Friday, May 5, 2017

Thai Style Glass Noodle Salad and ၀က်သားကင်ချဉ်ငံစပ်သုပ်


ဝက်သားကင်ချဉ်ငံစပ်သုပ်

Ingredients:
ဝက်သား (အဆီအခေါက် မပါ) (အသားကောင်းကောင်း)  ၁၅ ကျပ်သား
ခရုဆီ  ထမင်းစားဇွန်း ၁ဇွန်း
ဆား အနည်းငယ်
ဆီ အနည်းငယ်
ဆန်လှော်မှုန့်  အနည်းငယ်
ငရုတ်ကောင်းမှုန့် အနည်းငယ်
ကြက်သွန်နီအနေတော် ၁လုံး
ဆလတ်ရွက် အနည်းငယ်
ခရမ်းချဉ်သီး ၁လုံး
ပူစီနံ ၁စည်း
နံနံပင် အနည်းငယ်
ငရုတ်သီးအကျက်မှုန့်  ထမင်းစားဇွန်း ၁ဇွန်း
ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း အနည်းငယ်
သံပုရာသီး ၁လုံး
ကောက်ညှင်းအဖြူပေါင်း


Preparation Method:
၁) ၀က်သားကို သန့်စင်ပြီး အပြား ပါးပါးလေးတွေ ရအောင် လှီးပါ။  ခရုဆီ နှင့် ဆား အနည်းငယ် တို့ဖြင့် နယ်ပါ။


၂) မကပ်တဲ့ ဒယ်အိုးထဲ ဆီ ပါလေကာ ထည့်ပြီး နှံ့ အောင် သုတ်လိမ်းပါ။ မီးအနေတော်ဖြင့် အသားတွေကို ထည့်ပြီး ကင်ပါ။ တစ်ဖက် ကျက်မှ နောက်တစ်ဖက် ပြောင်းပါ။ ကျက်သွားလျှင် အအေးခံ ပါ။ (လျှပ်စစ်အကင်အိုးဖြင့် ကင်ထားပါသည်)


၃) ကြက်သွန်နီကို ပါးပါးလှီးပြီး ဆားရေစိမ်ပါ။ ဆန် အနည်းငယ်ကို လှော်ပြီး ထောင်းပါ။ ဆန်လှော်မှုန့် ထဲကို  ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး ရောပါ။
၎) ပူစီနံ၊နံနံပင်၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး နှင့် ငရုတ်သီးစိမ်းတို့ ကို ပါးပါးလှီးပါ။

၅) နယ်မည့်ပန်းကန်ထဲသို့  အစာပလာ အားလုံးထည့်၊ ငါးငံပြာရည်၊ ငရုတ်သီးအကျက်မှုန့်၊ သံပုရာရည် ထည့်ပြီး အသာမွှေပါ။
၆) ကင်ထားသော အသားတွေထဲကို အသာလောင်းထည့်ပြီး ရောနယ်ပါ။ အရသာ အပေါ့အငန် လိုသလို ပြင်ပါ။

ဝက်သားကင်ချဉ်ငံစပ်သုပ်ကို ကောက်ညှင်းအဖြူပေါင်းပူပူလေးနှင့် တွဲဖက်စားလျှင် အလွန်လိုက်ဖက်ပါတယ်ရှင်။

Kae Kae

ယိုးဒယားပြဲကာဇံသုပ် ♡ 
Thai Style Glass Noodle Salad


❀ ❀ ❀
ယိုးဒယားအစားအစာထဲကနာမည်ကြီးလူကြိုက်များတဲ့အသုပ်လေးဖြစ်ပါတယ်။ဆိုင်ကြီးအတော်များများတွင်ရရှိနိုင်ပြီးအစာပြေအဖြစ်လည်းသီးသန့်စားကြသလိုဟင်းအဖြစ်လည်းသုံးဆောင်လေ့ရှိပါ တယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူပြီးချဉ်ချဉ်စပ်စပ်အရသာစွဲမက်ဖွယ်ယိုးဒယားပဲကြာဇံသုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အခုသုပ်ထားတာကတော့အရောင်ဆန်းလေးနဲ့စားချင်စဖွယ်ဖြစ်အောင်အောင်မဲညိုပန်း(Butterfly Pea Flower )ရဲ့သဘာဝအရောင်လေးနဲ့ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
******
ပဲကြာဇံ - လက်တဆုပ် (တပွဲစာ)
ကြက်သား - ၅၀ ဂရမ် (စင်းထား)
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း(အကြီး)
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
သံပုရာရည် - တစ်ဇွန်း စားပွဲဇွန်း
အချိုမှုန့်သကြားအရော - လ္ဘက်ဇွန်း တစ်ဇွန်း
(သို့)ဟင်းခပ်မှုန့်သကြား

ပြင်ဆင်ပြုလုပ်ပုံ
**********
၁•ဦးစွာပဲကြာဇံအခြောက်ကိုရေစိမ်ထားပါ။
၂•ပါဝင်ပစ္စည်းများမှကြက်သားကိုစင်းထားပါ။ကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပါ။ပါဝင်ပစ္စည်းအားလုံးကြက်သားမှအပပန်းကန်တခုတွင်ထည့်ထားပါ။
၃•လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကြာဇံနှင့်ကြက်သားကိုထည့်ပြုတ်ပါ။
၎•ကြာဇံပျော့ပါကအိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။ပန်းပြုတ်ထားသောအရောင်ကိုအသုံးပြုလိုပါကကြာဇံကိုသိးသန့်ပြုတ်ပြီးပြုတ်ထားသောပန်းအရည်ထဲတွင်ခဏစိမ်ပေးပါ။
၅•ပြီးလျှင်ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုထည့်ပြီးငံပြာရည်၊အချိုမှုန့်သကြား၊သံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။
မှတ်ချက် ။ အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။
..........
Sofia(21.04.2017)
http://sofiafoodparadise.blogspot.com

No comments: