Friday, May 12, 2017

အသားပြွမ်းသောက်ဆမ်း - မုန်ညင်းခရုဆီကြော် - ကြက်သားပဲငါးပိကော်ရည်ခေါက်ဆွဲသုပ်

ကြက်သားပဲငါးပိကော်ရည်ခေါက်ဆွဲသုပ်
...........................



ပါဝင်ပစ္စည်းများ
- ကြက်သားပြုတ် (အသားနွှင်ပြီး) - ၃၀ဝ ဂရမ်
- ပဲငါးပိချို - စားပွဲဇွန်း ၁ ဇွန်း
- ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပြာရည် (အနောက်) - စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်ဖြူ - ၆ တက်
- ကြက်သွန်နီ - ၂ လုံး
- နှမ်း - စားပွဲဇွန်း ၁ ဇွန်း
- ဆီ - စားပွဲဇွန်း ၆ ဇွန်း
- နန်းကြီးခေါက်ဆွဲ - ၆၀ ဂရမ်
- ပဲပင်ပေါက် - ၂၀ ဂရမ်
- ကော်မှုန့် - စားပွဲဇွန်း ၄ ဇွန်း
- ရေ - ၂၀ဝ မီလီ
- မြေပဲဆံ (ကြော်ပြီး) - စားပွဲဇွန်း ၁ ဇွန်း
- ခရမ်းချဉ်သီး - ၁ လုံး
- နံနံပင် - ၂ ပင်ခန့်

ပြုလုပ်နည်းအဆင့်ဆင့်
အနှစ်ချက်ရန်
၁။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဆီသတ်ပါ။ အနံ့မွှေးကြိုင်လာပြီဆိုရင် ကြက် သားထည့်ပါ။
၂။ ကြက်သားအနည်းငယ်ြွကပ်လာပြီဆိုရင် ပဲငါးပိ၊ ခရုဆီ၊ ပဲငံပြာရည် (အနောက်)၊ ငရုတ် ကောင်းမှုန့်နှင့် လိုအပ်တဲ့ အချို၊ အငန် အရသာများကို ချိန်ဆထည့်ပေးပါ။
၃။ ရေကို လိုအပ်သလိုချိန်ပြီး ထည့်ပါ။ အရသာမှာ ဆိမ့်ပြီး ပဲငါးပိအနံ့လေး သင်းနေပြီဆိုရင် အအေးခံထားပေးပါ။

ကော်ရည်ဖျော်ရန်
၁။ ကော်မှုန့်ကို ရေဖျော်ပါ။
၂။ ကော်ရည်ရပြီဆိုရင် ဒယ်အိုးထဲမှာ ရေကိုဆူအောင်တည်ပြီး ကော်ရည်ထည့်ပြီး ပျစ်အောင်ကျို ပေးပါ။
၃။ ရပြီဆိုရင် အအေးခံထားပါ။ ပဲပင်ပေါက်ကိုရေနွေးဖျောထားပါ။
၎။ အားလုံးရပြီဆိုရင် ပန်းကန်ထဲမှာ နန်းကြီးခေါက်ဆွဲ၊ ကြက်သားပဲငါးပိနှစ်၊ ကော်ရည်၊ မြေပဲဆံ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးနဲ့ နံနံပင်နုပ်နုပ်စဉ်းပြီး နှမ်းဖြူးထည့်ပေးပြီးရင်တော့ အရသာရှိလှတဲ့ ကြက်သားပဲငါးပိကော်ရည်ခေါက်ဆွဲသုပ်ကို ရရှိမှာပဲ ဖြစ်ပါတယ်။
............................
အံ့ဝင့်ထွဋ် (MRTV-4)

အသားပြွမ်းသောက်ဆမ်း
..............................



 ဒီချက်နည်းကတော့ ရေခဲသေတ္တာထဲတွေ့သမျှ အသားငါးအားလုံးပစ်ထည့်ပြီး လုံးချက်ရတဲ့နည်းလေးပါ။ အထူးတလည်အားထုတ်စရာမလိုဘဲ ရေခဲသေတ္တာ ရှင်း လင်း ရေးလုပ်ရင်းဟင်းတစ်ခွက်ဖြစ်သွားမယ့် ဟင်းချက် နည်းဖြစ်ပြီး ရာသီနဲ့လိုက်ဖက်မယ့် ရှူးရှဲသောက်ဆမ်းပုံစံ လေး ချက်ပြထားပါတယ်။

ပါဝင်ပစ္စည်များ
- ကြက်သွန်နီ - ၁ ဥ
- ကြက်သွန်ဖြူ - ၄ တက်
- ငရုတ်သီးစိမ်း - ၁၀ တောင့်
- နံနံပင်အမြစ် - ၄ ခု
- စပါးလင် - ၂ ချောင်း (အတွင်းသားနုနုလှီးပြီး)
- စားထန်းလျက် - ၁ လုံး (အားလုံးရောပြီးညက်အောင်ထောင်းထားပါ)
- အသား၊ ငါး၊ ပုစွန်ရှိသမျှရောရာ - ပန်းကန်လုံး ၂ လုံး
- စိမ်းစားငါးပိ - ကွမ်းသီးလုံးခန့်
- ဆား - အနည်းငယ်
- နနွင်းမှုန့် - အနည်းငယ်
- ငံပြာရည် - အနည်းငယ်
- ဆီ - အနည်းငယ် (အားလုံးရောနယ်ထားပါ)
- မန်ကျည်းမှည့်ရည်   - ပန်းကန်လုံး ၁ လုံး
- နံနံပင် - ၄ ပင်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ထောင်းထားသောအစာများနဲ့ အရသာသွင်းထား သော အသားများအိုးတစ်လုံးတွင် ရောနယ်ပြီး မီး ပျော့ပျော့နှင့် လုံးထားပါ။ အရည်များထွက်ပြီး အသားမာလာလျှင် ရေနွေးဆူဆူခပ်ပြီး တည်ထား ပါ။
၂။ အရည်ဆူဆူမှာအရသာမြည်းပြီး မန်ကျည်းမှည့် ထည့်ပါ။ အရသာလိုသလိုချိန်ညှိပြီး နံနံပင်ခတ်ပြီး ချက်ပြုတ်ခြင်းကိုအဆုံးသတ်နိုင်ပါပြီ။
........................
ကိုသစ်ထူး
(My Foodies)

မုန်ညင်းခရုဆီကြော်
...........................


 ဈေးထဲမှာအဝါရောင်အပွင့်တွေပါတဲ့ မုန်ညင်းတွေ့ ပြီဆိုရင် မဝယ်ရမနေနိုင်ပါ။ ကြော်စား၊ ပေါင်းစားနိုင်တဲ့အပြင် ကြာဆံကြော်၊ ခေါက်ဆွဲကြော်မှာလည်းထည့်နိုင်တယ်။ ခုပြောပြမယ့်နည်းလေးကတော့ လွယ်ကူမြန်ဆန်တဲ့ နည်းဖြစ်သလို ခရုဆီနဲ့ကြော်မှာ ဖြစ်တဲ့အတွက် အင်မတန်မှအရသာရှိပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်
- မုန်ညင်းဖူး - 200 gm
- ကြက်သွန်ဖြူ - 20 gm (နုပ်နုပ်စဉ်းထားပါ)
- ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
- ဆီ - စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှည့်အတောင့်ရှည်  - ၁ တောင့်

ဆော့စ်စပ်ရန်အတွက်လိုအပ်တာတွေကတော့
- ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁ ဇွန်း
- ခရုဆီ  - စားပွဲဇွန်း ၂ ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ကြော်ပါ။
၂။ နီညိုရောင်သန်းတာနဲ့ မီးဖိုပေါ်မှချပြီးအပူခံတဲ့ခွက်ထဲလောင်းထည့်ထားပါ။
၃။ ဆော့စ်စပ်ဖို့အတွက် ခွက်အသေးတစ်လုံးကိုယူပြီးပဲငံပြာရည်အကြည်၊ ခရုဆီ၊ သကြားထည့်ပြီးမွှေထားပါ။
၎။ မုန်ညင်းရေနွေးဖျောဖို့အတွက် ရေနွေးအိုးတည်ပါ။
၅။ ရေဆူသည်နှင့် မုန်ညင်းဖူးထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။
၆။ ၂-၃ မိနစ်လောက်ရေနွေးဖျောပြီးရင် ဆယ်ထားပါ။
၇။ ပြီးရင် စပ်ထားတဲ့ဆော့စ်ကိုမုန်ညင်းဖူးပေါ်လောင်းပါ။ ပြီးရင် ကြက်သွန်ဖြူဆီချက် လောင်းပါ။
၈။ ပြီးရင် ငရုတ်သီးမှည့်အတောင့်ရှည်ကိုပါးပါးလှီးပြီးထည့်ပါ။
......................................
Delicious Food From All Over The World By
MyintOoTha

Credit: Myanmar Food Magazine 

No comments: