အတွေ့အကြုံဆိုတဲ့အချက်က အ လုပ်လျှောက်သူတွေအဖို့တော့ အကြီးမား ဆုံးအဟန့်အတားတစ်ခုပါ။ အလုပ်ခေါ် စာ၁၀ခုမှာ ၉ခုလောက်က အတွေ့အ ကြုံရှိသူတွေကိုဦးစားပေးခေါ်ယူကြပါတယ်။ ဒီတော့ အလုပ်စလျှောက်မယ့်လူငယ်တွေ၊ ရုတ်တရက် Career Change လိုက်လို့ အတွေ့အကြုံမရှိသေးတဲ့လူငယ်တွေအတွက် လည်းအဓိကလိုအပ်ချက်တစ်ခုဖြစ်နေပါ တယ်။ အလုပ်တစ်ခုရဖို့အတွက် ပညာအ ရည်အချင်းရယ်၊ အတွေ့အကြုံဆိုတဲ့ လှေ ကားထစ်တွေနဲ့ပေါင်းစပ်ပြီးမှ ရရှိနိုင်မှာပါ။ ဒါပေမဲ့ အတွေ့အကြုံမရှိရင်ရော အလုပ်မ ရနိုင်ဘူးလား။ ဟုတ်ကဲ့ ရနိုင်ပါတယ်။ အတွေ့အကြုံမရှိပေမဲ့ အလုပ်အတွက်ရှိ ရမယ့်တခြားအရည်အချင်း တွေကိုယ့်မှာ ရှိနေဖို့သာလိုအပ်ပါတယ်။
အခုခေတ်မှာက အောက်ခြေအဆင့် အလုပ်တွေမှာတောင် အတွေ့အကြုံက ၂နှစ်ရှိရမယ်ဆိုတာတွေပါနေတော့ အလုပ် စလုပ်မယ့်သူတွေအတွက် အခက်အခဲဖြစ် စေတာအမှန်ပါပဲ။ ဘွဲ့ရပြီးအလုပ်လျှောက် မယ့်သူတွေအတွက်အဓိကအခက် အခဲက တော့ အဲဒီအတွေ့အကြုံဆိုတဲ့တံတိုင်းကြီး ပါ။ မြန်မာပြည်မှာက တခြားနိုင်ငံတွေမှာ လို အချိန်ပိုင်းအလုပ်တို့၊ အလုပ်သင်တို့၊ စေတနာ့ဝန်ထမ်းအလုပ်တို့မပေါများသေး တာကလည်း အလုပ်အတွေ့အကြုံရဖို့က မလွယ်ကူပါဘူး။
ဘယ်အချက်တွေလိုအပ်မလဲ။ ကိုယ် ရည်ကိုယ်သွေး၊ ကိုယ်အလုပ်လျှောက်တဲ့ အလုပ်အပေါ်စိတ်ပါဝင်စားမှု၊ တက်ြွကမှု၊ စိတ်ကူးစိတ်သန်း၊ အကောင်းမြင်စိတ်၊ ကိုယ်ကျင့်တရားကောင်းမွန်မှုစတဲ့အချက် တွေရှိနေရင်လည်း အတွေ့အကြုံမရှိပေမဲ့ အလုပ်ရရှိနိုင်ပါတယ်။
တချို့အတွေ့အကြုံတွေက လူတိုင်း ဆီမှာရှိနေနိုင်ပါတယ်။ ဥပမာအနေနဲ့ အွန်လိုင်းကနေ ပစ္စည်းတစ်ခုရောင်းဖူးတာ၊ ပေ့ခ်ျတစ်ခုလုပ်ပြီး ကိုယ့်ရဲ့အမှတ်တံဆိပ် တစ်ခုကိုလူသိအောင်လုပ်ဖူးတာ ဒါတွေက မားကက်တင်းပညာရပ်တွေပါပဲ။ တစ်ခါ တလေမှာ ကိုယ့်မှာရှိနေတဲ့ အတွေ့အကြုံ တွေကို ကိုယ်ကိုယ်တိုင်က အမှုမဲ့အမှတ်မဲ့ နဲ့မေ့နေတတ်ပါတယ်။ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်ရှာဖွေဖော် ထုတ်ပါ။ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့ဖူးမှ အတွေ့အကြုံရတာမဟုတ်ပါဘူး။ ကိုယ် တိုင်လည်းအတွေ့အကြုံတွေကိုရှာဖွေတွေ့ ရှိနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ အတွေ့အ ကြုံတွေကို ဘယ်လိုနေရာတွေကရရှိနိုင် မလဲဆိုတဲ့အချက်ပါ။ လုပ်ငန်းအတွေ့ အကြုံတွေကို စေတနာ့ဝန်ထမ်းလုပ်တာပဲ ဖြစ်ဖြစ်၊ အလုပ်သင်အဖြစ်လုပ်တာပဲဖြစ် ဖြစ် ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာကတော့ အလုပ်သင်အဖြစ်ခန့်တဲ့ကုမ္ပဏီတွေနည်း နေသေးပေမဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတချို့ကတော့ အလုပ်သင်တွေ ရံဖန်ရံခါခေါ်တာတွေ့ရပါတယ်။ အလုပ် သင်အဖြစ် လေ့ကျင့်ပေးပြီး ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပေးတဲ့သင်တန်းမျိုးတွေလည်းရှိ လာပါပြီ။
အတွေ့အကြုံမရှိဘဲ အလုပ်လျှောက် ကြမယ့်လူငယ်တွေကိုအကြံပြုချင်တာက ကိုယ်လျှောက်မယ့်အလုပ်အကြောင်းကို သေသေချာချာဂဃနဏသိဖို့လိုတာပါ။ ကိုယ်လျှောက်ချင်တဲ့အလုပ်က အတွေ့ အကြုံတစ်နှစ်၊ နှစ်နှစ်ရှိမှရမယ်လို့ဆိုထား ပေမဲ့ အတွေ့အကြုံမရှိလည်းသွားလျှောက် ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုသွား လျှောက်တဲ့နေရာမှာ ကိုယ့်ဘက်က ကြို တင်ပြင်ဆင်ထားဖို့လိုတာတွေကိုပြောပြချင် ပါတယ်။ ပထမအချက်ကတော့ ကိုယ် လျှောက်မယ့်အလုပ်အကြောင်း၊ ကုမ္ပဏီ အကြောင်းကို ဆိုရှယ်နက်ဝက်ဘ်ကပဲ ဖြစ်ဖြစ် ဂူဂဲလ်ကနေပဲဖြစ်ဖြစ်လေ့လာသွား ပါ။ သူတို့ကုမ္ပဏီက ဘယ်လိုလုပ်ငန်းမျိုး လုပ်တယ်၊ ဘာပစ္စည်းတွေထုတ်လုပ်ဖြန့်ဖြုး တယ်ဆိုတဲ့အခြေခံအချက်တွေကိုသိနားလည် ထားသင့်ပါတယ်။
ဒုတိယအဆင့်အနေနဲ့တော့ အလုပ် လျှောက်လွှာကိုသေသေချာချာပြင်ဆင်ရေး သားပြီးသွားလျှောက်စေချင်ပါတယ်။ ကိုယ့်မှာအတွေ့အကြုံမရှိလို့စိတ်ဓာတ်မကျ ပါနဲ့။ ကိုယ်ရှာဖွေလေ့လာထားတဲ့ သူတို့ ကုမ္ပဏီအကြောင်းကို တခြားအလုပ် လျှောက်သူတွေထက်ကိုယ်ကပိုသိနေတယ် ဆိုရင် ကိုယ့်ဘက်မှာအလုပ်ရရှိဖို့အခွင့် အရေးကပိုများနေပါလိမ့်မယ်။
နောက်တစ်ချက်ကတော့ ကိုယ့်မှာ အလုပ်ခန့်ဖို့လုံလောက်တဲ့အရည်အချင်း ရှိနေတာပါ။ ကိုယ့်မှာ အလုပ်အတွက်လုံ လောက်တဲ့အတွက်အရည်အချင်းတွေ၊ အရည်အသွေးတွေရှိနေတယ်ဆိုရင် အတွေ့အကြုံဆိုတဲ့အချက်က သိပ်အရေး မကြီးတော့ပါဘူး။ ဒါကြောင့်တချို့အလုပ် တွေဆိုရင် အတွေ့အကြုံဆိုတဲ့အချက် ကြောင့်အလုပ်မလျှောက်ဖြစ်တာမျိုးမဖြစ်ပါ စေနဲ့။ သွားလျှောက်ကြည့်ပါ။ ကိုယ့်မှာ လိုအပ်တဲ့အရည်အချင်းတွေရှိနေပြီး အတွေ့အကြုံဆိုတဲ့အချက်တစ်ခုသာ အားနည်းချက်တစ်ခုဖြစ်နေတယ်ဆိုရင် ကြိုးစားကြည့်ပါ။ လျှောက်ကြည့်ပါ။
အလုပ်တစ်ခုမှာရှိရမယ့်လိုအပ်ချက် တွေတိုင်း ကိုယ့်မှာပြည့်စုံနေတာကောင်း ပေမဲ့ အချက်ငါးချက်မှာ ၄ချက်လောက် ပြည့်စုံနေရင်လည်း အဲဒီအလုပ်ကို လျှောက်ကြည့်ပါ။ အလုပ်ခေါ်သူတွေက သူတို့ခေါ်တဲ့အရည်အချင်းလိုအပ်ချက်တွေ အတိုင်း ပြီးပြည့်စုံတဲ့ဝန်ထမ်းမျိုးကိုပဲအလုပ် ခန့်တာမဟုတ်ပါဘူး။ အချက် ၃ချက်မှ နှစ်ချက်လောက်ပြည့်စုံနေရင်ပဲ အလုပ်ခန့် ကြပါတယ်။
နောက်ဆုံးအချက်ကတော့အင်တာ ဗျူးမှာ ကိုယ့်ဘက်ကအတွေ့အကြုံအနေနဲ့ အားနည်းပေမဲ့ ကိုယ့်မှာရှိတဲ့တခြားအား သာချက်တွေကို အလုပ်ခေါ်သူတွေမြင် အောင်၊ သိအောင် ကိုယ့်အရည်အချင်း တွေကိုရောင်းချတတ်ပါစေ။ တကယ်တော့ အလုပ်အင်တာဗျူးဆိုတာ ကိုယ့်ကိုယ့် ကိုယ်ရောင်းချတဲ့ မားကက်တင်းတစ်မျိုးပါ ပဲ။ သူတို့ခန့်မယ်၊ မခန့်ဘူးဆိုတာကိုယ့်ရဲ့ ရောင်းချမှုအရည်အချင်းအပေါ်မှာမူတည် နေပါတယ်။
ကျော့ကေခိုင်
(The Opportunity Journal 2018)
No comments:
Post a Comment