar does not have much of the latter.
Finally, what could be done anyway?
Myanmar does not have sufficient forex reserves to defend the currency. Should it attempt to do so (using its $US pile to buy kyat, to push up the latter's price), the reserves would be rapidly depleted. Then, Myanmar would face the need simply to free float anyway. Should it use administrative measures to simply 'declare' a legal value of the kyat (and arrest people who traded otherwise), all that would happen would be the immediate emergence of a black market. Again.
A floating exchange brings so many benefits, as Australia (but other countries too!) has demonstrated these past 30 years. More than any other single economic reform decision, the floating of the $A in December 1983 set the country on the path of what is now the longest stretch of sustained economic growth - anytime, anywhere.
So, my feeling is simply to 'keep calm and carry on'. Accelerate all the reforms that are sorely needed for other reasons, and let the exchange rate take care of itself. It will anyway!
Credit - Sean Turnell Facebook
No comments:
Post a Comment