Sunday, January 18, 2015

"မေတ္တာဟူသည်"



ရေတံခွန်ပမာ စမ်းရေပြာသည်

တသွင်သွင်စီး ရှိန်ဟုန်ကြီးစွာ

စီးဆင်းလာရာ ထိုအခါဝယ်

သာယာအေးချမ်း မြဲရွှင်လန်း၏

လူ့သဘာဝ လူ့လောက၌

တစ်ဦးမေတ္တာ တစ်ဦးမှာလျှင်

အေးမြကြည်သာ ပေးဆပ်ခါခါ

တသွင်သွင်စီး မြစ်ကြီးပမာ

မေတ္တာဟူသည် အေးမြသည်ကို

ပမာပြုထား ဆိုစကားတည်း

မောင်ကမယ့်ကို မဆိုလိုပါ

တစ်အူထုံ့ဆင်း မောင်နှမရင်းသို့

တစ်ထောင့်ငါးရာ ကိလေသာချစ်

ပူအပြစ်ကို ငြိမ်းအေးလိုသော်

စမ်းရေပမာ အေးမေတ္တာကား

ငါးရာနှစ်ဆယ့်ရှစ် မောင်နှမချစ်တည်း။

လုံးစုံများစွာ အေးမြစေလို

ထိုထိုမေတ္တာ ကရုဏာကား

မြတ်ဘုရားရှင် ဟောမိန့်လျှင်တည်း

ဒေသနာကြီး ရှာကြံမှီးလော့။

မောင်ပုည(မြင်းခြံ)

No comments: