Wednesday, August 11, 2021

နာဂသိန်းလှိုင် (သို့) နာဂနတ်

ခွဲစိတ်မှုကို လက်မခံလိုကြတာကြောင့် ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့တဲ့ ဆရာဝန်


နာဂသိန်းလှိုင် (သို့) နာဂနတ်




ဆရာကြီးနာဂသိန်းလှိုင် (သို့) ဒေါက်တာသိန်းလှိုင်အား မွန်ပြည်နယ် သထုံမြို့တွင် ၁၉၃၃ ခုနှစ်  နိုဝင်ဘာ ၇ ရက်နေ့က မွေးဖွားခဲ့သည်။ မော်လမြိုင် စိန်ဂျိုးဇက်ကွန်ဗင့် နှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်(ဆေးသိပ္ပံ) တို့တွင် ပညာသင်ကြားခဲ့သည်။


ဆေးကျောင်းသားဘဝ


၁၉၅၇ ခုနှစ်တွင် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင် မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ကာ အလုပ်သင်ဆရာဝန်ဘဝတွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သည်။ ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သည့်အတွက် လက်တွေ့ဆင်းနေရခြင်းကို ဖြုတ်ခံရသည်။


ဆရာဝန်ဘဝ အစောပိုင်း


ဒေါက်တာသိန်းလှိုင်သည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာဝန်အဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မြိတ်မြို့နယ် လက်ထောက် ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အဆောင် (၃/၄)၏ တာဝန်ခံဆရာဝန်၊ ဆရာကြီး ပါမောက္ခဒေါက်တာဦးဘသန်း၏ ပထမ လက်ထောက်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက်ခွဲစိတ်ဆောင်ကြီးကြပ်သူ စသဖြင့် တစ်နှစ်စီဆောင်ရွက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြစ်ပေးသည့် အနေဖြင့် ဒေါက်တာသိန်းလှိုင်ကို ခန္တီးအရပ်ဒေသသို့ ပို့ခဲ့သည်။


နာဂသိန်းလှိုင်ဟု ကျော်ကြားခြင်း


ထိုစဉ်က နာဂတောင်တန်းဒေသတွင် အဖြစ်များနေသည့် လည်ပင်းကြီးရောဂါနှင့် အခြားခွဲစိတ်လူနာများကို အောင်မြင်အောင်ခွဲစိတ်ပေးနိုင်ခဲ့သည်။ ဆရာကြီးသည် နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ပြီး ခွဲစိတ်ကုသမှုကို လက်မခံလိုသည့် နာဂလူမျိုးများကို သဘောပေါက်နားလည်စေရန် ပြောဆိုရှင်းပြစည်းရုံးခဲ့ရသည်။ လူနာက ခွဲစိတ်မှုကို လက်မခံလိုကြသဖြင့် ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့ရသည်။


ထိုစဉ်က နာဂတောင်တန်းတစ်ခွင်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လည်ပင်းကြီးရောဂါဖြစ်နေကြသည်။ နာဂတိုင်းရင်းသားများမှာ နတ်ကိုးကွယ်သည့်ဓလေ့ရှိကြသဖြင့် ရောဂါတစ်ခုခုဖြစ်တိုင်း နတ်ဆရာထံ သွားရောက်ကာ နတ်ပသခြင်း၊ ယဇ်ပူဇော်ခြင်းတို့ ပြုလုပ်ကုသလေ့ရှိကြသည်။ နတ်များက ကုသမပေးနိုင်သည့် လည်ပင်းကြီးရောဂါကို ဒေါက်တာသိန်းလှိုင်က ပျောက်အောင် ကုသပေးနိုင်ခဲ့သဖြင့် "နာဂနတ်" ခေါ်ဆိုကြကာ နာဂတိုင်းရင်းသားများက နတ်တစ်ပါးပမာ ကိုးကွယ်ခဲ့ကြသည်။


ဒေါက်တာသိန်းလှိုင်သည် နာဂတောင်တန်းတွင် အဆီအကျိတ်များ၊ အလုံးအကျိတ်မျိုးစုံ၊ အူကျခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အကျိတ်ပေါင်းစုံကို ခွဲစိတ်ကုသခဲ့ရသည်။ ဒေါက်တာသိန်းလှိုင်သည် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် သူ့လူနာများကို မေ့ဆေးဖြင့် ခွဲစိတ်ခြင်းမဟုတ်ဘဲ ထုံဆေးပညာဖြင့်သာ ခွဲစိတ်ခြင်းဖြစ်သည်။


ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်သည် ထုံဆေးပညာသီးသန့်ဖြင့် မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့သည့် လူနာပေါင်းမှာ အနားယူချိန် ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၇) နှစ်အတွင်း ၂၈၉၅ ဦး ရှိခဲ့သည်။ လူနာများကို ခွဲစိတ်ရာတွင်လည်း သူ့ခွဲစိတ်မှုကြောင့် သေဆုံးသူတစ်ဦးမှမရှိခဲ့ဟု ဆိုသည်။ ထို့အပြင် လူနာကို ခွဲစိတ်နေရင်း အရေးပေါ် သွေးလိုအပ်ပါက မိမိနှင့် သွေးအုပ်စုတူသည့် လူနာကို မိမိသွေးဖောက်၍ ချက်ချင်းသွင်းပေးခဲ့သေးသည်။


လည်ပင်းကြီးရောဂါကို ထုံဆေးသက်သက်ဖြင့် ခွဲစိတ်နိုင်သည့်ပုဂ္ဂိုလ်မျိုး ဒေါက်တာနာဂသိန်းလှိုင်မှလွဲ၍ ကမ္ဘာ့ဆေးပညာသမိုင်းမှာမရှိသေးဟု သိရကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာဝန်များအဖွဲ့မှ ဒေါက်တာကျော်ကျော်မင်းက ရေးသားထားသည်။




တောင်ပေါ်မှ မြေပြန့်သို့ပြောင်းရွှေ့ခြင်း


ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ ပြန်လည်ဆင်းသက်ခဲ့ရပြီး ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဒေါက်တာသိန်းလှိုင်သည် ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထားဆရာဝန်ကြီးအဖြစ် မန္တလေးမြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးအဖြစ် သာယာဝတီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။


သူ့တွင် နတ်ဆရာဝန်၊ နာဂနတ်၊ နာဂသိန်းလှိုင်စသည့် အမည်များအပြင် "ရွှေဓားဗိုလ်" ဟူသည့် အမည်တစ်ခုလည်း တွင်ခဲ့သေးသည်။ ဖြူးမြို့နယ်မှ ပုသိမ်သို့ ပြောင်းရွှေ့စဉ်က ကျောင်းကုန်းမြို့နယ်ဆရာဝန် ခွင့်ယူထားသဖြင့် အစားဝင်ရောက်တာဝန်ထမ်းဆောင်စဉ် ကျောင်းကုန်းဆေးရုံတွင် ၂၄ နာရီထိုင် ခွဲစိတ်သောကြောင့် အခြားမြို့နယ်၊ ကျေးရွာများမှ လူနာများ တဖွဲဖွဲလာရောက်လျက်ရှိသည်။ လူနာတို့၏ ရောဂါပေါင်းစုံကို မနားတမ်းခွဲစိတ်နေသဖြင့် ရွှေဓားဗိုလ်ဟူ၍ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။


အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်သည် ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်နေထိုင်ခဲ့သည်။ တောင်ကြီးမြို့ ကမ္ဘောဇဆေးရုံ၌ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့တွင်လည်း ကုသမှုများ ဆောင်ရွက်ခဲ့သည်။ ဆရာကြီး နာဂသိန်းလှိုင် အကြောင်း  အတ္ထုပ္ပတ္တိကို စာရေးဆရာ  ညီပုလေးက ဝတ္ထုဟန်ဖွဲ့ထားတဲ့ ‘ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်သည် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်။


ကွယ်လွန်ခြင်း


ဒေါက်တာနာဂသိန်းလှိုင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ မနက်ကိုးနာရီ ဆယ်မိနစ် (အသက် ၈၇နှစ် အရွယ်) တွင် ကွယ်လွန်ခဲ့သည်။


မြန်မာအွန်လိုင်းစွယ်စုံကျမ်း ၊ Myanmar Wikipedia မှ


[Zawgyi]ခြဲစိတ္မႈကို လက္မခံလိုၾကတာေၾကာင့္ ကိုယ့္အသက္ကိုယ္ အေပါင္ထားကာ ကုသေပးခဲ့တဲ့ ဆရာဝန္


နာဂသိန္းလိႈင္ (သို႔) နာဂနတ္




ဆရာႀကီးနာဂသိန္းလိႈင္ (သို႔) ေဒါက္တာသိန္းလိႈင္အား မြန္ျပည္နယ္ သထံုၿမိဳ႔တြင္ ၁၉၃၃ ခုႏွစ္  ႏိုဝင္ဘာ ၇ ရက္ေန့က ေမြးဖြားခဲ့သည္။ ေမာ္လၿမိဳင္ စိန္ဂ်ိဳးဇက္ကြန္ဗင့္ ႏွင့္ ေဆးတကၠသိုလ္(၁) ရန္ကုန္(ေဆးသိပၸံ) တို႔တြင္ ပညာသင္ၾကားခဲ့သည္။


ေဆးေက်ာင္းသားဘဝ


၁၉၅၇ ခုႏွစ္တြင္ ေဆးေကာလိပ္ေက်ာင္းသားမ်ားသမဂၢ၏ အေထြေထြအတြင္းေရးမွဴးတာဝန္ကို ထမ္းေဆာင္ခဲ့သည္။ ၁၉၆၀ တြင္ ျမန္မာႏိုင္ငံလူငယ္ဆရာဝန္မ်ားအသင္း (YDA)ကို တည္ေထာင္ခဲ့ၿပီး အေထြေထြအတြင္းေရးမွဴးတာဝန္ ထမ္းေဆာင္ကာ အလုပ္သင္ဆရာဝန္ဘဝတြင္ အစိုးရေထာက္ပံ့ေၾကးမရသၫ့္ အလုပ္သင္ဆရာဝန္မ်ားအတြက္ ဦးေဆာင္သပိတ္ေမွာက္ခဲ့သည္။ ဆႏၵျပမႈကို ေခါင္းေဆာင္ခဲ့သၫ့္အတြက္ လက္ေတြ့ဆင္းေနရျခင္းကို ျဖဳတ္ခံရသည္။


ဆရာဝန္ဘဝ အေစာပိုင္း


ေဒါက္တာသိန္းလိႈင္သည္ ျမန္မာႏိုင္ငံကုန္သြယ္ေရေၾကာင္းဌာနတြင္ သေဘၤာဆရာဝန္အျဖစ္ တစ္ႏွစ္လုပ္ကိုင္ခဲ့သည္။ ၁၉၆၂ ခုႏွစ္တြင္ ၿမိတ္ၿမိဳ႔နယ္ လက္ေထာက္ ဆရာဝန္အျဖစ္ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး ရန္ကုန္ေဆးရံုႀကီး အေဆာင္ (၃/၄)၏ တာဝန္ခံဆရာဝန္၊ ဆရာႀကီး ပါေမာကၡေဒါက္တာဦးဘသန္း၏ ပထမ လက္ေထာက္၊ မႏၲေလးျပည္သူ႔ေဆးရံုႀကီး၊ အေရ႔ွဘက္ခြဲစိတ္ေဆာင္ႀကီးၾကပ္သူ စသျဖင့္ တစ္ႏွစ္စီေဆာင္ရြက္ခဲ့သည္။ ၁၉၆၅ ခုႏွစ္တြင္ က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္က အျပစ္ေပးသၫ့္ အေနျဖင့္ ေဒါက္တာသိန္းလိႈင္ကို ခႏၲီးအရပ္ေဒသသို႔ ပို႔ခဲ့သည္။


နာဂသိန္းလိႈင္ဟု ေက်ာ္ၾကားျခင္း


ထိုစဉ္က နာဂေတာင္တန္းေဒသတြင္ အျဖစ္မ်ားေနသၫ့္ လည္ပင္းႀကီးေရာဂါႏွင့္ အျခားခြဲစိတ္လူနာမ်ားကို ေအာင္ျမင္ေအာင္ခြဲစိတ္ေပးႏိုင္ခဲ့သည္။ ဆရာႀကီးသည္ နာဂေတာင္တန္းတြင္ အခက္အခဲေပါင္းမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ၿပီး ခြဲစိတ္ကုသမႈကို လက္မခံလိုသၫ့္ နာဂလူမ်ိဳးမ်ားကို သေဘာေပါက္နားလည္ေစရန္ ေျပာဆိုရွင္းျပစည္းရံုးခဲ့ရသည္။ လူနာက ခြဲစိတ္မႈကို လက္မခံလိုၾကသျဖင့္ ကိုယ့္အသက္ကိုယ္ အေပါင္ထားကာ ကုသေပးခဲ့ရသည္။


ထိုစဉ္က နာဂေတာင္တန္းတစ္ခြင္မွာ လူဦးေရ ၇၀ ရာခိုင္ႏႈန္းခန႔္မွာ လည္ပင္းႀကီးေရာဂါျဖစ္ေနၾကသည္။ နာဂတိုင္းရင္းသားမ်ားမွာ နတ္ကိုးကြယ္သၫ့္ဓေလ့ရိွၾကသျဖင့္ ေရာဂါတစ္ခုခုျဖစ္တိုင္း နတ္ဆရာထံ သြားေရာက္ကာ နတ္ပသျခင္း၊ ယဇ္ပူေဇာ္ျခင္းတို႔ ျပဳလုပ္ကုသေလ့ရိွၾကသည္။ နတ္မ်ားက ကုသမေပးႏိုင္သၫ့္ လည္ပင္းႀကီးေရာဂါကို ေဒါက္တာသိန္းလိႈင္က ေပ်ာက္ေအာင္ ကုသေပးႏိုင္ခဲ့သျဖင့္ "နာဂနတ္" ေခၚဆိုၾကကာ နာဂတိုင္းရင္းသားမ်ားက နတ္တစ္ပါးပမာ ကိုးကြယ္ခဲ့ၾကသည္။


ေဒါက္တာသိန္းလိႈင္သည္ နာဂေတာင္တန္းတြင္ အဆီအက်ိတ္မ်ား၊ အလံုးအက်ိတ္မ်ိဳးစံု၊ အူက်ျခင္းႏွင့္ ရင္သားကင္ဆာျဖစ္ႏိုင္ေျခရိွသၫ့္ အက်ိတ္ေပါင္းစံုကို ခြဲစိတ္ကုသခဲ့ရသည္။ ေဒါက္တာသိန္းလိႈင္သည္ မျပၫ့္စံုသၫ့္ ေဆးဝါး၊ ပစၥည္းကိရိယာမ်ားျဖင့္ သူ႔လူနာမ်ားကို ေမ့ေဆးျဖင့္ ခြဲစိတ္ျခင္းမဟုတ္ဘဲ ထံုေဆးပညာျဖင့္သာ ခြဲစိတ္ျခင္းျဖစ္သည္။


ဆရာဝန္ႀကီးေဒါက္တာနာဂသိန္းလိႈင္သည္ ထံုေဆးပညာသီးသန႔္ျဖင့္ ေမ့ေဆးမသံုးဘဲ ခြဲစိတ္ခဲ့သၫ့္ လူနာေပါင္းမွာ အနားယူခ်ိန္ ၂၀၀၉ ခုႏွစ္အထိ ႏွစ္ေပါင္း (၄၇) ႏွစ္အတြင္း ၂၈၉၅ ဦး ရိွခဲ့သည္။ လူနာမ်ားကို ခြဲစိတ္ရာတြင္လည္း သူ႔ခြဲစိတ္မႈေၾကာင့္ ေသဆံုးသူတစ္ဦးမွမရိွခဲ့ဟု ဆိုသည္။ ထို႔အျပင္ လူနာကို ခြဲစိတ္ေနရင္း အေရးေပၚ ေသြးလိုအပ္ပါက မိမိႏွင့္ ေသြးအုပ္စုတူသၫ့္ လူနာကို မိမိေသြးေဖာက္၍ ခ်က္ခ်င္းသြင္းေပးခဲ့ေသးသည္။


လည္ပင္းႀကီးေရာဂါကို ထံုေဆးသက္သက္ျဖင့္ ခြဲစိတ္ႏိုင္သၫ့္ပုဂၢိုလ္မ်ိဳး ေဒါက္တာနာဂသိန္းလိႈင္မွလြဲ၍ ကမ႓ာ့ေဆးပညာသမိုင္းမွာမရိွေသးဟု သိရေၾကာင္း ျပင္ဦးလြင္ၿမိဳ႔ G.P ဆရာဝန္မ်ားအဖြဲ႔မွ ေဒါက္တာေက်ာ္ေက်ာ္မင္းက ေရးသားထားသည္။


ေတာင္ေပၚမွ ေျမျပန႔္သို႔ေျပာင္းေရႊ့ျခင္း


ဆရာႀကီးသည္ ၁၉၇၁ ခုႏွစ္တြင္ နာဂေတာင္တန္းမွ ျပန္လည္ဆင္းသက္ခဲ့ရၿပီး ျဖဴးၿမိဳ႔နယ္သို႔ ေဆးရံုမွဴးအျဖစ္ ေျပာင္းေရႊ့ခဲ့သည္။ ထို႔ေနာက္ ေဒါက္တာသိန္းလိႈင္သည္ က်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမွဴးရာထူးျဖင့္ ပုသိမ္ၿမိဳ႔သို႔လည္းေကာင္း၊ ၿမိဳ႔နယ္ဆရာဝန္ႀကီး (၁)အျဖစ္ နမ့္ခမ္းၿမိဳ႔သို႔လည္းေကာင္း၊ မီးရထားဆရာဝန္ႀကီးအျဖစ္ မႏၲေလးၿမိဳ႔သို႔လည္းေကာင္း၊ ၿမိဳ႔နယ္ဆရာဝန္ႀကီးအျဖစ္ သာယာဝတီၿမိဳ႔သို႔လည္းေကာင္း ေျပာင္းေရႊ့တာဝန္ထမ္းေဆာင္ခဲ့ရၿပီး ၁၉၈၈ ခုႏွစ္တြင္ အစိုးရဝန္ထမ္းဘဝမွ အၿငိမ္းစားယူခဲ့သည္။


သူ႔တြင္ နတ္ဆရာဝန္၊ နာဂနတ္၊ နာဂသိန္းလိႈင္စသၫ့္ အမည္မ်ားအျပင္ "ေရႊဓားဗိုလ္" ဟူသၫ့္ အမည္တစ္ခုလည္း တြင္ခဲ့ေသးသည္။ ျဖဴးၿမိဳ႔နယ္မွ ပုသိမ္သို႔ ေျပာင္းေရႊ့စဉ္က ေက်ာင္းကုန္းၿမိဳ႔နယ္ဆရာဝန္ ခြင့္ယူထားသျဖင့္ အစားဝင္ေရာက္တာဝန္ထမ္းေဆာင္စဉ္ ေက်ာင္းကုန္းေဆးရံုတြင္ ၂၄ နာရီထိုင္ ခြဲစိတ္ေသာေၾကာင့္ အျခားၿမိဳ႔နယ္၊ ေက်းရြာမ်ားမွ လူနာမ်ား တဖြဲဖြဲလာေရာက္လ်က္ရိွသည္။ လူနာတို႔၏ ေရာဂါေပါင္းစံုကို မနားတမ္းခြဲစိတ္ေနသျဖင့္ ေရႊဓားဗိုလ္ဟူ၍ နာမည္ႀကီးခဲ့ျခင္း ျဖစ္သည္။


အၿငိမ္းစားယူၿပီးေနာက္ ေဒါက္တာနာဂသိန္းလိႈင္သည္ ျပင္ဦးလြင္ၿမိဳ႔တြင္ ကိုယ္ပိုင္ေဆးခန္းေလး ဖြင့္လွစ္ေနထိုင္ခဲ့သည္။ ေတာင္ႀကီးၿမိဳ႔ ကမ႓ောဇေဆးရံု၌ ခြဲစိတ္ဆရာဝန္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ရန္ကုန္ၿမိဳ႔ရိွ ေအာင္ရတနာေဆးခန္း၊ စိတၲသုခေဆးခန္းတို႔တြင္လည္း ကုသမႈမ်ား ေဆာင္ရြက္ခဲ့သည္။ ဆရာႀကီး နာဂသိန္းလိႈင္ အေၾကာင္း  အတၴုပၸတၲိကို စာေရးဆရာ  ညီပုေလးက ဝတၴုဟန္ဖြဲ႔ထားတဲ့ ‘ထက္ျမက္တဲ့ဓားသြားေပၚက ခ်ိဳျမျမပ်ားရည္စက္’ စာအုပ္သည္ ၂၀၁၆ ခုႏွစ္အတြက္ အမ်ိဳးသားစာေပဆု ရရိွခဲ့သည္။


ကြယ္လြန္ျခင္း




ေဒါက္တာနာဂသိန္းလိႈင္သည္ ၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၁၀ ရက္ေန့ မနက္ကိုးနာရီ ဆယ္မိနစ္ (အသက္ ၈၇ႏွစ္ အရြယ္) တြင္ ကြယ္လြန္ခဲ့သည္။


ျမန္မာအြန္လိုင္းစြယ္စံုက်မ္း ၊ Myanmar Wikipedia မွ

No comments: