Sunday, April 9, 2017

သင့်ပစ္စည်းတွေပိုရောင်းရဖို့ ဆိုင်ကိုဘယ်လိုပြင်ဆင်ကြမလဲ

သင့်ပစ္စည်းတွေပိုရောင်းရဖို့ ဆိုင်ကိုဘယ်လိုပြင်ဆင်ကြမလဲ (၁)


Retail လုပ်ငန်းတွေ အင်အားကောင်းလာတဲ့အချိန်မှာ
သင့်ဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်ဒီဇိုင်း ကွဲပြားခြားနားမှု
ကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်လာတယ်ဆိုတာကို သိလာ
ရတော့မှာပေါ့။ဘာပဲဖြစ်ဖြစ် သင့်လုပ်ငန်းတိုးတက်ပြီး ပစ္စည်းတွေပိုမိုရောင်းရဖို့အတွက် လက်လီရောင်းချသူတွေလုပ်လေ့လုပ်ထရှိတဲ့ အခြေခံဒီဇိုင်းနည်းလေးတွေကိုတော့သိထားသင့်ပါတယ်။

အဓိကအနေနဲ့ကတော့ ဈေးဝယ်သူတွေ မိမိဆိုင်ကိုလာဖို့
ဆွဲဆောင်နိုင်ရမယ် လာခဲ့ရင်လဲ လိုချင်တဲ့ပစ္စည်းတွေ ရှာဖွေ
နေရမယ် ပြီးရင်တော့ ခြေလှမ်းတွေကငွေရှင်းတဲ့ကောင်တာဆီကို ဦးတည်နေရမယ်။သင့်စိတ်ထဲမှာသိထားရမှာကလူတစ်ယောက်ဟာသင့်ဆိုင်ထဲ ၀င်လာလိုက်တဲ့အချိန်မှာပဲ ၀ယ်မယ်မ၀ယ်ဘူး
ဆိုတာကို ဆုံးဖြတ်ဖို့အတွက် သင့်ဆိုင်ရဲ့ စမတ်ကျတဲ့အပြင်အဆင်က အရင်ဆုံးကူညီပေးနေတယ်ဆိုတာကတော့ လုံးဝသေချာပါတယ်။

ဝင်ဝင်ခြင်းနေရာ - - - - -

ဝင်ဝင်ခြင်းနေရာ တနည်းအားဖြင့် "decompression zone" လို့ခေါ်ကြတယ်။အဲ့နေရာလေးကဈေးဝယ်သူတွေသင့်ဆိုင်ထဲဝင်ဝင်ချင်းပထမဆုံးထိတွေ့ရမယ့် နေရာတစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ၅ ပေကနေ ၁၅ ပေလောက်ထိနေရာယူပြသထားလို့ရပေမယ့် သင့်ဆိုင်ရဲ့အကြီးအသေးပေါ်လဲ မူတည်ပါသေးတယ်။ အဲ့နေရာလေးဟာဈေးဝယ်သူတွေ ဆိုင်အပြင်ဘက်ကနေ သင့်ဆိုင်အတွင်းထဲကိုဝင်ရောက်ဖို့အတွက်ဆုံးဖြတ်ပေးမယ့် ပေါင်းကူးတံတားလေးတစ်ခုလဲဖြစ်ပါတယ်။ဈေးဝယ်သူတွေဟာ သင့်ဆိုင်ရဲ့ မီးအလင်းအေ၇ာင် ၊ပြင်ဆင်မှုတွေ ၊ ပြသထားမှုတွေနဲ့ ကာလာတွေရဲ့ လိုက်ဖက်မှုတွေကိုကြည့်ပြီး သင့်ဆိုင်ရဲ့ တန်ဖိုးကို အကဲဖြတ်ပေးမယ့်နေရာလေးတစ်ခုလဲ ဖြစ်ပါတယ်။အရင်ကဆို ၀င်ဝင်လာချင်းနေရာမှာပဲ ပစ္စည်းတွေကိုပြသထားတော့ ဈေးဝယ်သူတော်တော် များများဟာ အဲ့ပစ္စည်းတွေကို
ကျော်ပြီးဆိုင်အတွင်းကိုပဲ ၀င်သွားကြတဲ့ အတွက်ဖြစ်ပါတယ်။

ပြီးတော့ ညာဘက်ကိုသွား - - - - -

North America မှာရှိတဲ့ လက်လီဈေးကွက်ကနေ သိရှိလာတဲ့
အချက်ကတော့၉၀ ရာခိုင်နှုန်းသော ဈေးဝယ်သူတွေဟာ
ဆိုင်ထဲကိုဝင်လိုက်တာနဲ့ သူတို့ရဲ့ခြေလှမ်းတွေကိုဆိုင်ရဲ့
ညာဘက်ခြမ်းဆီကို မရည်ရွယ်ကြဘဲနဲ့  ဦးတည်နေကြတယ်
ဆိုတာပါပဲ။ ပထမဆုံးမြင်ရတဲ့နံရံကို "Power Wall" လို့ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ သင့်ရဲ့ အဓိက အရေးကြီးဆုံး ဦးစားပေးချင်ဆုံးပစ္စည်းတွေကို ပြသရမယ့်နေရာပဲဖြစ်ပါတယ်။ ပြသတဲ့အခါမှာလဲ မိမိအထူးအာရုံစိုက်စေချင်တဲ့ ဘယ်ပစ္စည်းကိုပြမယ် ပြီးတော့ ဘယ်လိုပုံစံလေး ပြလိုက်မယ်ဆိုတာကိုတော့ ကြိုတင်ပြင်ဆင်ထားဖို့လိုလာပါတယ်။ဥပမာ ။ ပစ္စည်းအသစ်ပဲဖြစ်ဖြစ် ၊ ရာသီနဲ့လိုက်ဖက်တဲ့ပစ္စည်းပဲဖြစ်ဖြစ် ၊အမြတ်များများရတဲ့ ပစ္စည်းဖြစ်ဖြစ် ဒါမှမဟုတ် အ၀ယ်များတဲ့ပစ္စည်းပဲဖြစ်ဖြစ် ဈေးဝယ်သူရဲ့ ၀ယ်ချင်စိတ်နှိးဆွပေးဖို့ နဲ့ အာရုံစိုက်ခံရဖို့အတွက် Stories ပုံလေးတွေ ဒမှမဟုတ် အကျဉ်းချုန်းပြသတဲ့ ဒီဇိုင်းလေးတွေ နဲ့ဆိုရင်တော့ တကယ့်ကို အကောင်းဆုံးဖြစ်သွားတာပေါ့။

သင့်ပစ္စည်းတွေပိုရောင်းရဖို့ ဆိုင်ကိုဘယ်လိုပြင်ဆင်ကြမလဲ (၂)

လမ်းလျောက်ခိုင်းပါ . . . . . .

ဒါကတော့ သင့်ဆိုင်ရဲ့ပုံစံအနေအထား အကျဉ်းအကျယ်ပေါ်တော့မူတည်ပါတယ်။ခုနကအဆင့်ဖြစ်တဲ့ ဈေးဝယ်သူ ညာဘက်ကွေ့လာပြီးရင်နောက်ထပ်လုပ်ရမှာက သင့်ဆိုင်ရဲ့ ကုန်ပစ္စည်းတွေကိုကြည့်ဖို့အတွက် ဈေးဝယ်သူလျှောက်လာဖို့ လမ်းကြောင်းတွေ
ပြင်ဆင်ပေးရတာ့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းတွေက ၀ယ်ယူနှုန်းတိုးလာမယ်လို့ အာမမခံနိုင်ပေမယ့်လည်း လမ်းကြောင်းလေးတွေလုပ်ပေးထားတာဟာ ဆိုင်မှာလူများပြီး ကျပ်နေတာကို
ပြေလျော့သွားစေမယ့် နည်းတစ်ခုလဲဖြစ်ပါတယ်။

ဆိုင်တော်တော်များများကတော့ ညာဘက်ခြမ်းကနေပတ်လည်
လမ်းကြောင်းပုံစံနဲ့ ဈေးဝယ်သူကို လျှောက်စေပြီး ဆိုင်နောက်
ရောက်သွားရင်တော့ ရှေ့ကိုပတ်ပြီး ပြန်လည်လျှောက်စေတဲ့
နည်းလမ်းကိုသုံးကြပါတယ်။တစ်ချို့ကျတော့လဲ လမ်းကြောင်းကို
ကွဲပြားတဲ့ပစ္စည်းဒီဇိုင်းလေးတွေ ပြီးတော့ ကြမ်းခင်းပုံစံလေးတွေနဲ့ပဲအလွယ်တကူ ခွဲခြားထားကြပါတယ်။ ကြားဖူးတဲ့စကားပုံလေးအရဆိုတော့ "where the eyes go,the feet will follow" ပေါ့။

နောက်ထပ်သိထားရမှာကတော့ အဲ့သည့်နည်းလမ်းလေးတွေဟာဈေးဝယ်သူတွေကို ကိုယ်သွားစေချင်မယ့်နေရာကို
 သွားစေဖို့အတွက်လမ်းကြောင်းတွေကို မိမိစိတ်ကြိုက်
ဖန်တီးနိုင်တာပါပဲ။ အဲဒီတော့ လမ်းကြောင်းရဲ့အဆုံးမှာ
မျက်စိပဒေသာရစေမည့်အပြင်အဆင်တွေ ပြီးတော့
အာရုံဖမ်းစားနိုင်မယ့် ပစ္စည်းတွေ ပြသထားနိုင်တာပေါ့။

ခြေလှမ်းတွေနှေးနေဖို့လဲလိုသေးတယ် . . . . . . .

သင့်ရဲ့အချိန်တွေ၊ အားအင်တွေ ထည့်သွင်းပြီးကြိုးစား
ရခြင်းရဲ့လိုချင်တဲ့ ရလာဒ်ကတော့ သင့်ရဲ့ကုန်ပစ္စည်းတွေ
တစ်ခုမကျန်ရောင်းထွက်ဖို့ပဲဖြစ်လောက်ပါတယ်။
အဲဒီတော့ အခြေခံအားဖြင့် ဈေးဝယ်သူတွေ ရပ်ငေးနေစေ
ဖို့အတွက် အမှတ်အသားတွေ ၊အထူးပစ္စည်းတွေနဲ့ ရာသီနဲ့
လိုက်ဖက်တဲ့အရာတွေလဲ ပြသဖို့လိုပါတယ်။ တကယ်လို့
သင့်ဆိုင်က လမ်းကြောင်းတွေမဖန်တီးပေးနိုင်ဘူးဆိုရင်တောင်မှ
ဈေးဝယ်သူမျက်စိထဲမှာ လွယ်လွယ်ကူကူရှာနိုင်အောင်
ပစ္စည်းတွေကို သူ့အုပ်စုနဲ့သူထားထားဖို့ကလဲ အရေးတကြီး
တွေးထားဖို့လိုတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။

သတိထားရမှာက အ၀ယ်များတဲ့ ပစ္စည်းတွေကို မျက်လုံးနဲ့
တတန်းတည်းနေရာမှာပြသထားသင့်ပြီး အရောင်းနည်းတဲ့ပစ္စည်းတွေကိုတော့ အောက်မှာဖြစ်ဖြစ် ဒါမှမဟုတ်အပေါ်ဘက်မှာဖြစ်ဖြစ်ထားသင့်ပါတယ်။ အမြဲလာဝယ်တဲ့ ဈေးဝယ်သူတွေ
အမြင်ဆန်းသစ်မှုတွေ အမြဲဖြစ်နေပြီး ခြေလှမ်းတွေနှေးနေအောင်အတွက် တပတ်တခါလောက်တော့ အနည်းဆုံး ပြသမှုတွေ
ပြောင်းလဲပေးဖို့လိုပါတယ်။

Credit:  Global POS ´s Page

No comments: