Monday, August 23, 2021

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ

ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံ လို့ရပြီလဲ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win

ရေးသားသူ Dr. Htet Htet Zaw Win




#Sexual_Health

#လိင်မှုရေးရာ

#Covid_19

(ကိုဗစ်-၁၉ လို ကမ္ဘာ့ကပ်ရောဂါအသွင် ရောဂါကူးစက်ခံနေရစဉ်၊ ရောဂါကူးစက်ခံရပြီး၊ ကုသပျောက်ကင်းပြီးနောက် လိင်မှုရေးရာကိစ္စတွေ ပြန်လည်ပြုလုပ်လို့ရပြီလား သိချင်စိတ်ရှိကြပါလိမ့်မယ်။ လိင်မှုကိစ္စက သာမန်စုံတွဲတွေအတွက် အရေးအရာထည့်ပြောဖို့မလိုပေမယ့် ကိုဗစ်ဖြစ်ပြီးရင်ကော ဘယ်လိုအခြေအနေရှိသလဲ မသိသေးတော့ သိရအောင် ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ဝေငှလိုက်ပါတယ်။)


ကိုဗစ် တတိယလှိုင်းစတာ တစ်လလောက်ရှိပြီ။ ပြန်ကောင်းတဲ့ သူတွေကလည်း ပြန်ကောင်းပြီဆိုတော့ နာလန်ထပြီး ထူထူထောင်ထောင် ဖြစ်လာကြပြီ။ ခုတလော ပေ့ခ်ျမှာ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာပြီ။ လိင်ဆက်ဆံ လို့ရပြီလားလို့ လာမေးကြလို့ ဒီမှာပဲ တစ်ပေါင်းထဲ ဖြေပေးလိုက်ပါတယ်။


#ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် လိင်ဆက်ဆံလို့ ရပြီလဲ။


တစ်ယောက်ပဲ ဖြစ်ဖြစ်၊ နှစ်ယောက်လုံးပဲ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးသွားပြီ၊ လိင်ဆက်ဆံတော့မယ်လို့ ဆိုရင် အောက်က အချက်တွေနဲ့ ကိုက်ညီရပါမယ်။


ရောဂါလက္ခဏာပြပြီး ၁၁ရက် ကျော်တာ ဖြစ်ရပါမယ်။ ပြင်းထန်လူနာဆို ၂၁ရက်ထိ စောင့်သင့်ပါတယ်။ရက်ပြည့်ပြီးတဲ့အပြင် အဖျားလည်း မရှိရပါဘူး။ အဖျားကျဆေး မသောက်ဘဲ လူကောင်းလို အဖျားမရှိတာမျိုး ဖြစ်ရပါမယ်။တခြား ကိုဗစ်လက္ခဏာတွေလည်း မရှိရတော့ပါဘူး။ ဥပမာ ချောင်းဆိုးတာ၊ မောတာ 


ဒီသုံးချက်လုံးနဲ့ ကိုက်ညီမှ လူနာကို နာလန်ထပြီ၊ သက်သာလာပြီလို့ ယူဆရမှာပါ။ ဒါဆိုရင်တော့ အတူနေလို့ရပါပြီ။ ဒါပေမယ့် စစချင်းမှာ အလွန်အကျွံမလုပ်ဖို့၊ အားမသုံးဖို့ အကြံပေးလိုပါတယ်။ ကိုဗစ်ဖြစ်ပြီးစမှာ လူနာအများစုက အမောမခံနိုင်ကြလို့ပါ။


နောက်ထပ် မေးကြတဲ့ မေးခွန်းတွေကတော့


#လိင်ဆက်ဆံရာကနေ ကိုဗစ်ကူးနိုင်လား


ခုထက်ထိတော့ မိန်းမကိုယ်အရည်၊ သုက်ရည်ထဲမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးကို မတွေ့သေးပါဘူး။ တချို့လေ့လာချက်တွေမှာတော့ ဗိုင်းရပ်စ်အစိတ်အပိုင်းလေးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ခုချိန်ထိတော့ လိင်ဆက်ဆံရာကနေ ကိုဗစ်ကူးတယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။


#ကိုယ့်အဖော်မှာ ကိုဗစ်ပိုးရှိနေရင် လိင်ဆက်ဆံသင့်လား။


ကိုဗစ်က လိင်ကတဆင့် ကူးတတ်တဲ့ ရောဂါမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိရင် ကူးနိုင်တယ်ဆိုတော့ လိင်ဆက်ဆံတဲ့ အနေအထားကနေ ကူးနိုင်တာမျိုးတော့ ရှိပါတယ်။


#ကိုယ်ရော အဖော်မှာရော ကိုဗစ်ပိုးရှိနေရင် လိင်ဆက်ဆံ သင့်လားး။


လက်ရှိမှာ နှစ်ယောက်လုံးက ပိုးကူးတာ ခံနေရတယ်ဆိုရင်တော့ အတူမနေပါနဲ့ဉီးလို့ အကြံပေးပါရစေ။ ကောင်းကောင်း အနားယူရမယ့် အချိန်ဖြစ်လို့ပါ။


#တစ်ယောက်က ရောဂါဖြစ်ပြီးသား တစ်ယောက်က  အခုကိုဗစ်ဖြစ်နေရင်ရော


ဆိုပါစို့ ကိုယ်က ရှေ့လတွေက ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားပြီ။ ကိုယ့်အဖော်က လတ်တလောမှာ ကိုဗစ်လက္ခဏာတွေ ပြနေတယ်။ အတူနေရင် ကိုယ့်ကို မကူးနိုင်ဘူးမလားလို့ လာမေးကြပါတယ်။ ကိုယ်က ဖြစ်ပြီးသွားပြီဆိုရင်လည်း ကိုဗစ်က နောက်တစ်ကြိမ်ကူးတတ်ပါတယ်။ Test kitနဲ့ စစ်လို့ Ig G ပဋိပစ္စည်းထွက်ပြီဆိုလည်း ဘယ်လောက်ထွက်တာလဲ၊ ကာကွယ်နိုင်တဲ့ ပမာဏလားဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် မနေဖို့ ပြောပါရစေ။


#ကိုယ့်အဖော်က ကိုဗစ်လက္ခဏာတွေ ပြနေတယ်၊ ဆေးတော့ မစစ်ရသေးဘူး။ လိင်ဆက်ဆံ လို့ရလား။


ကိုယ့်အဖော်က လတ်တလောမှာ ဖျားနေတယ်၊ ချောင်းဆိုးနေတယ်။ ဘာဖြစ်မှန်းတော့ မသိဘူး။ ကိုဗစ်ရှိမရှိကလည်း မစစ်ရသေးဘူးဆိုရင်တော့ စိတ်ချရအောင် ၁၁ရက်လောက် ရှောင်ဖို့၊ ၁၁ရက်ပြည့်ပြီး လက္ခဏာတွေ ပျောက်သွားတဲ့အထိ စောင့်ဖို့ အကြံပြုချင်ပါတယ်။


Test kit နဲ့ စစ်ထားတယ်။ နဂ္ဂတစ်ဆိုရင်ရော။ ဒါဆိုရင်လည်း စစ်ပုံစစ်နည်း၊ စစ်တဲ့ ပစ္စည်းကွာလတီ၊ စစ်တဲ့ရက်ပေါ် မူတည်ပါသေးတယ်။ ဒါကြောင့် စိတ်ချရအောင် ရှောင်ခိုင်းတာပါ။


#ကိုဗစ်တော့ မဖြစ်သေးပါဘူး။ လူအများနဲ့ ထိတွေ့ရတဲ့ အလုပ်တွေ လုပ်နေရလို့ဆိုရင်ရော


ကိုဗစ်တော့ မဖြစ်သေးပါဘူး။ ဒါပေမယ့် လူအများနဲ့ ထိတွေ့နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတို့၊ ဈေးရောင်းတဲ့သူတို့ ဖြစ်နေတယ်။ အတူနေလို့ ဖြစ်ပါ့မလားလို့ တွေးနေတဲ့သူတွေလည်း ရှိမှာပါ။ သူတို့တွေကတော့ အတူနေအိမ်သားတွေကို ကိုဗစ်မကူးဖို့ ဂရုစိုက်ရပါမယ်။


-အပြင်က ပြန်လာတာနဲ့ အဝတ်အစားတွေ လဲပစ်တာ


-ပါလာတဲ့ ပစ္စည်းတွေ ပိုးသတ်တာ


-ရေချိုးချတာ စတာတွေ  လုပ်ဖို့ လိုပါတယ်။


လိင်ဆက်ဆံလို့လည်း ရပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့ အမျှ လူတွေနဲ့ ထိတွေ့နေရတော့ မတော်တဆ ပိုးရှိနေရင် မသိနိုင်တာကြောင့် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။


နမ်းတာ လျှော့ပါ။ ချောင်းဆိုး၊ နှာချေလို့ ထွက်လာတဲ့ တံထွေးမှုန်တွေလိုပဲ နမ်းလို့ တံထွေးတွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။စအိုကို ပါးစပ်နဲ့ ဆက်ဆံတာ၊ နှိုးဆွတာမျိုး ရှောင်ပါ။တတ်နိုင်ရင် နှာခေါင်းစည်းတပ်ပါ။ နည်းနည်းတော့ ကသိကအောင့်နိုင်တယ်ဆိုပေမယ့် လိင်ဆက်ဆံစဉ်မှာ အသက်ရှူပြင်းလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို တားပေးနိုင်စွမ်း ရှိပါတယ်။ မနမ်းဖြစ်အောင်လည်း ကာပြီးသား ဖြစ်သွားပါတယ်။ နှစ်ယောက်လုံး တပ်သင့်ပါတယ်။ ရောဂါပိုး ရှိတာကို မသိလိုက်ဘဲ အဖော်ကို ကူးသွားမှာ စိုးလို့ပါ။တစ်ကိုယ်ရည် အာသာဖြေပြီးတော့လည်း လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို လျှော့ချနိုင်ပါတယ်။ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ကွန်ဒုံးသုံးလို့ ကိုဗစ်ကို ကာကွယ်နိုင်တာတော့ မဟုတ်ပေမယ့် တခြား လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ ဝင်လာရင် ဒီကာလမှာ ကုရခက်ပါတယ်။ ကိုယ်ခံအားကျပြီး ကိုဗစ်လည်း အလွယ်တကူ ကူးခံရနိုင်ပါတယ်။အတူမနေခင်နဲ့ အတူနေပြီးမှာ ရေချိုးချပါ။ Sex toy သုံးတယ်ဆို အသုံးပြုပြီးရင် ရေနဲ့ ဆပ်ပြာသုံးပြီး သေချာ ဆေးကြောပါ။ကိုယ့်အဖော် နေမကောင်း ဖြစ်နေတဲ့အခါ အတူနေခြင်း မပြုပါနဲ့။


ဒီလောက်ဆို သိချင်တာလေးတွေ လုံလောက်ပြီလို့ ယူဆပါတတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


[Zawgyi]ကိုဗစ္ျဖစ္ၿပီး ဘယ္ေလာက္ၾကာရင္ လိင္ဆက္ဆံ လို႔ရၿပီလဲ


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Htet Htet Zaw Win

ေရးသားသူ Dr. Htet Htet Zaw Win




#Sexual_Health

#လိင္မႈေရးရာ

#Covid_19

(ကိုဗစ္-၁၉ လို ကမ႓ာ့ကပ္ေရာဂါအသြင္ ေရာဂါကူးစက္ခံေနရစဉ္၊ ေရာဂါကူးစက္ခံရၿပီး၊ ကုသေပ်ာက္ကင္းၿပီးေနာက္ လိင္မႈေရးရာကိစၥေတြ ျပန္လည္ျပဳလုပ္လို႔ရၿပီလား သိခ်င္စိတ္ရိွၾကပါလိမ့္မယ္။ လိင္မႈကိစၥက သာမန္စံုတြဲေတြအတြက္ အေရးအရာထၫ့္ေျပာဖို႔မလိုေပမယ့္ ကိုဗစ္ျဖစ္ၿပီးရင္ေကာ ဘယ္လိုအေျခအေနရိွသလဲ မသိေသးေတာ့ သိရေအာင္ ေဆာင္းပါးေလးကို ဖတ္ၾကၫ့္ဖို႔ေဝငွလိုက္ပါတယ္။)


ကိုဗစ္ တတိယလိႈင္းစတာ တစ္လေလာက္ရိွၿပီ။ ျပန္ေကာင္းတဲ့ သူေတြကလည္း ျပန္ေကာင္းၿပီဆိုေတာ့ နာလန္ထၿပီး ထူထူေထာင္ေထာင္ ျဖစ္လာၾကၿပီ။ ခုတေလာ ေပ့ခ္်မွာ ကိုဗစ္ျဖစ္ၿပီး ျပန္ေကာင္းလာၿပီ။ လိင္ဆက္ဆံ လို႔ရၿပီလားလို႔ လာေမးၾကလို႔ ဒီမွာပဲ တစ္ေပါင္းထဲ ေျဖေပးလိုက္ပါတယ္။


#ကိုဗစ္ျဖစ္ၿပီး ဘယ္ေလာက္ၾကာရင္ လိင္ဆက္ဆံလို႔ ရၿပီလဲ။


တစ္ေယာက္ပဲ ျဖစ္ျဖစ္၊ ႏွစ္ေယာက္လံုးပဲ ျဖစ္ျဖစ္ ကိုဗစ္ျဖစ္ၿပီးသြားၿပီ၊ လိင္ဆက္ဆံေတာ့မယ္လို႔ ဆိုရင္ ေအာက္က အခ်က္ေတြနဲ႔ ကိုက္ညီရပါမယ္။


ေရာဂါလကၡဏာျပၿပီး ၁၁ရက္ ေက်ာ္တာ ျဖစ္ရပါမယ္။ ျပင္းထန္လူနာဆို ၂၁ရက္ထိ ေစာင့္သင့္ပါတယ္။ရက္ျပၫ့္ၿပီးတဲ့အျပင္ အဖ်ားလည္း မရိွရပါဘူး။ အဖ်ားက်ေဆး မေသာက္ဘဲ လူေကာင္းလို အဖ်ားမရိွတာမ်ိဳး ျဖစ္ရပါမယ္။တျခား ကိုဗစ္လကၡဏာေတြလည္း မရိွရေတာ့ပါဘူး။ ဥပမာ ေခ်ာင္းဆိုးတာ၊ ေမာတာ 


ဒီသံုးခ်က္လံုးနဲ႔ ကိုက္ညီမွ လူနာကို နာလန္ထၿပီ၊ သက္သာလာၿပီလို႔ ယူဆရမွာပါ။ ဒါဆိုရင္ေတာ့ အတူေနလို႔ရပါၿပီ။ ဒါေပမယ့္ စစခ်င္းမွာ အလြန္အကြၽံမလုပ္ဖို႔၊ အားမသံုးဖို႔ အႀကံေပးလိုပါတယ္။ ကိုဗစ္ျဖစ္ၿပီးစမွာ လူနာအမ်ားစုက အေမာမခံႏိုင္ၾကလို႔ပါ။


ေနာက္ထပ္ ေမးၾကတဲ့ ေမးခြန္းေတြကေတာ့


#လိင္ဆက္ဆံရာကေန ကိုဗစ္ကူးႏိုင္လား


ခုထက္ထိေတာ့ မိန္းမကိုယ္အရည္၊ သုက္ရည္ထဲမွာ ကိုဗစ္ဗိုင္းရပ္စ္ပိုးကို မေတြ့ေသးပါဘူး။ တခ်ိဳ႕ေလ့လာခ်က္ေတြမွာေတာ့ ဗိုင္းရပ္စ္အစိတ္အပိုင္းေလးေတြ ေတြ့ရတယ္လို႔ ဆိုပါတယ္။ ခုခ်ိန္ထိေတာ့ လိင္ဆက္ဆံရာကေန ကိုဗစ္ကူးတယ္ဆိုတဲ့ အေထာက္အထား မရိွေသးပါဘူး။


#ကိုယ့္အေဖာ္မွာ ကိုဗစ္ပိုးရိွေနရင္ လိင္ဆက္ဆံသင့္လား။


ကိုဗစ္က လိင္ကတဆင့္ ကူးတတ္တဲ့ ေရာဂါမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ေရာဂါပိုးရိွသူနဲ႔ အနီးကပ္ထိေတြ့မိရင္ ကူးႏိုင္တယ္ဆိုေတာ့ လိင္ဆက္ဆံတဲ့ အေနအထားကေန ကူးႏိုင္တာမ်ိဳးေတာ့ ရိွပါတယ္။


#ကိုယ္ေရာ အေဖာ္မွာေရာ ကိုဗစ္ပိုးရိွေနရင္ လိင္ဆက္ဆံ သင့္လားး။


လက္ရိွမွာ ႏွစ္ေယာက္လံုးက ပိုးကူးတာ ခံေနရတယ္ဆိုရင္ေတာ့ အတူမေနပါနဲ႔ဉီးလို႔ အႀကံေပးပါရေစ။ ေကာင္းေကာင္း အနားယူရမယ့္ အခ်ိန္ျဖစ္လို႔ပါ။


#တစ္ေယာက္က ေရာဂါျဖစ္ၿပီးသား တစ္ေယာက္က  အခုကိုဗစ္ျဖစ္ေနရင္ေရာ


ဆိုပါစို႔ ကိုယ္က ေရ႔ွလေတြက ကိုဗစ္ျဖစ္ၿပီး ျပန္ေကာင္းသြားၿပီ။ ကိုယ့္အေဖာ္က လတ္တေလာမွာ ကိုဗစ္လကၡဏာေတြ ျပေနတယ္။ အတူေနရင္ ကိုယ့္ကို မကူးႏိုင္ဘူးမလားလို႔ လာေမးၾကပါတယ္။ ကိုယ္က ျဖစ္ၿပီးသြားၿပီဆိုရင္လည္း ကိုဗစ္က ေနာက္တစ္ႀကိမ္ကူးတတ္ပါတယ္။ Test kitနဲ႔ စစ္လို႔ Ig G ပဋိပစၥည္းထြက္ၿပီဆိုလည္း ဘယ္ေလာက္ထြက္တာလဲ၊ ကာကြယ္ႏိုင္တဲ့ ပမာဏလားဆိုတာ မသိႏိုင္ပါဘူး။ ဒါေၾကာင့္ မေနဖို႔ ေျပာပါရေစ။


#ကိုယ့္အေဖာ္က ကိုဗစ္လကၡဏာေတြ ျပေနတယ္၊ ေဆးေတာ့ မစစ္ရေသးဘူး။ လိင္ဆက္ဆံ လို႔ရလား။


ကိုယ့္အေဖာ္က လတ္တေလာမွာ ဖ်ားေနတယ္၊ ေခ်ာင္းဆိုးေနတယ္။ ဘာျဖစ္မွန္းေတာ့ မသိဘူး။ ကိုဗစ္ရိွမရိွကလည္း မစစ္ရေသးဘူးဆိုရင္ေတာ့ စိတ္ခ်ရေအာင္ ၁၁ရက္ေလာက္ ေရွာင္ဖို႔၊ ၁၁ရက္ျပၫ့္ၿပီး လကၡဏာေတြ ေပ်ာက္သြားတဲ့အထိ ေစာင့္ဖို႔ အႀကံျပဳခ်င္ပါတယ္။


Test kit နဲ႔ စစ္ထားတယ္။ နဂၢတစ္ဆိုရင္ေရာ။ ဒါဆိုရင္လည္း စစ္ပံုစစ္နည္း၊ စစ္တဲ့ ပစၥည္းကြာလတီ၊ စစ္တဲ့ရက္ေပၚ မူတည္ပါေသးတယ္။ ဒါေၾကာင့္ စိတ္ခ်ရေအာင္ ေရွာင္ခိုင္းတာပါ။


#ကိုဗစ္ေတာ့ မျဖစ္ေသးပါဘူး။ လူအမ်ားနဲ႔ ထိေတြ့ရတဲ့ အလုပ္ေတြ လုပ္ေနရလို႔ဆိုရင္ေရာ


ကိုဗစ္ေတာ့ မျဖစ္ေသးပါဘူး။ ဒါေပမယ့္ လူအမ်ားနဲ႔ ထိေတြ့ေနရတဲ့ က်န္းမာေရး ဝန္ထမ္းတို႔၊ ေဈးေရာင္းတဲ့သူတို႔ ျဖစ္ေနတယ္။ အတူေနလို႔ ျဖစ္ပါ့မလားလို႔ ေတြးေနတဲ့သူေတြလည္း ရိွမွာပါ။ သူတို႔ေတြကေတာ့ အတူေနအိမ္သားေတြကို ကိုဗစ္မကူးဖို႔ ဂရုစိုက္ရပါမယ္။


-အျပင္က ျပန္လာတာနဲ႔ အဝတ္အစားေတြ လဲပစ္တာ


-ပါလာတဲ့ ပစၥည္းေတြ ပိုးသတ္တာ


-ေရခ်ိဳးခ်တာ စတာေတြ  လုပ္ဖို႔ လိုပါတယ္။


လိင္ဆက္ဆံလို႔လည္း ရပါတယ္။ ဒါေပမယ့္ ေန့စဉ္နဲ႔ အမ်ွ လူေတြနဲ႔ ထိေတြ့ေနရေတာ့ မေတာ္တဆ ပိုးရိွေနရင္ မသိႏိုင္တာေၾကာင့္ ေအာက္ပါအခ်က္ေတြကို လိုက္နာသင့္ပါတယ္။


နမ္းတာ ေလ်ွာ့ပါ။ ေခ်ာင္းဆိုး၊ ႏွာေခ်လို႔ ထြက္လာတဲ့ တံေထြးမႈန္ေတြလိုပဲ နမ္းလို႔ တံေထြးေတြနဲ႔ ထိေတြ့မိရင္ ကူးစက္ႏိုင္ပါတယ္။စအိုကို ပါးစပ္နဲ႔ ဆက္ဆံတာ၊ ႏိႈးဆြတာမ်ိဳး ေရွာင္ပါ။တတ္ႏိုင္ရင္ ႏွာေခါင္းစည္းတပ္ပါ။ နည္းနည္းေတာ့ ကသိကေအာင့္ႏိုင္တယ္ဆိုေပမယ့္ လိင္ဆက္ဆံစဉ္မွာ အသက္ရႉျပင္းလို႔ ထြက္လာတဲ့ အမႈန္အမႊားေတြကို တားေပးႏိုင္စြမ္း ရိွပါတယ္။ မနမ္းျဖစ္ေအာင္လည္း ကာၿပီးသား ျဖစ္သြားပါတယ္။ ႏွစ္ေယာက္လံုး တပ္သင့္ပါတယ္။ ေရာဂါပိုး ရိွတာကို မသိလိုက္ဘဲ အေဖာ္ကို ကူးသြားမွာ စိုးလို႔ပါ။တစ္ကိုယ္ရည္ အာသာေျဖၿပီးေတာ့လည္း လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ကို ေလ်ွာ့ခ်ႏိုင္ပါတယ္။ကြန္ဒံုးသံုးပါ။ ပါးစပ္နဲ႔ ဆက္ဆံမယ္ဆို dental dams သံုးပါ။ ကြန္ဒံုးသံုးလို႔ ကိုဗစ္ကို ကာကြယ္ႏိုင္တာေတာ့ မဟုတ္ေပမယ့္ တျခား လိင္ကတဆင့္ ကူးစက္တဲ့ ေရာဂါေတြ ဝင္လာရင္ ဒီကာလမွာ ကုရခက္ပါတယ္။ ကိုယ္ခံအားက်ၿပီး ကိုဗစ္လည္း အလြယ္တကူ ကူးခံရႏိုင္ပါတယ္။အတူမေနခင္နဲ႔ အတူေနၿပီးမွာ ေရခ်ိဳးခ်ပါ။ Sex toy သံုးတယ္ဆို အသံုးျပဳျပီးရင္ ေရနဲ႔ ဆပ္ျပာသံုးၿပီး ေသခ်ာ ေဆးေၾကာပါ။ကိုယ့္အေဖာ္ ေနမေကာင္း ျဖစ္ေနတဲ့အခါ အတူေနျခင္း မျပဳပါနဲ႔။


ဒီေလာက္ဆို သိခ်င္တာေလးေတြ လံုေလာက္ၿပီလို႔ ယူဆပါတတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: