Friday, August 6, 2021

အာလူးထမင်းထောင်း - သက်သတ်လွတ် ထမင်းလိပ်

အာလူးထမင်းထောင်းရယ် သက်သတ်လွတ်ထမင်းလိပ်ရယ်လုပ်စားမယ်


အာလူးထမင်းထောင်း

--------------------------




ပါဝင်ပစ္စည်းများ

• ထမင်း  -  ၁ ပွဲ

• အာလူးပြုတ်  -  ၁ လုံး (၆၀ ဂရမ်)

• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း

• မြေပဲထောင်း  -  စားပွဲဇွန်း ၁ ဇွန်း 

• ဆား  -  အနည်းငယ်

• သကြား  -  အနည်းငယ်

• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်

• ငံပြာရည်  -  အနည်းငယ်

• ငရုတ်သီးကြော်  -  အနည်းငယ် (တွဲစားရန်)

• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၁ ဇွန်း

• နံနံပင်  -  အနည်းငယ်

• ဂျူးမြစ်  -  အနည်းငယ် (အနေတော်လှီးပါ)

• ခရမ်းချဉ်သီး  -  ၁ လုံး (အနေတော်လှီးပါ)


ပြုလုပ်နည်း

၁။ ပြုတ်ထားသောအာလူးကို အနေတော်လှီးပြီး ညက်အောင် ထောင်းပါ။

၂။ ထမင်း အနည်းငယ်ထည့်ပြီး ထောင်းပါ။

၃။ ပန်းကန်ထဲ ထောင်းထားတဲ့ အာလူးနှင့် ထမင်း၊ ဆား၊ သကြားအနည်းငယ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက်နှင့် မြေပဲထောင်း 

တို့ကို ထည့်နယ်ပါ။

--------------------------------

Eant Wint Htut


သက်သတ်လွတ် ထမင်းလိပ်

..................................




နွေနေပူပြီဆိုရင် အဆီ၊ အသား မစားချင်တော့ပြီမို့ အသားမပါ၊ ဆီမပါတဲ့ ထမင်းလိပ်လေးကို လုပ်စားကြည့်ပါနော်။ မမီးပေးထားတာ ၄ လိပ်စာ အချိုးဖြစ်ပါတယ်။ ရေးရတာရှည်လွန်းလို့ ခါတိုင်းရေးနေကျ ပုံစံကနေ မတူဘဲ ဖြစ်နေမယ်။

ပါဝင်ပစ္စည်းများ

• ရေညှိဖက် - ၄ ချပ်

• ဆူရှီဆန်/ရှမ်းဆန် - ၁ ခွက်ခွဲ

• ရေ - ၁ ခွက်ခွဲ

• ဆန်ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• သကြား - စားပွဲဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း

ဆူရှီဆန်ကို ရေကြည်လာသည်အထိ ဆေးပါ။ ရေကုန်အောင် စေးပျစ်ပြီး ရေခြင်ထည့်ကာ ထမင်းချက်ပေါင်းအိုးနဲ့ ချက်ပါ။ ထမင်း ကျက်တဲ့အခါ မကပ်တဲ့ဇွန်းနဲ့ အသာအယာ ဖွပေးရပါတယ်။ ထမင်း ပွသွားတဲ့အခါ ဆန်၊ ရှလကာရည်နဲ့ သကြားထည့်ပြီး သမအောင် မွှေပေးပါ။ အဲဒီလိုမွှေနေချိန်မှာ ထမင်းစေ့ မကျေစေရဘဲ အလုံး မပျက်စေရပါ။ နယ်ပြီးလျှင် ခြောက်မသွားအောင် ရေစိုဝတ်သန့်သန့် လေးနှင့် အုပ်ထားပါ။

အဆာအတွက်

• ကိုရီးယားမုန်လာဥချဉ် / သခွားသီး - ၁ လုံး

• မုန်လာဥနီ - ၂ တောင့်

• ထောပတ်သီး - ၁ လုံး

• ကြက်သွန်နီကြော် - စားပွဲဇွန်း ၂ ဇွန်း

• နှမ်းလှော် - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။ မမီးရဲ့ ထမင်းလိပ်မှာ ကိုရီးယား မုန်လာဥချဉ်လေးကို အသုံးပြုထားပေမယ့် အလွယ်တကူ ဝယ်မရ တဲ့ သူတို့ကတော့ သခွားသီးကို အစားထိုး သုံးနိုင်ပါတယ်။ သခွားသီးခြစ်ကို သုံးမယ်ဆို အချောင်း လေးတွေ ညီညီညာညာ အပြိုင်ရှိနေရင် အသုံးပြုချိန်မှာ အလွယ်တကူ ယူသုံးလို့ရပါတယ်။ သခွား သီးခြစ်ပြီး စက္ကူလက်သုတ်ပဝါလေးနဲ့ ထုပ်ထားပေးရင် သူ့ထဲက ရေတွေ ထွက်သွားပါမယ်။ လိပ် စားတဲ့အခါ ရေစိုရွှဲမှု မဖြစ်တော့ပါ။

၂။ မုန်လာဥနီတစ်တောင့်ကို အချောင်းရှည်လေးတွေ ရအောင်ခြစ်ပြီး ဆားဖြူးထားပါ။ ၁ နာရီခန့် ကြာလျှင် အရည်ညှစ်ထုတ်ပါ။ ပြီးလျှင် သကြား၊ ဆန်၊ ရှလကာရည်နှင့် နယ်ထားပါ။ အချဉ်၊ အချို မသိမသာလေး ဖြစ်ရပါမယ်။

၃။ ထောပတ်သီးရဲ့ ထိပ် ၂ ဖက်ကို လှီးဖြတ်ပါ။ ထောပတ်သီးကို ထက်ခြမ်းခွဲပါ။ အစေ့ ဖယ်ပြီး အခွံနွှာ ပါ။ ပြီးလျှင် ၈ စိတ် စိတ်ထားပါ။

၄။ မုန်လာဥနီတစ်တောင့်ကို ဘလန်ဒါထဲမှာ ညက်နေအောင်ကြိတ်ပြီး အရည်ကုန်အောင် ညှစ်ထုတ် ပါ။

၅။ ရေညှိဖက်ကို ထမင်းလိပ်ရာမှာ သုံးတဲ့ ယင်းလိပ်ပေါ်မှာ ဖြန့်ခင်းပါ။ ထမင်းကို လက်တစ်ဆုပ်စာ ယူပြီး ညီညာအောင် ဖြန့်ခင်းပါ။

၆။ စက်နဲ့ကြိတ်ထားတဲ့ မုန်လာဥနီစလေးများကို ထမင်းပေါ်မှာ ညီညာအောင် ဖြန့်ခင်းပြီး နှမ်းဖြူးပါ။ ကြက်သွန်နီကြော်ကိုခြေပြီး ဖြူးပေးပါ။ ထမင်းနဲ့ကပ်သွားအောင် ဖိပေးပါ။ ပြီးလျှင် ရေညှိဖက်ကို နောက်တစ်ဖက်သို့လှန်ပါ။ ထမင်းက အောက်ဘက်ရောက်သွားပြီး ရေညှိဖက်က အပေါ်ဖက် ရောက်လာပါမယ်။

၇။ ရေညှိဖက်မှာ အနားကနေ ၁ လက်မခွဲလောက် ခွာပြီး အဆာများကို တင်ပါ။ ကိုရီးယားမုန်လာဥ၊ ထောပတ်သီး၊ မုန်လာဥနီ ခြစ်ထားသည်တို့ကို ညီညာအောင် တင်ပါ။ ထမင်းနဲ့ ကပ်သွားအောင် ဖိပြားပေးပါ။ ပြီးလျှင် ၁ လက်မခွဲ ချန်ထားတဲ့ ရေညှိဖက်အစကို အဆာပေါ် လုံအောင် အုပ်ပါ။ အဆာကျစ်လျစ်သွားအောင် ယင်းလိပ်အလယ်ကနေ ယင်းလိပ်အစွန်းဘက်တွေကို လက်နဲ့ အသာဖိညှစ်ပြီး ဆွဲပါ။ ကျစ်သွားပြီဆိုလျှင် ရေညှိဖက်ဆုံးတဲ့အထိ ဆက်လိပ်သွားပါ။ လိပ်နေရင်း မှာ ကျစ်သွားအောင် အသာအယာ ဖိညှစ်ပေးရပါတယ်။

၈။ ထမင်းလိပ်ပြီးတဲ့အခါ ဓားကို ရေဆွတ်ပြီး လှီးပါ။ ဓားထက်ထက်နဲ့ လှီးပါ။ တစ်ခါ လှီးပြီးတိုင်း ရေဆွတ်ထားတဲ့အဝတ်မှာ ဓားကိုသုတ်ပေးပြီးမှ နောက်တစ်ခါ ထပ်လှီးပါ။

၉။ စပိုက်စီးမေရိုဆော့စ် (Spicy Mayonnaise) ဆမ်းပြီး သုံးဆောင်နိုင်ပါတယ်။ ဆော့စ်ဝယ်မရလျှင် မေရိုနိစ် ၃ ဆကို ငရုတ်ဆီ ၁ ဆနဲ့ ရောစပ်ပြီး သမအောင်မွှေပါ။

၁၀။ ပလတ်စတစ်အိတ်ထဲထည့်ပါ။ ထောင့်ကနေ ကတ်ကြေးနဲ့ အပေါက်လေးဖောက်ပြီး ထမင်းလိပ် ပေါ်မှာ ညှစ်ချပေးနိုင်ပါတယ်။

.....................................

Meemeetofu


[Zawgyi]အာလူးထမင္းေထာင္းရယ္ သက္သတ္လြတ္ထမင္းလိပ္ရယ္လုပ္စားမယ္


အာလူးထမင္းေထာင္း

--------------------------




ပါဝင္ပစၥည္းမ်ား

• ထမင္း  -  ၁ ပြဲ

• အာလူးျပဳတ္  -  ၁ လံုး (၆၀ ဂရမ္)

• ႏွမ္း  -  စားပြဲဇြန္း ၁ ဇြန္း

• ေျမပဲေထာင္း  -  စားပြဲဇြန္း ၁ ဇြန္း 

• ဆား  -  အနည္းငယ္

• သၾကား  -  အနည္းငယ္

• ငရုတ္ေကာင္းမႈန႔္  -  အနည္းငယ္

• ငံျပာရည္  -  အနည္းငယ္

• ငရုတ္သီးေၾကာ္  -  အနည္းငယ္ (တြဲစားရန္)

• ၾကက္သြန္ျဖဴဆီခ်က္  -  စားပြဲဇြန္း ၁ ဇြန္း

• နံနံပင္  -  အနည္းငယ္

• ဂ်ူးျမစ္  -  အနည္းငယ္ (အေနေတာ္လွီးပါ)

• ခရမ္းခ်ဉ္သီး  -  ၁ လံုး (အေနေတာ္လွီးပါ)


ျပဳလုပ္နည္း

၁။ ျပဳတ္ထားေသာအာလူးကို အေနေတာ္လွီးၿပီး ညက္ေအာင္ ေထာင္းပါ။

၂။ ထမင္း အနည္းငယ္ထၫ့္ၿပီး ေထာင္းပါ။

၃။ ပန္းကန္ထဲ ေထာင္းထားတဲ့ အာလူးႏွင့္ ထမင္း၊ ဆား၊ သၾကားအနည္းငယ္၊ ႏွမ္း၊ ငရုတ္ေကာင္းမႈန႔္၊ ငံျပာရည္အနည္းငယ္၊ ၾကက္သြန္ျဖဴဆီခ်က္ႏွင့္ ေျမပဲေထာင္း 

တို႔ကို ထၫ့္နယ္ပါ။

--------------------------------

Eant Wint Htut


သက္သတ္လြတ္ ထမင္းလိပ္

..................................




ေနြေနပူၿပီဆိုရင္ အဆီ၊ အသား မစားခ်င္ေတာ့ၿပီမို႔ အသားမပါ၊ ဆီမပါတဲ့ ထမင္းလိပ္ေလးကို လုပ္စားၾကၫ့္ပါေနာ္။ မမီးေပးထားတာ ၄ လိပ္စာ အခ်ိဳးျဖစ္ပါတယ္။ ေရးရတာရွည္လြန္းလို႔ ခါတိုင္းေရးေနက် ပံုစံကေန မတူဘဲ ျဖစ္ေနမယ္။

ပါဝင္ပစၥည္းမ်ား

• ေရၫွိဖက္ - ၄ ခ်ပ္

• ဆူရွီဆန္/ရွမ္းဆန္ - ၁ ခြက္ခြဲ

• ေရ - ၁ ခြက္ခြဲ

• ဆန္ရွလကာရည္ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

• သၾကား - စားပြဲဇြန္း ၁ ဇြန္းခြဲ

ျပဳလုပ္နည္း

ဆူရွီဆန္ကို ေရၾကည္လာသည္အထိ ေဆးပါ။ ေရကုန္ေအာင္ ေစးပ်စ္ၿပီး ေရျခင္ထၫ့္ကာ ထမင္းခ်က္ေပါင္းအိုးနဲ႔ ခ်က္ပါ။ ထမင္း က်က္တဲ့အခါ မကပ္တဲ့ဇြန္းနဲ႔ အသာအယာ ဖြေပးရပါတယ္။ ထမင္း ပြသြားတဲ့အခါ ဆန္၊ ရွလကာရည္နဲ႔ သၾကားထၫ့္ၿပီး သမေအာင္ ေမႊေပးပါ။ အဲဒီလိုေမႊေနခ်ိန္မွာ ထမင္းေစ့ မေက်ေစရဘဲ အလံုး မပ်က္ေစရပါ။ နယ္ၿပီးလ်ွင္ ေျခာက္မသြားေအာင္ ေရစိုဝတ္သန႔္သန႔္ ေလးႏွင့္ အုပ္ထားပါ။

အဆာအတြက္

• ကိုရီးယားမုန္လာဥခ်ဉ္ / သခြားသီး - ၁ လံုး

• မုန္လာဥနီ - ၂ ေတာင့္

• ေထာပတ္သီး - ၁ လံုး

• ၾကက္သြန္နီေၾကာ္ - စားပြဲဇြန္း ၂ ဇြန္း

• ႏွမ္းေလွာ္ - စားပြဲဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း

၁။ မမီးရဲ့ ထမင္းလိပ္မွာ ကိုရီးယား မုန္လာဥခ်ဉ္ေလးကို အသံုးျပဳထားေပမယ့္ အလြယ္တကူ ဝယ္မရ တဲ့ သူတို႔ကေတာ့ သခြားသီးကို အစားထိုး သံုးႏိုင္ပါတယ္။ သခြားသီးျခစ္ကို သံုးမယ္ဆို အေခ်ာင္း ေလးေတြ ညီညီညာညာ အၿပိဳင္ရိွေနရင္ အသံုးျပဳခ်ိန္မွာ အလြယ္တကူ ယူသံုးလို႔ရပါတယ္။ သခြား သီးျခစ္ၿပီး စကၠူလက္သုတ္ပဝါေလးနဲ႔ ထုပ္ထားေပးရင္ သူ႔ထဲက ေရေတြ ထြက္သြားပါမယ္။ လိပ္ စားတဲ့အခါ ေရစိုရႊဲမႈ မျဖစ္ေတာ့ပါ။

၂။ မုန္လာဥနီတစ္ေတာင့္ကို အေခ်ာင္းရွည္ေလးေတြ ရေအာင္ျခစ္ၿပီး ဆားျဖဴးထားပါ။ ၁ နာရီခန႔္ ၾကာလ်ွင္ အရည္ၫွစ္ထုတ္ပါ။ ၿပီးလ်ွင္ သၾကား၊ ဆန္၊ ရွလကာရည္ႏွင့္ နယ္ထားပါ။ အခ်ဉ္၊ အခ်ိဳ မသိမသာေလး ျဖစ္ရပါမယ္။

၃။ ေထာပတ္သီးရဲ့ ထိပ္ ၂ ဖက္ကို လွီးျဖတ္ပါ။ ေထာပတ္သီးကို ထက္ျခမ္းခြဲပါ။ အေစ့ ဖယ္ၿပီး အခြံႏႊာ ပါ။ ၿပီးလ်ွင္ ၈ စိတ္ စိတ္ထားပါ။

၄။ မုန္လာဥနီတစ္ေတာင့္ကို ဘလန္ဒါထဲမွာ ညက္ေနေအာင္ႀကိတ္ၿပီး အရည္ကုန္ေအာင္ ၫွစ္ထုတ္ ပါ။

၅။ ေရၫွိဖက္ကို ထမင္းလိပ္ရာမွာ သံုးတဲ့ ယင္းလိပ္ေပၚမွာ ျဖန႔္ခင္းပါ။ ထမင္းကို လက္တစ္ဆုပ္စာ ယူၿပီး ညီညာေအာင္ ျဖန႔္ခင္းပါ။

၆။ စက္နဲ႔ႀကိတ္ထားတဲ့ မုန္လာဥနီစေလးမ်ားကို ထမင္းေပၚမွာ ညီညာေအာင္ ျဖန႔္ခင္းၿပီး ႏွမ္းျဖဴးပါ။ ၾကက္သြန္နီေၾကာ္ကိုေျခၿပီး ျဖဴးေပးပါ။ ထမင္းနဲ႔ကပ္သြားေအာင္ ဖိေပးပါ။ ၿပီးလ်ွင္ ေရၫွိဖက္ကို ေနာက္တစ္ဖက္သို႔လွန္ပါ။ ထမင္းက ေအာက္ဘက္ေရာက္သြားၿပီး ေရၫွိဖက္က အေပၚဖက္ ေရာက္လာပါမယ္။

၇။ ေရၫွိဖက္မွာ အနားကေန ၁ လက္မခြဲေလာက္ ခြာၿပီး အဆာမ်ားကို တင္ပါ။ ကိုရီးယားမုန္လာဥ၊ ေထာပတ္သီး၊ မုန္လာဥနီ ျခစ္ထားသည္တို႔ကို ညီညာေအာင္ တင္ပါ။ ထမင္းနဲ႔ ကပ္သြားေအာင္ ဖိျပားေပးပါ။ ၿပီးလ်ွင္ ၁ လက္မခြဲ ခ်န္ထားတဲ့ ေရၫွိဖက္အစကို အဆာေပၚ လံုေအာင္ အုပ္ပါ။ အဆာက်စ္လ်စ္သြားေအာင္ ယင္းလိပ္အလယ္ကေန ယင္းလိပ္အစြန္းဘက္ေတြကို လက္နဲ႔ အသာဖိၫွစ္ၿပီး ဆြဲပါ။ က်စ္သြားၿပီဆိုလ်ွင္ ေရၫွိဖက္ဆံုးတဲ့အထိ ဆက္လိပ္သြားပါ။ လိပ္ေနရင္း မွာ က်စ္သြားေအာင္ အသာအယာ ဖိၫွစ္ေပးရပါတယ္။

၈။ ထမင္းလိပ္ၿပီးတဲ့အခါ ဓားကို ေရဆြတ္ၿပီး လွီးပါ။ ဓားထက္ထက္နဲ႔ လွီးပါ။ တစ္ခါ လွီးၿပီးတိုင္း ေရဆြတ္ထားတဲ့အဝတ္မွာ ဓားကိုသုတ္ေပးၿပီးမွ ေနာက္တစ္ခါ ထပ္လွီးပါ။

၉။ စပိုက္စီးေမရိုေဆာ့စ္ (Spicy Mayonnaise) ဆမ္းၿပီး သံုးေဆာင္ႏိုင္ပါတယ္။ ေဆာ့စ္ဝယ္မရလ်ွင္ ေမရိုနိစ္ ၃ ဆကို ငရုတ္ဆီ ၁ ဆနဲ႔ ေရာစပ္ၿပီး သမေအာင္ေမႊပါ။

၁၀။ ပလတ္စတစ္အိတ္ထဲထၫ့္ပါ။ ေထာင့္ကေန ကတ္ေၾကးနဲ႔ အေပါက္ေလးေဖာက္ၿပီး ထမင္းလိပ္ ေပၚမွာ ၫွစ္ခ်ေပးႏိုင္ပါတယ္။

.....................................

Meemeetofu

No comments: