Monday, August 9, 2021

စိတ်ဒဏ်ရာနဲ့ ကြောက်စိတ်များအကြောင်း အကျဉ်းချုပ်

စိတ်ဒဏ်ရာနဲ့ ကြောက်စိတ်များအကြောင်း အကျဉ်းချုပ်


#Trauma

#Fear

#စိတ်ဝေဒနာအကြောင်း


(စိတ်သောက ကင်းကင်းနဲ့အရွယ်ရောက်လာသော လူအများစုအနေနဲ့ သည်စိတ်ခံစားချက်တွေကို အပိုလို့ဆိုချင်ဆိုနိုင်ပေမယ့် အချို့ သောသူများအတွက်ကတော့ သေကောင်ပေါင်းလဲခံစားကြရတာပါ။ အသက်အရွယ်ငယ်စဉ်မှာ ရရှိခဲ့တဲ့ စိတ်ဒဏ်ရာဟာ အသက်အရွယ် အိုမင်းတဲ့အချိန်ထိ ထပ်ကြပ်မကွာလိုက်ပါနေတတ်တာမျိုးလည်းရှိပါတယ်။ စိတ်ဝေဒနာတွေကို တိုင်ပင်ကုသလို့ ရနေပြီဆိုပေမယ့် ကိုယ်ဟာစိတ်လွတ်ကိုယ်လွတ် ရူးသွပ်နေသူမဟုတ်ဘူး၊ စိတ်ရောဂါကုဆရာဝန်တွေနဲ့ ပြသတိုင်ပင်တာမျိုး၊ ကုထုံးပညာရှင်တွေနဲ့ ဆွေးနွေးတာမျိုး လုပ်စရာမလိုဘူးလို့ ယူဆကြတာများပါတယ်။ သို့သော်လည်း တတ်ကျွမ်းပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ကုသလိုက် မယ်ဆိုရင် ကာလတိုအတွင်းမှာပဲ ပြေပျောက်ကောင်းပြေပျောက်သွားနိုင်တဲ့ စိတ်အခြေအနေတွေ ဖြစ်နေတတ်တာလည်းရှိတယ်။ ဒါကြောင့် သည်လိုအချက်အလက်တွေကို မစဉ်းစားခင် စိတ်ဒဏ်ရာဆိုတာဘာ၊ ကြောက်စိတ်ဆိုတာဘာ လို့ သိထားရအောင် Counselling_Corner စာမျက်နှာကနေ ကူးယူဝေငှလိုက်ပါတယ်။)


About Trauma

=========




မင်္ဂလာပါ။ 

အခုတစ်ပတ်မှာ Trauma နဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

#Trauma  (စိတ်ဒဏ်ရာ) ဆိုတာဟာ ကျွန်တော်တို့ စိတ်နဲ့ခန္ဓာ လက်ခံနိုင်တာထက် အဆမတန်ကျော်လွန်သွားတဲ့ ဖြစ်ရပ်တွေကို ပြောတာ ဖြစ်ပါတယ်။ 

Trauma ဆိုတာက စိတ်ခန္ဓာ Balance ကို ပျက်သွားအောင်လှုပ်ကိုင်နိုင်တဲ့ထိ ပြင်းထန်တဲ့ဖြစ်ရပ်ဖြစ်ပြီး ဦးနှောက်ရဲ့ တွေးခေါ်မှုတွေ ဟော်မုန်းထုတ်လုပ်မှုတွေကို ယိမ်းယိုင်စေပါတယ်။ ဒါကြောင့် Trauma ခံစားနေရသူများဟာ ရုတ်တရက်မို့ ခံစားချက်တွေ အရမ်းရှုပ် ထွေးပြီး ဘာကိုခံစားလို့ ခံစားရမှန်းမသိ ဖြစ်တတ်ပါတယ်။ တခါတလေ ဖြစ်သွားတာရောဟုတ်ရဲ့လား?  မဖြစ်နိုင်ဘူး စသဖြင့် မယုံနိုင်တဲ့ ခံစားချက်တွေဖြစ်ပြီး ဒီအဖြစ်အပျက်ကို လက်ခံဖို့ငြင်းဆိုပါလိမ့်မယ်။ ကိုယ်ကသာ လက်ခံဖို့ငြင်းတာ တကယ်မသိစိတ်က ဖြစ်သွားတယ် ဆိုတာကို သိပြီးသားဖြစ်နေပါတယ်။ ကြာလာလေလေ အပြုသဘောဆောင်တာတွေကို မတွေးနိုင် မခံစားနိုင်လေလေ ဖြစ်မယ်။


များသောအားဖြင့်…

အသက်အန္တရာယ်ထိခိုက်စေတဲ့ မတော်တဆမှုကြုံရခြင်း၊ အနိဋ္ဌာရုံမြင်ရခြင်း၊ အပြင်းအထန်ဖျားခြင်း၊  စစ်ပွဲ/အကြမ်းဖက်မှုများ ကြုံရခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံရခြင်း၊ ချစ်တဲ့သူနှင့် ခွဲခွာရခြင်း/ဆုံးရှုံးရခြင်း/သေဆုံးခြင်း၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခြင်း/ အန္တရာယ်ဖြစ်ခြင်း၊ အဓမ္မအကျင့်ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း စတာတွေကနေတစ်ဆင့် စိတ်ဒဏ်ရာတွေရရှိခံစားကြရတာမျိုး ဖြစ်ပါတယ်။


Trauma ဖြစ်ပြီး…

ပရိဒေဝသောကတွေ ခံစားရမယ်။

အချိန်တိုင်း ဝမ်းနည်းမယ်။ ငိုမယ်။

ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို စက္ကန့်နဲ့အမျှခံစားရမယ်။

တခြားခံစားချက်တွေ မခံစားနိုင်တာတွေဖြစ်မယ်။

ထင်ယောင်ထင်မှားတွေဖြစ်မယ်။

ခံတွင်းပျက်လာမယ်။ အိပ်ရခက်လာမယ်။

မတွေးပဲ Trauma နဲ့ပတ်သက်တဲ့ အတွေးတွေ ပုံရိပ်တွေပေါ်လာမယ်။

အိပ်မက်ဆိုးတွေမက်မယ်။

လူတွေနဲ့ ပြောဆိုဆက်ဆံဖို့ တွေ့ဆုံဖို့ ရှောင်လာမယ်။

ဒီခံစားချက်တွေကနေ ရုန်းမထွက်နိုင်ပဲ တဝဲလည်လည် အမြဲလိုလိုခံစားနေမယ်ဆို ခံစားချက်ကနေ အကျင့်ဖြစ်လာပြီး ရုန်းထွက်ဖို့ ထွက်ပေါက်မရှိသလို ခံစားရမယ်။ အလွန်အကျွံ စိုးရိမ်ပူပန်တာတွေ စိတ်ဖိစီးမှုတွေဖြစ်မယ်။ Depression (စိတ်ဓါတ်ကျတာ) တွေဖြစ်မယ်။ နောက်ဆုံး ဖြတ်လမ်းအနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားနိုင်ပါတယ်။


မတူညီတဲ့ Trauma (၇)မျိုးရှိပါတယ်။ ဒီထဲကမှ PTSD  လို့ခေါ်တဲ့ Trauma က အတွေ့ရအများဆုံးပုံစံဖြစ်ပါတယ်။ (ဒီ(၇)မျိုးအကြောင်း ကို နောက်Post မှာ ရှင်းပြပေးပါမယ်။) Trauma ကြုံသူများက ပထမ (၄)ပတ်ကနေ (၆)ပတ်ထိ Stress ကို ခံစားရမှာဖြစ်ပြီး (၆)ပတ် အလွန်မှာတော့ တချို့တွေမှာ Post Traumatic Stress Disorder  လို့ခေါ်တဲ့ လက္ခဏာကို ခံစားရတာတွေ့ရပါတယ်။ #PTSD ဖြစ်တဲ့ အခါမှာ… ကိုယ်ကြုံခဲ့တဲ့ အဖြစ်အပျက်နဲ့ပတ်သက်တဲ့ အတွေးတွေ မတွေးပဲ ခေါင်းထဲဝင်လာမယ်။ အိပ်မက်ဆိုးတွေမက်မယ်။ အဲ့ဒီ အဖြစ်အပျက် ထပ်ဖြစ်မှာ/ကြုံမှာကိုစိုးရိမ်မယ်။ နေ့စဉ်ကိစ္စတွေကို လုပ်ဖို့စိတ်မပါတော့ဘူး။ ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ အနှုတ်သဘောဆောင်တာတွေ တွေးလာမယ်။ အပြစ်ရှိ သလိုခံစားရမယ်။ အပြစ်တင်မယ်။ စိတ်အပြောင်းအလဲမြန် မယ်။ သည်းခံစိတ်နည်းလာမယ်။ စိတ်ဆတ်လာမယ်။ အာရုံစိုက်ရခက်လာမယ်။ အိပ်ရေးပျက်တာတွေများလာမယ်။ ခေါင်းကိုက်တာ၊ အန်ချင်တာတွေဖြစ်မယ်။ ကိုယ်အရမ်းကြိုက်ပါတယ် ဆိုတာတွေကိုတောင်လှည့်မကြည့်ချင်တဲ့ထိ စိတ်ဓါတ်ကျမယ်။ လုံခြုံတဲ့နေရာ ရောက်နေတယ်ဆိုရင်တောင် မလုံခြုံဘူးလို့ခံစားရမယ်။ 


Trauma ပြင်းထန်မှုပေါ်မူတည်ပြီး ဖြတ်ကျော်နိုင်တဲ့အချိန်ကွာသွားပါတယ်။ Trauma ကြောင့် Stress ဖြစ်နေတဲ့သူကို ပစ်ထားမိရင် တဖြည်းဖြည်းနဲ့ စိတ်ညစ်ရာက စိတ်ဓါတ်ကျလာမယ်။ ဒီခံစားချက်တွေက ထွက်ပြေးလေ ပိုဆိုးလေဖြစ်မယ်။ နောက်ဆုံး မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ 


Traumaကြောင့်ဖြစ်လာတဲ့ Depression ကို ကုဖို့က သူ့စိတ်ခံစားချက် Level ပေါ်မူတည်ပြီး အချိန်ကွာပါတယ်။ ပုံမှန်အားဖြင့် စိတ်ကုထုံး ပညာရှင်များနဲ့ ဆွေးနွေးမှုခံယူပြီး ကာယကံရှင်ရဲ့ စိတ်၊ အတွေးအမြင်နဲ့ ခံယူချက်များအတွက် အဖြေရှာနိုင်ပါတယ်။ ပညာရှင်တွေပေး ထားတဲ့ လမ်းညွှန်ချက်တွေ လေ့ကျင့်ခန်းတွေ self-care တွေ လိုက်လုပ်ရင်း စိတ်တည်ငြိမ်လာမယ်။ အနှုတ်သဘောဆောင်တဲ့အတွေး တွေလျော့လာမယ်။ ဒီအဖြစ်အပျက်/ခံစားချက်တွေကို ကိုယ်တိုင်ရင်ဆိုင် နိုင်မယ်။ စိတ်ကုထုံးတစ်ခုတည်းနဲ့တင် မလုံလောက်တဲ့ Case တွေမှာတော့… ဦးနှောက်ရဲ့ Chemical တွေBalance ပြန်ဖြစ်ဖို့ သောက်ဆေးအကူအညီယူရပါတယ်။ ဒီအပြင် Menal health group တွေ Group Counselling  တွေJoin  ပြီး ကိုယ့်ဖြစ်ရပ်လိုမျိုးကို ကြုံတွေ့ ကျော်ဖြတ်ပြီး ကောင်းမွန်စွာ အသက်ရှင်နေထိုင်နေသူတွေ ဆီက သူတို့ကြုံခဲ့ရတုန်းက ဘယ်လိုဖြတ်သန်းခဲ့လဲ ဆိုတာတွေ နားထောင်ရင်း ဒီလိုခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ်လည်း ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ခွန်အားတွေယူနိုင်တယ်။


ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်အပျက်ကြုံခဲ့ရပြီး စိတ်ဓါတ်ကျတဲ့လက္ခဏာစနေပြီဆို… အခြေအနေမဆိုးခင် အပေါ်မှာ ပြောထားသလို စိတ်ကျန်းမာရေးဆရာဝန်များ၊ စိတ်ကုထုံးပေးသူများ၊ ကာယကံရှင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုကြုံဖူးပြီး ကျော်ဖြတ်လာတဲ့သူများ၊ ကာယကံရှင်ရဲ့ ခံစားချက်ကို ဝေဖန်မှုမရှိပဲ အားပေးမယ့်သူများ နားထောင်ပေးမယ့်လူများ ရဲ့ အကူအညီများရယူခြင်းဖြင့် စိတ်ဓါတ်ကျခြင်း သံသရာကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။


ဒီလိုတွေမဖြစ်အောင် အနီးကပ်ရှိနေတဲ့မိတ်ဆွေတွေကလည်း ကာယကံရှင် လိုအပ်သမျှအကူအညီများကို တတ်နိုင်သလောက်ပေးပြီး ကျော်ဖြတ်နိုင်အောင် ကူညီဖို့လိုအပ်ပါတယ်။ ကာယကံရှင်ကလည်း ဒီလိုတွေကြုံနေရပြီဆိုရင် တစ်ယောက်တည်းကြိတ်မခံစားပဲ အကူအညီတောင်းသင့်ကြောင်း တတ်ကျွမ်းတဲ့သူများနဲ့ဆွေးနွေး တိုင်ပင်ရင်း အတူတူဖြတ်ကျော်နိုင်ကြောင်း မျှဝေလိုက်ပါတယ်ခင်ဗျာ။


#Counselling_Corner #ASafePlaceforChange #AboutTrauma #TraumaintoDepression


About Fear 

=======




လက်ရှိဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေ စိုးရိမ်ကြတယ်။ ပူပန်ကြတယ်။ ကြောက်ကြတယ်။ ဒီတစ်ပတ်မှာတော့ အကြောက်တရားနဲ့ပတ်သက်တာတွေကို အနည်းငယ် မျှဝေပေးပါမယ် ခင်ဗျာ။

အကြောက်တရားလို့ ပြောရင် သတ္တိကြောင်တာလိုမျိုး မကောင်းတာနဲ့တွဲပြီး မြင်တတ်ကြပါလိမ့်မယ်။ တကယ်က အကြောက်တရား ဆိုတာ ကျွန်တော်တို့ အသက်ရှင်ဖို့ အဓိကအကျဆုံး သဘာဝခံစားချက် ဖြစ်ပါတယ်။ Fight or Flight Response  အရ ကျွန်တော်တို့တွေဟာ အန္တရာယ်တွေကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ခွန်အားတွေ ထွက်လာတယ်။ အန္တရာယ်ကိုရှောင်ဖို့ မလုပ်နိုင်ဘူး ထင်တာတွေကို လုပ်ဖို့ အကြံတွေ ထွက်လာတယ်။ Teamwork တွေ လုပ်လာတယ်။ ဒါက Fear ကနေ တွန်းပို့ပေးတဲ့ ကောင်းတဲ့အရာတွေ ဖြစ်ပါတယ်။ မွေးကတည်းက ပါလာပြီးသားမို့လို့ ကြောက်တတ်တာ ရှက်စရာမဟုတ်ပါဘူး။ သဘာဝပါ။


အခြေခံအားဖြင့် လူတိုင်းလိုလိုမှာဒီအကြောက်တရားတွေရှိကြပါတယ်။

စားဝတ်နေရေးကျပ်တည်းမှာ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှာ ကြောက်တယ်။ 

သူများဝေဖန်မှာကြောက်တယ်။ 

အပြင်းအထန်ဖျားနာမှာကြောက်တယ်။ 

ချစ်ရသူဆုံးရှုံးမှာကြောက်တယ်။ 

အသက်ကြီးမှာကြောက်တယ်။ 

သေမှာကြောက်တယ်။ 


ဒီအကြောက်တရားကို ရင်ဆိုင်နိုင်ဖို့ စိတ်တည်ငြိမ်မှု နဲ့ စိတ်ခွန်အား ကသာ အဓိကဖြစ်ပါတယ်။ ကိုယ်တကယ်ကြောက်တဲ့အကြောင်းအရာကို စဉ်းစားလိုက်တာနဲ့ နှလုံးခုန်နှုန်းတွေ မြန်လာမယ်။ ချွေးစေးတွေထွက်မယ်။ မျက်စိတွေကြောင်မယ်။ အသက်ရှူရပ်မတတ်… ဆက်မတွေးနိုင်တော့တဲ့ထိ စိတ်လှုပ်ရှားမယ်။ ဘယ်သူကမှ အခု ကျွန်တော်တို့ကြုံနေရတဲ့ အခြေအနေကို ရင်ဆိုင်ရမယ်လို့ ကြိုတွေးမိကြမှာ မဟုတ်ပါဘူး။ တော်ရုံလူကလည်း အလေ့အကျင့်ရှိမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့ အချင်းချင်းဖေးမဖို့ အရမ်းလိုအပ်ပါတယ်။ ကြောက်တယ်လို့ ပြောတဲ့ လူတစ်ယောက်ကို မကြောက်ပါနဲ့ လို့ပြောမယ့် အစား သူ့အကြောက်တရားတွေကို ရင်ဆိုင်နိုင်အောင် ဖေးမပေးတာက သူ့အတွက် ပိုအကူအညီ ရစေပါတယ်။


အကြောက်တရားကို ဘယ်လိုရင်ဆိုင်ကြမလဲ?

၁။ ကိုယ်တွေးရင်း အရမ်းကြောက်လာတာ အရမ်းစိုးရိမ်လာတာဆို ခဏလောက် အတွေးတွေဖြတ်ပါ။

၂။ အသက်ရှူပါ။ (အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ စိတ်တည်ငြိမ်အောင်လုပ်ဖို့ အချိန်နည်းနည်းဖဲ့ပေးပါ။)

၃။ အကြောက်တရားကို ရင်ဆိုင်ပါ။ (မဖြစ်သေးတာကို ကြောက်တာလား?  ဘာကိုကြောက်တာလဲ သိအောင်လုပ်ပါ။ ရင်ဆိုင်ပါ။)

၄။ အဆိုးဆုံးအတွက် ပြင်ဆင်ပါ။ (အတွေးနဲ့မဟုတ်ပဲ… လက်တွေ့အကောင်အထည်ဖော်ပါ။)

၅။ ကိုယ်ကြောက်နေတဲ့အရာကို ရင်ဆိုင်ခဲ့တဲ့သူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလေ့လာပါ။

၆။ ခြောက်ပစ်ကင်းပြည့်စုံဖို့ မကြိုးစားပါနဲ့။ ပိုပင်ပန်းပြီး ခြေကုန်လက်ပန်းကျသွားပါမယ်။

၇။ ကိုယ်စိတ်ချမ်းသာစေမယ့် အရာတွေလည်း လုပ်ပေးပါ။

၈။ ကိုယ့်အကြောက်တရားကို အတူရင်ဆိုင်ပေးနိုင်မယ့်သူကိုဖွင့်ပြောပါ။ 


တခါတရံ အကြောက်တရားက ကျွန်တော်တို့ ပုံမှန်တွေးခေါ်နိုင်စွမ်းတွေကို ဖုံးလွှမ်းသွားပြီး လုပ်မိလုပ်ရာ လုပ်တတ်ကြပါတယ်။ အဲ့ဒီအခါမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရတတ် ပါတယ်။ ဒါကြောင့် ကြောက်ပါ။ ဒါပေမယ့် စနစ်တကျရင်ဆိုင်ပါ။ ရင်ဆိုင်နိုင်ဖို့အတွက် စိတ်ခွန်အားတွေရအောင် ပြင်ဆင်ပါ။ အကြောက်တရားတွေ အရမ်းဖုံးလွှမ်းပြီး နေ့စဉ်ဘဝမှာပါ အနှောင့်အယှက်ဖြစ်တဲ့ထိ ဖြစ်နေပြီဆိုရင်တော့ ပစ်မထားပါနဲ့။ တတ်နိုင်သမျှစောစော ကျွမ်းကျင်သူများနဲ့ဆွေးနွေးပါ၊ စိတ်ကုထုံးခံယူပါ လို့ အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။


#CounsellingCorner #ASafePlaceforChange #Fear


ဆွေးနွေးတိုင်ပင်နိုင်သလို အကြံဉာဏ်ရယူဖို့ - https://www.facebook.com/counsellingcornermyanmar/


[Zawgyi]စိတ္ဒဏ္ရာနဲ႔ ေၾကာက္စိတ္မ်ားအေၾကာင္း အက်ဉ္းခ်ဳပ္


#Trauma

#Fear

#စိတ္ေဝဒနာအေၾကာင္း


(စိတ္ေသာက ကင္းကင္းနဲ႔အရြယ္ေရာက္လာေသာ လူအမ်ားစုအေနနဲ႔ သည္စိတ္ခံစားခ်က္ေတြကို အပိုလို႔ဆိုခ်င္ဆိုႏိုင္ေပမယ့္ အခ်ိဳ႕ ေသာသူမ်ားအတြက္ကေတာ့ ေသေကာင္ေပါင္းလဲခံစားၾကရတာပါ။ အသက္အရြယ္ငယ္စဉ္မွာ ရရိွခဲ့တဲ့ စိတ္ဒဏ္ရာဟာ အသက္အရြယ္ အိုမင္းတဲ့အခ်ိန္ထိ ထပ္ၾကပ္မကြာလိုက္ပါေနတတ္တာမ်ိဳးလည္းရိွပါတယ္။ စိတ္ေဝဒနာေတြကို တိုင္ပင္ကုသလို႔ ရေနၿပီဆိုေပမယ့္ ကိုယ္ဟာစိတ္လြတ္ကိုယ္လြတ္ ရူးသြပ္ေနသူမဟုတ္ဘူး၊ စိတ္ေရာဂါကုဆရာဝန္ေတြနဲ႔ ျပသတိုင္ပင္တာမ်ိဳး၊ ကုထံုးပညာရွင္ေတြနဲ႔ ေဆြးေနြးတာမ်ိဳး လုပ္စရာမလိုဘူးလို႔ ယူဆၾကတာမ်ားပါတယ္။ သို႔ေသာ္လည္း တတ္ကြၽမ္းပညာရွင္ေတြနဲ႔ ေဆြးေနြးတိုင္ပင္ကုသလိုက္ မယ္ဆိုရင္ ကာလတိုအတြင္းမွာပဲ ေျပေပ်ာက္ေကာင္းေျပေပ်ာက္သြားႏိုင္တဲ့ စိတ္အေျခအေနေတြ ျဖစ္ေနတတ္တာလည္းရိွတယ္။ ဒါေၾကာင့္ သည္လိုအခ်က္အလက္ေတြကို မစဉ္းစားခင္ စိတ္ဒဏ္ရာဆိုတာဘာ၊ ေၾကာက္စိတ္ဆိုတာဘာ လို႔ သိထားရေအာင္ Counselling_Corner စာမ်က္ႏွာကေန ကူးယူေဝငွလိုက္ပါတယ္။)


About Trauma

=========




မဂၤလာပါ။ 

အခုတစ္ပတ္မွာ Trauma နဲ႔ပတ္သက္ၿပီး အနည္းငယ္ေျပာျပေပးသြားမွာျဖစ္ပါတယ္။ 

#Trauma  (စိတ္ဒဏ္ရာ) ဆိုတာဟာ ကြၽန္ေတာ္တို႔ စိတ္နဲ႔ခႏၶာ လက္ခံႏိုင္တာထက္ အဆမတန္ေက်ာ္လြန္သြားတဲ့ ျဖစ္ရပ္ေတြကို ေျပာတာ ျဖစ္ပါတယ္။ 

Trauma ဆိုတာက စိတ္ခႏၶာ Balance ကို ပ်က္သြားေအာင္လႈပ္ကိုင္ႏိုင္တဲ့ထိ ျပင္းထန္တဲ့ျဖစ္ရပ္ျဖစ္ၿပီး ဦးေနွာက္ရဲ့ ေတြးေခၚမႈေတြ ေဟာ္မုန္းထုတ္လုပ္မႈေတြကို ယိမ္းယိုင္ေစပါတယ္။ ဒါေၾကာင့္ Trauma ခံစားေနရသူမ်ားဟာ ရုတ္တရက္မို႔ ခံစားခ်က္ေတြ အရမ္းရႈပ္ ေထြးၿပီး ဘာကိုခံစားလို႔ ခံစားရမွန္းမသိ ျဖစ္တတ္ပါတယ္။ တခါတေလ ျဖစ္သြားတာေရာဟုတ္ရဲ့လား?  မျဖစ္ႏိုင္ဘူး စသျဖင့္ မယံုႏိုင္တဲ့ ခံစားခ်က္ေတျြဖစ္ၿပီး ဒီအျဖစ္အပ်က္ကို လက္ခံဖို႔ျငင္းဆိုပါလိမ့္မယ္။ ကိုယ္ကသာ လက္ခံဖို႔ျငင္းတာ တကယ္မသိစိတ္က ျဖစ္သြားတယ္ ဆိုတာကို သိၿပီးသားျဖစ္ေနပါတယ္။ ၾကာလာေလေလ အျပဳသေဘာေဆာင္တာေတြကို မေတြးႏိုင္ မခံစားႏိုင္ေလေလ ျဖစ္မယ္။


မ်ားေသာအားျဖင့္…

အသက္အႏၲရာယ္ထိခိုက္ေစတဲ့ မေတာ္တဆမႈႀကံဳရျခင္း၊ အနိ႒ာရံုျမင္ရျခင္း၊ အျပင္းအထန္ဖ်ားျခင္း၊  စစ္ပြဲ/အၾကမ္းဖက္မႈမ်ား ႀကံဳရျခင္း၊ သဘာဝေဘးအႏၲရာယ္ႀကံဳရျခင္း၊ ခ်စ္တဲ့သူႏွင့္ ခြဲခြာရျခင္း/ဆံုးရႈံးရျခင္း/ေသဆံုးျခင္း၊ အသက္အိုးအိမ္စည္းစိမ္ ပ်က္စီးဆံုးရႈံးျခင္း/ အႏၲရာယ္ျဖစ္ျခင္း၊ အဓမၼအက်င့္ခံရျခင္း၊ အိမ္တြင္းအၾကမ္းဖက္ျခင္း စတာေတြကေနတစ္ဆင့္ စိတ္ဒဏ္ရာေတြရရိွခံစားၾကရတာမ်ိဳး ျဖစ္ပါတယ္။


Trauma ျဖစ္ၿပီး…

ပရိေဒဝေသာကေတြ ခံစားရမယ္။

အခ်ိန္တိုင္း ဝမ္းနည္းမယ္။ ငိုမယ္။

ဆံုးရႈံးလိုက္ရတဲ့ခံစားခ်က္ကို စကၠန႔္နဲ႔အမ်ွခံစားရမယ္။

တျခားခံစားခ်က္ေတြ မခံစားႏိုင္တာေတျြဖစ္မယ္။

ထင္ေယာင္ထင္မွားေတျြဖစ္မယ္။

ခံတြင္းပ်က္လာမယ္။ အိပ္ရခက္လာမယ္။

မေတြးပဲ Trauma နဲ႔ပတ္သက္တဲ့ အေတြးေတြ ပံုရိပ္ေတြေပၚလာမယ္။

အိပ္မက္ဆိုးေတြမက္မယ္။

လူေတြနဲ႔ ေျပာဆိုဆက္ဆံဖို႔ ေတြ့ဆံုဖို႔ ေရွာင္လာမယ္။

ဒီခံစားခ်က္ေတြကေန ရုန္းမထြက္ႏိုင္ပဲ တဝဲလည္လည္ အၿမဲလိုလိုခံစားေနမယ္ဆို ခံစားခ်က္ကေန အက်င့္ျဖစ္လာၿပီး ရုန္းထြက္ဖို႔ ထြက္ေပါက္မရိွသလို ခံစားရမယ္။ အလြန္အကြၽံ စိုးရိမ္ပူပန္တာေတြ စိတ္ဖိစီးမႈေတျြဖစ္မယ္။ Depression (စိတ္ဓါတ္က်တာ) ေတျြဖစ္မယ္။ ေနာက္ဆံုး ျဖတ္လမ္းအေနနဲ႔ ကိုယ့္ကိုယ္ကို အဆံုးစီရင္သြားႏိုင္ပါတယ္။


မတူညီတဲ့ Trauma (၇)မ်ိဳးရိွပါတယ္။ ဒီထဲကမွ PTSD  လို႔ေခၚတဲ့ Trauma က အေတြ့ရအမ်ားဆံုးပံုစံျဖစ္ပါတယ္။ (ဒီ(၇)မ်ိဳးအေၾကာင္း ကို ေနာက္Post မွာ ရွင္းျပေပးပါမယ္။) Trauma ႀကံဳသူမ်ားက ပထမ (၄)ပတ္ကေန (၆)ပတ္ထိ Stress ကို ခံစားရမွာျဖစ္ၿပီး (၆)ပတ္ အလြန္မွာေတာ့ တခ်ိဳ႕ေတြမွာ Post Traumatic Stress Disorder  လို႔ေခၚတဲ့ လကၡဏာကို ခံစားရတာေတြ့ရပါတယ္။ #PTSD ျဖစ္တဲ့ အခါမွာ… ကိုယ္ႀကံဳခဲ့တဲ့ အျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ အေတြးေတြ မေတြးပဲ ေခါင္းထဲဝင္လာမယ္။ အိပ္မက္ဆိုးေတြမက္မယ္။ အဲ့ဒီ အျဖစ္အပ်က္ ထပ္ျဖစ္မွာ/ႀကံဳမွာကိုစိုးရိမ္မယ္။ ေန့စဉ္ကိစၥေတြကို လုပ္ဖို႔စိတ္မပါေတာ့ဘူး။ ဘယ္သူနဲ႔မွ မေတြ့ခ်င္ေတာ့ဘူး။ ဘာမွ မလုပ္ခ်င္ေတာ့ဘူး။ အႏႈတ္သေဘာေဆာင္တာေတြ ေတြးလာမယ္။ အျပစ္ရိွ သလိုခံစားရမယ္။ အျပစ္တင္မယ္။ စိတ္အေျပာင္းအလဲျမန္ မယ္။ သည္းခံစိတ္နည္းလာမယ္။ စိတ္ဆတ္လာမယ္။ အာရံုစိုက္ရခက္လာမယ္။ အိပ္ေရးပ်က္တာေတြမ်ားလာမယ္။ ေခါင္းကိုက္တာ၊ အန္ခ်င္တာေတျြဖစ္မယ္။ ကိုယ္အရမ္းႀကိဳက္ပါတယ္ ဆိုတာေတြကိုေတာင္လွၫ့္မၾကၫ့္ခ်င္တဲ့ထိ စိတ္ဓါတ္က်မယ္။ လံုၿခံဳတဲ့ေနရာ ေရာက္ေနတယ္ဆိုရင္ေတာင္ မလံုၿခံဳဘူးလို႔ခံစားရမယ္။ 


Trauma ျပင္းထန္မႈေပၚမူတည္ၿပီး ျဖတ္ေက်ာ္ႏိုင္တဲ့အခ်ိန္ကြာသြားပါတယ္။ Trauma ေၾကာင့္ Stress ျဖစ္ေနတဲ့သူကို ပစ္ထားမိရင္ တျဖည္းျဖည္းနဲ႔ စိတ္ညစ္ရာက စိတ္ဓါတ္က်လာမယ္။ ဒီခံစားခ်က္ေတြက ထြက္ေျပးေလ ပိုဆိုးေလျဖစ္မယ္။ ေနာက္ဆံုး မွာ ကိုယ့္ကိုယ္ကို အဆံုးစီရင္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။ 


Traumaေၾကာင့္ျဖစ္လာတဲ့ Depression ကို ကုဖို႔က သူ႔စိတ္ခံစားခ်က္ Level ေပၚမူတည္ၿပီး အခ်ိန္ကြာပါတယ္။ ပံုမွန္အားျဖင့္ စိတ္ကုထံုး ပညာရွင္မ်ားနဲ႔ ေဆြးေနြးမႈခံယူၿပီး ကာယကံရွင္ရဲ့ စိတ္၊ အေတြးအျမင္နဲ႔ ခံယူခ်က္မ်ားအတြက္ အေျဖရွာႏိုင္ပါတယ္။ ပညာရွင္ေတြေပး ထားတဲ့ လမ္းၫႊန္ခ်က္ေတြ ေလ့က်င့္ခန္းေတြ self-care ေတြ လိုက္လုပ္ရင္း စိတ္တည္ၿငိမ္လာမယ္။ အႏႈတ္သေဘာေဆာင္တဲ့အေတြး ေတြေလ်ာ့လာမယ္။ ဒီအျဖစ္အပ်က္/ခံစားခ်က္ေတြကို ကိုယ္တိုင္ရင္ဆိုင္ ႏိုင္မယ္။ စိတ္ကုထံုးတစ္ခုတည္းနဲ႔တင္ မလံုေလာက္တဲ့ Case ေတြမွာေတာ့… ဦးေနွာက္ရဲ့ Chemical ေတြBalance ျပန္ျဖစ္ဖို႔ ေသာက္ေဆးအကူအညီယူရပါတယ္။ ဒီအျပင္ Menal health group ေတြ Group Counselling  ေတြJoin  ၿပီး ကိုယ့္ျဖစ္ရပ္လိုမ်ိဳးကို ႀကံဳေတြ့ ေက်ာ္ျဖတ္ၿပီး ေကာင္းမြန္စြာ အသက္ရွင္ေနထိုင္ေနသူေတြ ဆီက သူတို႔ႀကံဳခဲ့ရတုန္းက ဘယ္လိုျဖတ္သန္းခဲ့လဲ ဆိုတာေတြ နားေထာင္ရင္း ဒီလိုခံစားေနရတာ ကိုယ္တစ္ေယာက္တည္းမဟုတ္ဘူး။ ကိုယ္လည္း ေက်ာ္ျဖတ္ႏိုင္တယ္ဆိုတဲ့ စိတ္ခြန္အားေတြယူႏိုင္တယ္။


ကိုယ့္ပတ္ဝန္းက်င္မွာ ဒီလိုအျဖစ္အပ်က္ႀကံဳခဲ့ရၿပီး စိတ္ဓါတ္က်တဲ့လကၡဏာစေနၿပီဆို… အေျခအေနမဆိုးခင္ အေပၚမွာ ေျပာထားသလို စိတ္က်န္းမာေရးဆရာဝန္မ်ား၊ စိတ္ကုထံုးေပးသူမ်ား၊ ကာယကံရွင္ႀကံဳခဲ့ရတဲ့ အျဖစ္အပ်က္ေတြကိုႀကံဳဖူးၿပီး ေက်ာ္ျဖတ္လာတဲ့သူမ်ား၊ ကာယကံရွင္ရဲ့ ခံစားခ်က္ကို ေဝဖန္မႈမရိွပဲ အားေပးမယ့္သူမ်ား နားေထာင္ေပးမယ့္လူမ်ား ရဲ့ အကူအညီမ်ားရယူျခင္းျဖင့္ စိတ္ဓါတ္က်ျခင္း သံသရာကေန ရုန္းထြက္ႏိုင္မွာ ျဖစ္ပါတယ္။


ဒီလိုေတြမျဖစ္ေအာင္ အနီးကပ္ရိွေနတဲ့မိတ္ေဆြေတြကလည္း ကာယကံရွင္ လိုအပ္သမ်ွအကူအညီမ်ားကို တတ္ႏိုင္သေလာက္ေပးၿပီး ေက်ာ္ျဖတ္ႏိုင္ေအာင္ ကူညီဖို႔လိုအပ္ပါတယ္။ ကာယကံရွင္ကလည္း ဒီလိုေတြႀကံဳေနရၿပီဆိုရင္ တစ္ေယာက္တည္းႀကိတ္မခံစားပဲ အကူအညီေတာင္းသင့္ေၾကာင္း တတ္ကြၽမ္းတဲ့သူမ်ားနဲ႔ေဆြးေနြး တိုင္ပင္ရင္း အတူတူျဖတ္ေက်ာ္ႏိုင္ေၾကာင္း မ်ွေဝလိုက္ပါတယ္ခင္ဗ်ာ။


#Counselling_Corner #ASafePlaceforChange #AboutTrauma #TraumaintoDepression


About Fear 

=======




လက္ရိျွဖစ္ပ်က္ေနတာေတြနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ေတြ စိုးရိမ္ၾကတယ္။ ပူပန္ၾကတယ္။ ေၾကာက္ၾကတယ္။ ဒီတစ္ပတ္မွာေတာ့ အေၾကာက္တရားနဲ႔ပတ္သက္တာေတြကို အနည္းငယ္ မ်ွေဝေပးပါမယ္ ခင္ဗ်ာ။

အေၾကာက္တရားလို႔ ေျပာရင္ သတၲိေၾကာင္တာလိုမ်ိဳး မေကာင္းတာနဲ႔တြဲၿပီး ျမင္တတ္ၾကပါလိမ့္မယ္။ တကယ္က အေၾကာက္တရား ဆိုတာ ကြၽန္ေတာ္တို႔ အသက္ရွင္ဖို႔ အဓိကအက်ဆံုး သဘာဝခံစားခ်က္ ျဖစ္ပါတယ္။ Fight or Flight Response  အရ ကြၽန္ေတာ္တို႔ေတြဟာ အႏၲရာယ္ေတြကို ရင္ဆိုင္ရဲတဲ့ သတၲိေတြ ခြန္အားေတြ ထြက္လာတယ္။ အႏၲရာယ္ကိုေရွာင္ဖို႔ မလုပ္ႏိုင္ဘူး ထင္တာေတြကို လုပ္ဖို႔ အႀကံေတြ ထြက္လာတယ္။ Teamwork ေတြ လုပ္လာတယ္။ ဒါက Fear ကေန တြန္းပို႔ေပးတဲ့ ေကာင္းတဲ့အရာေတြ ျဖစ္ပါတယ္။ ေမြးကတည္းက ပါလာၿပီးသားမို႔လို႔ ေၾကာက္တတ္တာ ရွက္စရာမဟုတ္ပါဘူး။ သဘာဝပါ။


အေျခခံအားျဖင့္ လူတိုင္းလိုလိုမွာဒီအေၾကာက္တရားေတြရိွၾကပါတယ္။

စားဝတ္ေနေရးက်ပ္တည္းမွာ အိုးအိမ္စည္းစိမ္ေတြ ပ်က္စီးဆံုးရႈံးမွာ ေၾကာက္တယ္။ 

သူမ်ားေဝဖန္မွာေၾကာက္တယ္။ 

အျပင္းအထန္ဖ်ားနာမွာေၾကာက္တယ္။ 

ခ်စ္ရသူဆံုးရႈံးမွာေၾကာက္တယ္။ 

အသက္ႀကီးမွာေၾကာက္တယ္။ 

ေသမွာေၾကာက္တယ္။ 


ဒီအေၾကာက္တရားကို ရင္ဆိုင္ႏိုင္ဖို႔ စိတ္တည္ၿငိမ္မႈ နဲ႔ စိတ္ခြန္အား ကသာ အဓိကျဖစ္ပါတယ္။ ကိုယ္တကယ္ေၾကာက္တဲ့အေၾကာင္းအရာကို စဉ္းစားလိုက္တာနဲ႔ ႏွလံုးခုန္ႏႈန္းေတြ ျမန္လာမယ္။ ေခြၽးေစးေတြထြက္မယ္။ မ်က္စိေတြေၾကာင္မယ္။ အသက္ရႉရပ္မတတ္… ဆက္မေတြးႏိုင္ေတာ့တဲ့ထိ စိတ္လႈပ္ရွားမယ္။ ဘယ္သူကမွ အခု ကြၽန္ေတာ္တို႔ႀကံဳေနရတဲ့ အေျခအေနကို ရင္ဆိုင္ရမယ္လို႔ ႀကိဳေတြးမိၾကမွာ မဟုတ္ပါဘူး။ ေတာ္ရံုလူကလည္း အေလ့အက်င့္ရိွမွာ မဟုတ္ပါဘူး။ အဲ့ဒီအတြက္ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းေဖးမဖို႔ အရမ္းလိုအပ္ပါတယ္။ ေၾကာက္တယ္လို႔ ေျပာတဲ့ လူတစ္ေယာက္ကို မေၾကာက္ပါနဲ႔ လို႔ေျပာမယ့္ အစား သူ႔အေၾကာက္တရားေတြကို ရင္ဆိုင္ႏိုင္ေအာင္ ေဖးမေပးတာက သူ႔အတြက္ ပိုအကူအညီ ရေစပါတယ္။


အေၾကာက္တရားကို ဘယ္လိုရင္ဆိုင္ၾကမလဲ?

၁။ ကိုယ္ေတြးရင္း အရမ္းေၾကာက္လာတာ အရမ္းစိုးရိမ္လာတာဆို ခဏေလာက္ အေတြးေတျြဖတ္ပါ။

၂။ အသက္ရႉပါ။ (အသက္ရႉေလ့က်င့္ခန္းလုပ္ပါ။ စိတ္တည္ၿငိမ္ေအာင္လုပ္ဖို႔ အခ်ိန္နည္းနည္းဖဲ့ေပးပါ။)

၃။ အေၾကာက္တရားကို ရင္ဆိုင္ပါ။ (မျဖစ္ေသးတာကို ေၾကာက္တာလား?  ဘာကိုေၾကာက္တာလဲ သိေအာင္လုပ္ပါ။ ရင္ဆိုင္ပါ။)

၄။ အဆိုးဆံုးအတြက္ ျပင္ဆင္ပါ။ (အေတြးနဲ႔မဟုတ္ပဲ… လက္ေတြ့အေကာင္အထည္ေဖာ္ပါ။)

၅။ ကိုယ္ေၾကာက္ေနတဲ့အရာကို ရင္ဆိုင္ခဲ့တဲ့သူေတြ ဘယ္လိုလုပ္ၾကလဲဆိုတာေလ့လာပါ။

၆။ ေျခာက္ပစ္ကင္းျပၫ့္စံုဖို႔ မႀကိဳးစားပါနဲ႔။ ပိုပင္ပန္းၿပီး ေျခကုန္လက္ပန္းက်သြားပါမယ္။

၇။ ကိုယ္စိတ္ခ်မ္းသာေစမယ့္ အရာေတြလည္း လုပ္ေပးပါ။

၈။ ကိုယ့္အေၾကာက္တရားကို အတူရင္ဆိုင္ေပးႏိုင္မယ့္သူကိုဖြင့္ေျပာပါ။ 


တခါတရံ အေၾကာက္တရားက ကြၽန္ေတာ္တို႔ ပံုမွန္ေတြးေခၚႏိုင္စြမ္းေတြကို ဖံုးလႊမ္းသြားၿပီး လုပ္မိလုပ္ရာ လုပ္တတ္ၾကပါတယ္။ အဲ့ဒီအခါမွာ မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို ခံစားရတတ္ ပါတယ္။ ဒါေၾကာင့္ ေၾကာက္ပါ။ ဒါေပမယ့္ စနစ္တက်ရင္ဆိုင္ပါ။ ရင္ဆိုင္ႏိုင္ဖို႔အတြက္ စိတ္ခြန္အားေတြရေအာင္ ျပင္ဆင္ပါ။ အေၾကာက္တရားေတြ အရမ္းဖံုးလႊမ္းၿပီး ေန့စဉ္ဘဝမွာပါ အေနွာင့္အယွက္ျဖစ္တဲ့ထိ ျဖစ္ေနၿပီဆိုရင္ေတာ့ ပစ္မထားပါနဲ႔။ တတ္ႏိုင္သမ်ွေစာေစာ ကြၽမ္းက်င္သူမ်ားနဲ႔ေဆြးေနြးပါ၊ စိတ္ကုထံုးခံယူပါ လို႔ အႀကံေပးရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္ခင္ဗ်ာ။


#CounsellingCorner #ASafePlaceforChange #Fear


ေဆြးေနြးတိုင္ပင္ႏိုင္သလို အႀကံဉာဏ္ရယူဖို႔ - https://www.facebook.com/counsellingcornermyanmar/

No comments: