Saturday, August 21, 2021

Desktop Computer တစ်လုံး၏ အစိတ်အပိုင်းများ

Desktop Computer တစ်လုံး၏ အစိတ်အပိုင်းများနှင့် ရေရှည်အသုံးခံအောင် ပြုပြင်ထိန်းသိမ်းနည်းများ 

🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥

#Desktop_Computer

#Information_and_Technologies

#ကွန်ပျူတာ




(တစ်ကိုယ်ရေသုံး Laptop တွေလို ကိုယ်သွားတဲ့နေရာ ယူဆောင်သွားလို့မရဘဲ ရုံးမှာ၊ အိမ်မှာ အထိုင်ချပြီး သုံးစွဲကြရတဲ့ ကွန်ပျူတာ အမျိုးအစားဖြစ်တဲ့ Desktop Computer တွေဟာ သယ်ဆောင်သွားဖို့ခက်တာကလွဲလို့ ပိုအသုံးဝင်သလိုခံစားရပါတယ်။ အခုခေတ်နောက်ပိုင်း တွဲဖက်သုံးလို့ရတဲ့ Assessories တွေပိုများလာသလို Casing မလိုတဲ့ All_in_One ပုံစံတွေလည်းပေါ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ လူသုံးများနေစဲ Desktop Computer Design အကြောင်းဗဟုသုတရဖို့နဲ့ ထိန်းသိမ်းဖို့နည်းလမ်းအချို့ကို သိရအောင် ဝေငှလိုက်ပါတယ် ခင်ဗျ။)


Desktop ကွန်ပျူတာဆိုသော်ငြား ဟိုးအရင်ခေတ်က Desktop Casing တွေ မပါပေါ့။


Hardware ပိုင်းကို လေ့လာလိုသူတွေအတွက် လိုအပ်မယ်ထင်ပါတယ်နော်။ အခုမလိုရင်လည်း နောက်လိုရင် သုံးနိုင်တာမို့ Save ထား Share ထားလို့ရပါတယ်။


Desktop Computer တစ်လုံးရဲ့ System Unit ကို တစ်စစီ ဖြုတ်ကြည့်လိုက်တဲ့အခါ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။ အဲဒီမှာမှ အစိတ်အပိုင်း တစ်ပိုင်းချင်းစီရဲ့ အကြမ်းဖျဉ်း အလုပ်လုပ်ပုံနဲ့ သူတို့ကို ထိန်းသိမ်းနည်းလေးတွေကို ပြောပြပါ့မယ်။


🛠🖥 Casing

Casing ပုံတွေက များသောအားဖြင့် သံ/သတ္ထု(သို့မဟုတ်)ဖိုင်ဘာနဲ့ လုပ်ထားတဲ့ အိမ်ခွံတွေ ဖြစ်ပါတယ်။ သူ့မှာ Optical Drive တွေ၊ Hard Disk Drive တွေ၊ Floppy Drive တွေ တပ်ဆင်အသုံးပြုလို့ရအောင် Bay လို့ခေါ်တဲ့ အထိုင်တွေ တပ်ဆင်ထားပါတယ်။ ကျန်တဲ့ Input/Output Device တွေနဲ့ တွဲဆက်ဖို့အတွက် Port တွေပါမယ်။ Power Supply အတွက် Housing ပါမယ်။ Motherboard အတွက် မူလီစွဲစရာနေရာပါမယ်။


အရှေ့ဘက်ခြမ်းမှာတော့ ပါဝါခလုတ်၊ HDD မီး၊ ပါဝါမီး၊ Restart ခလုတ်၊ USB Port၊ Audio jack စသဖြင့် ပါမယ်။ ဒီပုံးကြီးကို အထူးတလယ် ထိန်းသိမ်းရလောက်အောင် မနူးညံ့ပါဘူး။ လွတ်မကျဖို့နဲ့ မလှုပ်ရှားတဲ့နေရာမှာထားဖို့တော့ လိုတယ်။ နောက် ဘေးဘက်ခြမ်းတစ်ခြမ်းက ဖွင့်လို့ရတာမို့ အထဲက ကလီစာတွေ ဖြုတ်တာ၊တပ်တာ၊ပြင်တာ၊ဆင်တာ ပြီးရင် ပြန်ပိတ်ထားဖို့ လိုပါတယ်။ အမှိုက်သရိုက်အကြီးကြီးတွေ၊ ပိုးအိမ်တွေ၊ ကြွက်တွေ မဝင်နိုင်အောင် ဖြစ်ပါတယ်။ အချို့က အဲဒီ Casing Cover ကို စက်အေးအောင် ဆိုပြီး ဖွင့်ထားတတ်ပါတယ်။ အဲဒါက တကယ်တော့ အမှားကြီး။


Casing ပုံးရဲ့ နောက်မှာ Vent Hole ဆိုတဲ့ လေထွက်ပေါက်ကလေးတွေ အများကြီး ဖောက်ပေးထားပါတယ်။ ယင်ကောင်တောင် ဝင်ဖို့ခက်ပေမဲ့ လေဝင်လေထွက် ကောင်းကောင်းလုပ်နိုင်ပါတယ်။ အချို့ ပုံးတွေမှာ Auxillary Vent Fan တပ်ပေးထားပါတယ်။ လေပူတွေ ထုတ်ဖို့အတွက်ပါ။ ဒါ့ကြောင့် ပိတ်ထားရပါမယ်။ မပိတ်ထားလို့များ သွားယားတဲ့ ကြွက်ကလေးက ကြိုးလေး တစ်ချောင်း ကိုက်ဖြတ်လိုက်ရင် ဂန့်ပါပြီ။ ကိုယ်တိုင် ကြုံခဲ့ဖူးပါတယ်။


🛠🖥 Motherboard

ပင်မလျှပ်စစ်ဆားကစ်ပြားကြီး ဖြစ်ပြီး ရှိသမျှ ကလီစာ အစာပလာတွေ အကုန်လုံးက သူနဲ့ ချိတ်ဆက်တပ်ဆင်ရပါတယ်။ သူ့ပေါ်မှာ CPU တပ်ဖို့ အထိုင်ပါတယ်၊ CPU Fan တပ်ဖို့ အထိုင်ပါတယ်။ RAM စိုက်ဖို့ Slot မြောင်းတွေ၊ Graphic စိုက်ဖို့ Slot၊ Modem Slot၊ Soundcard Slot တွေ ပါပါတယ်။ ဒါ့အပြင် HDD တပ်ဖို့ Port၊ Optical Drive တွေ တပ်ဖို့ Port၊ USB အတွက် Port၊ VGA Port စသည်ဖြင့် Port တွေ မျိုးစုံ ပါပါတယ်။ BIOS Chip ပါပါတယ်။ Clock အတွက် CMOS Battery ပါပါတယ်။ အားလုံးက သူ့ဟာနဲ့သူ အံဝင်ခွင်ကျဖြစ်ဖို့အတွက် Standard နဲ့ အညီ တပ်ဆင်ထားပါတယ်။


Motherboard က ဖုန်မှုန့်နဲ့ ရေခိုးရေငွေ့ကို ကြောက်ပါတယ်။ သူ့ပေါ်မှာ တပ်ဆင်ထားတဲ့ ဆားကစ်ပတ်လမ်းတွေက အလွန်နီးကပ် ရှုပ်ထွေးတဲ့အပြင် မိုက်ခရိုဗို့အင်အားလောက်ရှိတဲ့ ဗို့အားဖြတ်သန်းစီးဆင်းရင်တောင် လောင်သွားနိုင်တဲ့ အလွန် နုနယ်တဲ့ အစိတ်အပိုင်းလေးတွေ ပွစိတက်အောင် ဆင်ထားပါတယ်။ ဒါ့ကြောင့် ရေစက်တစ်စက်က စက်တစ်ခုလုံး သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်၊ ရေငွေ့တစ်မှုန်ကလည်း စက်ကြီးကိုကမောက်ကမ ဖြစ်ရာကနေ လောင်ကျွမ်းစေနိုင်ပါတယ်။ ဖုန်ချည်းသက်သက်က သိပ်အန္တရာယ်မပေးနိုင်ပေမဲ့ ရေငွေ့ကို အဖော်ခေါ်လာတဲ့ ဖုန်မှုန့်တွေက မားသားဘုတ်ကြီးအတွက် မဟာရန်သူတော်ကြီးတွေ ဖြစ်ပါတယ်။


🛠🖥CPU

ကွန်ပျူတာ တစ်ခုလုံးရဲ့ ဦးဏှောက်ဖြစ်ပါတယ်။ ဈေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ သူ့အထဲမှာ Semiconductor Transistor လေးတွေ သန်းနဲ့ချီပြီး ပါရှိပါတယ်။ သူတို့မှာ CPU Socket အထိုင် ၂ မျိုး ရှိပါတယ်။ PGA (Pin Grid Arrays) နဲ့ LGA (Land Grid Array) ပါ။ အခု ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Intel Core i7 စီပီယူတွေက LGA အမျိုးအစား ဖြစ်ပါတယ်။ သူတို့ မှာ Motherboard မှာ တပ်ဆင်ဖို့ ကြေးပြား Pad ကလေးတွေ ပါပါတယ်။ သူတပ်ဆင်လို့ရအောင် သူတပ်ဆင်မဲ့ Motherboard မှာ စီပီယူအထိုင်ဆော့ကတ်က LGA တပ်လို့ရတဲ့ အမျိုးအစား ဖြစ်ဖို့ လိုပြီး ပင်အရေအတွက်လည်း တူညီရပါမယ်။ အဲဒီဆော့ကတ်မှာတော့ ကြေးပြား Pad ကလေးတွေနဲ့ ထိတွေ့ရမဲ့ အဖုအဖုလေးတွေ ပါပါတယ်။


CPU i7 မှာ Pad အရေအတွက် ၂၀၁၁ ခုရှိတာမို့ Socket မှာလည်း အဖုလေးတွေ ၂၀၁၁ ခု ရှိရမှာပါ။ AMD AM4 CPU မှာတော့ PGA အမျိုးအစား ဖြစ်ပြီး Pin ငုတ်အရေအတွက် 1331 ခု ပါပါတယ်။ သူ့ရဲ့ အထိုင်ကလည်း သူနဲ့လိုက်လျောညီထွေစွာ အပေါက်အပေါက်ကလေးတွေနဲ့ ဖြစ်ပါတယ်။


CPU ကို အထူးဂရုပြုရမဲ့အချိန်က အဖြုတ်အတပ် ပါ။ ဖြုတ်တဲ့အချိန်မှာရော တပ်တဲ့အချိန်မှာပါ အထူးသဖြင့် PGA အမျိုးအစား (ပင်ပါတဲ့အစား) မှာ ပင်တွေ ကွေးမသွားဖို့၊ ကျိုးမသွားဖို့ လိုပါတယ်။ တစ်ချောင်းလေးကျိုးတာ ဘာဖြစ်မှာလဲ ဆိုရင် ဘာမှ မဖြစ်ပါဘူး။ အဲဒီစီပီယူသိန်းကျော်တန်ကြီး လွှင့်ပစ်လိုက်ရရုံလေးပါ။ တစ်ချောင်းကျိုးတာနဲ့ ဘာမှ သုံးစားလို့မရတော့ပါဘူး။


တပ်ဆင်တဲ့အချိန်မှာ အကုန် ထိထိမိမိ အထိုင်ကျအောင် ညင်သာစွာ တပ်ဆင်ရပါမယ်။ ဘေးက အထိန်းကလစ်ကို အံကျအောင် ပိတ်ရပါမယ်။ စီပီယူပေါ်မှာ Thermal Conpound/ Thermal Paste/CPU ကော် အမျိုးမျိုး ခေါ်ကြတဲ့ဟာကို နှံ့အောင် သုတ်ရပါမယ်။ ပြီးရင် Heat Sink (အလျူမီနီယံသတ္ထုစပ်နဲ့လုပ်ထားတဲ့အအေးခံသတ္ထုပစ္စည်း) ကို CPU နဲ့ တစ်ပြင်လုံး ထိနေအောင် တပ်ရပါမယ်။ ခုနက Thermal Compound က Heat Sink ဆီကို CPU က အပူစီးကူးမှုကောင်းအောင် သုတ်ရတာ ဖြစ်ပါတယ်။ထူတဲ့နေရာထူ ပါးတဲ့နေရာပါးနေရင် မကောင်းပါဘူး။ Heat တက်နိုင်ပါတယ်။


ပြီးရင် အပေါ်က Cooling Fan တပ်ရပါတယ်။ အဲ့ကောင်က အရေအသွေးမှီရမယ်။ တစ်မိနစ်ကို အပတ်ရေ ၅၀၀၀ နဲ့အထက် လည်နိုင်ရမယ်။ အဲ့ကောင်နှေးရင် Heat တက်မယ်။ Fan ကို အကြီးကြီး ဒုက္ခပေးတာက ဖုန်၊ သူ့အဖော်က ရေငွေ့၊ ဖုန်ဝင်ရင် လည်နှုန်းကျမယ်၊ လည်နှုန်းကျရင် စီပီယူက ထုတ်တဲ့အပူကို မစုပ်နိုင်ဘူး၊ မစုပ်နိုင်ရင် Heat တက်မယ်။ ဒါ့ကြောင့် စက်အဖုံးဖွင့်ရင် အဲ့ကောင်ကို ဖုန်သန့်ရှင်းပေးဖို့ လိုပါတယ်။


🛠🖥Power Supply Unit (PSU)

ဒီကောင်မပါလို့တော့ လုံးဝ မရပါဘူး။ ဒီကောင်က လျှပ်စစ်ဓာတ်အားပေးရမဲ့ အပိုင်း ဖြစ်နေလို့ပါ။ Power Supply က သာမန် ဗို့အားထိန်းစက်တွေနဲ့ မတူပါဘူး။ Motherboard အတွက် ဘယ်လောက်ဗို့အားပေးရမယ်၊ HDD အတွက် ဘယ်လောက် ပေးရမယ်ဆိုတာ သူ့ ဆော့ကတ်၊ သူ့ပလတ်နဲ့သူ ရှိပါတယ်။ မှားတပ်မိစရာ မရှိပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ဗို့အားမတူတဲ့ ဆော့ကတ်တွေက ပုံစံလည်း မတူလို့ပါ။ သူ့မှာ ပါဝင်တဲ့ ကြိုးတွေ၊ Adaptor တွေကို တော့ နောက်နေ့မှ ပို့စ်သပ်သပ် တင်ပါ့မယ်။ သူကြောက်တာက ဗို့အား။ ဗို့အား ဆောင့်တက်တာ၊ ဗို့အား အရမ်းကျတာတို့မှာ ပျက်လွယ်ပါတယ်။ ဖုန်လည်း ကြောက်တယ်။ ဖုန်မဝင်ဖို့ လိုတယ်။


🛠🖥RAM

သူမပါရင် ဝင်းဒိုးစ်ကို တက်မလာတော့ဘူး။ အချို့က ပြောကြတယ်။ ဝင်းဒိုးစ် မတက်တော့ရင် RAM ဖြုတ်ပါ။ ခဲဖျက်နဲ့ပွတ်ပါ။ ပြန်တပ်ပါ။ ကျွန်တော် ပြောမကောင်းလို့ ဝင်မပြောဘူး။ မှန်ပါတယ်။ အဲလိုလုပ်ရမှာပါပဲ။ သို့သော် Universal Right မဟုတ်ပါ။ ဖြုတ်တဲ့နေရာမှ ကလစ်တွေကို ညင်သာစွာ ဖြုတ်ဖို့ လိုပါတယ်။ ပြီးရင် ဒီကောင် Static Charge ကို အလွန်ကြောက်တယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Static Charge ရှိတယ်။ မယုံရင် တက်ထရက်သား၊နိုင်လွန်သားအင်္ကျီ ဆောင်းတွင်းဖက် ချွတ်ကြည့်၊ အမွှေးတွေ ထောင်ထတယ်၊ မီးတောင်ပွင့်တယ်။ အဲဒီ မီလီဗို့၊ မိုက်ခရိုဗို့ ပမာဏလောက်ရှိတဲ့ တည်ငြိမ်လျှပ်စစ်ဓာတ်က RAM ထဲက Memory Cell လေးတွေကို ဒဏ်ရာမပေါ်ပဲ အတွင်းကျေ လောင်သွားစေနိုင်ပါတယ်။ မဖြုတ်နဲ့ မပြောဘူး။ ဖြုတ်ပါ။ မဖြုတ်ခင်မှာ ကိုယ့် လက်ကို Earth အရင်ချ (Discharge)လုပ်ပါ။ ဘာမှ မဟုတ်ဘူး။ သံဘော်ဒီတစ်ခုခုကို ကိုင်လိုက်ရင် ရပြီ။ အခု Online Store အချို့မှာ Anti Static Band ခေါ်တဲ့ လက်ပတ်ကြိုးလေးတွေရှိတယ်။ တကယ်က ကိုယ့်ကိုယ်ထဲက လျှပ်စစ်ကို အရင် မြေကြီးထဲ စွန့်ပစ်လိုက်တာပါပဲ။ အဲဒါပတ်ထားရင် သတိတော့ ထား၊ ပါဝါ မပိတ်ဘဲ သွားကိုင်လိုက်ရင် ဖိနပ်မစီးတာထက် အကြောင်းဆိုးမယ်။ RAM ဖြုတ်ရင် ပါဝါပိတ်ပါ။ လက်ကို Discharge အရင်လုပ်ပါ။ ပြီးမှ ဖြုတ်ပါ။ ပြန်တပ်ရင်လည်း ထိထိမိမိ တပ်ပါ။ ကလစ်အံကျအောင် ပြန်တပ်ပါ။


🖥🖥 Graphic Card...


သာမန်အားဖြင့် စာစီစာရိုက်လုပ်ရုံ၊ ဗီဒီယိုလေးဘာညာ ကြည့်ရုံလောက်ဆို Graphic Card သီးခြား စိုက်စရာ မလိုပါဘူး။ အဲဒီအတွက် Motherboard မှာ Port တွေ ပါပြီးသား ဖြစ်သလို CPU ကလည်း တော်ရုံ ပုံတွေ၊ ဗီဒီယိုတွေ မော်နီတာမှာ ပြပေးဖို့အတွက် လုပ်ပေးနိုင်ပါတယ်။ သူ့ထဲမှာလည်း Graphic Ability ပါပြီးသားပါ။ သို့သော်ငြား ဂိမ်းခပ်မြင့်မြင့်တွေ ဆော့ချင်တာ၊ ဂရပ်ဖစ်ဒီဇိုင်းတွေ ဆွဲချင်တာ စတဲ့ HD(High Definition) Image တွေကို Monitor မှာ ဖော်ပြဖို့အတွက်ကျတော့ Graphic Card မရှိလို့ မရပါဘူး။ CPU ကလည်း အဲလောက်တော့ Handle လုပ်မပေးနိုင်ပါဘူး။ အဲဒါကြောင့် Graphic Card ကို Image တွေ ကောင်းကောင်းကိုင်တွယ်ဖို့အတွက် သီးခြား ထပ်စိုက်ပေးရတာ ဖြစ်ပါတယ်။ Graphic မှာလည်း Motherboard အသေးလေး(သူ့အတွက်သာ) တစ်ခု၊ GPU လို့ခေါ်တဲ့  (Graphic Processing Unit) တစ်ခု၊ Memory (RAM ပါပဲ) အဲဒါတွေ ပါပါတယ်။ ကွန်ပျူတာမှာ ဒီကောင်ကြီးက ပုံဆွဲဌာနပေါ့။ သူလည်း အလုပ်များရင် အပူများများထွက်တယ်၊ Fan လည်နှုန်းပြည့် လည်ဖို့လိုပါတယ်။ ဖုန်မဝင်ဖို့တော့ သတိထားရမှာပါ။


🖥🖥 Sound Card


မားသားဘုတ်ကြီးမှာ နားကြပ်ပေါက်၊ မိုက်ပေါက်တွေ ပါပြီးသားပဲ ဘာလို့ ဆောင်းကဒ် လိုနေသေးလဲ။ ဟင်... လွဲနေတယ်။ တကယ်တော့ ကွန်ပျူတာက ထုတ်ပေးနိုင်တဲ့ အသံက တီ တီ တီ ဆိုတဲ့ Beep သံပဲ ရှိပါတယ်။ သူ့ဘာသာ ဘာသံမှ မထွက်နိုင်ပါဘူး။ အသံထွက်ဖို့အတွက် Sound Card လိုအပ်ပါတယ်။ Sound Card မပါဘူးဆိုတာက On-Board (မားသားဘုတ်ပေါ်မှာ တစ်ပါတည်း ထည့်သွင်းတပ်ဆင်ထားပြီး) မို့လို့ပါ။ အဲဒါကြောင့် မားသားဘုတ်ရဲ့ မှာ အသံအတွက် နားကြပ်ပေါက်၊ မိုက်ပေါက်တွေ ပါနေတာပါ။ 


Sound Card တွေမှာ အဓိက အပိုင်း (၄)ခု ပါပါတယ်။ အဲဒါတွေက


(A) Analog to Digital Converter (ADC) (ပကတိအသံလှိုင်းကို ဒစ်ဂျစ်တယ်အသံလှိုင်းသို့ ပြောင်းရန်)

(B) Digital to Analog Converter (DAC) (ဒစ်ဂျစ်တယ်အသံလှိုင်းကို ဒစ်ဂျစ်တယ်အသံလှိုင်းသို့ ပြောင်းရန်)

(C) ISA or PCI Slot (မားသားဘုတ်တွင် စိုက်ရန်)

(D) I/O Connection (နားကြပ်/မိုက်ခရိုဖုန်း စသည်တို့ တပ်ရန်)


သူ့မှာလည်း CPU / GPU တို့အလားတူ မိန်းပရိုဆက်ဆာ တစ်ခု ရှိပါတယ်။ (DSP - Digital Signal Processor) ပါ။ ဒီကောင်က CPU က ပေးလိုက်တဲ့ ဒစ်ဂျစ်တယ် Signal ကို DAC ဆီကိုပို့တယ်။ စပီကာကို အသံထုတ်ပေးလိုက်တယ်။ Microphone က ဝင်လာတဲ့ Analog လှိုင်းကို ADC က ဒစ်ဂျစ်တယ်ပုံစံ ပြောင်းတယ်။ DSP ဆီကိုပို့တယ်။ DSP က CPU နဲ့ ဒေတာအပို့အထုတ် လုပ်တယ်။ သူ့အလုပ်က အသံတွေကို ခွဲခြမ်း၊စိတ်ဖြာ၊ စိစစ်၊ တိုး/ချဲ့ သီးသန့်ပါပဲ။ ကွန်ပျူတာကြီးတစ်ခုလုံးရဲ့ မီဒီယာဌာနပေါ့။ 


သူ့ပေါ်မှာ ပါဝင်တဲ့ Components တွေ တစ်ခုချင်းတည်ဆောက်ပုံ အလုပ်လုပ်ပုံ အသေးစိတ်ကိုတော့ နောက်တစ်ပို့စ်တင်ပေးမယ်နော်။ Digital/Analog တွေပါ ရေးရမှာဆိုတော့ တော်တော် ရှုပ်ထွေးလို့ပါ။


🖥🖥 Hard Disk Drive/ Solid State Drive


ကွန်ပျူတာရဲ့ တည်မြဲမှတ်ဉာဏ်သိုလှောင်ရာ အစိတ်အပိုင်း ဖြစ်ပါတယ်။ Hard Disk Drive  မှာတော့ Magnetic Disk မှာ ဒေတာတွေကို သံလိုက်စက်ကွင်းပုံစံနဲ့ သိမ်းဆည်းပါတယ်။ Solid State Drive မှာတော့ NAND Gate Semiconductor Memory Cell တွေထဲမှာ သိမ်းဆည်းပါတယ်။ ဖုန်ကြောင့်တော့ သာမန်အားဖြင့်ပျက်စီးစရာမရှိပါဘူး။ သူတို့ရဲ့ Casing က အရမ်းလုံပါတယ်။ HDD ကြောက်တာက လွတ်ကျတာတို့၊ မောင်းနှင်နေစဉ် စောင်းတာ၊ လှုပ်ခါရမ်းတာ စတာတွေကို ကြောက်ပါတယ်။ ဒါ့ကြောင့် System Unit ကို တည်ငြိမ်စွာထားရမယ်လို့ ပြောတာပါ။ SSD ဆိုရင်တော့ ပြင်းထန်တဲ့ Shock (ပြုတ်ကျ၊ ဆောင့်မိတဲ့အား) ကလွဲလို့ သိပ်ပြဿနာမရှိပါဘူး။ 


အချို့က ပြောပါတယ်။ ကွန်ပျူတာ နှေးနေတယ်။ ဘယ်လိုလုပ်ရမလဲ။ SSD လဲလိုက်ပါ လို့ပြောပါတယ်။ သို့သော်လည်း SSD က SATA နဲ့ ဆိုရင် 600 MB/s ပဲ Transfer လုပ်နိုင်ပြီး M2 နဲ့မှသာ 4GB/s နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ SSD ကို System Drive အတွက်သုံးပြီး HDD ကို Storage အတွက် သုံးမယ်ဆိုရင်တော့ အလွန် ဂွတ်သည်ပေါ့။


🖥🖥 CD/DVD Drive 


CD RW/ DVD RW/ CD-R/ DVD-R/Combo ဆိုပြီး ရှိကြပါတယ်။ 


RW ပါတဲ့ဟာတွေက Read/ Write လုပ်လို့ရတယ်။ R တစ်ခုတည်းဆိုရင်တော့ Read ပဲ လုပ်လို့ရတယ်။ Combo ကကျတော့ CD RW, DVD R ဖြစ်ပါတယ်။ အဓိကတော့ မှန်ဘီလူး ဖုန်မတက်ဖို့ ချေးမတက်ဖို့ လိုပါတယ်။ လေးငါးထောင်နဲ့ CD/DVD Drive Cleaner လေးတွေ ဝယ်သုံးလို့ရနေပါပြီ။ နောက်မှ အလျှင်းသင့်ရင် သင့်သလို CD / DVD Disc တွေအကြောင်း၊ Drive တွေအကြောင်း ရေးပါဦးမယ်။


ဒါဆိုရင်တော့ System Casing ထဲမှာ ပါတဲ့ အစိတ်အပိုင်းတွေ အတော်များများ စုံသလောက် ဖြစ်သွားပါပြီ။ Floppy Disc လိုမျိုးဟာတွေတော့ ခေတ်မရှိတော့လို့ မပြောတော့ပါဘူး။ 


မူလရေးသားမျှဝေသူ - AKK (Aung Technology) စာမျက်နှာ


[Zawgyi]Desktop Computer တစ္လံုး၏ အစိတ္အပိုင္းမ်ားႏွင့္ ေရရွည္အသံုးခံေအာင္ ျပဳျပင္ထိန္းသိမ္းနည္းမ်ား 

🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥🛠🖥

#Desktop_Computer

#Information_and_Technologies

#ကြန္ပ်ူတာ




(တစ္ကိုယ္ေရသံုး Laptop ေတြလို ကိုယ္သြားတဲ့ေနရာ ယူေဆာင္သြားလို႔မရဘဲ ရံုးမွာ၊ အိမ္မွာ အထိုင္ခ်ၿပီး သံုးစြဲၾကရတဲ့ ကြန္ပ်ူတာ အမ်ိဳးအစားျဖစ္တဲ့ Desktop Computer ေတြဟာ သယ္ေဆာင္သြားဖို႔ခက္တာကလြဲလို႔ ပိုအသံုးဝင္သလိုခံစားရပါတယ္။ အခုေခတ္ေနာက္ပိုင္း တြဲဖက္သံုးလို႔ရတဲ့ Assessories ေတြပိုမ်ားလာသလို Casing မလိုတဲ့ All_in_One ပံုစံေတြလည္းေပၚေနပါၿပီ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ လူသံုးမ်ားေနစဲ Desktop Computer Design အေၾကာင္းဗဟုသုတရဖို႔နဲ႔ ထိန္းသိမ္းဖို႔နည္းလမ္းအခ်ိဳ႕ကို သိရေအာင္ ေဝငွလိုက္ပါတယ္ ခင္ဗ်။)


Desktop ကြန္ပ်ူတာဆိုေသာ္ျငား ဟိုးအရင္ေခတ္က Desktop Casing ေတြ မပါေပါ့။


Hardware ပိုင္းကို ေလ့လာလိုသူေတြအတြက္ လိုအပ္မယ္ထင္ပါတယ္ေနာ္။ အခုမလိုရင္လည္း ေနာက္လိုရင္ သံုးႏိုင္တာမို႔ Save ထား Share ထားလို႔ရပါတယ္။


Desktop Computer တစ္လံုးရဲ့ System Unit ကို တစ္စစီ ျဖဳတ္ၾကၫ့္လိုက္တဲ့အခါ အစိတ္အပိုင္းေတြ အမ်ားႀကီး ရိွပါတယ္။ အဲဒီမွာမွ အစိတ္အပိုင္း တစ္ပိုင္းခ်င္းစီရဲ့ အၾကမ္းဖ်ဉ္း အလုပ္လုပ္ပံုနဲ႔ သူတို႔ကို ထိန္းသိမ္းနည္းေလးေတြကို ေျပာျပပါ့မယ္။


🛠🖥 Casing

Casing ပံုေတြက မ်ားေသာအားျဖင့္ သံ/သတၴု(သို႔မဟုတ္)ဖိုင္ဘာနဲ႔ လုပ္ထားတဲ့ အိမ္ခြံေတြ ျဖစ္ပါတယ္။ သူ႔မွာ Optical Drive ေတြ၊ Hard Disk Drive ေတြ၊ Floppy Drive ေတြ တပ္ဆင္အသံုးျပဳလို႔ရေအာင္ Bay လို႔ေခၚတဲ့ အထိုင္ေတြ တပ္ဆင္ထားပါတယ္။ က်န္တဲ့ Input/Output Device ေတြနဲ႔ တြဲဆက္ဖို႔အတြက္ Port ေတြပါမယ္။ Power Supply အတြက္ Housing ပါမယ္။ Motherboard အတြက္ မူလီစြဲစရာေနရာပါမယ္။


အေရ႔ွဘက္ျခမ္းမွာေတာ့ ပါဝါခလုတ္၊ HDD မီး၊ ပါဝါမီး၊ Restart ခလုတ္၊ USB Port၊ Audio jack စသျဖင့္ ပါမယ္။ ဒီပံုးႀကီးကို အထူးတလယ္ ထိန္းသိမ္းရေလာက္ေအာင္ မႏူးညံ့ပါဘူး။ လြတ္မက်ဖို႔နဲ႔ မလႈပ္ရွားတဲ့ေနရာမွာထားဖို႔ေတာ့ လိုတယ္။ ေနာက္ ေဘးဘက္ျခမ္းတစ္ျခမ္းက ဖြင့္လို႔ရတာမို႔ အထဲက ကလီစာေတြ ျဖဳတ္တာ၊တပ္တာ၊ျပင္တာ၊ဆင္တာ ၿပီးရင္ ျပန္ပိတ္ထားဖို႔ လိုပါတယ္။ အမိႈက္သရိုက္အႀကီးႀကီးေတြ၊ ပိုးအိမ္ေတြ၊ ႂကြက္ေတြ မဝင္ႏိုင္ေအာင္ ျဖစ္ပါတယ္။ အခ်ိဳ႕က အဲဒီ Casing Cover ကို စက္ေအးေအာင္ ဆိုၿပီး ဖြင့္ထားတတ္ပါတယ္။ အဲဒါက တကယ္ေတာ့ အမွားႀကီး။


Casing ပံုးရဲ့ ေနာက္မွာ Vent Hole ဆိုတဲ့ ေလထြက္ေပါက္ကေလးေတြ အမ်ားႀကီး ေဖာက္ေပးထားပါတယ္။ ယင္ေကာင္ေတာင္ ဝင္ဖို႔ခက္ေပမဲ့ ေလဝင္ေလထြက္ ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္။ အခ်ိဳ႕ ပံုးေတြမွာ Auxillary Vent Fan တပ္ေပးထားပါတယ္။ ေလပူေတြ ထုတ္ဖို႔အတြက္ပါ။ ဒါ့ေၾကာင့္ ပိတ္ထားရပါမယ္။ မပိတ္ထားလို႔မ်ား သြားယားတဲ့ ႂကြက္ကေလးက ႀကိဳးေလး တစ္ေခ်ာင္း ကိုက္ျဖတ္လိုက္ရင္ ဂန႔္ပါၿပီ။ ကိုယ္တိုင္ ႀကံဳခဲ့ဖူးပါတယ္။


🛠🖥 Motherboard

ပင္မလ်ွပ္စစ္ဆားကစ္ျပားႀကီး ျဖစ္ၿပီး ရိွသမ်ွ ကလီစာ အစာပလာေတြ အကုန္လံုးက သူနဲ႔ ခ်ိတ္ဆက္တပ္ဆင္ရပါတယ္။ သူ႔ေပၚမွာ CPU တပ္ဖို႔ အထိုင္ပါတယ္၊ CPU Fan တပ္ဖို႔ အထိုင္ပါတယ္။ RAM စိုက္ဖို႔ Slot ေျမာင္းေတြ၊ Graphic စိုက္ဖို႔ Slot၊ Modem Slot၊ Soundcard Slot ေတြ ပါပါတယ္။ ဒါ့အျပင္ HDD တပ္ဖို႔ Port၊ Optical Drive ေတြ တပ္ဖို႔ Port၊ USB အတြက္ Port၊ VGA Port စသည္ျဖင့္ Port ေတြ မ်ိဳးစံု ပါပါတယ္။ BIOS Chip ပါပါတယ္။ Clock အတြက္ CMOS Battery ပါပါတယ္။ အားလံုးက သူ႔ဟာနဲ႔သူ အံဝင္ခြင္က်ျဖစ္ဖို႔အတြက္ Standard နဲ႔ အညီ တပ္ဆင္ထားပါတယ္။


Motherboard က ဖုန္မႈန႔္နဲ႔ ေရခိုးေရေငြ့ကို ေၾကာက္ပါတယ္။ သူ႔ေပၚမွာ တပ္ဆင္ထားတဲ့ ဆားကစ္ပတ္လမ္းေတြက အလြန္နီးကပ္ ရႈပ္ေထြးတဲ့အျပင္ မိုက္ခရိုဗို႔အင္အားေလာက္ရိွတဲ့ ဗို႔အားျဖတ္သန္းစီးဆင္းရင္ေတာင္ ေလာင္သြားႏိုင္တဲ့ အလြန္ ႏုနယ္တဲ့ အစိတ္အပိုင္းေလးေတြ ပြစိတက္ေအာင္ ဆင္ထားပါတယ္။ ဒါ့ေၾကာင့္ ေရစက္တစ္စက္က စက္တစ္ခုလံုး သံုးမရေအာင္ ပ်က္စီးသြားႏိုင္ပါတယ္၊ ေရေငြ့တစ္မႈန္ကလည္း စက္ႀကီးကိုကေမာက္ကမ ျဖစ္ရာကေန ေလာင္ကြၽမ္းေစႏိုင္ပါတယ္။ ဖုန္ခ်ည္းသက္သက္က သိပ္အႏၲရာယ္မေပးႏိုင္ေပမဲ့ ေရေငြ့ကို အေဖာ္ေခၚလာတဲ့ ဖုန္မႈန႔္ေတြက မားသားဘုတ္ႀကီးအတြက္ မဟာရန္သူေတာ္ႀကီးေတြ ျဖစ္ပါတယ္။


🛠🖥CPU

ကြန္ပ်ူတာ တစ္ခုလံုးရဲ့ ဦးေဏွာက္ျဖစ္ပါတယ္။ ေဈးအႀကီးဆံုးအစိတ္အပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ သူ႔အထဲမွာ Semiconductor Transistor ေလးေတြ သန္းနဲ႔ခ်ီၿပီး ပါရိွပါတယ္။ သူတို႔မွာ CPU Socket အထိုင္ ၂ မ်ိဳး ရိွပါတယ္။ PGA (Pin Grid Arrays) နဲ႔ LGA (Land Grid Array) ပါ။ အခု ကြၽန္ေတာ္တို႔ လက္ရိွသံုးေနတဲ့ Intel Core i7 စီပီယူေတြက LGA အမ်ိဳးအစား ျဖစ္ပါတယ္။ သူတို႔ မွာ Motherboard မွာ တပ္ဆင္ဖို႔ ေၾကးျပား Pad ကေလးေတြ ပါပါတယ္။ သူတပ္ဆင္လို႔ရေအာင္ သူတပ္ဆင္မဲ့ Motherboard မွာ စီပီယူအထိုင္ေဆာ့ကတ္က LGA တပ္လို႔ရတဲ့ အမ်ိဳးအစား ျဖစ္ဖို႔ လိုၿပီး ပင္အေရအတြက္လည္း တူညီရပါမယ္။ အဲဒီေဆာ့ကတ္မွာေတာ့ ေၾကးျပား Pad ကေလးေတြနဲ႔ ထိေတြ့ရမဲ့ အဖုအဖုေလးေတြ ပါပါတယ္။


CPU i7 မွာ Pad အေရအတြက္ ၂၀၁၁ ခုရိွတာမို႔ Socket မွာလည္း အဖုေလးေတြ ၂၀၁၁ ခု ရိွရမွာပါ။ AMD AM4 CPU မွာေတာ့ PGA အမ်ိဳးအစား ျဖစ္ၿပီး Pin ငုတ္အေရအတြက္ 1331 ခု ပါပါတယ္။ သူ႔ရဲ့ အထိုင္ကလည္း သူနဲ႔လိုက္ေလ်ာညီေထြစြာ အေပါက္အေပါက္ကေလးေတြနဲ႔ ျဖစ္ပါတယ္။


CPU ကို အထူးဂရုျပဳရမဲ့အခ်ိန္က အျဖဳတ္အတပ္ ပါ။ ျဖဳတ္တဲ့အခ်ိန္မွာေရာ တပ္တဲ့အခ်ိန္မွာပါ အထူးသျဖင့္ PGA အမ်ိဳးအစား (ပင္ပါတဲ့အစား) မွာ ပင္ေတြ ေကြးမသြားဖို႔၊ က်ိဳးမသြားဖို႔ လိုပါတယ္။ တစ္ေခ်ာင္းေလးက်ိဳးတာ ဘာျဖစ္မွာလဲ ဆိုရင္ ဘာမွ မျဖစ္ပါဘူး။ အဲဒီစီပီယူသိန္းေက်ာ္တန္ႀကီး လႊင့္ပစ္လိုက္ရရံုေလးပါ။ တစ္ေခ်ာင္းက်ိဳးတာနဲ႔ ဘာမွ သံုးစားလို႔မရေတာ့ပါဘူး။


တပ္ဆင္တဲ့အခ်ိန္မွာ အကုန္ ထိထိမိမိ အထိုင္က်ေအာင္ ညင္သာစြာ တပ္ဆင္ရပါမယ္။ ေဘးက အထိန္းကလစ္ကို အံက်ေအာင္ ပိတ္ရပါမယ္။ စီပီယူေပၚမွာ Thermal Conpound/ Thermal Paste/CPU ေကာ္ အမ်ိဳးမ်ိဳး ေခၚၾကတဲ့ဟာကို ႏွံ႔ေအာင္ သုတ္ရပါမယ္။ ၿပီးရင္ Heat Sink (အလ်ူမီနီယံသတၴုစပ္နဲ႔လုပ္ထားတဲ့အေအးခံသတၴုပစၥည္း) ကို CPU နဲ႔ တစ္ျပင္လံုး ထိေနေအာင္ တပ္ရပါမယ္။ ခုနက Thermal Compound က Heat Sink ဆီကို CPU က အပူစီးကူးမႈေကာင္းေအာင္ သုတ္ရတာ ျဖစ္ပါတယ္။ထူတဲ့ေနရာထူ ပါးတဲ့ေနရာပါးေနရင္ မေကာင္းပါဘူး။ Heat တက္ႏိုင္ပါတယ္။


ၿပီးရင္ အေပၚက Cooling Fan တပ္ရပါတယ္။ အဲ့ေကာင္က အေရအေသြးမွီရမယ္။ တစ္မိနစ္ကို အပတ္ေရ ၅၀၀၀ နဲ႔အထက္ လည္ႏိုင္ရမယ္။ အဲ့ေကာင္ေနွးရင္ Heat တက္မယ္။ Fan ကို အႀကီးႀကီး ဒုကၡေပးတာက ဖုန္၊ သူ႔အေဖာ္က ေရေငြ့၊ ဖုန္ဝင္ရင္ လည္ႏႈန္းက်မယ္၊ လည္ႏႈန္းက်ရင္ စီပီယူက ထုတ္တဲ့အပူကို မစုပ္ႏိုင္ဘူး၊ မစုပ္ႏိုင္ရင္ Heat တက္မယ္။ ဒါ့ေၾကာင့္ စက္အဖံုးဖြင့္ရင္ အဲ့ေကာင္ကို ဖုန္သန႔္ရွင္းေပးဖို႔ လိုပါတယ္။


🛠🖥Power Supply Unit (PSU)

ဒီေကာင္မပါလို႔ေတာ့ လံုးဝ မရပါဘူး။ ဒီေကာင္က လ်ွပ္စစ္ဓာတ္အားေပးရမဲ့ အပိုင္း ျဖစ္ေနလို႔ပါ။ Power Supply က သာမန္ ဗို႔အားထိန္းစက္ေတြနဲ႔ မတူပါဘူး။ Motherboard အတြက္ ဘယ္ေလာက္ဗို႔အားေပးရမယ္၊ HDD အတြက္ ဘယ္ေလာက္ ေပးရမယ္ဆိုတာ သူ႔ ေဆာ့ကတ္၊ သူ႔ပလတ္နဲ႔သူ ရိွပါတယ္။ မွားတပ္မိစရာ မရိွပါဘူး။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ ဗို႔အားမတူတဲ့ ေဆာ့ကတ္ေတြက ပံုစံလည္း မတူလို႔ပါ။ သူ႔မွာ ပါဝင္တဲ့ ႀကိဳးေတြ၊ Adaptor ေတြကို ေတာ့ ေနာက္ေန့မွ ပို႔စ္သပ္သပ္ တင္ပါ့မယ္။ သူေၾကာက္တာက ဗို႔အား။ ဗို႔အား ေဆာင့္တက္တာ၊ ဗို႔အား အရမ္းက်တာတို႔မွာ ပ်က္လြယ္ပါတယ္။ ဖုန္လည္း ေၾကာက္တယ္။ ဖုန္မဝင္ဖို႔ လိုတယ္။


🛠🖥RAM

သူမပါရင္ ဝင္းဒိုးစ္ကို တက္မလာေတာ့ဘူး။ အခ်ိဳ႕က ေျပာၾကတယ္။ ဝင္းဒိုးစ္ မတက္ေတာ့ရင္ RAM ျဖဳတ္ပါ။ ခဲဖ်က္နဲ႔ပြတ္ပါ။ ျပန္တပ္ပါ။ ကြၽန္ေတာ္ ေျပာမေကာင္းလို႔ ဝင္မေျပာဘူး။ မွန္ပါတယ္။ အဲလိုလုပ္ရမွာပါပဲ။ သို႔ေသာ္ Universal Right မဟုတ္ပါ။ ျဖဳတ္တဲ့ေနရာမွ ကလစ္ေတြကို ညင္သာစြာ ျဖဳတ္ဖို႔ လိုပါတယ္။ ၿပီးရင္ ဒီေကာင္ Static Charge ကို အလြန္ေၾကာက္တယ္။ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္မွာ Static Charge ရိွတယ္။ မယံုရင္ တက္ထရက္သား၊ႏိုင္လြန္သားအက်ႌ ေဆာင္းတြင္းဖက္ ခြၽတ္ၾကၫ့္၊ အေမႊးေတြ ေထာင္ထတယ္၊ မီးေတာင္ပြင့္တယ္။ အဲဒီ မီလီဗို႔၊ မိုက္ခရိုဗို႔ ပမာဏေလာက္ရိွတဲ့ တည္ၿငိမ္လ်ွပ္စစ္ဓာတ္က RAM ထဲက Memory Cell ေလးေတြကို ဒဏ္ရာမေပၚပဲ အတြင္းေက် ေလာင္သြားေစႏိုင္ပါတယ္။ မျဖဳတ္နဲ႔ မေျပာဘူး။ ျဖဳတ္ပါ။ မျဖဳတ္ခင္မွာ ကိုယ့္ လက္ကို Earth အရင္ခ် (Discharge)လုပ္ပါ။ ဘာမွ မဟုတ္ဘူး။ သံေဘာ္ဒီတစ္ခုခုကို ကိုင္လိုက္ရင္ ရၿပီ။ အခု Online Store အခ်ိဳ႕မွာ Anti Static Band ေခၚတဲ့ လက္ပတ္ႀကိဳးေလးေတြရိွတယ္။ တကယ္က ကိုယ့္ကိုယ္ထဲက လ်ွပ္စစ္ကို အရင္ ေျမၾကီးထဲ စြန႔္ပစ္လိုက္တာပါပဲ။ အဲဒါပတ္ထားရင္ သတိေတာ့ ထား၊ ပါဝါ မပိတ္ဘဲ သြားကိုင္လိုက္ရင္ ဖိနပ္မစီးတာထက္ အေၾကာင္းဆိုးမယ္။ RAM ျဖဳတ္ရင္ ပါဝါပိတ္ပါ။ လက္ကို Discharge အရင္လုပ္ပါ။ ၿပီးမွ ျဖဳတ္ပါ။ ျပန္တပ္ရင္လည္း ထိထိမိမိ တပ္ပါ။ ကလစ္အံက်ေအာင္ ျပန္တပ္ပါ။


🖥🖥 Graphic Card...


သာမန္အားျဖင့္ စာစီစာရိုက္လုပ္ရံု၊ ဗီဒီယိုေလးဘာညာ ၾကၫ့္ရံုေလာက္ဆို Graphic Card သီးျခား စိုက္စရာ မလိုပါဘူး။ အဲဒီအတြက္ Motherboard မွာ Port ေတြ ပါၿပီးသား ျဖစ္သလို CPU ကလည္း ေတာ္ရံု ပံုေတြ၊ ဗီဒီယိုေတြ ေမာ္နီတာမွာ ျပေပးဖို႔အတြက္ လုပ္ေပးႏိုင္ပါတယ္။ သူ႔ထဲမွာလည္း Graphic Ability ပါၿပီးသားပါ။ သို႔ေသာ္ျငား ဂိမ္းခပ္ျမင့္ျမင့္ေတြ ေဆာ့ခ်င္တာ၊ ဂရပ္ဖစ္ဒီဇိုင္းေတြ ဆြဲခ်င္တာ စတဲ့ HD(High Definition) Image ေတြကို Monitor မွာ ေဖာ္ျပဖို႔အတြက္က်ေတာ့ Graphic Card မရိွလို႔ မရပါဘူး။ CPU ကလည္း အဲေလာက္ေတာ့ Handle လုပ္မေပးႏိုင္ပါဘူး။ အဲဒါေၾကာင့္ Graphic Card ကို Image ေတြ ေကာင္းေကာင္းကိုင္တြယ္ဖို႔အတြက္ သီးျခား ထပ္စိုက္ေပးရတာ ျဖစ္ပါတယ္။ Graphic မွာလည္း Motherboard အေသးေလး(သူ႔အတြက္သာ) တစ္ခု၊ GPU လို႔ေခၚတဲ့  (Graphic Processing Unit) တစ္ခု၊ Memory (RAM ပါပဲ) အဲဒါေတြ ပါပါတယ္။ ကြန္ပ်ူတာမွာ ဒီေကာင္ႀကီးက ပံုဆြဲဌာနေပါ့။ သူလည္း အလုပ္မ်ားရင္ အပူမ်ားမ်ားထြက္တယ္၊ Fan လည္ႏႈန္းျပၫ့္ လည္ဖို႔လိုပါတယ္။ ဖုန္မဝင္ဖို႔ေတာ့ သတိထားရမွာပါ။


🖥🖥 Sound Card


မားသားဘုတ္ႀကီးမွာ နားၾကပ္ေပါက္၊ မိုက္ေပါက္ေတြ ပါၿပီးသားပဲ ဘာလို႔ ေဆာင္းကဒ္ လိုေနေသးလဲ။ ဟင္... လြဲေနတယ္။ တကယ္ေတာ့ ကြန္ပ်ူတာက ထုတ္ေပးႏိုင္တဲ့ အသံက တီ တီ တီ ဆိုတဲ့ Beep သံပဲ ရိွပါတယ္။ သူ႔ဘာသာ ဘာသံမွ မထြက္ႏိုင္ပါဘူး။ အသံထြက္ဖို႔အတြက္ Sound Card လိုအပ္ပါတယ္။ Sound Card မပါဘူးဆိုတာက On-Board (မားသားဘုတ္ေပၚမွာ တစ္ပါတည္း ထၫ့္သြင္းတပ္ဆင္ထားၿပီး) မို႔လို႔ပါ။ အဲဒါေၾကာင့္ မားသားဘုတ္ရဲ့ မွာ အသံအတြက္ နားၾကပ္ေပါက္၊ မိုက္ေပါက္ေတြ ပါေနတာပါ။ 


Sound Card ေတြမွာ အဓိက အပိုင္း (၄)ခု ပါပါတယ္။ အဲဒါေတြက


(A) Analog to Digital Converter (ADC) (ပကတိအသံလိႈင္းကို ဒစ္ဂ်စ္တယ္အသံလိႈင္းသို႔ ေျပာင္းရန္)

(B) Digital to Analog Converter (DAC) (ဒစ္ဂ်စ္တယ္အသံလိႈင္းကို ဒစ္ဂ်စ္တယ္အသံလိႈင္းသို႔ ေျပာင္းရန္)

(C) ISA or PCI Slot (မားသားဘုတ္တြင္ စိုက္ရန္)

(D) I/O Connection (နားၾကပ္/မိုက္ခရိုဖုန္း စသည္တို႔ တပ္ရန္)


သူ႔မွာလည္း CPU / GPU တို႔အလားတူ မိန္းပရိုဆက္ဆာ တစ္ခု ရိွပါတယ္။ (DSP - Digital Signal Processor) ပါ။ ဒီေကာင္က CPU က ေပးလိုက္တဲ့ ဒစ္ဂ်စ္တယ္ Signal ကို DAC ဆီကိုပို႔တယ္။ စပီကာကို အသံထုတ္ေပးလိုက္တယ္။ Microphone က ဝင္လာတဲ့ Analog လိႈင္းကို ADC က ဒစ္ဂ်စ္တယ္ပံုစံ ေျပာင္းတယ္။ DSP ဆီကိုပို႔တယ္။ DSP က CPU နဲ႔ ေဒတာအပို႔အထုတ္ လုပ္တယ္။ သူ႔အလုပ္က အသံေတြကို ခြဲျခမ္း၊စိတ္ျဖာ၊ စိစစ္၊ တိုး/ခ်ဲ့ သီးသန႔္ပါပဲ။ ကြန္ပ်ူတာႀကီးတစ္ခုလံုးရဲ့ မီဒီယာဌာနေပါ့။ 


သူ႔ေပၚမွာ ပါဝင္တဲ့ Components ေတြ တစ္ခုခ်င္းတည္ေဆာက္ပံု အလုပ္လုပ္ပံု အေသးစိတ္ကိုေတာ့ ေနာက္တစ္ပို႔စ္တင္ေပးမယ္ေနာ္။ Digital/Analog ေတြပါ ေရးရမွာဆိုေတာ့ ေတာ္ေတာ္ ရႈပ္ေထြးလို႔ပါ။


🖥🖥 Hard Disk Drive/ Solid State Drive


ကြန္ပ်ူတာရဲ့ တည္ၿမဲမွတ္ဉာဏ္သိုေလွာင္ရာ အစိတ္အပိုင္း ျဖစ္ပါတယ္။ Hard Disk Drive  မွာေတာ့ Magnetic Disk မွာ ေဒတာေတြကို သံလိုက္စက္ကြင္းပံုစံနဲ႔ သိမ္းဆည္းပါတယ္။ Solid State Drive မွာေတာ့ NAND Gate Semiconductor Memory Cell ေတြထဲမွာ သိမ္းဆည္းပါတယ္။ ဖုန္ေၾကာင့္ေတာ့ သာမန္အားျဖင့္ပ်က္စီးစရာမရိွပါဘူး။ သူတို႔ရဲ့ Casing က အရမ္းလံုပါတယ္။ HDD ေၾကာက္တာက လြတ္က်တာတို႔၊ ေမာင္းႏွင္ေနစဉ္ ေစာင္းတာ၊ လႈပ္ခါရမ္းတာ စတာေတြကို ေၾကာက္ပါတယ္။ ဒါ့ေၾကာင့္ System Unit ကို တည္ၿငိမ္စြာထားရမယ္လို႔ ေျပာတာပါ။ SSD ဆိုရင္ေတာ့ ျပင္းထန္တဲ့ Shock (ျပဳတ္က်၊ ေဆာင့္မိတဲ့အား) ကလြဲလို႔ သိပ္ျပႆနာမရိွပါဘူး။ 


အခ်ိဳ႕က ေျပာပါတယ္။ ကြန္ပ်ူတာ ေနွးေနတယ္။ ဘယ္လိုလုပ္ရမလဲ။ SSD လဲလိုက္ပါ လို႔ေျပာပါတယ္။ သို႔ေသာ္လည္း SSD က SATA နဲ႔ ဆိုရင္ 600 MB/s ပဲ Transfer လုပ္ႏိုင္ၿပီး M2 နဲ႔မွသာ 4GB/s နဲ႔ အလုပ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ SSD ကို System Drive အတြက္သံုးၿပီး HDD ကို Storage အတြက္ သံုးမယ္ဆိုရင္ေတာ့ အလြန္ ဂြတ္သည္ေပါ့။


🖥🖥 CD/DVD Drive 


CD RW/ DVD RW/ CD-R/ DVD-R/Combo ဆိုၿပီး ရိွၾကပါတယ္။ 


RW ပါတဲ့ဟာေတြက Read/ Write လုပ္လို႔ရတယ္။ R တစ္ခုတည္းဆိုရင္ေတာ့ Read ပဲ လုပ္လို႔ရတယ္။ Combo ကက်ေတာ့ CD RW, DVD R ျဖစ္ပါတယ္။ အဓိကေတာ့ မွန္ဘီလူး ဖုန္မတက္ဖို႔ ေခ်းမတက္ဖို႔ လိုပါတယ္။ ေလးငါးေထာင္နဲ႔ CD/DVD Drive Cleaner ေလးေတြ ဝယ္သံုးလို႔ရေနပါၿပီ။ ေနာက္မွ အလ်ွင္းသင့္ရင္ သင့္သလို CD / DVD Disc ေတြအေၾကာင္း၊ Drive ေတြအေၾကာင္း ေရးပါဦးမယ္။


ဒါဆိုရင္ေတာ့ System Casing ထဲမွာ ပါတဲ့ အစိတ္အပိုင္းေတြ အေတာ္မ်ားမ်ား စံုသေလာက္ ျဖစ္သြားပါၿပီ။ Floppy Disc လိုမ်ိဳးဟာေတြေတာ့ ေခတ္မရိွေတာ့လို႔ မေျပာေတာ့ပါဘူး။ 




မူလေရးသားမ်ွေဝသူ - AKK (Aung Technology) စာမ်က္ႏွာ

No comments: