Friday, August 13, 2021

နာလန်ထစ လူနာများအတွက်

 နာလန်ထစ လူနာများအတွက် ဆန်ပြုတ်ပြုတ်ခြင်း (Congee) 


လူမမာအတွက် ဆန်ပြုတ်ပြုတ်နည်း




အခုတလော COVID-19 တွေ အဖြစ်များတော့ လူနာတွေ က ထမင်းလဲ မစားချင်၊ မစားနိုင်ကြတော့ စားရလွယ်တဲ့ ဆန်ပြုတ်ကိုပဲ ပိုကျွေးလာကြပါတယ်။

ဆန်ပြုတ်ဆိုရင်လည်း ဆန်ချည်းပဲ မပြုတ်ဘဲ နည်းနည်းစားရင်တောင် အာဟာရအတော်အတန်ပါအောင် ပြုတ်တတ်ဖို့လိုပါတယ်။


ပြုတ်နည်း

1. ဆန် ထမင်းစားဇွန်း ၃ ဇွန်း/ ထမင်း ၆-၈ဇွန်း 

2. ဆီ လက်ဖက်စားဇွန်း ၂ ဇွန်း (ဆန်စပြုတ်ကတည်းက ထည့်ပြုတ်ပါ/ စားခါနီးမှ ဆီထည့်ရင် အခန့်မသင့်ရင် သီးတတ်လို့ပါ) 

3. ပဲနီလေး ထမင်းစားဇွန်း ၁ဇွန်း

4. ကြက်သား/ ငါး ၂ တုံး (ကြက်သားဆိုရင် နူးအိနေအောင် ပြုတ်ပြီးရင် ဆယ်ပြီး အသားကို အမျှင်လိုက် ဖြစ်အောင် နွှင်ပေးပါ၊ မဟုတ်ရင် လူမမာ က မဝါးနိုင်ပါ)

5. ကြက်ဥ အပြည့်တစ်လုံး၊ အကာတလုံး (ကြက်ဥထည့်ရာတွင် အလုံးလိုက် ဖောက်မထည့်ပါနှင့် အခဲလိုက်ဖြစ်ပြီး လူမနာမဝါးနိုင်ပါ။ ဒါကြောင့် အပြင် ဇလုံမှာ အရင် ခလောက်ပါ၊ ဆန်ပြုတ် ပွက်ပွက်ဆူမှ ကြက်ဥခေါက်ထားတာကို ထည့်ပြီး အဆင်မပြတ်မွှေပါ၊ ဒါဆိုရင် အမျှင်လိုက်ဖြစ်ပြီး လူမမာ လဲ သိပ်ဝါးစရာမလိုတော့ စားလို့အဆင်ပြေပါတယ်)

6. ဆားအနည်းငယ်

7. ငရုတ်ကောင်း အနည်းငယ်

8. အသီးအရွက် ကတော့ ပါလေရုံသာထည့်ပါ။ မထည့်လဲ ရပါတယ်။ (ဆန်ပြုတ်မှာ အသီးအရွက် တွေချည်း အရမ်းများနေရင် တခြား အရေးကြီးတဲ့ ကာဗိုဟိုက်ဒရိတ်၊ အသား၊ အဆီ ဓါတ်တွေ ရတာ နည်းသွားနိုင်ပါတယ်) 

အခု ပြုတ်နည်း ကတော့ အစာ သိပ်မဝင်နဲ့ လူနာတွေ မှာ ဝင်ရင်ဝင်သလောက် အာဟာရှိအောင် လုပ်ထားတဲ့ ဆန်ပြုတ် ပြုတ် နည်း ဖြစ်ပါတယ်။ 

အရေးကြီးဆုံးအချက်ကတော့ ဆန်ပြုတ်ကို ကျဲတောက်နေအောင် မကျိုဖို့လိုပါတယ်။ အရည်ကျဲလေ အာဟာရနည်းလေပါ။ နည်းနည်းပဲ စားနိုင်တဲ့ လူနာမှာ နည်းနည်းစားတာနဲ့ အာဟာရ အတော်အတန်ရအောင် ပြုတ်ဖို့ လိုအပ်ပါတယ်။ 


အသားဟင်းမစားချင်လို့ ပဲဟင်းချက်စားမယ်




အခု အခြေအနေမှာ ငွေရေးကြေးရေး အရရော ခက်ခဲနေကြတယ်။ ပြီးတော့ နေမကောင်းလဲ ဖြစ်နေတယ် အသား၊ငါး ဝယ်ဖို့လဲ အဆင်မပြေဘူးဆိုရင် အသင့်တော်ဆုံး ကတော့ ပဲဟင်းပါပဲ


ပဲဟင်းကိုတော့ ရေကျဲ မချက်ပဲ ခပ်ပျစ်ပျစ်ကလေးတော့ ချက်ဖို့လိုပါမယ်။


ချက်နည်း

(၁) နှစ်သက်ရာ ပဲ - ထမင်းစားဇွန်း မောက်မောက် ၆ဇွန်း

(၂) အာလူး - အလုံးကြီး ၁ လုံး စာ

(၃) ဆီ - ထမင်းစားဇွန်း (၁) ဇွန်း 

(၄) ဆား

(၅) ကြက်သွန်ဖြူကြော် - အဆင်ပြေရင် ထည့်ပါ 

အရည် အပျစ် အနေအထားက ခပ်လိုက်ချိန်မှာ ဇွန်းမှာ ပဲ တွေ ဇွန်းတဝက် ပါလာမယ့် အနေအထားချက်ပါ။ အနည်းဆုံး လူနှစ်ယောက်စာ ကောင်းကောင်းစားလို့ရပါတယ်။ 

အကြမ်းဖျင်း ငွေကျပ် - ၅၀၀-၇၀၀ လောက်နဲ့ အဆင်ပြေနိုင်ပါတယ် (ဈေးကတော့ ကျွန်တော်ဝယ်တဲ့ ဈေးနဲ့ တွက်ထားလို့ နည်းသွား များသွားဖြစ်နိုင်ပါတယ်)

ထမင်း မစားနိုင်တဲ့ သူက တော့ ဆန်ထည့်ပြုတ်ပါ။ 

အာဟာရပြည့်အောင် ရှိတာလေးနဲ့ ချွေတာစားလို့ရပါတယ်။ 


အဟာရမှုန့်ဖျော်တိုက်မယ်ဆိုရင်




အာဟာရရှိအောင်ဆိုပြီး ကျွန်တော်တို့က လူမမာ ကို အာဟာရမှုန့်တော့ တိုက်ပါရဲ့ ဒါပေမယ့် လူနာ က ဘာမှ မထူးလာဘူး.... ဘာလို့လဲ????


(၁) ဖျော်စပ်နည်း မှားခြင်း - အာဟာရမှုန့် တွေ ဟာ တံဆိပ်ပေါ်မူတည်ပြီး ရေနွေးနဲ့ ဖျော်ရတာ ရေကျက်အေးနဲ့ ဖျော်ရတာ စသဖြင့် ရှိပါတယ်။ သူတို့ ဘူးတွေ မှာ ဖော်ပြထားတဲ့ အတိုင်း ရေ အမျိုးအစား သုံးရပါမယ်။


(၂) အာဟာရမှုန့် ပမာဏမှားခြင်း - နာမည်ကြီး တံဆိပ်တွေ တော့ ဝယ်တိုက်နေပါရဲ့ ဖျော်တာ က ဖျော်နည်းအတိုင်း မဖျော်ပဲ ကုန်ကျသက်သာအောင် အမှုန့်နည်းနည်း ပဲ ထည့် ဖျော်ပြန်ရင် အာဟာရ ရရှိမှု့ကလဲ ကြိမ်းသေပေါက်နည်းပါမယ်။ ပြီးတာ့ လူနာ က ဒါသောက်နေတာပဲ ဆိုပြီး (false security ) လုံလောက်ပြီထင်ပြီး တခြား အာဟာရ ရှိတာတွေ မကျွေးမိတော့ရင် လူနာရဲ့ အာဟာရ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် သောက်နေတဲ့ အာဟာရမှုန့် ဘူးပေါ်မှာ ရေးထားတဲ့ ဖျော်စပ်နည်း အညွှန်းကို သေချာဖတ်ပါ။ ခွင့်ပြုချက် ရ အာဟာရမှုန့် အားလုံးနီးပါး မြန်မာ ဘာသာဖြင့် ရေးထားလေ့ရှိပါတယ်။


(၃) လူနာသောက်ချင်ဇော နဲ့ အရမ်းခပ်ပျစ်ပျစ် ဖျော်ပြန်ရင်လဲ ဝမ်းလျှောတာ ဖြစ်လာနိုင်ပါတယ်။


(၄) လုံးဝ အဖတ်မစားနိုင်တဲ့ လူနာမှာ အာဟာရမှုန့် ပဲ တိုက်မယ်ဆိုရင် အနည်းဆုံး ၄-၅ ကြိမ်တော့ ဝင်ဖို့လိုပါတယ်။ တခြား အစားလဲ စားနေတယ် ဆိုရင် ဒီထက်လျှော့လို့ရပါတယ်။


ဒါဆို အာဟာရမှုန့် က မဖြစ်မနေ တိုက်ရမှာလား????


- မဟုတ်ပါ။ ကိုယ့်နိုင်ငံ အနေအထားအရ ပိုလို့တောင် မဖြစ်နိုင်ပါ။ ဝယ်တိုက်လို့ အဆင်ပြေတဲ့ သူက ဝယ်တိုက်။ မတိုက် နိုင်တဲ့ သူတွေ က အရှေ့မှာ ရေးထားခဲ့တဲ့ ပို့စ် တွေ က အတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်တာနဲ့ အာဟာရပြည့်အောင် ချက်ကျွေးပါ။ 


မှတ်ချက် - အာဟာရမှုန့် တွေ ကြေညာပေးခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။ 

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်


[Zawgyi]နာလန္ထစ လူနာမ်ားအတြက္ ဆန္ျပဳတ္ျပဳတ္ျခင္း (Congee) 


လူမမာအတြက္ ဆန္ျပဳတ္ျပဳတ္နည္း




အခုတေလာ COVID-19 ေတြ အျဖစ္မ်ားေတာ့ လူနာေတြ က ထမင္းလဲ မစားခ်င္၊ မစားႏိုင္ၾကေတာ့ စားရလြယ္တဲ့ ဆန္ျပဳတ္ကိုပဲ ပိုေကြၽးလာၾကပါတယ္။

ဆန္ျပဳတ္ဆိုရင္လည္း ဆန္ခ်ည္းပဲ မျပဳတ္ဘဲ နည္းနည္းစားရင္ေတာင္ အာဟာရအေတာ္အတန္ပါေအာင္ ျပဳတ္တတ္ဖို႔လိုပါတယ္။


ျပဳတ္နည္း

1. ဆန္ ထမင္းစားဇြန္း ၃ ဇြန္း/ ထမင္း ၆-၈ဇြန္း 

2. ဆီ လက္ဖက္စားဇြန္း ၂ ဇြန္း (ဆန္စျပဳတ္ကတည္းက ထၫ့္ျပဳတ္ပါ/ စားခါနီးမွ ဆီထၫ့္ရင္ အခန႔္မသင့္ရင္ သီးတတ္လို႔ပါ) 

3. ပဲနီေလး ထမင္းစားဇြန္း ၁ဇြန္း

4. ၾကက္သား/ ငါး ၂ တံုး (ၾကက္သားဆိုရင္ ႏူးအိေနေအာင္ ျပဳတ္ၿပီးရင္ ဆယ္ၿပီး အသားကို အမ်ွင္လိုက္ ျဖစ္ေအာင္ ႏႊင္ေပးပါ၊ မဟုတ္ရင္ လူမမာ က မဝါးႏိုင္ပါ)

5. ၾကက္ဥ အျပၫ့္တစ္လံုး၊ အကာတလံုး (ၾကက္ဥထၫ့္ရာတြင္ အလံုးလိုက္ ေဖာက္မထၫ့္ပါႏွင့္ အခဲလိုက္ျဖစ္ၿပီး လူမနာမဝါးႏိုင္ပါ။ ဒါေၾကာင့္ အျပင္ ဇလံုမွာ အရင္ ခေလာက္ပါ၊ ဆန္ျပဳတ္ ပြက္ပြက္ဆူမွ ၾကက္ဥေခါက္ထားတာကို ထၫ့္ၿပီး အဆင္မျပတ္ေမႊပါ၊ ဒါဆိုရင္ အမ်ွင္လိုက္ျဖစ္ၿပီး လူမမာ လဲ သိပ္ဝါးစရာမလိုေတာ့ စားလို႔အဆင္ေျပပါတယ္)

6. ဆားအနည္းငယ္

7. ငရုတ္ေကာင္း အနည္းငယ္

8. အသီးအရြက္ ကေတာ့ ပါေလရံုသာထၫ့္ပါ။ မထၫ့္လဲ ရပါတယ္။ (ဆန္ျပဳတ္မွာ အသီးအရြက္ ေတြခ်ည္း အရမ္းမ်ားေနရင္ တျခား အေရးႀကီးတဲ့ ကာဗိုဟိုက္ဒရိတ္၊ အသား၊ အဆီ ဓါတ္ေတြ ရတာ နည္းသြားႏိုင္ပါတယ္) 

အခု ျပဳတ္နည္း ကေတာ့ အစာ သိပ္မဝင္နဲ႔ လူနာေတြ မွာ ဝင္ရင္ဝင္သေလာက္ အာဟာရိွေအာင္ လုပ္ထားတဲ့ ဆန္ျပဳတ္ ျပဳတ္ နည္း ျဖစ္ပါတယ္။ 

အေရးႀကီးဆံုးအခ်က္ကေတာ့ ဆန္ျပဳတ္ကို က်ဲေတာက္ေနေအာင္ မက်ိဳဖို႔လိုပါတယ္။ အရည္က်ဲေလ အာဟာရနည္းေလပါ။ နည္းနည္းပဲ စားႏိုင္တဲ့ လူနာမွာ နည္းနည္းစားတာနဲ႔ အာဟာရ အေတာ္အတန္ရေအာင္ ျပဳတ္ဖို႔ လိုအပ္ပါတယ္။ 


အသားဟင္းမစားခ်င္လို႔ ပဲဟင္းခ်က္စားမယ္




အခု အေျခအေနမွာ ေငြေရးေၾကးေရး အရေရာ ခက္ခဲေနၾကတယ္။ ၿပီးေတာ့ ေနမေကာင္းလဲ ျဖစ္ေနတယ္ အသား၊ငါး ဝယ္ဖို႔လဲ အဆင္မေျပဘူးဆိုရင္ အသင့္ေတာ္ဆံုး ကေတာ့ ပဲဟင္းပါပဲ


ပဲဟင္းကိုေတာ့ ေရက်ဲ မခ်က္ပဲ ခပ္ပ်စ္ပ်စ္ကေလးေတာ့ ခ်က္ဖို႔လိုပါမယ္။


ခ်က္နည္း

(၁) ႏွစ္သက္ရာ ပဲ - ထမင္းစားဇြန္း ေမာက္ေမာက္ ၆ဇြန္း

(၂) အာလူး - အလံုးႀကီး ၁ လံုး စာ

(၃) ဆီ - ထမင္းစားဇြန္း (၁) ဇြန္း 

(၄) ဆား

(၅) ၾကက္သြန္ျဖဴေၾကာ္ - အဆင္ေျပရင္ ထၫ့္ပါ 

အရည္ အပ်စ္ အေနအထားက ခပ္လိုက္ခ်ိန္မွာ ဇြန္းမွာ ပဲ ေတြ ဇြန္းတဝက္ ပါလာမယ့္ အေနအထားခ်က္ပါ။ အနည္းဆံုး လူႏွစ္ေယာက္စာ ေကာင္းေကာင္းစားလို႔ရပါတယ္။ 

အၾကမ္းဖ်င္း ေငြက်ပ္ - ၅၀၀-၇၀၀ ေလာက္နဲ႔ အဆင္ေျပႏိုင္ပါတယ္ (ေဈးကေတာ့ ကြၽန္ေတာ္ဝယ္တဲ့ ေဈးနဲ႔ တြက္ထားလို႔ နည္းသြား မ်ားသြားျဖစ္ႏိုင္ပါတယ္)

ထမင္း မစားႏိုင္တဲ့ သူက ေတာ့ ဆန္ထၫ့္ျပဳတ္ပါ။ 

အာဟာရျပၫ့္ေအာင္ ရိွတာေလးနဲ႔ ေခြၽတာစားလို႔ရပါတယ္။ 


အဟာရမႈန႔္ေဖ်ာ္တိုက္မယ္ဆိုရင္




အာဟာရရိွေအာင္ဆိုၿပီး ကြၽန္ေတာ္တို႔က လူမမာ ကို အာဟာရမႈန႔္ေတာ့ တိုက္ပါရဲ့ ဒါေပမယ့္ လူနာ က ဘာမွ မထူးလာဘူး.... ဘာလို႔လဲ????


(၁) ေဖ်ာ္စပ္နည္း မွားျခင္း - အာဟာရမႈန႔္ ေတြ ဟာ တံဆိပ္ေပၚမူတည္ၿပီး ေရႏြေးနဲ႔ ေဖ်ာ္ရတာ ေရက်က္ေအးနဲ႔ ေဖ်ာ္ရတာ စသျဖင့္ ရိွပါတယ္။ သူတို႔ ဘူးေတြ မွာ ေဖာ္ျပထားတဲ့ အတိုင္း ေရ အမ်ိဳးအစား သံုးရပါမယ္။


(၂) အာဟာရမႈန႔္ ပမာဏမွားျခင္း - နာမည္ႀကီး တံဆိပ္ေတြ ေတာ့ ဝယ္တိုက္ေနပါရဲ့ ေဖ်ာ္တာ က ေဖ်ာ္နည္းအတိုင္း မေဖ်ာ္ပဲ ကုန္က်သက္သာေအာင္ အမႈန႔္နည္းနည္း ပဲ ထၫ့္ ေဖ်ာ္ျပန္ရင္ အာဟာရ ရရိွမႈ႔ကလဲ ႀကိမ္းေသေပါက္နည္းပါမယ္။ ၿပီးတာ့ လူနာ က ဒါေသာက္ေနတာပဲ ဆိုၿပီး (false security ) လံုေလာက္ၿပီထင္ၿပီး တျခား အာဟာရ ရိွတာေတြ မေကြၽးမိေတာ့ရင္ လူနာရဲ့ အာဟာရ အေျခအေန ပိုဆိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ ေသာက္ေနတဲ့ အာဟာရမႈန႔္ ဘူးေပၚမွာ ေရးထားတဲ့ ေဖ်ာ္စပ္နည္း အၫႊန္းကို ေသခ်ာဖတ္ပါ။ ခြင့္ျပဳခ်က္ ရ အာဟာရမႈန႔္ အားလံုးနီးပါး ျမန္မာ ဘာသာျဖင့္ ေရးထားေလ့ရိွပါတယ္။


(၃) လူနာေသာက္ခ်င္ေဇာ နဲ႔ အရမ္းခပ္ပ်စ္ပ်စ္ ေဖ်ာ္ျပန္ရင္လဲ ဝမ္းေလ်ွာတာ ျဖစ္လာႏိုင္ပါတယ္။


(၄) လံုးဝ အဖတ္မစားႏိုင္တဲ့ လူနာမွာ အာဟာရမႈန႔္ ပဲ တိုက္မယ္ဆိုရင္ အနည္းဆံုး ၄-၅ ႀကိမ္ေတာ့ ဝင္ဖို႔လိုပါတယ္။ တျခား အစားလဲ စားေနတယ္ ဆိုရင္ ဒီထက္ေလ်ွာ့လို႔ရပါတယ္။


ဒါဆို အာဟာရမႈန႔္ က မျဖစ္မေန တိုက္ရမွာလား????


- မဟုတ္ပါ။ ကိုယ့္ႏိုင္ငံ အေနအထားအရ ပိုလို႔ေတာင္ မျဖစ္ႏိုင္ပါ။ ဝယ္တိုက္လို႔ အဆင္ေျပတဲ့ သူက ဝယ္တိုက္။ မတိုက္ ႏိုင္တဲ့ သူေတြ က အေရ႔ွမွာ ေရးထားခဲ့တဲ့ ပို႔စ္ ေတြ က အတိုင္း ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ္တတ္ႏိုင္တာနဲ႔ အာဟာရျပၫ့္ေအာင္ ခ်က္ေကြၽးပါ။ 


မွတ္ခ်က္ - အာဟာရမႈန႔္ ေတြ ေၾကညာေပးျခင္း လံုးဝ (လံုးဝ) မဟုတ္ပါ။ 

ေလးစားစြာျဖင့္

ေဒါက္တာ ညီညီေက်ာ္

No comments: