Saturday, August 14, 2021

Ripped Physique Body မျိုးလိုချင်တယ်ဆိုရင်

ခန္ဓာကိုယ်မှာကြွက်သားတွေကွဲနေတဲ့_Bodyရအောင်ဘယ်လိုတည်ဆောက်မလဲ




#Body_Fitness

#Body_Trasformation

#ကိုယ်ကာယကြံ့ခိုင်ရေး


(၂၁ရာစုနောက်ပိုင်း မြန်မာပြည်လူငယ်တွေကြား အားကစားခန်းမ Gym သွားတာ ခေတ်စားလာသလို၊ ကာယအလှ/ကာယဗလ အားကစားအပေါ် ၀ါသနာပါလာကြပါပြီ။ ယောက်ျားပီသတဲ့အသွင်အပြင်လိုချင်လို့၊ ကျန်းမာကြံ့ခိုင်ချင်လို့၊ ကိုယ့် Idol ပုံရိပ်နဲ့ အသွင်အပြင်တူချင်လို့ စသဖြင့် ရည်ရွယ်ချက်မျိုးစုံနဲ့ ကစားကြပေမယ့် အဓိကက ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုပါတယ်။ အဆီများနေရင် အဆီချဖို့၊ ပိန်နေရင် ကြံ့ခိုင်ဖို့၊ နဂိုနေလှနေရင်လည်း ပိုမိုတောင့်တင်းဖို့အတွက် နည်းပြရဲ့အကြံပေးချက်ကို ပထမဦးစားပေးရပါလိမ့်မယ်။ ကိုယ်ခန္ဓာတောင့်တင်းချင်သော်လည်း ဟင့်အင် သားက အသားမစားဘူး၊ ည ၂ နာရီမှအိပ်တာလုပ်နေလို့မရဘူးနော်။ သည်နှစ်တွေမှာ ကြွက်သားထုထည်ကြီးမားပြီး အစိတ်အပိုင်းအလိုက်ပေါ်လွင်နေတာမျိုးမဟုတ်တော့ဘဲ အတော်အသင့်အနေအထားနဲ့ ကျစ်လစ်လှပ ပေါ်လွင်နေတာမျိုးဖြစ်ချင်လာကြပါပြီ။ ကိုယ့်ခန္ဓာအချိုးအစားနဲ့ လေ့ကျင့်စဉ်ကိုက်ညီဖို့ကတော့ တကယ်တတ်သိတဲ့ နည်းပြနဲ့ Coach က အရေးပါပါတယ်။ ကဲဖတ်ကြည့်နော်)


✅✅         ခန္ဓာကိုယ်မှာအဆီနည်းပြီး Six Pack နဲ့ကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့ Body မျိုးကို (Ripped Physique) လို့ခေါ်ပါတယ်၊ အလို (Ripped Physique) Body မျိုးလိုချင်တယ်ဆိုရင် အချက် (5) ချက်ကိုသိပြီးလိုက်နာဖို့လိုပါတယ်။


 အဲ့ဒီအချက် (5) ချက်ကဘာတွေလဲဆိုတော့ 


    (1) Fat Loss (အဆီချခြင်း)

    (2) Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း)

    (3) Workout (လေ့ကျင့်ခန်း)

    (4) Diet (စားသောက်မူပုံစံ)

    (5) Consistency (မှန်ကန်စွာ လိုက်နာခြင်း)

 

(1) Fat Loss (အဆီချခြင်း)

         ကျွန်တော်တို့ခန္ဓာကိုယ်မှာကြွက်သားတွေ ကွဲပြားပေါ်လွင်နေအောင်မြင်ရဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏကိုပထမဦးဆုံး လျှော့ချပေးဖို့လိုပါတယ်၊ အဆီပမာဏလျှော့ချရုံနဲ့ ကြွက်သားတွေကွဲပြားပေါ်လွင်အောင်မြင်ရလို့လားမေးမယ်ဆိုရင် လူသားအားလုံးရဲ့ ခန္ဓာကိုယ်မှာ အခြေခံအားဖြင့်ကြွက်သားဆိုတာရှိပြီးသားဖြစ်ပြီး အရေပြားအောက်ကအဆီလွှာကကြွက်သားကိုအပြင်မှာ မမြင်ရအောင် ပိတ်ပင်ထားခြင်းဖြစ်ပါတယ်၊ ဒါကြောင့််ကြွက်သားတွေ ကွဲပြားပေါ်လွင်နေအာင်မြင်ဖို့ဆိုရင် ပထမဦးဆုံးအဆီပမာဏကို လျှော့ချဖို့ လိုပါတယ်။


(2) Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း)

         ဒုတိယအချက်အနေနဲ့ ကြွက်သားတွေကိုကြီးထွားအောင်လုပ်ဖို့လိုပါတယ်၊ အခုဘဲကြွက်သားတွေကရှိပြီးသားလို့ပြောတယ် ၊ ကြီးထွားအောင်လုပ်ဖို့လိုလို့်လားမမေးပါနဲ့ ကြွက်သားတွေက ရှိပြီးသားဆိုပေမဲ့ကောင်းကောင်းကြီးထွားနေတဲ့ ကြွက်သားတွေမဟုတ်တာ ကြောင့် (Ripped Physique) ရဖို့အတွက်ကိုယ်ကိုယ်တိုင်ဘဲကြီးထွားအောင်လုပ်ပေးဖို့လိုပါတယ်၊ ဒါမှသာကြွက်သားတွေ ကွဲပြားပေါ်လွင် နေတဲ့ခန္ဓာကိုယ်အချိုးအစားရရှိမှာဖြစ်ပါတယ်။


(3) Workout (လေ့ကျင့်ခန်း)

         (Ripped Physique) ရဖို့အတွက်ကစားတဲ့ကစားနည်းပိုင်းကို Cutting ပိုင်းလို့ခေါ်ပါတယ်၊ တချို့သုတွေ Muscle ခွဲတယ်လို့လည်း ပြောကြပါတယ်၊ အတော်များများလူတွေက ဒီ Cutting ပိုင်းမှာဘယ်လိုကစားနည်းမျိုးကစားရမလဲဆိုတာကိုမသိကြပါဘူး၊ အလေး နည်းနည်းနဲ့ အကြိမ်များများကစားရမလား (သို့မဟုတ်) အလေးများများနဲ့ အကြိမ်နည်းနည်းကစားရမလားဆိုပြီး အတော်များများတွေဝေ နေတတ်ကြပါတယ်။

          ကျွန်တော် Personal Trainer တစ်ယောက်အနေနဲ့ကျွန်တော့်အတွေ့အကြုံအရပြောမယ်ဆိုရင် Cutting လုပ်နေတဲ့အခါမှာ အစားအသောက်ပုံစံကကိုယ်လိုအပ်တဲ့ Calorie ထက်လျှော့စားရတာမို့်လို့ အလေးအများကြီးမနိုင်မှာ မဟုတ်ပါဘူး၊အဲ့ဒါကြောင့် အလေးနည်းနည်းနဲ့ အကြိမ်အရေများများကစားတာကို ပိုဦးစားပေးပါတယ်။     


(4) Diet (စားသောက်မူပုံစံ)

         Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Diet (စားသောက်မူပုံစံ)က ကွက်တိကျဖြစ် နေမှ ထိုဖြစ်စဉ်တွေဟာလည်းပုံမှန် ဖြစ်နေမှာဖြစ်ပါတယ်၊ (Ripped Physique) ရရှိဖို့အတွက် Calorie Deficit Diet ကိုမှီဝဲရမှာဖြစ်ပြီး Calorie Deficit Diet ဆိုတာက မိတ်ဆွေတို့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ Calorie က 2200 ဆိုပါစို့ Calorie Deficit Diet လုပ်ချိန်မှာ 2000 Calorie သာစားရမှာဖြစ်ပါတယ်။

           အဲလိုမျိုးစားသုံးချိန်မှာ ခန္ဓာကိုယ်ကအစားအသောက်မှရရှိတဲ့ Energy ကိုစုပ်ယူလိုက်ပြီး ကျန်လိုအပ်တဲ့ Energy အတွက် ခန္ဓာကိုယ်ထဲမှာနဂိုရှိနေတဲ့ အဆီပမာဏထဲက Energy ကိုစုပ်ယူမှာဖြစ်ပါတယ်၊ Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Protein ဓာတ်ကမရှိမဖြစ်အရေးကြီးဆုံး တစ်ခုပါ၊ မိမိရဲ့ Bodyweight  2.5 or 3g of Protein စားပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ကစားသမားထက် Cutting လုပ်တဲ့အခါမျိုးမှာ Fat loss လုပ်ရတာကြောင့် Fat နဲ့အတူ Muscle ပါ Loss ဖြစ်နိုင်တာကြောင့် Protein ဓာတ်ကိုပိုမိုမှီဝဲပေးဖို့လိုပါတယ်။


(5) Consistency (မှန်ကန်စွာ လိုက်နာခြင်း)

           အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်၊ Fat Loss ဘဲဖြစ်ဖြစ် Muscle Growth ဘဲဖြစ်ဖြစ် ချက်ချင်းဖြစ်လာမှာ မဟုတ်ပါဘူး ၊ Diet နဲ့ Training အပြောင်းအလဲလုပ်ပေးပြီး ပျက်ကွက်မူမရှိ Follow လုပ်နေမှသာ လအကြာမှာ Result ရရှိလာမှာ ဖြစ်ပါတယ်၊ ဒီ (Ripped Physique) ရဖို့ဆိုရင်၊ လုံးဝရေမသောက်ဘဲနေရမယ်လို့တစ်ယောက်ယောက်ပြောရင်၊ Trainer ကိုယ်တိုင်ပြောရင်တောင်မယုံလိုက်ပါနဲ့။


အဲ့ဒီလိုမျိုးလုပ်တာက တချို့ ပြိုင်ပွဲဝင် Bodybuilder တွေသာလုပ်တာဖြစ်ပြီးသူတို့တောင်မှပြိုင်ပွဲအတွက်တစ်ပတ်အလိုမှ ရေကို (4) ဗူးမှ (3)ဗူး (3) ဗူးမှ (2) ဗူးစသဖြင့်အဆင့်ဆင့်သာလျှော့ချတာ ဖြစ်ပြီးတစ်ခါတည်းဘယ်သူမှရေမဖြတ်ပါဘူး။ တစ်ယောက်ယောက်က အဲလိုရေဖြတ်မှရမယ်ပြောတယ်ဆိုရင်မှတ်ထားပါ ပြောတဲ့သူကသည်အပိုင်းနဲ့ပက်သက်ပြီး Knowledge မကြွယ်ဝဘူးဆိုတာ။ 👍🏻🤝🎉


အားလုံးဘဲ Covid-19 ကပ်ရောဂါမှကင်းဝေးနိုင်ကြပါစေ 🙏🙏🙏

Body Transformation Plan နှင့်ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက  Link 👇🏻 👇🏻 👇🏻  

https://www.facebook.com/103326301745427/posts/200880778656645/

Aung_Ko_Oo

#Freelance_Personal_Trainer

Contact:💻💻📲📲📩📩📩

Ph:📱📱09-973422146


[Zawgyi]ခႏၶာကိုယ္မွာႂကြက္သားေတြကြဲေနတဲ့_Bodyရေအာင္ဘယ္လိုတည္ေဆာက္မလဲ




#Body_Fitness

#Body_Trasformation

#ကိုယ္ကာယႀကံ့ခိုင္ေရး


(၂၁ရာစုေနာက္ပိုင္း ျမန္မာျပည္လူငယ္ေတြၾကား အားကစားခန္းမ Gym သြားတာ ေခတ္စားလာသလို၊ ကာယအလွ/ကာယဗလ အားကစားအေပၚ ဝါသနာပါလာၾကပါၿပီ။ ေယာက္်ားပီသတဲ့အသြင္အျပင္လိုခ်င္လို႔၊ က်န္းမာႀကံ့ခိုင္ခ်င္လို႔၊ ကိုယ့္ Idol ပံုရိပ္နဲ႔ အသြင္အျပင္တူခ်င္လို႔ စသျဖင့္ ရည္ရြယ္ခ်က္မ်ိဳးစံုနဲ႔ ကစားၾကေပမယ့္ အဓိကက က်န္းမာေရးနဲ႔ညီၫြတ္ဖို႔လိုပါတယ္။ အဆီမ်ားေနရင္ အဆီခ်ဖို႔၊ ပိန္ေနရင္ ႀကံ့ခိုင္ဖို႔၊ နဂိုေနလွေနရင္လည္း ပိုမိုေတာင့္တင္းဖို႔အတြက္ နည္းျပရဲ့အႀကံေပးခ်က္ကို ပထမဦးစားေပးရပါလိမ့္မယ္။ ကိုယ္ခႏၶာေတာင့္တင္းခ်င္ေသာ္လည္း ဟင့္အင္ သားက အသားမစားဘူး၊ ည ၂ နာရီမွအိပ္တာလုပ္ေနလို႔မရဘူးေနာ္။ သည္ႏွစ္ေတြမွာ ႂကြက္သားထုထည္ႀကီးမားၿပီး အစိတ္အပိုင္းအလိုက္ေပၚလြင္ေနတာမ်ိဳးမဟုတ္ေတာ့ဘဲ အေတာ္အသင့္အေနအထားနဲ႔ က်စ္လစ္လွပ ေပၚလြင္ေနတာမ်ိဳးျဖစ္ခ်င္လာၾကပါၿပီ။ ကိုယ့္ခႏၶာအခ်ိဳးအစားနဲ႔ ေလ့က်င့္စဉ္ကိုက္ညီဖို႔ကေတာ့ တကယ္တတ္သိတဲ့ နည္းျပနဲ႔ Coach က အေရးပါပါတယ္။ ကဲဖတ္ၾကၫ့္ေနာ္)


✅✅         ခႏၶာကိုယ္မွာအဆီနည္းၿပီး Six Pack နဲ႔ႂကြက္သားေတြကြဲျပားေပၚလြင္ေနတဲ့ Body မ်ိဳးကို (Ripped Physique) လို႔ေခၚပါတယ္၊ အလို (Ripped Physique) Body မ်ိဳးလိုခ်င္တယ္ဆိုရင္ အခ်က္ (5) ခ်က္ကိုသိၿပီးလိုက္နာဖို႔လိုပါတယ္။


 အဲ့ဒီအခ်က္ (5) ခ်က္ကဘာေတြလဲဆိုေတာ့ 


    (1) Fat Loss (အဆီခ်ျခင္း)

    (2) Muscle Growth (ႂကြက္သားႀကီးထြားေအာင္ လုပ္ျခင္း)

    (3) Workout (ေလ့က်င့္ခန္း)

    (4) Diet (စားေသာက္မူပံုစံ)

    (5) Consistency (မွန္ကန္စြာ လိုက္နာျခင္း)

 

(1) Fat Loss (အဆီခ်ျခင္း)

         ကြၽန္ေတာ္တို႔ခႏၶာကိုယ္မွာႂကြက္သားေတြ ကြဲျပားေပၚလြင္ေနေအာင္ျမင္ရဖို႔ဆိုရင္ ခႏၶာကိုယ္မွာရိွတဲ့ အဆီပမာဏကိုပထမဦးဆံုး ေလ်ွာ့ခ်ေပးဖို႔လိုပါတယ္၊ အဆီပမာဏေလ်ွာ့ခ်ရံုနဲ႔ ႂကြက္သားေတြကြဲျပားေပၚလြင္ေအာင္ျမင္ရလို႔လားေမးမယ္ဆိုရင္ လူသားအားလံုးရဲ့ ခႏၶာကိုယ္မွာ အေျခခံအားျဖင့္ႂကြက္သားဆိုတာရိွၿပီးသားျဖစ္ၿပီး အေရျပားေအာက္ကအဆီလႊာကႂကြက္သားကိုအျပင္မွာ မျမင္ရေအာင္ ပိတ္ပင္ထားျခင္းျဖစ္ပါတယ္၊ ဒါေၾကာင့္္ႂကြက္သားေတြ ကြဲျပားေပၚလြင္ေနအာင္ျမင္ဖို႔ဆိုရင္ ပထမဦးဆံုးအဆီပမာဏကို ေလ်ွာ့ခ်ဖို႔ လိုပါတယ္။


(2) Muscle Growth (ႂကြက္သားႀကီးထြားေအာင္ လုပ္ျခင္း)

         ဒုတိယအခ်က္အေနနဲ႔ ႂကြက္သားေတြကိုႀကီးထြားေအာင္လုပ္ဖို႔လိုပါတယ္၊ အခုဘဲႂကြက္သားေတြကရိွၿပီးသားလို႔ေျပာတယ္ ၊ ႀကီးထြားေအာင္လုပ္ဖို႔လိုလို႔္လားမေမးပါနဲ႔ ႂကြက္သားေတြက ရိွၿပီးသားဆိုေပမဲ့ေကာင္းေကာင္းႀကီးထြားေနတဲ့ ႂကြက္သားေတြမဟုတ္တာ ေၾကာင့္ (Ripped Physique) ရဖို႔အတြက္ကိုယ္ကိုယ္တိုင္ဘဲႀကီးထြားေအာင္လုပ္ေပးဖို႔လိုပါတယ္၊ ဒါမွသာႂကြက္သားေတြ ကြဲျပားေပၚလြင္ ေနတဲ့ခႏၶာကိုယ္အခ်ိဳးအစားရရိွမွာျဖစ္ပါတယ္။


(3) Workout (ေလ့က်င့္ခန္း)

         (Ripped Physique) ရဖို႔အတြက္ကစားတဲ့ကစားနည္းပိုင္းကို Cutting ပိုင္းလို႔ေခၚပါတယ္၊ တခ်ိဳ႕သုေတြ Muscle ခြဲတယ္လို႔လည္း ေျပာၾကပါတယ္၊ အေတာ္မ်ားမ်ားလူေတြက ဒီ Cutting ပိုင္းမွာဘယ္လိုကစားနည္းမ်ိဳးကစားရမလဲဆိုတာကိုမသိၾကပါဘူး၊ အေလး နည္းနည္းနဲ႔ အႀကိမ္မ်ားမ်ားကစားရမလား (သို႔မဟုတ္) အေလးမ်ားမ်ားနဲ႔ အႀကိမ္နည္းနည္းကစားရမလားဆိုၿပီး အေတာ္မ်ားမ်ားေတြေဝ ေနတတ္ၾကပါတယ္။

          ကြၽန္ေတာ္ Personal Trainer တစ္ေယာက္အေနနဲ႔ကြၽန္ေတာ့္အေတြ့အႀကံဳအရေျပာမယ္ဆိုရင္ Cutting လုပ္ေနတဲ့အခါမွာ အစားအေသာက္ပံုစံကကိုယ္လိုအပ္တဲ့ Calorie ထက္ေလ်ွာ့စားရတာမို႔္လို႔ အေလးအမ်ားႀကီးမႏိုင္မွာ မဟုတ္ပါဘူး၊အဲ့ဒါေၾကာင့္ အေလးနည္းနည္းနဲ႔ အႀကိမ္အေရမ်ားမ်ားကစားတာကို ပိုဦးစားေပးပါတယ္။     


(4) Diet (စားေသာက္မူပံုစံ)

         Fat Loss လုပ္တဲ့အခ်ိန္မွာဘဲျဖစ္ျဖစ္ Muscle Growth လုပ္တဲ့အခ်ိန္မွာဘဲျဖစ္ျဖစ္ Diet (စားေသာက္မူပံုစံ)က ကြက္တိက်ျဖစ္ ေနမွ ထိုျဖစ္စဉ္ေတြဟာလည္းပံုမွန္ ျဖစ္ေနမွာျဖစ္ပါတယ္၊ (Ripped Physique) ရရိွဖို႔အတြက္ Calorie Deficit Diet ကိုမွီဝဲရမွာျဖစ္ၿပီး Calorie Deficit Diet ဆိုတာက မိတ္ေဆြတို႔ခႏၶာကိုယ္မွာ လိုအပ္တဲ့ Calorie က 2200 ဆိုပါစို႔ Calorie Deficit Diet လုပ္ခ်ိန္မွာ 2000 Calorie သာစားရမွာျဖစ္ပါတယ္။

           အဲလိုမ်ိဳးစားသံုးခ်ိန္မွာ ခႏၶာကိုယ္ကအစားအေသာက္မွရရိွတဲ့ Energy ကိုစုပ္ယူလိုက္ၿပီး က်န္လိုအပ္တဲ့ Energy အတြက္ ခႏၶာကိုယ္ထဲမွာနဂိုရိွေနတဲ့ အဆီပမာဏထဲက Energy ကိုစုပ္ယူမွာျဖစ္ပါတယ္၊ Fat Loss လုပ္တဲ့အခ်ိန္မွာဘဲျဖစ္ျဖစ္ Muscle Growth လုပ္တဲ့အခ်ိန္မွာဘဲျဖစ္ျဖစ္ Protein ဓာတ္ကမရိွမျဖစ္အေရးႀကီးဆံုး တစ္ခုပါ၊ မိမိရဲ့ Bodyweight  2.5 or 3g of Protein စားေပးဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပံုမွန္ကစားသမားထက္ Cutting လုပ္တဲ့အခါမ်ိဳးမွာ Fat loss လုပ္ရတာေၾကာင့္ Fat နဲ႔အတူ Muscle ပါ Loss ျဖစ္ႏိုင္တာေၾကာင့္ Protein ဓာတ္ကိုပိုမိုမွီဝဲေပးဖို႔လိုပါတယ္။


(5) Consistency (မွန္ကန္စြာ လိုက္နာျခင္း)

           အလြန္အေရးပါတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္၊ Fat Loss ဘဲျဖစ္ျဖစ္ Muscle Growth ဘဲျဖစ္ျဖစ္ ခ်က္ခ်င္းျဖစ္လာမွာ မဟုတ္ပါဘူး ၊ Diet နဲ႔ Training အေျပာင္းအလဲလုပ္ေပးၿပီး ပ်က္ကြက္မူမရိွ Follow လုပ္ေနမွသာ လအၾကာမွာ Result ရရိွလာမွာ ျဖစ္ပါတယ္၊ ဒီ (Ripped Physique) ရဖို႔ဆိုရင္၊ လံုးဝေရမေသာက္ဘဲေနရမယ္လို႔တစ္ေယာက္ေယာက္ေျပာရင္၊ Trainer ကိုယ္တိုင္ေျပာရင္ေတာင္မယံုလိုက္ပါနဲ႔။


အဲ့ဒီလိုမ်ိဳးလုပ္တာက တခ်ိဳ႕ ၿပိဳင္ပြဲဝင္ Bodybuilder ေတြသာလုပ္တာျဖစ္ၿပီးသူတို႔ေတာင္မွၿပိဳင္ပြဲအတြက္တစ္ပတ္အလိုမွ ေရကို (4) ဗူးမွ (3)ဗူး (3) ဗူးမွ (2) ဗူးစသျဖင့္အဆင့္ဆင့္သာေလ်ွာ့ခ်တာ ျဖစ္ၿပီးတစ္ခါတည္းဘယ္သူမွေရမျဖတ္ပါဘူး။ တစ္ေယာက္ေယာက္က အဲလိုေရျဖတ္မွရမယ္ေျပာတယ္ဆိုရင္မွတ္ထားပါ ေျပာတဲ့သူကသည္အပိုင္းနဲ႔ပက္သက္ၿပီး Knowledge မႂကြယ္ဝဘူးဆိုတာ။ 👍🏻🤝🎉


အားလံုးဘဲ Covid-19 ကပ္ေရာဂါမွကင္းေဝးႏိုင္ၾကပါေစ 🙏🙏🙏

Body Transformation Plan ႏွင့္ပက္သက္ၿပီး အေသးစိတ္သိရိွလိုပါက  Link 👇🏻 👇🏻 👇🏻  

https://www.facebook.com/103326301745427/posts/200880778656645/

Aung_Ko_Oo

#Freelance_Personal_Trainer

Contact:💻💻📲📲📩📩📩

Ph:📱📱09-973422146

No comments: