Saturday, January 17, 2015

ဝက်သားအချိုပေါင်း နှင့် မုန်ညှင်း


တရုတ်စတိုင် ၀က်အချိုပေါင်း နှင့် မုန့်ညှင်းပါ။ ၀က်သားသုံးထပ်သားကို အချို Pressure cooker နဲ့ ချက်ထားတာမို့၊ အသားက အရမ်းကို နူအိပြီ ချိုစိမ့်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲဖက်သုံဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ၀က်သားသုံးထပ်သား – ၃၅၀ ဂရမ်
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နတ်နတ်ပွင့် – ၂ပွင့်
  • ရေ – ၂ခွက်
  • မုန့်ညှင်း – ၁စည်း (ရေနွေးဖျော်ထားပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ဇောက်ပန်းကန်ထဲ (၀က်သား၊ ပဲငံပြာရည်၊ ခရုဆီ၊ သကြား၊ ဆား၊ ကြက်သားမှုန့်၊ နှမ်းဆီ၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်) တို့ကို ထည့်ပြီ သမအောင် ရောမွှေထားပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် နုယ်ထားသော ၀က်သားကို အရောင်ရအောင် ၂မိနစ်ခန့် ကြော်ပေးပါ။


၃။ ပြီနောက် ဒယ်အိုး(သို့) Pressure cooker ထဲ နုယ်ထားသော ၀က်သားသုံးထပ်သား၊ နတ်နတ်ပွင့်၊ ရေ(၂ခွက်)ထည့်ပြီ အဖုံးအုပ် နာရီခန့် နူအိအောင်အထိ တည်ထားပေးပါ။


၎။ ၀က်သားအချိုပေါင်း ရပြီဆိုလျှင် မုန့်ညှင်း၊ ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…



Credit to : Wutyee Food House 

No comments: