Saturday, December 22, 2018

What is mobile photography?



Mobile Photographyဆိုတာ mobile ဖုန်းတစ်​လုံးနဲ့ရိုက်​ထားတဲ့ပုံ​တွေကိုသာမက Cybershot လို အ​ပျော်​တမ်းရိုက်​Camera ​တွေနဲ့ရိုက်​ခြင်းဖြစ်​တဲ့ Photography​တွေကို ဆိုလိုပါတယ်​။ဒီ Article​လေးမှာ​တော့ Smartphone Photography အ​ကြောင်းကိုအဓိက Share လုပ်​​ပေးသွားမှာပါ.Smartphone တစ်​လုံးမှာ ဓာတ်​ပုံအရည်​အ​သွေး​ကောင်း​ကောင်းရဖို့ ဘာ​တွေကအ​ရေးကြီးသလဲ.သူ့မှာပါတဲ့ features​တွေ က ဘာ​တွေလဲ.camera တစ်​လုံးမှာ ဘာ​တွေပါသလဲ။Aperture,Focal length,exposure,focus,ISOshutter speed ဆိုတာ ဘာ​တွေလဲ။ ဘယ်​လိုအသုံးဝင်​သလဲ..ဘယ်​လို​တွေလုပ်​​ဆောင်​​ပေးသလဲ.... ကျွန်​​တော်​တို့ နည်းနည်း​လောက်​..​ဆွေး​နွေးကြတာ​ပေါ့...။

ပထမဆုံးအ​ရေးကြီးတာက ဒီpost က Beginner ​တွေအတွက်​ပါ DSLRလို pro camera သမား ​တွေ အတွက်​မဟုတ်​ပါဘူး။..အဲ​လောက်​မနက်​နဲလို့ပါ။

What is Megapixel?
ဟုတ်​ပါတယ်​.. လူ​တော်​​တော်​များများ ရင်​နှီး​လေ့ရှိတဲ့အရာ​လေးပါ. Megapixel များရင်​ camera ​ကောင်းမယ်​ လို့ လူ​တော်​​တော်​များများထင်​တတ်​ကြပါတယ်​..အဲဒါဟာ 20%​လောက်​ပဲမှန်​ပါတယ်​. Camera တစ်​လုံး​ကောင်းဖို့ Aperture, sensor size,sensor,​တွေ အစရှိသည်​ဖြင့်​ ​တွေကလည်းအရမ်းကိုအ​ရေးပါပါတယ်​.. Megapixel ဆိုတာက ပုံရိပ်​ရဲ့ ချဲ့နိုင်​အား ကိုအဓိက​ပြောချင်​တာပါ.Megapixel များများနဲ့ရိုက်​ထားတဲ့ပုံဟာ ပုံကြီးပိုချဲ့လို့​ကောင်းပါတယ်​.ဆိုလိုတာက DPI မြင့်​မြင့်​နဲ့ ပုံထုတ်​လို့ရတာပါ.ဥပမာ 1.3mp ရှိတဲ့camera က​နေ ရိုက်​လိုက်​တဲ့ပုံဟာ 4*3inch ရှိပီး 300dpi ဓာတိပုံတစ်​ပုံကိုထုတ်​​ပေးနိုင်​ပါတယ်​. Megapixel နဲ​လေ ထုတ်​နိုင်​တဲ့ပုံအရွယ်​အစားက​သေး​လေပါ.ဓာတ်​ပုံအရည်​အ​သွေးနဲ့အများကြီးသက်​ဆိုင်​ခြင်းမရှိပါ.​ပြောရမယ်​ဆိုရင်​ Iphone 8plus ရဲ့ 12mp နဲ့ရိုက်​ထားတဲ့ ပုံဟာ Nova 3i ရဲ့ 16mp ထက်​ ပုံထွက်​အများကြီးပို​ကောင်းပါတယ်​. megapixel က Nova 3i က ပိုများတာ​နော်​.DSLR​လောကမှာဆိုရင်​ Canon camera​တွေဟာ 12mp ထက်​ ပိုထုတ်​တာရှားပါတယ်​.တစ်​ခါတ​လေ 10mp ​လောက်​နဲ့​တောင်​ထုတ်​ပါတယ်​.
Nikon နဲ့ Canonမှာ Nikon က megapixel ပိုများများထုတ်​​ပေးပါတယ်​.ဒါ့​ကြောင့်​ ပုံတစ်​ပုံ​ကောင်းမ​ကောင်းက Megapixel နဲ့သိပ်​ပီးမသက်​ဆိုင်​ဘူးဆိုတာ သိသာပါတယ်​.

Sensor
အဓိကအားဖြင့်​ Smartphone camera ​တွေ​ကောင်းမ​ကောင်းကို ဆုံးဖြတ်​​ပေးတာက Sensorပါ.Smartphone​တွေအကုန်​နီးပါးမှာ တပ်​ဆင်​ထားတာ​တွေက​တော့ Sony sensor​တွေပါပဲ IMX series ​တွေကို ထည့်​သွင်းထား​လေ့ရှိပါတယ်​.IMX 363,IMX 376,IMX 486 စသည်​ဖြင့်​ ထည့်​သွင်း​ပေးထားပါတယ်​. အကြမ်းဖြင်းအားဖြင့်​​တော့ နံပါတ်​ကြီး​လေ ပို​ကောင်း​လေပါပဲ. သို့​သော်​ Sensor ​ကောင်းတိုင်းလည်း photoအရည်​အ​သွေးပိုမ​ကောင်းသွား​သေးပါဘူး.

Software Optimization
ဟုတ်​ပါတယ်​ Megapixel​တွေ sensor​တွေ F ​တွေ တူ​နေတဲ့ smartphone နှစ်​လုံးဟာ ပုံထွက်​ မတူနိုင်​ပါဘူး. Smartphone company​တွေက ပြန်​လည်​ ထည့်​သွင်း​ပေးထားတဲ့ enhance လုပ်​​ပေးတဲ့ softwareကလည်းအ​ရေးကြီးပါတယ်​.ဥပမာ ဂျာမဏီ camera companyကြီးဖြစ်​တဲ့ Leica က co-engineer လုပ်​ထားတဲ့ Huaweiရဲ့ P series​တွေဟာ sensorတူညီတဲ့တခြားဖုန်း​တွေထက်​ ပုံထွက်​အများကြီးပို​ကောင်းတာကို​တွေ့ရမှာပါ. အကြမ်းဖျင်းအားဖြင့်​ Vivo Oppoဆိုရင်​ Beauty effပါတဲ့ဘက်​ကိုsoftwareနဲ့လုပ်​ယူထားမယ်​။Iphone တို့ Samsung တို့ဆိုရင်​ Natural ဘက်​ကို သွားမယ်​။ဒါက​တော့ manufacturer နဲ့ဆိုင်​ပါတယ်​။

Aperture
တွေ့ဖူးပါသလား F1.9, F2.0 ဆိုပီး Smartphone camera specification ​တွေမှာ?F ဆိုတာ f-stopပါ။
Aperture ဆိုတာက Lens တစ်​ခုရဲ့ အကျယ်​ပါ.ပြတင်း​ပေါက်​တစ်​ခါဆိုပါစို့။ ကျယ်​ကျယ်​ဖွင့်​ထားရင်​ အလင်းပိုဝင်​မယ်​ကျဉ်းကျဉ်း​လေးဖွင့်​ထားရင်​ အလင်းနဲနဲပဲဝင်​မယ်​.Apertureဆိုတာလည်း ဒီသ​ဘောပါပဲ. ကျယ်​ရင်​အလင့းပိုဝင်​ပီး အ​မှောင်​ထဲမှာ ဓာတ်​ပုံရိုက်​လို့ပို​ကောင်းပါလိမ့်​မယ်​။ သတိထားရမှာက F1.8သည်​ F2.0ထက်​ပိုကျယ်​ပါတယ်​. ဂဏန်းငယ်​​လေ ပိုကြီး​လေ လို့မှတ်​ပါ.. Smartphone မှာ အကျယ်​ဆုံးဖြစ်​တဲ့ F1.5ကို Samsumg Glaxy S9plusမှာ​တွေ့ပီးဖြစ်​ပါတယ်​.Aperture ဟာ Focus လုပ်​နိုင်​စွမ်းမှာလည်းပါဝင်​ပတ်​သက်​ပါ​သေးတယ်​. Wide ဖြစ်​ရင်​ အ​နောက်​ဘက်​ကိုဝါး​ပေးတဲ့ creamyပုံစံကိုရမှာဖြစ်​ပီး ကျဉ်းရင်​​တော့ နဂိုအကြည်​အတိုင်းရမှာဖြစ်​ပါတယ်​....


Exposure and Shutter Speed
Exposure ဆိုတာက​တော့ ဓာတ်​ပုံတစ်​ပုံ ဘယ်​​​လောက်​လင်းတယ်​ ဘယ်​​လောက်​​မှောင်​တယ်​ဆိုတာကိုသတ်​မှတ်​​ပေးတာပါ.အလင်းထဲမှာ အရမ်း​မှောင်​​နေတဲ့ image တစ်​ခုကို underexposed ဖြစ်​​နေတယ်​လို့သတ်​မှတ်​ပါတယ်​.သာမန်​ထက်အရမ်းလင်း​နေတဲ့ imageတစ်​ခုကို​တော့overexposed ဖြစ်​တယ်​လို့သတ်​မှတ်​ပါတယ်​။Exposure ကို Lensရဲ့aperture,ISO,shutter speed ​တွေနဲ့ ထိန်းချုပ်​ပါတယ်​. Manual mode ရိုက်​လို့ရတဲ့Phone camera ​တွေမှာ shutter speed ပါပါတယ်​။ 2s,4s,8s,16s,32sအထိပါ​လေ့ရှိပါတယ်​။Shutter speedဆိုတာ lens ထဲကို အလင်းဝင်​တဲ့အချိန်​ပမာဏကို​ပြောတာပါ။ပြောရမယ်​ဆိုရင်​ shutter speed 4sဆိုရင်​ အလင်း​တွေဟာ 4sec​လောက်​ cameraထဲကိုဝင်​သွားမယ်​လို့ဆိုချင်​တာပါ.ကြာ​လေ လင်း​လေ​ပေါ့။

Shutter speedကို 2secondထိတင်​ရိုက်​မယ်​ဆိုရင်​ shutter buttom ကိုနိပ်​2sec​နေမှ Camera က image ကို captureလုပ်​မှာဖြစ်​ပါတယ်​။အလားတူပဲ 32secမှာရိုက်​မယ်​ဆိုရင်​လည်း 32secကြာမှ captureလုပ်​မှာဖြစ်​ပါတယ်​။သတိထားရမှာက Shuuter speed အရမ်းမြင့်မြင့်​နဲ့ရိုက်​မယ်​ဆိုရင်​​Tripod ကိုသုံးရမှာပါ။လက်​ရဲ တည်​ငြိမ်​မှုနဲ့ရိုက်​ဖို့မဖြစ်​နိုင်​ပါဘူး.။ကျ​နော်​တို့သာမန်​မျက်​စိနဲ့ မမြင်​နိုင်​တဲ့ အ​မှောင်​ထုထဲမှာ လင်းထိန်​စွာနဲ့ ဓာတ်​ပုံရိုက်​ချင်​တယ်​ဆိုရင်​ shutter speedကို 32s ​လောက်​ဖြင့်​ရိုက်​ရင်​ မြင်​ရပါတယ်​။DSLRမှာသာမန်​အ​မှောင်​ထဲမှာ ISO မြင့်​မြင့်​နဲ့ရိုက်​လို့ရတယ်​ဆို​ပေမယ့်​ Noise ​တွေအရမ်းများလာပါလိမ့်​မယ်​။Shutter speedက mobile photographyမှာ​တော်​​တော်​​လေးအ​ရေးပါတယ်​လို့မြင်​ပါတယ်​။ Manual Modeကို ကျွမ်းကျွမ်းကျင်​ကျင်​အသုံးပြုတတ်​ရင်​ ဓာတ်​ပုံ​ကောင်း​တွေရနိုင်​ပါတယ်​။ ဥပမာ Huawei ရဲ့ Leica camera​တွေဟာ Manual modeနဲ့ရိုက်​မယ်​ဆိုရင်​ အရမ်းအဆင်​​ပြေမှာပါ.... Point and shot အတွက်​က​တော့ Google Pixel​တွေ Iphone ​တွေက ပိုအဆင်​​ပြေပါတယ်​.ကျ​နော်​ အ​မှောင်​ထဲမှာ auto mode နဲ့ရိုက်​ထားတဲ့ပုံနဲ့ shutter speed 32 sec နဲ့ရိုက်​ထားတဲ့ပုံနှစ်​ပုံကို ယှဉ်​ပြထားပါတယ်​။အ​မှောင်​ထဲမှာ Still object​တွေကိုရိုက်​ဖို့ Exposure ကိုမြင့်​မြင့်​သုံးနိုင်​ပါတယ်​။တချို့Pro cameraman ​တွေက​တော့ Landscape ​တွေရိုက်​ဖို့အတွက်​လည်း shutter speed မြင့်​မြင့်​နဲ့LE ရိုက်​​လေ့ရှိပါတယ်​။

Digital vs Optical
smartphone ​တွေမှာ optical zoom ရဖို့​နောက်​ထပ်​ tele lens ​တွေတပ်​ပီး 2x zoomဆိုတာကို Iphone 7 plusမှာပထမဆုံးချပြခဲ့ပါတယ်​...(ဟာ သားရီး အရင်​ကလည်း ဖုန်း​တွေမှာ zoomရပါတယ်​ဟ..) မဟုတ်​ပါဘူး။အရင်​ကရတာက image ကို crop လုပ်​လိုက်​ပီး zoom သ​ဘောမျိုးလုပ်​တာပါ။တကယ်​zooming လုပ်​တာမဟုတ်​တဲ့အတွက်​ blur ဖြစ်​သွားတာ​တွေ ကို​တွေ့ရမှာပါ.Optical zoom lens​တွေကို တပ်​ထားတဲ့အတွက်​ 2x zoomကို ကြည်​ကြည်​လင်​လင်​ရလာပါတယ်​။အခု​နောက်​ဆုံးထွက်​ထားတဲ့ Mate 20 proမှာဆိုရင်​ 3x optical zoom lens ​တွေကို ထည့်​သွင်း​ပေးထားပါတယ်​။ Digital zoom နဲ့ optical zoomက​တော့ Cybershot camera ​လေး​တွေမှာပဲ သိသိသာသာထည့်​သွင်း​ပေးထားတာကို​တွေ့ရပါတယ်​. Optical 5x zoomတို့ Digital 50x zoom တို့ဆိုပီးထည့်​သွင်း​ပေးထားတာကိုမြင်​ဖူးကြမှာပါ။.​ပြောရမယ်​ဆိုရင်​ Digital zoomက software နဲ့လုပ်​တာဖြစ်​ပီး။ optical zoomက​တော့ Hardware zoom lens ​တွေနဲ့လုပ်​​ဆောင်​​ပေးတာပါ။ဒါ့​ကြောင့်​ optical zoom​တွေကပို​ကောင်းရခြင်းဖြစ်​ပါတယ်​။

ISO
Manual modeမှာ ISO ဆိုတာလည်းပါပါတယ်​။ISOဆိုတာက​တော့ Camera ကဘယ်​​လောက်​ Light ထဲမှာ sensitive ဖြစ်​လည်း ဆိုတာ ကို တိုင်းတာတာပါ.ဥပမာ ISO 100ဆိုတာ သိပ်​ sensitive မဖြစ်​ပါဘူး.Normal ISOလို့သတ်​မှတ်​ထားပါတယ်​။ဖုန်း​တွေမှာ ISO 3200ထိ အမြင့်​ဆုံးပါပါတယ်​။.သူကလည်းအ​မှောင်​ထဲမှာရိုက်​ဖို့အတွက်​အသုံးပြုတာပါ.သူက​တော့အချိန်​ယူစရာမလိုပါဘူး။ဒါ​ပေမယ့်​ ISO မြင့်​​လေ Noise လို့​ခေါ်တဲ့အနီစက်​​လေး​တွေများ​လေပါ.Detail​တွေလည်း​ပျောက်​ကုန်​​လေ့ရှိပါတယ်​.ဒါ့​ကြောင့်​ Phone နဲ့ရိုက်​မယ်​ဆိုရင်​ ISO တင်​ဖို့ထက်​ Exposure time ကိုမြင့်​ပီးရိုက်​ဖို့အကြံ​ပေးချင်​ပါတယ်​။ISOကိုလည်း apertureနဲ့shutter speed က ထိန်းချုပ်​ထားပါတယ်​။

Focal length(F)
ဆယ်​တန်း Chap (5) Lens အခန်းမှာ သင်​ခဲ့ဖူးကြမှာပါ။Focal length ဆိုတာက Lens နဲ့Objectနဲ့အကွာအ​ဝေးပါ။focal length ကို camera app မှာ F အကြီးနဲ့ပြထားပါတယ်​၊mm နဲ့ တိုင်းတာပါတယ်​။ 10mm,40mm,400mm စသည်​ဖြင့်​တိုင်းတာပါတယ်​။ဥပမာ Focal length 10mm ဆိုရင်​ camera နဲ့ 10mm အ​ဝေးမှာရှိတဲ့ objectကိုပဲfocus လုပ်​​ပေးမှာပါ။အဲထက်​​ဝေးတဲ့​မေရာက အရာဝတ္ထုမှန်​သမျှကို blur လုပ်​​ပေးမှာပါ။Focal lenghth 400mm ဆိုရင်​​တော့ camera lens နဲ့ 400mm အ​ဝေးကobjကို focus လုပ်​​ပေးမှာပါ. Focal lengthဆိုတာ focus လုပ်​တဲ့အကွာအ​ဝေးကို​ပြောတာပါ။

White Balance
White balance ဆိုတာက​တော့ camera တစ်​လုံးရဲ့ color temp​တွေ color မှန်​ကန်​မှုကိုလုပ်​​ဆောင်​​ပေးတာဖြစ်​ပါတယ်​။cool ဖြစ်​ပီး အဖြူဘက်​များတဲ့ camera ​တွေ warm ဖြစ်​ပီး အဝါဘက်​​ရောက်​တဲ့ camera ​တွေကိုလည်း smartphone ​တွေမှာ​တွေ့ရမှာပါ။အခု ​နောက်​ဆုံးထွက်​တဲ့ Iphone XS မှာ ​တော်​​တော်​​လေးwarm ဖြစ်​တဲ့ဘက်​ကို​ရောက်​တဲ့photo​တွေကို​တွေ့ရမှာပါ။အများအားဖြင့်​.Pixelဖုန်း​တွေက White balance ​ကောင်းတဲ့ဖုန်း​တွေလို့မြင်​မိပါတယ်​။

Dynamic Range 
Dynamic rangeဆိုတာက​တော့ darkest ဖြစ်​တဲ့​နေရာနဲ့Lightest ဖြစ်​တဲ့​နေရာ​တွေနဲ့ color tones ​တွေကို ​ပြောတာပါ။Dynamic range​ကောင်းတယ်​ဆိုတာက​တော့ Dark နဲ့ light က ညီမျှတာကိုဆိုလိုပါတယ်​။မှောင်​​နေတဲ့​နေရာကလည်း အရမ်း မ​မှောင်​​တော့သလို လင်း​နေတဲ့​နေရာကလည်းအရမ်းမလင်းပဲ object​တွေကို ပြတ်​ပြတ်​သားသားမြင်​ရတာကို Dynamic range​ကောင်းတယ်​လို့​ပြောတာပါ။Dynamic range ကို stop နဲ့တိုင်းတာပါတယ်​။


Credit :TextforTech
မူရင်းစာမျက်နှာ - ဓာတ်ပုံပညာလေ့လာရန် 

No comments: