Tuesday, July 18, 2017

အကောင်းဆုံး ဝိတ်ချဆေးရည်

အမျိုးသမီးများအတွက် အကောင်းဆုံး ဝိတ်ချဆေးရည်
++++++++++++++++++++++++++++++++++


 'တော်လေးဝ'နွယ်ဝင် အမျိုးသမီးများအတွက် ကိုယ်အလေးချိန်လည်း ကျဆင်းစေ၊ အသားအရေ လည်း ပြည့်တင်းစေ၊ အဆီပို၊ ဆယ်လူလိုက်တွေ လည်း အမြန်ပျောက်ကွယ်သက်သာစေတဲ့ နည်းကောင်း တစ်ခု ပြောပြချင်ပါတယ်။ အမျိုးသမီးတွေ အတွက်သာမက တော်တော်လေးဝတဲ့အမျိုးသားတွေ ကလေးတွေ လည်း ဘေးကင်းစွာ သုံးနိုင်ပါတယ်။ တခြားနည်းတွေနဲ့ ဝိတ်ချတဲ့အခါ အရေပြားကြီးက ရွတ်တွကြီး (ရှုံ့တွတွ) ဖြစ်ကျန်ခဲ့တော့ အမြင်ဆိုးပါ တယ်။ ဒီနည်းက အဲလိုမဖြစ်စေတာမို့ မလှချင် ကိုလှချင်တို့အတွက် အဆင်ပြေပါ တယ်။ တချို့ ဝိတ်ကျနည်းတွေက ကိုယ်အလေးချိန်တော့ ကျပါရဲ့။ ပေါင်တွေ၊ တင်ပါးတွေ၊ လက်မောင်း၊ လက်ပြင်တွေမှာ စူပွပွနဲ့ ညှစ်ကြည့်လိုက်ရင် လိမ္မော်သီးခွံမျက်နှာ ပြင်လို အဆီပြင် (Cullulite) တွေ ကျန်ရှိ နေခဲ့သေးတာ မို့ 'ဝိတ်ကျကား ကျ၏၊  မလှဘိ' ဖြစ်နေတတ်ပါ သေးတယ်။ ဒီနည်းကတော့ အဲလိုအရုပ်ဆိုးတဲ့ ဆယ်လူလိုက်တွေပါ ပျောက်ကွယ်သွားစေတာမို့ တကယ်သုံးသင့်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

 ရှာရလွယ်ကူမဲ့ Flax Seed (နှမ်းကြတ်စေ့) နဲ့ ရေပဲပါဝင်တာမို့ မခက်ခဲပါဘူး။ နှမ်းကြတ် စေ့က ဗီတာမင်တွေ၊ တွင်းထွက်သတ္တုဓာတ်တွေ၊ ဖက်တီးအက်စစ် (အကျိုးပြုအဆီဓာတ်) တွေ ကြွယ်ဝတဲ့အတွက် ဆေးဖက်ဝင်လှတယ်။ ဒါ့အပြင် နှမ်းကြတ်စေ့က ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး သွေးချိုသကြားဓာတ်ကိုလည်း (Blood Glucose) ကို ကျဆင်းစေလို့ ဆီးချိုသွေးတိုး ရှိသူတွေလည်း အသုံး ပြုသင့်တယ်။ အလွန်အမင်း စားချင်၊ သောက်ချင်တဲ့စိတ်ကိုလည်း ကျဆင်းစေတဲ့ အတွက်လည်း အစားပိုတွေ စားမိပြီး ဝိတ်တက်နေ တာကိုလည်း ကျဆင်းစေတယ်။ ဒါကြောင့် အိုဗာဝိတ် ဖြစ်နေလို့ စိတ်ညစ်နေရသူတွေ အတွက် ဒီနည်းကို အသုံးပြုဖို့ ကုသိုလ်ဖြစ် တိုက်တွန်းချင်ပါတယ်။

ပြုလုပ်နည်း

 ဒီဆေးနည်းကို ညဘက်မှာ ပြုလုပ်ရမှာပါ။ ရေတစ်လီတာကို ဆူပွက်အောင် ပြုလုပ်ပြီး ဆူပွက်လာရင် နှမ်းကြတ်စေ့ စားပွဲတင်ဇွန်း ၃ ဇွန်းလောင်းထည့် ပြီး အနည်ထိုင်အောင် တစ်ညလုံးထားပါ။ ဓာတ်ဘူးထဲ ထည့်ထားရင်တော့ အကောင်းဆုံးပါပဲ။ ဓာတ်ဘူး ထဲမထည့်ချင်လည်း အဖုံးပါတဲ့ ဖန်ဘူးတစ်ခုထဲ ထည့်သိမ်း ထားလို့ ရပါတယ်။ မနက်ရောက်တော့ အစေ့တွေကို ဖယ်ရှားစစ်ထုတ်လိုက်တဲ့အခါ နည်းနည်းချွဲပြီး ခပ်ပျစ်ပျစ် အရည်တွေ ရလာပါလိမ့်မယ်။

သောက်သုံးနည်း

 အထက်ပါ နှမ်းကြတ်စေ့ပြုတ်ရည်ကို တစ်နေ့ လုံး သောက်ရမှာပါ။ အစာမစားခင် နာရီဝက်ကြိုတင် ပြီး တစ်ခါသောက်ရင် ၁၅ဝ မီလီမီတာနှုန်းနဲ့ တစ်နေ့ ၃ ကြိမ်၊ ၄ ကြိမ် သောက်ပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့စာကို ညစဉ် အထက်ပါအတိုင်း ပြုလုပ်ပြီး သောက်သုံးမှသာ လတ်ဆတ်ပြီး အာနိသင်ပြည့်ဝတာ ရရှိမှာပါ။

သောက်သုံးရမယ့်ကာလ

 နှမ်းကြတ်စေ့ပြုတ်ရည်ကို ၁ဝ ရက်ဆက်တိုက် ပြုလုပ်သောက်သုံးသင့်ပြီး ၁ဝ ရက် နားထားရမယ်။ လိုချင်တဲ့ ကိုယ်အလေးချိန်ကျန်းမာရေးနဲ့ ညီညွတ်မယ့် ဝိတ်အထိ မရောက်သေးရင် ၁ဝ ရက်နားပြီးတဲ့အခါ အထက်ပါနည်းအတိုင်း စနစ်တကျပြုလုပ်ပြီး ၁ဝ ရက်ဆက်တိုက် ပြန်သောက်ရပါမယ်။

 ဒီနည်းသောက်ခြင်းအားဖြင့် မလိုလားအပ်တဲ့ ဝိတ်ပိုတွေ၊ ဆယ်လူလိုက်တွေ ကျဆင်းပျောက်ကွယ် သွားမယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ကို အန္တရာယ်ကင်းကင်းနဲ့ ရရှိမယ်။ တချို့ပိန်ဆေး တွေက မူးမေ့လဲတာတို့၊ အသက်အန္တရာယ်ပေးတာ တို့ရှိတဲ့အတွက် သူများပြောတာနဲ့ ပိန်ဆေးတွေ လိုက် မသောက်သင့်ဘူး။ စာရေးသူတို့ ငယ်စဉ်တုန်းက Carpenter ဆိုတဲ့ အဆိုတော်အမျိုးသမီးတစ်ယောက် ဟာ ပိန်ဆေးသောက်လို့ အသက်ဆုံးရှုံးရတာ ကြားသိ လိုက်ရဖူးတယ်။ ဒါကြောင့် ပိန်ဆေးဆိုပြီး အရမ်း ကာရော ကိုယ်ထင်သလို လျှောက်မသုံးသင့်ဘူး။

 ဝိတ်ကောင်းကောင်းကျစေဖို့ ၁ဝ ရက်သောက်၊ ၁ဝ ရက်နား Cycle ကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ ကိုယ်ရဲ့ ဝလွန်းတဲ့အခြေအနေပေါ် မူတည်ပြီး သောက်သုံးသင့်တယ်။ မိမိရဲ့ အရပ်အမောင်း၊ အသက်နဲ့လိုက်ပြီး ရှိသင့်တဲ့ကျန်းမာရေး၊ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ကျွမ်းကျင်နားလည်တဲ့သူဆီမှာ တိုင်ပင်မေးမြန်းလို့ ရပါတယ်။ အဲဒီပြုတ်ရည်သောက် နေစဉ်အတောအတွင်း ရေများများ နေ့စဉ် ၃ လီတာ အနည်းဆုံးထား သောက်ပေးရမယ်။ ဒါမှ အဆိပ် အတောက်တွေ ပိုလျှံအဆီတွေ ဆီး၊ ဝမ်းတွေထဲ ပါသွားပြီး စွန့်ပစ်နိုင်မှာ ဖြစ်တယ်။ နှမ်းကြတ်စေ့ ပြုတ်ရည်က အစားစားချင်စိတ်လျှော့စေတာမို့ မနက် ခင်းစာ (Breakfast), နေ့လယ်စာ (Lunch), ညစာ (Dinner) မစားခင်တွေမှာ အဓိကထား သောက်ပေးသင့်တယ်။ ဒါဆိုရင် ဝိတ်ကျတာ သိသိသာသာ မြန်ဆန်လာမယ်။ တချို့လူတွေက ဒီအတိုင်း မသောက်ချင်ဘူးဆိုရင် တစ်ခါသောက် ဆေးရည်ထဲ ကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက် (နည်းနည်း လေး) ထည့်ဖျော်ပြီး သောက်ပေးနိုင်တယ်။

 ပြောတဲ့အတိုင်း သေချာလိုက်နာရင် အရေပြားမှာ ကောင်းတဲ့အပြောင်းအလဲတွေ စမြင်လာရတယ်။ အရေပြားဟာ ချောမွေ့တင်းရင်းလာပြီး ဝိတ်ကျသွား ပေမဲ့ လျော့တွဲကြီးဖြစ်မသွားတာ တွေ့ရတယ်။ တချို့ ဝိတ်ချဆေးတွေက ကိုယ်အလေးချိန်ကျသွားတာနဲ့ အတူ ဗိုက်သားတွေ လက်မောင်းနဲ့ ပေါင်တွေမှာ လျော့တွဲတွဲနဲ့ မျက်နှာကလည်း မျက်တွင်းချောင်ကျ၊ ပါးချောင်ကျနဲ့ အတော်ရုပ်ဆိုးစွာ ကျန်ခဲ့နိုင်ပါတယ်။ အခု နှမ်းကြတ်စေ့ကတော့ အဲဒီလို ရုပ်ပျက်ဆင်းပျက် မဖြစ်စေဘဲ တင်းတင်းရင်းရင်း အရေပြားနဲ့ လှပစွာ ဝိတ်ကျတာတွေ့ရတယ်။ ဒါအပြင် ပွစိစိဖြစ်နေတဲ့ ဆယ်လူလိုက်အဆီပြင်တွေလည်း ကျစ်လစ်တင်းရင်း လာတာ မြင်ရတယ်။ ထူထဲနေတဲ့ လိမ္မော်သီးခွံ မျက်နှာပြင်နဲ့ ဆယ်လူလိုက်တွေရှိတဲ့နေရာမှာ အဆီ ထုထည်နည်းပါးသွားစေတယ်။
 ဒီလောက်ကောင်းတဲ့ (ဖလက်ဆီ) နှမ်းကြတ်စေ့ ပြုတ်ရည်ကို မသုံးသင့်တဲ့သူတွေ ရှိပါသေးတယ်။

 အသည်းရောဂါရှိသူတွေ အသည်းပင်ပန်းနေတဲ့ ရောဂါပြင်းထန်သူတွေ Liver Failure ရနေသူတွေ အသည်းရောင်အသားဝါဖြစ်နေသူတွေတော့ မသုံး သင့်ဘူး။ ဒါပေမဲ့ မသုံးမဖြစ်သုံးချင်ရင် ပြုတ်ရည် ပမာဏလျှော့ပြီး ဥပမာ- 150 CC အစား 50-100 U တစ်ကြိမ်သောက်ပမာဏနဲ့ တစ်နေ့ ၂-၃ ကြိမ်ခန့် သာ သောက်ပေးရမယ်။ ရောဂါပြင်းထန်မှု အတိုး အဆုတ်ကိုလည်း သေချာစောင့်ကြည့် အကဲ ခတ်နေဖို့  လိုပါတယ်။ နောက်ထပ်မသုံးစွဲသင့်သူတွေ ကတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေသူတွေဆိုရင်လည်း သတိနဲ့ သုံးချင် သုံးနိုင်တယ်။ ဘာလို့လဲဆိုတော့ နှမ်းကြတ်စေ့ ကိုယ်တိုင်က ကျောက်တွေကို တွန်းထုတ်စွန့်ပစ်ပေး နိုင်စွမ်း ကောင်းကောင်းရှိတော့ ကျောက်တွေနေရာရွေ့ ပြီး နာကျင်မှုလမ်းကြောင်း ကျဉ်းတဲ့နေရာရောက်ရင် ပိတ်ဆို့မှုဖြစ်စေနိုင်လို့ ဖြစ်တယ်။

 အထက်ပါနှစ်မျိုးကလွဲရင် ကျန်အိုဗာဝိတ်များ နှမ်းကြတ်စေ့ပြုတ်ရည်ကို အညွှန်းအတိုင်း စိတ်ချ လက်ချ သုံးစွဲနိုင်ပါတယ်။
 နောက်တစ်ခုအကြံပေးချင်တာက အဝလွန်တယ် ဆိုတာ မြန်ဆန်ပေမဲ့ ဝိတ်ပြန်ချရတာ အချိန်ယူရတတ် ပါတယ်။ ဒါကြောင့် အဝမလွန်အောင် အစားအစာ သင့်ရုံသာစားပြီး အချိုကဲတာအားလုံး ရှောင်သင့်ပါ တယ်။ သွယ်လက်လှုပ်ရှားတဲ့နေထိုင်မှုဟန်ပန်ကို ရွေးချယ်သင့်ပြီး အားကစားတစ်ခုခုကိုလည်း နေ့စဉ် လေ့ကျင့်လှုပ်ရှားသင့်တယ်။ အထိုင်၊ အအိပ် အကြာ ကြီးအချိန်မဖြုန်းသင့်ဘဲ စားတဲ့ပမာဏနဲ့ သုံးတဲ့စွမ်းအင် Energy ပမာဏမျှတအောင် စားသောက်နေထိုင်ရင် ကိုယ်ခန္ဓာအလေးချိန် သင့်တော်ရုံနဲ့ ကျန်းမာရေး ညီညွတ်တဲ့ဝိတ်မှာ အမြဲတမ်းထိန်းထားနိုင်ပါလိမ့်မယ်။
 နှမ်းကြတ်စေ့ပြုတ်ရည်နဲ့ ဝိတ်ချပြီးရင်လည်း ဝိတ် ပြန်မတက်အောင် ဖော်ပြပါအတိုင်း အနေအထိုင်၊ အစားအသောက် ဆက်လက်ဆင်သွားရင် အဝလွန် 'ခင်စန္ဒာသက်ချိုပြုံး' ပိုင်ရှင်တွေ မဖြစ်လာနိုင်တော့ ပါကြောင်း တိုက်တွန်းနှိုးဆော်ပေးလိုက်ပါတယ်။

ဒေါက်တာမြချယ်ရီ

No comments: