++++++++++++++++++++++++++++++++
နေ့စဉ်နေထိုင်ရှင်သန်နေရတဲ့ မော်ဒန်လောကပတ်ဝန်းကျင်ကြီးမှာ၊ ရုံးမှာ၊ အပေါင်းအသင်းတွေကြားမှာ အမြဲကြားနေရတဲ့လွဲမှားမူ့ကြီးကတော့
"ဝလာတယ်နော်... အင်းဟုတ်တယ်...Diet control လုပ်တောမယ်"
"၁ လခန့်ကြာသော်"
"ပိန်လည်းမသွားဘူးနော်..အရင်ကအတိုင်းဘဲ"
"ဟုတ်တယ်..Diet doesn't work for me"
ဒါဆိုရင် ဒိုင်ယက်(Diet) လုပ်ခြင်းက ဝိတ်မကျနိုင်ဘူးလား?
အစားအသောက်လျော့ခြင်း၊ ထိန်းချူပ်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူမဖြစ်စေပါဘူး။ (ချွင်းချက်။ သင့်တင့်တဲ့ကြွက်သားတည်ဆောက်ပြီးပြီဆိုရင်တော့ ဖြစ်နိုင်ပါတယ်။)
စာရူ့သူအနေနဲ့သိသင့်တာကတော့ ဒိုင်ယက် (Diet)ဆိုတာ နေ့စဉ်စားသုံးယူနေတဲ့အစားအသောက်ကိုခေါ်ဆိုတာဘဲဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေနေ့စဉ်ဆက်မပြတ်ဖြစ်ပေါ်နေစေဖို့ စားသောက်ယူတဲ့အစားအစာများမှ ပရိုတိန်း-အသားဓါတ် (Protein)၊ ကာဗိုဟိုက်ဒြိတ်-ကစီဓါတ်(Carbohydrate)၊ ဖတ်စ်-အဆီဓါတ် (Fats)၊ အိုင်းယွန်း-သံဓါတ် (Iron)၊ ဖိုက်ဘာ-အမျှင် (Fiber)၊ မင်နရယ်-သတ္တုဓါတ်(Mineral)၊ အရည်ဓါတ် (Water)နှင့် ဗီတာမင်ဓါတ် (Vitamin)တို့လုံလောက်မျှတစွာ(well balanced)ရရှိဖို့လိုအပ်ပါတယ်။
ဒိုင်ယက်ပရိုဂရမ်တခုကိုစတင်ပြီဆိုကတည်းက ကြုံတွေ့ရမယ့်ဒုက္ခကတော့ မိမိနှစ်သက်တဲ့အစားအသောက်အရသာမျိုးမဟုတ်တာတော့အသေအချာပါဘဲ။ ယေဘူယျအားဖြင့် အဆီမပါ၊ အချိုမပါ (သကြား၊ အချိုမှုန့်) တဲ့အစားအသောက်ကို ဒိုင်ယက်တွေ နေ့စဉ်စားသုံးဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းသလို၊ ကြိတ်မှိတ်ပြီးစားသုံးယူနိုင်မယ်ဆိုရင်တောင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့အဟာရကို ပြည့်စုံစွာရနိုင်ဖို့ဆိုတာ မေးခွန်းထုတ်စရာပါဘဲ။ ဒိုင်ယက် (Diet)လုပ်ခြင်းဟာ ကိုယ်ခန္ဓာအဆီတက်နေခြင်းကို အဟန့်အတားအဖြစ်မတားဆီးနိုင်ပေမယ့် အတန်အတင့်ကိုယ်အလေးချိန်လျော့ချဖို့အတွက်တော့ ခေတ္တယာယီဖြစ်စေနိုင်ပါတယ်။ ဒိုက်ယက်ရပ်နားလိုက်သည်နှင့်တပြိုင်ထက် ယခင်ကထက်ပိုမိုမြန်ဆန်စွာ ဝလာ၊ အဆီတက်လာတာမျိုးမြင်တွေ့ဖူးမှာပါ။ ဒိုက်ယက်ကြောင့် လျော့ပါးသွားတဲ့အရေပြားအောက်နှင့်ကြွက်သားကြားရှိအဆီအချို့ဟာ လစ်ဟာသွားတဲ့နေရာမှာ ပြန်တက်လာဖို့အလားအလာက ယခင်အနေအတိုင်းရှိနေဆဲဘဲဖြစ်ပါတယ်။
ရေရှည်ကိုယ်ခန္ဓာအလေးချိန်လျော့ကျခြင်းကို ထိန်းသိမ်းစေဖို့ စားသုံးယူလိုက်တဲ့ကယ်လိုရီလောင်ကျွမ်းနိုင်မူ့နှင့် လျော့ပါသွားတဲ့အဆီနေရာကိုကြွက်သားဖြင့်မြန်ဆန်စွာအစားထိုးနိုင်ဖို့လိုအပ်ပါတယ်။ Yale University in New Haven, Conn.,မှ{The LEARN Program for Weight Management (American Health Publishing Co., 2004) }စာအုပ် ရေးသားသူ ပရောဖက်ဆာ မစ္စတာ ကယ်လီဘရောင်းနဲလ် (Kelly Brownell) သုတေသနတွေ့ရှိ ရေးသားမူ့အရ ရုပ်ပိုင်းဆိုင်ရာ သက်ဝင်လှုပ်ရှားမူ့များနှင့်ကမ္မဇီဝဖြစ်စဉ်များဟာ ကယ်လိုရီလောင်ကျွမ်းမူ့ကြောင့် နှလုံးခုန်မူ့ဖြစ်ပေါ်စေပြီး ကယ်လိုရီမရရှိလျှင်နှလုံး မခုန်နိုင်သလို အဆုတ်အလုပ်ဟာလည်း အလုပ်မလုပ်နိုင်ပါဘူး။ နှလုံးမခုန်နိုင်လျှင် ဦးနှောက်လည်းအလုပ် မလုပ်နိုင်ပါဘူး ။
ဇီဝကမ္မဖြစ်စဉ်များပုံမှန်ဖြစ်ပျက်ပီး သက်ရှိခန္ဓာကိုယ်တည်မြဲနေဖို့အတွက် ကယ်လိုရီဟာလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာ အတော်များများမှာ သတိမပြုမိကြပါဘူး။ ပျမ်းမျှခြင်းအားဖြင့် အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက်၊ နှလုံးနှင့်အဆုတ်တို့ပုံမှန်အလုပ်လုပ်နိုင်ရန်အနည်းဆုံးကယ်လိုရီ ၁၀၀၀ မှ ၁၄၀၀ လောက်ထိ လိုအပ်ပါတယ်။ အနည်းဆုံးကယ်လိုရီ လိုအပ်ချက်ကို အနားယူနေစဉ်ဇီဝကမ္မဖြစ်ပျက်မူ့နှုန်း Resting Metabolic Rate( RMR )ဟုခေါ်ဆိုပြီး RMR ဟာ တဦးတယောက်ခြင်း၏ အသက်အရွယ်၊ လိင် ၊ ကိုယ်ခန္ဓာအလေးချိန် ၊ ကြွက်သားထု (muscle mass) ပေါ်မူတည်၍ပြောင်းလဲနေတတ်ပါသည်။ သက်ရှိခန္ဓာတခု လှုပ်ရှား၊ လှုပ်ကိုင်နိုင်ရန်အတွက် အနားယူနေစဉ်ဇီဝကမ္မဖြစ်ပျက်မူ့နှုန်း(RMR) အတွက်လိုအပ်သောကယ်လိုရီအပြင် အပိုအနေဖြင့်ကယ်လိုရီ ၄၀၀ မှ ၆၀၀ မျှထပ်မံလိုအပ်ပါသေးတယ်။ ၎င်းကယ်လိုရီအရေအတွက်ဟာ ပျှမ်းမျှခြင်းအဖြစ်တွက်ချက်ထားတဲ့ရလဒ်တခုပါ။
.
ကလေးငယ်များအတွက် ကယ်လိုရီလိုအပ်ချက်ဟာ အသက်အရွယ်ပေါ်မူတည်နေပါတယ်။ အရွယ်ရောက်ပီးသူများအတွက် ကယ်လိုရီလိုအပ်ချက် အတိအကျသိနိုင်ဖို့ဆိုရင် အသက် ၊ အရပ်အမောင်း ၊ ကိုယ်အလေးချိန် စသည်တို့ကိုအခြေခံပြီး တွက်ချက်နိုင်တဲ့အင်တာနက်အခြေခံပရိုဂရမ်များကို ဂူဂယ်ဒေါ့ကွန်းမှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
http://www.calculator.net/calorie-calculator.html
ခန္ဓာကိုယ်မှလိုအပ်သော၊ လောင်ကျွမ်းနိုင်သောကယ်လိုရီပမာဏထက် နေစဉ်ပိုမိုစားသုံးယူခဲ့မယ်ဆိုလျှင် ပိုလျှံတဲ့ကယ်လိုရီ (Energy)စွမ်းအင်တွေကို အဆီ(Fat Cell)အဖြစ် ကိုယ်န္ဓာကိုယ်ရဲ့အစိတ်အပိုင်းတနေရာရာမှာ အနာဂတ်မှာအသုံးပြုရန်သိုလှောင်ထားလိုက်မှာဖြစ်ပါတယ်။ ဥပမာ။ ကယ်လိုရီလိုအပ်မူ့တွက်ချက်ခြင်းအရ တနေ့တာအတွက် ကယ်လိုရီပမာဏ၂၀၀၀ လိုအပ်တယ်ဆိုပါစို့။ ပျမ်းမျှခြင်းအားဖြင့်ကယ်လိုရီ ၂၅၀၀ ရအောင် နေ့စဉ်စားသုံးယူနေမည်ဆိုလျှင်၊ ကယ်လိုရီ ၅၀၀ ဟာပိုလျှံသောကယ်လိုရီပမာဏဖြစ်ပါတယ်။ ကယ်လိုရီ ၅၀၀ ပမာဏဟာ အဆီ ၂၀ အောင်စ ဖြစ်စေနိုင်သောကြောင့် အချိန်တပတ်ကြာသောအခါမှာ ကယ်လိုလီ ၅၀၀x၇ရက် =၃၅၀၀ ကယ်လိုရီဟာ အဆီ ၁ ပေါင်အဖြစ်ပြောင်းလဲပြီးခန္ဓာကိုယ်ကိုအလေးချိန် ၁ ပေါင်တိုးတက်စေပါတယ်။ ကယ်လိုရီများပြားစွာပါဝင်သော အစားအစာများစားသုံးယူခြင်းကြောင့် အစာအိမ်၏ချေဖျက်မူ့ လုပ်ဆောင်ချက်အပေါ်ဖိအားတခုအဖြစ်သက်ရောက်စေပြီး အဆီပမာဏ၊ သကြားပါဝင်မူ့များဟာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့်ကင်ဆာဖြစ်နိုင်ချေပိုမိုများပြားလာစေပါတယ်။
Diet လုပ်မယ်၊ အစားလျှော့စားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်ဖြင့်
၁-အခြေခံ ကယ်လိုရီလိုအပ်ချက်ကို မလွဲမသွေသိရှိဖို့လိုအပ်ပါတယ်။
၂-ဘယ်လောက်ပမာဏအထိ ကယ်လိုရီဝင်ရောက်လာမူ့ (intake)ကို အန္တာရယ်ကင်းရှင်းစွာလျှော့ချနိုင်မလဲ?
တကယ်တော့ ဝိတ်ချဖို့ဆိုတာ ထင်သလောက်မခက်ပါဘူး။ အများစုဟာနေ့စဉ်စားသုံးမူ့ထဲမှ ပါဝင်လာတဲ့ကယ်လိုရီပမာဏအဝင်/အထွက်၊ပရိုတိန်းနှင့်ကာဗိုဟိုက်ဒြိတ်တို့ရဲ့ အခြေခံသဘောတရားကို နားမလည်သရွေ့၊ နားလည်အောင်မကြိုးစားသရွေ့၊ အနီးကပ်ကြီးကြပ်ပေးမယ့်သူ(nutritionist)မရှိသရွှေ့တော့ ဝိတ်ချဖို့ဆိုတာဆောင်းညအိမ်မက်ပမာ ဆက်လက်ရှည်လျားနေဦးမှာပါ။
ကယ်လိုရီအကြောင်းပြန်ဆက်ကြရအောင်။ ကယ်လိုရီ(စွမ်းအင်)ဖြစ်စေသော အစားအစာအမျိုးအစား ၄ မျိုးမှာ အသားဓါတ်(Protein), ကော်/ကစီဓါတ်(Carbohydrates or Crabs)၊ အယ်ကိုဟောဓါတ်နှင့်အဆီဓါတ်တို့ဖြစ်ကြပြီး ကယ်လိုရီပါဝင်မူ့များမှာ အောက်ပါအတိုင်းဖြစ်ပါသည်
၁- အသားဓါတ် ၁ ဂရမ် = ၄ ကယ်လိုရီ၊
၂- ကစီဓါတ် ၁ ဂရမ် = ၄ ကယ်လိုရီ၊
၃- အယ်ကိုဟောဓါတ် ၁ ဂရမ် = ၇ ကယ်လိုရီ၊
၎- အဆီဓါတ် ၁ ဂရမ် = ၉ ကယ်လိုရီ ယူနစ်
ဗဟုသုတအနေဖြင့်မှတ်သားရမှာကတော့ ဗီတာမင်ဓါတ် (Protein)၊ သတ္တုဓါတ်(mineral)အရည်ဓါတ်(water)နှင့်အမျှင်ဓါတ်(Fiber)တို့၌ ကယ်လိုရီလုံးဝပါဝင်မူ့မရှိပါ။ (အရည်ဓါတ်ဟာ သောက်သုံးရေကိုဆိုလိုခြင်းမဟုတ်ပါ)
လူတိုင်းလူတိုင်း၌ မတူခြားနားသော ခန္ဓာကိုယ် ပေါင်းစပ်ဖွဲ့စည်းပုံနှင့် မတူညီသောဇီဝကမ္မဖြစ်စဉ်မူ့များကြောင့် အနိမ့်ဆုံးကယ်လိုရီလိုချက်ကို သတ်မှတ်ရန်အတွက်တော့ မလွယ်ကူလှပါဘူး။ မည်သိုပင်ဖြစ်စေကာမူ လိင်(ကျား၊မ)အခြေခံအားဖြင့် သုတေသနများ၏တွေ့ရှိအကြံပြုချက်၌ အမျိုးသမီးတဦးအတွက် ကယ်လိုရီပမာဏ ၁၂၀၀ လိုအပ်ပြီး၊ ယောင်္ကျားတယောက်အတွက်ကတော့ ၁၈၀၀ ကယ်လိုရီပမာဏလိုအပ်ပါတယ်။ ကယ်လိုရီပမာဏနည်းပါးစွာ စားသုံးယူများ၌ ကျန်းမာရေးဆိုးဝါးမူ့ပြဿနာများ မလွဲမသွေတွေ့ကြုံရမှာပါ။ ခန္ဓာကိုယ်မှအသက်ရှင်သန်မူ့အတွက်မရှိမဖြစ်လိုအပ်သော စွမ်းအင်ကယ်လိုရီလက်ခံရရှိမူ့နည်းပါးခြင်းကြောင့်၊ ကြွက်သားထုမှာသိုလှောင်ထားသောအင်နာဂျီများကို ထုတ်ယူအသုံးပြုပါတယ်။ စွမ်းအင်နည်းပါးသွားမူ့ကြောင့် ကြွက်သားတင်းမာမူကိုလျော့ကျစေပြီ ၎င်းဖြစ်စဉ်ကို ဇီဝကမ္မဖြစ်စဉ်လျော့ကျခြင်း/ဆုတ်ယုတ်ခြင်း Catabolism ဟုခေါ်ပါတယ်။
ကိုယ်ခန္ဓာအလေးချိန်သည် ကျန်းမာမူ့နှင့်ကယ်လိုရီလောင်ကျွမ်းမူ့ အပေါ် တိုက်ရိုက်ဆက်စပ်လျက်ရှိပါသည်။ ဥပမာ။ ကယ်လိုရီနေ့စဉ် ၂၀၀၀လိုအပ်နေသူဟာ ၁၅၀၀ စားသုံးခြင်းဖြင့် ကယ်လိုရီလိုအက်ချက်၊ ကွာခြားမူ့ ၅၀၀ ကယ်လိုရီကိုအန္တာရယ်ကင်းရှင်းစွာလျှော့ချနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဗိုက်ပြည့်ဝမူ့ခံစားချက်ဖြစ်ပေါ်စေနိုင်သော လပ်တင်(Leptin)ဓါတ်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန်အရေးကြီးပါတယ်။ သုတေသနရှာဖွေတွေ့ရှိချက်အရ ပြည့်ဝဆီလွန်ကဲစွာစားသုံးသူများ၏ အစာအိမ်တွင်းရှိ (Leptin Receptor) ဆာလောင်မူ့စွမ်းအင်နှင့်လက်ခံနိုင်မူ့တုန်ပြန်စွမ်းအင် လပ်တင်ဆဲလ်(Leptin Cells)များဟာ အဆီဖုံးလွှမ်းမူ့ကြောင့် ကောင်းမွန်စွာတုန်ပြန်မူ့မပြုနိုင်ပါဘူး။ ထိုအချက်ကြောင့် အချို့သူများ၌မကြာခဏစားသောက်ပြီး၊ ဗိုက်ပြည့်သောခံစားချက်ကိုအစာအိမ်မှတုန့်ပြန်မူ့မရှိခြင်းကြောင့် ပုံမှန်ထက်ပိုမိုစားသုံးမိပါတယ်။ အဆီကြိုက်နှစ်သက်သူများဟာ ဝိတ်ချဖို့အတွက် ခက်ခဲသူများဖြစ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေပြီဆိုလျှင် Leptin Recepor ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက် မပြည့်ဝဆီဖြင့်ကြော်လှော်ထားသောအစားအသောက်များကို ရှောင်ကျဉ်ပြီး ပုံမှန်ဇီဝကမ္မဖြစ်စဉ်များပြန်လည်ရရှိဖို့ အချိန်ကာလတခုအထိကြာမြင့်မှာပါ။ Leptin Receptor ကောင်းမွန်စွာအလုပ်မလုပ်နိုင်သောအချိန်မှာ ဆာလောင်မူ့၊ဗိုက်ပြည့်မူ့ ခံစားချက်များအပေါ်မှီခိုဘဲ လက်တွေ့ကျကျ သင်္ချာနည်းဖြင့် စားသောက်ချိန်နှင့်ကယ်လိုရီပမာဏကိုတွက်ယူစားသုံးသင့်ကြောင်း အကြံပြုအပ်ပါတယ်။
ဒီဆောင်းပါးကနေပေးချင်တဲ့မက်ဆေ့ကတော့ Diet လုပ်မယ်စိတ်ကူးရင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ကယ်လိုရီလိုချက်ပမာဏကိုသိအောင်ကြိုးစားပါ။ Dietလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ချနိုင်ပေမယ့်အဆီတက်မူ့ကို ရေရှည်မထိန်းသိမ်းနိုင်ပါဘူး။ သင့်တင့်မျှတသောစားသောက်နေထိုင်ခြင်းဟာ ဘဝအတွက်အရေးကြီးဆုံးသော့ချက်တခုပါ။ သင့်တင့်သောကယ်လိုရီပမာဏစားသုံးခြင်းနှင့် အလယ်အလတ်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံခိုင်သောဘဝကိုထိန်းသိမ်းပါ။
စာဖတ်သူအတွက် ဗဟုသုတအနည်းငယ်မျှဖြစ်ခဲ့မည်ဆိုလျှင်ရေးရကျိုးနပ်ပါတယ်။
ဒေါမနစ် (စင်္ကာပူ)
၁၇ ရက် မတ်လ ၂၀၁၇ (SGT 20:55)
Credit: GYM_Professor page
No comments:
Post a Comment