Friday, December 14, 2018

Noodle Soup with Prawn (ပုစွန်ခေါက်ဆွဲပြုတ်) - အုန်းနို့ကောက်ညှင်းပေါင်းနဲ့ငါးလေးခြောက်ကြော်

အုန်းနို့ကောက်ညှင်းပေါင်းနဲ့ငါးလေးခြောက်ကြော်  



အုန်းနို့ကောက်ညှင်းပေါင်း
ကောက်ညှင်းဆန်                  - ၂ ခွက် ( ပေါင်းအိုးထဲက ခွက်) ၂၅၅ ဂရမ်
အုန်းနို့                                - ၁ ခွက် (ပေါင်းအိုးထဲကခွက်)+  စားပွဲဇွန်း ၅ ဇွန်း
ရေ                                    - ၂ ခွက် (ပေါင်းအိုးထဲက ခွက်)
နနွင်းမှုန့်                             - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား                                  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆွမ်းမွှေးရွက်                        - ၃ ရွက် (ထုံးချီထားပါ)
ငှက်ပျောရွက်

ပြုလုပ်ပုံ
1. ကောက်ညှင်းဆန်ကို အနည်းဆုံး ရေ ၃ကြိမ်ခန့်ဆေးပြီး ရေစစ်ထားပါ။
2. အိုးအသေးတစ်လုံးထဲကို အုန်းနို့ ၁ ခွက်နဲ့ ရေ ၂ ခွက်၊ ဆွမ်းမွှေးရွက်၊ နနွင်းမှုန့်ထည့်ပြီး အပူပေးပါ။
3. ဆားအနည်းငယ်ထည့်ပြီး မွှေပေးပါ.
4. အုန်းနို့ပူလာတာနဲ့ ဆန်ထည့်ပြီး မွှေပေးပါ။
5. အုန်းနို့ခန်းသည်အထိ ချက်ပါ။ မကပ်အောင် မွှေပေးပါ။
6. ပြီးလျှင် ကောက်ညှင်းကို ငှက်ပျောရွက်ခံထားတဲ့ ပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။
7. ၁၅ မိနစ်ခန့်ပေါင်းပြီးရင် အုန်းနို့ ၅ ဇွန်းထည့်ပြီး မွှေပေးပါ။ ပြီးလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်ပြီး ပေါင်းပါ။
8. ပဲပြုတ်၊ ငါးလေးခြောက်ကြော်တို့နဲ့ စားပါ။

ငါးလေးခြောက်ကြော် (ငါးနုသန်းကြော်)
ငါးနုသန်းခြောက်            - ၂၀၀ ဂရမ်
နနွင်းမှုန့်                      - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြော်ရန်ဆီ
ပြုလုပ်ပုံ
1. ငါးနုသန်းခြောက်ကို ဆေးပြီး စစ်ထားပါ။
2. ပြီးလျှင် နနွင်းမှုန့်နဲ့နယ်ထားပါ။
3. ပြီးလျှင် ဆီပူတွင်ကြော်ပါ။ ၃-၄ မိနစ်ကြော်ပြီးရင်တော့ ကြွပ်ရွနေတဲ့ ငါးနုသန်းကြော်ရပါပြီ။

by Chef Myint Oo Tha

Noodle Soup with Prawn (ပုစွန်ခေါက်ဆွဲပြုတ်)



     ဒီနေ့ ဒီအချိန်အခါမှာ အသင့်ပြုလုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်တွေရှိနေတော့ အိမ်မှာ ကိုယ်တိုင်လုပ်ပြီး စားဖို့တောင် မေ့နေကြမှာစိုးလို့ လုပ်ပြပေးတာပါ။ ကိုယ်တိုင်လုပ်တော့ ကျန်းမာရေးကို ပိုပြီး စိတ်ချရတာပေါ့။

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲ  –  ၁၅၀ ဂရမ်

ပုစွန်  –  ၅ ကောင်

ကြက်ဥ  –  ၁ လုံး

ထိုင်ဝမ်မုန်ညင်း  –  ၁ ပင်

မုန်လာဥနီ  –  အနည်းငယ်

ကြက်သွန်မြိတ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  အနည်းငယ်

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

ကြက်ရိုးပြုတ်ရည်  –  လိုသလောက်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းဖူးသေး  –  ၇ ချောင်း


ပြုလုပ်နည်း

၁။       ခေါက်ဆွဲကို ရေနွေးပြုတ်ပြီး ရေစစ်ကာ ထည့်မည့်ပန်းကန်ထဲ ဦးစွာ ထည့်ထားပါ။

၂။       ကြက်ရိုးပြုတ်ရည်ကို အိုးဖြင့် အပူပေးပြီး ပါဝင်ပစ္စည်းများ ထည့်ပါ။ အရသာ စိတ်ကြိုက်ဖြစ်ပြီဆိုလျှင် ကြက်ဥဖောက်၍ အသာလေး ရေထည့်ပါ။ ပြီးလျှင် ခေါက်ဆွဲပြုတ်ထည့်ထားသော ပန်းကန်လုံးထဲ လောင်းထည့်ကာ အပေါ်မှ ကြက်သွန်မြိတ်ဖြူးပြီး စားပါ။
by Ko Win Zaw @ Mario Win Zaw

သီးနှံစုံကြာဆံဂေါ်ဖီကော်ပြန့်ထုပ်



ဌာပနာနယ်ရန်အတွက် ပါဝင်ပစ္စည်းများ
ဂေါ်ဖီရွက်  -  ၅ ရွက်
ပဲကြာဆံအသေး  -  ၂ ထုပ်
ကြက်သား  -  ၅ ကျပ်သား (နုပ်နုပ်စဉ်း)
ကြက်နားရွက်မှို  -  အနည်းငယ်
မုန်လာဥနီ  -  အနည်းငယ်
ကြက်သွန်မြိတ်  -  အနည်းငယ်
ကြက်သွန်ဖြူ  -  ၃ မြွှာ (နုပ်နုပ်စဉ်း)
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့်  -  အနည်းငယ်

ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး  -  ၁ ခြမ်း
ဆီ  -  ဟင်းခတ်ဇွန်း ၁/၂ ဇွန်း
ပဲငံပြာရည်အကျဲ  -  စားပွဲဇွန်း ၁ ဇွန်း
ဆား  -   ဇွန်းဖျားနှင့် အနည်းငယ်
အရသာမှုန့်  -  ဇွန်းဖျားနှင့် အနည်းငယ်
ငရုတ်ကောင်းမှုန့်  -  ဇွန်းဖျားနှင့် အနည်းငယ်
ကြက်သွန်ဖြူ  -  အနည်းငယ် (နုပ်နုပ်စဉ်း)

ချက်နည်း 
 ဦးစွာ ဂေါ်ဖီရွက်များကို အရင်းပိုင်း အရိုးနားမှနေ၍ ဖြတ်ပါ။ ဂေါ်ဖီရွက်လေး အချပ်လိုက်လေးရပါမယ်။ ၅ ရွက်ကို  ရေနွေးထဲ ထည့်ပြုတ်ပါ။ မာတဲ့အရိုးများကို အသာရှပ်ပြီး လှီးထုတ်ထားပါ။ ရေစိမ်ထားသောပဲကြာဆံ၊ နုပ်နုပ်စဉ်းထားသောကြက်သား၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ၊ သေးသေးညှပ်ထားသော ကြွက်နားရွက်မှို၊ ခြစ်ထားသော မုန်လာဥနီ၊ လက်တစ်ဆစ်အနေအထား ညှပ်ထားသော ကြက်သွန်မြိတ်၊ ဆား၊ အရသာ၊ သကြားနှင့် ငရုတ်ကောင်းတို့ကို နှံ့စပ်အောင် နယ်ထားပါ။ ဂေါ်ဖီရွက် တစ်ရွက်ဖြန့်ပြီး အဆာတင်ကာ အလိုက်သင့် လိပ်ထားပါ။ ဆီပူအိုးတည်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူဆီသတ်ပါ။ မွှေးလာလျှင် နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးထည့်ပြီး ပဲငံပြာရည်အကျဲ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ အရသာမှုန့်ထည့်၍ ရေနွေးလောင်းကာ ခဏတည်ထားပါ။ ခရမ်းချဉ်သီးများ အသားကျလာလျှင် လိပ်ထားသော ဂေါ်ဖီကော်ပြန့်များ စီထည့်ပြီး အဖုံးအုပ်ကာ ၁၅ မိနစ်ခန့် ချက်ပါ။ အရည်စပ်စပ်လေးကျန်အောင် ချက်ပါ။ ဟင်းပွဲပြင်တဲ့အခါ ဓားထက်ထက်နဲ့ လှပစွာ လှီးပြီး ပွဲပြင်ပါ။
.............................
ပန်းခရေ

No comments: