Sunday, August 22, 2021

ရှရီယာ ဥပဒေ ဆိုတာက ဘာပါလဲ

အာဖဂန်နစ္စတန် - ရှရီယာ ဥပဒေ ဆိုတာက ဘာပါလဲ

၁၉ သြဂုတ် ၂၀၂၁




ရှရီယာလို့ခေါ်တဲ့ အစ္စလာမ်မစ်ဥပဒေနဲ့ အာဖဂန်နစ္စတန်ကို အုပ်ချုပ်မယ်လို့ တာလီဘန်တွေက ပြောပါတယ်။


တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေ၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောရာမှာ "အစ္စလာမ်မစ် ဥပဒေဘောင်အတွင်းက" အခွင့်အရေးတွေကို အလေးထား အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဲဒါတွေက ဘယ်လို ဖြစ်လာမှာ လဲဆိုတာကို အသေးစိတ်ပြောမသွားပါဘူး။


တာလီဘန်တွေဟာ ရှာရီယာဥပဒေကို အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ သူတို့ရဲ့ တင်းကျပ်တဲ့ပုံစံနဲ့ ဖွင့်ဆိုခဲ့ကြတယ်လို့ အများကသတ်မှတ်ခဲ့ကြ တာပါ။ လူသတ်သမားတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို လူအများမြင်ကွင်းရှေ့မှာ သတ်ဖြတ်စီရင်တာတွေ အပါအဝင် ရက်စက် ကြမ်းတမ်းတဲ့ ပြစ်ဒဏ်စီရင်မှုတွေကိုလုပ်ခဲ့ ကြပါတယ်။


#ရှာရီယာဆိုတာဘာလဲ


ရှရီယာဆိုတာ အစ္စလာမ်ဘာသာရဲ့ ဥပဒေ စနစ်ပါ။

ဒီဥပဒေဟာ အစ္စလာမ်ဘာသာရေးကျမ်း ကုရ်အာန်က ဆင်းသက်လာသလို၊ စွန်နာနဲ့ ဟဒီးစ်လို့ခေါ်တဲ့ တမန်တော် မိုဟာမက်ရဲ့ ပြုမူဆောင်ရွက်မှုတွေ၊ ပြောဆိုချက်တွေကနေလည်း ဆင်းသက် လာတာပါ။


တကယ်လို့ အဖြေကအဲဒီတွေကနေ တိုက်ရိုက်မဆင်းသက်လာတာမျိုးဆိုရင်၊ သာသာရေး ပညာရှင်တွေက သီးခြားကိစ္စ ဒါမှမဟုတ် သီးခြားမေးခွန်းတွေအပေါ် ညွှန်ကြားချက်ပေးပြီး ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဖို့ဆိုတာကို လမ်းညွှန်နိုင်ပါတယ်။


ရှရီယာဥပဒေဟာ မွတ်စလင်တွေ ဝတ်ပြုတာ၊ အစာငတ်ခံ ဥပုသ်စောင့်တာ၊ ဆင်းရဲသူတွေကို လှူဒါန်းတာ စတာတွေအပါအဝင် ဘဝနေထိုင်ပုံမှာ ကျင့်သုံးလိုက်နာဖို့အတွက် လမ်းညွှန်ပါတယ်။


ဘုရားသခင်ရဲ့ ဆန္ဒနဲ့အညီ သူတို့ ဘဝနေထိုင်မှုကို ဘယ်လိုလုပ်ဆောင်သွားရမလဲ ဆိုတာကို မွတ်စလင်တိုင်း နားလည်စေဖို့ ဒီဥပဒေက ရည်ရွယ်တာပါ။


မွတ်စလင်တယောက်ရဲ့ နေ့စဉ်ဘဝလုပ်ဆောင်မှုတိုင်းကို ရှရီယာက အကြံပြုနိုင်ပါတယ်။


ဥပမာအားဖြင့် မွတ်စလင်တယောက်ဟာ သူ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက အလုပ်ပြီးလို့ ဘားဆိုင်ကိုသွားမယ်လို့ ဖိတ်တဲ့အခါ၊ တကယ်လို့ သွားမယ်ဆိုရင် ဒါဟာ ဘာသာရေး ခွင့်ပြုချက်ဘောင် အတွင်းမှာရှိလား၊ မရှိဘူးလားဆိုတာကို ရှရီယာ ပညာရှင်တယောက်ဆီက အကြံပြုချက်ကို ယူနိုင်ပါတယ်။


နေ့စဉ်ဘဝနဲ့ ပတ်သက်တဲ့ မိသားစု ဥပဒေဆိုင်ရာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ စတာတွေအပါအဝင် လမ်းညွှန်ချက်တွေကို မွတ်စလင်တွေအနေနဲ့ ရှရီယာကို ကိုးကား လုပ်ဆောင်နိုင်ပါတယ်။


#ပြင်းထန်တဲ့ စီရင်မှုတွေက ဘယ်လိုဟာတွေလဲ

ကျူးလွန်တာတွေနဲ့ပတ်သက်ပြီး ရှရီယာဥပဒေမှာ အမျိုးအစား ၂ မျိုးခွဲထားပါတယ်။ ကြီးမားတဲ့ ရာဇဝတ်မှုမျိုးကို ဟဒ် ကျူးလွန်မှုတွေလို့ သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ ပြစ်ဒဏ်စီရင်မှုတွေ ရှိပါတယ်။ သာဇီရ်ဆိုတဲ့ အမျိုးအစားထဲမှာဝင်တဲ့ ရာဇဝတ်မှုတွေကိုတော့ တရားသူကြီးရဲ့ ဆင်ခြင်မှုနဲ့ စီရင်ဆုံးဖြတ်ပါတယ်။


ဟဒ် ကျူးလွန်မှုတွေထဲမှာ ခိုးမှုပါဝင်ပြီး ရှရီယာကို အတင်းကျပ်ဆုံး ဘာသာပြန်တာနဲ့ စီရင်မယ် ဆိုရင် ကျူးလွန်သူကို လက်ဖြတ်တဲ့အထိ အရေးယူနိုင်ပါတယ်။


ဟဒ်ကျူးလွန်မှုတွေအတွက် အပြစ်ပေးလို့မရအောင် အကာအကွယ်အစီအမံတွေ အများကြီး ရှိပါတယ်၊ သက်သေခိုင်မာဖို့လည်း အထောက်အထားတွေ အသေအချာရှိဖို့လိုပါတယ်။


ဒီလို ဟဒ်ကျူးလွန်မှုတွေကို ပြစ်ဒဏ်ပေးတာ အပြင်းအထန်ပေးရမယ်ဆိုတဲ့ သဘောထားက မွတ်စလင်တွေကြားမှာ တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြဘဲ တော်တော်ကွဲပြားတယ်ဆိုတဲ့ ဆန်းစစ်ချက်တွေ ရှိပါတယ်။


#ဆုံးဖြတ်ချက်က ဘယ်လိုလုပ်ကြသလဲ

ဥပဒေစနစ်တိုင်းလိုပဲ ရှရီယာကလည်း ရှုပ်ထွေးများမြောင်ပါတယ်။ ရှရီယာကို ကျင့်သုံးပုံက သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အရည်အသွေးနဲ့ လေ့ကျင့်သင်ကြားတတ်မြောက်မှုတို့ အပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။


အစ္စလာမ်မစ် တရားသူကြီးတွေက လမ်းညွှန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ပေးပါတယ်။ ဥပဒေအရ ဆုံးဖြတ်လိုက်တဲ့ လမ်းညွှန်ချက်ဆိုရင် ဖသ်ဝါလို့ ခေါ်ပါတယ်။


ရှရီယာဥပဒေနဲ့ ပတ်သက်ပြီး ကျောင်းတော် ၅ ခုကွဲပြားပါတယ်။ စွန်နီ အစ္စလာမ်မှာ အယူမူကွဲ ၄ မျိုးက ဟန်ဗလီ၊ မာလီကီ၊ ရှာဖီအီ၊ ဟန်နဖီ တို့ဖြစ်ပြီး၊ ရှီအာ အစ္စလာမ်မှာ ရှီအာ ဂျာဖရီ အယူဆိုတာ ရှိပါတယ်။


ရှရီယာဥပဒေက ဆင်းသက်လာတဲ့ စကားလုံးတွေကို ပြန်ဆိုမှုကွဲတာအပေါ်မူတည်ပြီး မူကွဲ ၅ ခု ကွဲပြားလာတာပါ။


[Zawgyi]အာဖဂန္နစၥတန္ - ရွရီယာ ဥပေဒ ဆိုတာက ဘာပါလဲ

၁၉ ၾသဂုတ္ ၂၀၂၁




ရွရီယာလို႔ေခၚတဲ့ အစၥလာမ္မစ္ဥပေဒနဲ႔ အာဖဂန္နစၥတန္ကို အုပ္ခ်ဳပ္မယ္လို႔ တာလီဘန္ေတြက ေျပာပါတယ္။


တာလီဘန္ေျပာခြင့္ရပုဂၢိုလ္က မီဒီယာေတြ၊ အမ်ိဳးသမီးအခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး ေျပာရာမွာ "အစၥလာမ္မစ္ ဥပေဒေဘာင္အတြင္းက" အခြင့္အေရးေတြကို အေလးထား အကာအကြယ္ေပးသြားမယ္လို႔ ဆိုပါတယ္၊ ဒါေပမယ့္ လက္ေတြ့မွာ အဲဒါေတြက ဘယ္လို ျဖစ္လာမွာ လဲဆိုတာကို အေသးစိတ္ေျပာမသြားပါဘူး။


တာလီဘန္ေတြဟာ ရွာရီယာဥပေဒကို အဓိပၸါယ္ဖြင့္တဲ့ေနရာမွာ သူတို႔ရဲ့ တင္းက်ပ္တဲ့ပံုစံနဲ႔ ဖြင့္ဆိုခဲ့ၾကတယ္လို႔ အမ်ားကသတ္မွတ္ခဲ့ၾက တာပါ။ လူသတ္သမားေတြ၊ အိမ္ေထာင္ေရးေဖာက္ျပန္သူေတြကို လူအမ်ားျမင္ကြင္းေရ႔ွမွာ သတ္ျဖတ္စီရင္တာေတြ အပါအဝင္ ရက္စက္ ၾကမ္းတမ္းတဲ့ ျပစ္ဒဏ္စီရင္မႈေတြကိုလုပ္ခဲ့ ၾကပါတယ္။


#ရွာရီယာဆိုတာဘာလဲ


ရွရီယာဆိုတာ အစၥလာမ္ဘာသာရဲ့ ဥပေဒ စနစ္ပါ။

ဒီဥပေဒဟာ အစၥလာမ္ဘာသာေရးက်မ္း ကုရ္အာန္က ဆင္းသက္လာသလို၊ စြန္နာနဲ႔ ဟဒီးစ္လို႔ေခၚတဲ့ တမန္ေတာ္ မိုဟာမက္ရဲ့ ျပဳမူေဆာင္ရြက္မႈေတြ၊ ေျပာဆိုခ်က္ေတြကေနလည္း ဆင္းသက္ လာတာပါ။


တကယ္လို႔ အေျဖကအဲဒီေတြကေန တိုက္ရိုက္မဆင္းသက္လာတာမ်ိဳးဆိုရင္၊ သာသာေရး ပညာရွင္ေတြက သီးျခားကိစၥ ဒါမွမဟုတ္ သီးျခားေမးခြန္းေတြအေပၚ ၫႊန္ၾကားခ်က္ေပးၿပီး ဆံုးျဖတ္ခ်က္ကို ဘယ္လိုလုပ္ဖို႔ဆိုတာကို လမ္းၫႊန္ႏိုင္ပါတယ္။


ရွရီယာဥပေဒဟာ မြတ္စလင္ေတြ ဝတ္ျပဳတာ၊ အစာငတ္ခံ ဥပုသ္ေစာင့္တာ၊ ဆင္းရဲသူေတြကို လႉဒါန္းတာ စတာေတြအပါအဝင္ ဘဝေနထိုင္ပံုမွာ က်င့္သံုးလိုက္နာဖို႔အတြက္ လမ္းၫႊန္ပါတယ္။


ဘုရားသခင္ရဲ့ ဆႏၵနဲ႔အညီ သူတို႔ ဘဝေနထိုင္မႈကို ဘယ္လိုလုပ္ေဆာင္သြားရမလဲ ဆိုတာကို မြတ္စလင္တိုင္း နားလည္ေစဖို႔ ဒီဥပေဒက ရည္ရြယ္တာပါ။


မြတ္စလင္တေယာက္ရဲ့ ေန့စဉ္ဘဝလုပ္ေဆာင္မႈတိုင္းကို ရွရီယာက အႀကံျပဳႏိုင္ပါတယ္။


ဥပမာအားျဖင့္ မြတ္စလင္တေယာက္ဟာ သူ႔လုပ္ေဖာ္ကိုင္ဖက္ မိတ္ေဆြေတြက အလုပ္ၿပီးလို႔ ဘားဆိုင္ကိုသြားမယ္လို႔ ဖိတ္တဲ့အခါ၊ တကယ္လို႔ သြားမယ္ဆိုရင္ ဒါဟာ ဘာသာေရး ခြင့္ျပဳခ်က္ေဘာင္ အတြင္းမွာရိွလား၊ မရိွဘူးလားဆိုတာကို ရွရီယာ ပညာရွင္တေယာက္ဆီက အႀကံျပဳခ်က္ကို ယူႏိုင္ပါတယ္။


ေန့စဉ္ဘဝနဲ႔ ပတ္သက္တဲ့ မိသားစု ဥပေဒဆိုင္ရာ၊ ဘ႑ာေရးဆိုင္ရာ၊ စီးပြားေရးဆိုင္ရာ စတာေတြအပါအဝင္ လမ္းၫႊန္ခ်က္ေတြကို မြတ္စလင္ေတြအေနနဲ႔ ရွရီယာကို ကိုးကား လုပ္ေဆာင္ႏိုင္ပါတယ္။


#ျပင္းထန္တဲ့ စီရင္မႈေတြက ဘယ္လိုဟာေတြလဲ

က်ူးလြန္တာေတြနဲ႔ပတ္သက္ၿပီး ရွရီယာဥပေဒမွာ အမ်ိဳးအစား ၂ မ်ိဳးခြဲထားပါတယ္။ ႀကီးမားတဲ့ ရာဇဝတ္မႈမ်ိဳးကို ဟဒ္ က်ူးလြန္မႈေတြလို႔ သတ္မွတ္ၿပီး သတ္မွတ္ထားတဲ့ ျပစ္ဒဏ္စီရင္မႈေတြ ရိွပါတယ္။ သာဇီရ္ဆိုတဲ့ အမ်ိဳးအစားထဲမွာဝင္တဲ့ ရာဇဝတ္မႈေတြကိုေတာ့ တရားသူႀကီးရဲ့ ဆင္ျခင္မႈနဲ႔ စီရင္ဆံုးျဖတ္ပါတယ္။


ဟဒ္ က်ူးလြန္မႈေတြထဲမွာ ခိုးမႈပါဝင္ၿပီး ရွရီယာကို အတင္းက်ပ္ဆံုး ဘာသာျပန္တာနဲ႔ စီရင္မယ္ ဆိုရင္ က်ူးလြန္သူကို လက္ျဖတ္တဲ့အထိ အေရးယူႏိုင္ပါတယ္။


ဟဒ္က်ူးလြန္မႈေတြအတြက္ အျပစ္ေပးလို႔မရေအာင္ အကာအကြယ္အစီအမံေတြ အမ်ားႀကီး ရိွပါတယ္၊ သက္ေသခိုင္မာဖို႔လည္း အေထာက္အထားေတြ အေသအခ်ာရိွဖို႔လိုပါတယ္။


ဒီလို ဟဒ္က်ူးလြန္မႈေတြကို ျပစ္ဒဏ္ေပးတာ အျပင္းအထန္ေပးရမယ္ဆိုတဲ့ သေဘာထားက မြတ္စလင္ေတြၾကားမွာ တႏိုင္ငံနဲ႔ တႏိုင္ငံ မတူညီၾကဘဲ ေတာ္ေတာ္ကြဲျပားတယ္ဆိုတဲ့ ဆန္းစစ္ခ်က္ေတြ ရိွပါတယ္။


#ဆံုးျဖတ္ခ်က္က ဘယ္လိုလုပ္ၾကသလဲ

ဥပေဒစနစ္တိုင္းလိုပဲ ရွရီယာကလည္း ရႈပ္ေထြးမ်ားေျမာင္ပါတယ္။ ရွရီယာကို က်င့္သံုးပံုက သက္ဆိုင္ရာ ကြၽမ္းက်င္သူေတြရဲ့ အရည္အေသြးနဲ႔ ေလ့က်င့္သင္ၾကားတတ္ေျမာက္မႈတို႔ အေပၚမွာ လံုးလံုးလ်ားလ်ား မူတည္ပါတယ္။


အစၥလာမ္မစ္ တရားသူႀကီးေတြက လမ္းၫႊန္ခ်က္ေတြ၊ ဆံုးျဖတ္ခ်က္ေတြကို ေပးပါတယ္။ ဥပေဒအရ ဆံုးျဖတ္လိုက္တဲ့ လမ္းၫႊန္ခ်က္ဆိုရင္ ဖသ္ဝါလို႔ ေခၚပါတယ္။


ရွရီယာဥပေဒနဲ႔ ပတ္သက္ၿပီး ေက်ာင္းေတာ္ ၅ ခုကြဲျပားပါတယ္။ စြန္နီ အစၥလာမ္မွာ အယူမူကြဲ ၄ မ်ိဳးက ဟန္ဗလီ၊ မာလီကီ၊ ရွာဖီအီ၊ ဟန္နဖီ တို႔ျဖစ္ၿပီး၊ ရွီအာ အစၥလာမ္မွာ ရွီအာ ဂ်ာဖရီ အယူဆိုတာ ရိွပါတယ္။


ရွရီယာဥပေဒက ဆင္းသက္လာတဲ့ စကားလံုးေတြကို ျပန္ဆိုမႈကြဲတာအေပၚမူတည္ၿပီး မူကြဲ ၅ ခု ကြဲျပားလာတာပါ။

(BBC Burmese) 

No comments: