Thursday, August 12, 2021

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

 ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung




အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့ အတူတူအိပ်တဲ့ အိပ်ယာပေါ်က ကြင်သူကိုတောင် မပြောပဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။


ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖောပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။


တကယ်တော့ လိင်အင်္ဂါမတောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်တာတြွေဖစ်သလို ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။


အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ပဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်တတ်ကြသူတွေပါ။



ဘာကြောင့် ထင်သလောက်မစွမ်း တော့တာလဲ


အမျိုးသားတွေ လိင်စွမ်းဆာင်ရည်ကျဆင်းရတဲ့ အချက်တွေအများကြီးရှိပေမယ့် နောက်ကွယ်က အကြောင်းတရားကတော့ Testosterone ဟိုမုန်းပမာဏ လျော့နည်းလာတာကြောင့်ပါ။ ဒီပမာဏ နည်းပါးသွားရင် လိင်မှုကိစ္စ စွမ်းဆောင်ရည်တွေလည်း တပါတည်း ကျဆင်းသွားတာပါပဲ။


Testosterone ဟိုမုန်းပမာဏကို လျော့နည်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုတြွေဖစ်ရတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။


အသက်အရွယ်ကြောင့် – အမျိုးသားတွေဟာ သဘာဝအားဖြင့် အသက် ၄၅ နောက်ပိုင်းမှာ လိင်မှုစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကျဆင်းမှုဟာ အသက် ၃၀ ဝန်းကျင်လောက်ကတည်းက စတင်တာဖြစ်ပါတယ်။ ၄၅ နောက်ပိုင်းမှ သိသာလာတာပါ။ အသက် ၃၀ ဝန်းကျင်ကနေစပြီး တစ်နှစ်ကို ၁% လောက်ကျဆင်းသွားတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်အကောင်းဆုံး အသက်အပိုင်းအခြားက ၂၀ နဲ့ ၃၀ ကြားလို့ ဆိုပါတယ်။ အသက် ၄၅ ကျော်ရင်တော့ အမျိုးသား ၁၀ ယောက်မှာ ၄ ယောက်နဲ့အထက်ဟာ လိင်စွမ်းဆောင်ရည် သိသိသာသာကျဆင်းသွားတတ်ပါတယ်။စိတ်ဖိစီးမှုများနေတာကြောင့် – အမျိုးသားတွေ လိင်စိတ်နည်းပါးသွားတာမျိုး၊ စွမ်းဆောင်ရည်ကျဆင်းသွားတာမျိုးတွေက စိတ်နဲ့ အများကြီး ပတ်သတ်နေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတာမျိုး၊ ပူပင်သောကများတာမျိုးတွေကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။ကျန်းမာရေး အခြေအနေကြောင့် – အဝလွန်တာ၊ အိပ်ဟောက်အသက်ရှူကျပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ ကျန်းမာရေးအခြေအနေတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီရောဂါတွေဟာ လိင်စိတ်နဲ့ စွမ်းဆောင်ရည်ကို တိုးပွားစေတဲ့ Testosterone ဟိုမုန်းပမာဏကို လျော့ပါးစေတာကြောင့်ပါ။ဆေးဝါးတွေကြောင့် – တစ်ချို့သောကျန်းမာရေးပြဿနာတွေရဲ့ ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးမှီဝဲတဲ့အခါမှာ ကိုယ်မှီဝဲတဲ့ ဆေးဝါးတွေရဲ့ Side effect တွေကို ဆရာဝန်ထံကနေ သေချာမေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ်မှီဝဲနေတဲ့ ဆေးဝါးကြောင့် ခုလိုဖြစ်နေတာကို မသိတဲ့အခါ ကိုယ့်ဘာသာ စွမ်းဆောင်ရည်မဲ့လာတာလို့ထင်ပြီး စိတ်ဓာတ်ကျသွားတတ်တာကြောင့် ဖြစ်ပါတယ်။အရက်နဲ့ မူးယစ်ဆေးဝါးကြောင့် – အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ပုံမှန်မှီဝဲသူတွေ၊ စွဲလမ်းနေသူတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကင်းမဲ့တဲ့ ပြဿနာတွေကို စောလျှင်စွာ ခံစားရတတ်ပါတယ်။လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာကြောင့် – လေ့ကျင့်ခန်းလုပ်တာဟာ လိင်စွမ်းဆောင်ရည်တိုးတက်စေဖို့ အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်မနေပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်နဲ့ လွန်လွန်ကျူးကျူးပြုလုပ်ရင်လည်း အိပ်ယာပေါ်က အရည်အသွေးတွေကို လျော့ပါးသွားစေတတ်တာမို့ သတိထားသင့်ပါတယ်။အချစ်ရေး/အိမ်ထောင်ရေး ပြဿနာကြောင့် – တစ်ချို့ အိမ်ထောင်ရေးတွေမှာတော့ လက်တွဲဖော်ကို စိတ်ပျက်နေတာမျိုး၊ ဆက်ဆံရေး အဆင်မပြေတာမျိုး၊ လက်တွဲဖော်ဆီက စိတ်ကျေနပ်ဖွယ်ပြုစုယုယမှု မရရှိတာမျိုးတွေကြောင့် လိင်စိတ်လျော့နည်းပြီး မစွမ်းဆောင်နိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ်။



တကယ်လို့များ မစွမ်းတော့ဘူးဆိုရင်


ကိုယ့်ရဲ့ လိင်မှုစွမ်းဆောင်ရည်က သာမန်ထက်ပိုပြီး လျော့နည်းလာနေတယ်။ စွမ်းဆောင်ရည် ကျဆင်းလာနေတယ်လို့ ယူဆလာပြီဆိုရင် စမ်းသပ်လေ့လာပြီး ကုစားမှုတွေ ခံယူဖို့ ကြိုးပမ်းသင့်ပါတယ်။ ထုတ်ပြောရမှာကို ရှက်ရွံ့နေရုံနဲ့ အရာရာက ပြေလည်သွားမှာမှ မဟုတ်တာလေနော်။


သက်ဆိုင်ရာ ပြဿနာကို အဖြေရှာနိုင်မှ ကုစားမှုပြုလုပ်နိုင်မှာဖြစ်တာမို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။


ဒါ့အပြင် နေ့စဉ်လူနေမှုဘဝမှာလည်း


ကျန်းမာပြီး စိတ်ဖိစီးမှုကင်းစင်အောင်နေတာ၊အာဟာရပြည့်ဝအောင်စားတာ၊သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးကို နေ့စဉ်ပုံမှန်လုပ်တာ၊အိပ်ရေးဝဝအိပ်တာ၊အရက်နဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ဖြတ်တောက်တာတွေကို ပြုလုပ်သင့်ပါတယ်။ဆရာဝန်လမ်းညွှန်ချက်နဲ့လည်း ဆေးဝါးဓာတ်စာတွေ မှီဝဲတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




[Zawgyi]

ထင္သေလာက္မစြမ္း ေတာ့ဘူးလား ကိုယ့္လူ


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn

ေရးသားသူ Ye Zon Aung




အမ်ိဳးသားေတြဟာ သူတို႔ရဲ့ လိင္မႈစြမ္းေဆာင္ရည္ အားနည္းေနၿပီ၊ က်ဆင္းလာေနၿပီဆိုတာကို ထုတ္ေျပာဖို႔ သပ္ၿပီး တြန႔္ဆုတ္တတ္ၾကပါတယ္။ တျခားလူမေျပာနဲ႔ အတူတူအိပ္တဲ့ အိပ္ယာေပၚက ၾကင္သူကိုေတာင္ မေျပာပဲ ဖံုးကြယ္ထားတတ္ၾကတာမ်ိဳး။ ထင္သေလာက္မစြမ္း ေတာ့ဘူးလို႔ ထင္ၿပီး ေလာင္ေနတာမ်ိဳးေပါ့။


ဒါေပမယ့္ အမ်ိဳးသား အမ်ားစုဟာ လိင္မႈစြမ္းေဆာင္ရည္က်ဆင္းတဲ့ ျပႆနာကို ရင္ဆိုင္ၾကရေလ့ရိွၿပီးေတာ့ ထုတ္ေဖာေျပာဆိုဖို႔ ရွက္ေနတာေၾကာင့္ ႀကိတ္ကုတာ၊ မသိခ်င္ေယာင္ေဆာင္ ဖံုးကြယ္ထားတာေတြလုပ္ရင္း အေျခအေနေတြ ပိုဆိုးသြားတတ္ၾကပါတယ္။


တကယ္ေတာ့ လိင္အဂၤါမေတာင္မတ္ေတာ့တာ၊ အခ်ိန္ၾကာၾကာ မစြမ္းေဆာင္ႏိုင္တာ၊ သုက္ထြက္နည္းတာ၊ စိတ္ပါသင့္တဲ့အခ်ိန္မွာ မပါတာေတြဟာ အေျခအေနအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္လာႏိုင္တာေတျြဖစ္သလို ကိုယ္တစ္ဦးတစ္ေယာက္တည္းမွာပဲ ကြက္ၿပီးျဖစ္ေနတဲ့ ျပႆနာေတြလည္း မဟုတ္ပါဘူး။


အမ်ိဳးသား ၁၅% ကေန ၂၃% ေလာက္ဟာ အသက္အရြယ္ အိုမင္းရင့္ေရာ္မႈေၾကာင့္မဟုတ္ပဲ ငယ္ရြယ္ႏုပ်ိဳေနစဉ္မွာတင္ လိင္စြမ္းေဆာင္ရည္က်ဆင္းတာမ်ိဳးကို ႀကံဳဆံုရတတ္ပါတယ္။ ဒီလို လိင္စြမ္းေဆာင္ရည္က်ဆင္းတာမ်ိဳးကို ႀကံဳလာရၿပီဆိုရင္လည္း အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ပိုၿပီး ေၾကာက္ရြံ႔ထိတ္လန႔္တတ္ၾကသူေတြပါ။



ဘာေၾကာင့္ ထင္သေလာက္မစြမ္း ေတာ့တာလဲ


အမ်ိဳးသားေတြ လိင္စြမ္းဆာင္ရည္က်ဆင္းရတဲ့ အခ်က္ေတြအမ်ားႀကီးရိွေပမယ့္ ေနာက္ကြယ္က အေၾကာင္းတရားကေတာ့ Testosterone ဟိုမုန္းပမာဏ ေလ်ာ့နည္းလာတာေၾကာင့္ပါ။ ဒီပမာဏ နည္းပါးသြားရင္ လိင္မႈကိစၥ စြမ္းေဆာင္ရည္ေတြလည္း တပါတည္း က်ဆင္းသြားတာပါပဲ။


Testosterone ဟိုမုန္းပမာဏကို ေလ်ာ့နည္းေစတဲ့အေၾကာင္းအရင္းေတြ အမ်ားႀကီးရိွပါတယ္။ ဘာေၾကာင့္ ဒီလိုေတျြဖစ္ရတာလဲ ဆိုတာကို ေလ့လာၾကၫ့္ရေအာင္။


အသက္အရြယ္ေၾကာင့္ – အမ်ိဳးသားေတြဟာ သဘာဝအားျဖင့္ အသက္ ၄၅ ေနာက္ပိုင္းမွာ လိင္မႈစြမ္းေဆာင္ရည္ က်ဆင္းသြားတတ္ပါတယ္။ ဒါေပမယ့္ က်ဆင္းမႈဟာ အသက္ ၃၀ ဝန္းက်င္ေလာက္ကတည္းက စတင္တာျဖစ္ပါတယ္။ ၄၅ ေနာက္ပိုင္းမွ သိသာလာတာပါ။ အသက္ ၃၀ ဝန္းက်င္ကေနစၿပီး တစ္ႏွစ္ကို ၁% ေလာက္က်ဆင္းသြားတယ္လို႔ ေလ့လာခ်က္ေတြကဆိုပါတယ္။ အမ်ိဳးသားေတြရဲ့ လိင္စြမ္းေဆာင္ရည္အေကာင္းဆံုး အသက္အပိုင္းအျခားက ၂၀ နဲ႔ ၃၀ ၾကားလို႔ ဆိုပါတယ္။ အသက္ ၄၅ ေက်ာ္ရင္ေတာ့ အမ်ိဳးသား ၁၀ ေယာက္မွာ ၄ ေယာက္နဲ႔အထက္ဟာ လိင္စြမ္းေဆာင္ရည္ သိသိသာသာက်ဆင္းသြားတတ္ပါတယ္။စိတ္ဖိစီးမႈမ်ားေနတာေၾကာင့္ – အမ်ိဳးသားေတြ လိင္စိတ္နည္းပါးသြားတာမ်ိဳး၊ စြမ္းေဆာင္ရည္က်ဆင္းသြားတာမ်ိဳးေတြက စိတ္နဲ႔ အမ်ားႀကီး ပတ္သတ္ေနတတ္ပါတယ္။ အထူးသျဖင့္ စိတ္ဖိစီးမႈမ်ားတာမ်ိဳး၊ ပူပင္ေသာကမ်ားတာမ်ိဳးေတြေၾကာင့္ ပိုၿပီးျဖစ္ႏိုင္ပါတယ္။က်န္းမာေရး အေျခအေနေၾကာင့္ – အဝလြန္တာ၊ အိပ္ေဟာက္အသက္ရႉက်ပ္ေရာဂါ၊ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါ စတဲ့ က်န္းမာေရးအေျခအေနေတြဟာ လိင္စြမ္းေဆာင္ရည္ကို က်ဆင္းေစပါတယ္။ ဒီေရာဂါေတြဟာ လိင္စိတ္နဲ႔ စြမ္းေဆာင္ရည္ကို တိုးပြားေစတဲ့ Testosterone ဟိုမုန္းပမာဏကို ေလ်ာ့ပါးေစတာေၾကာင့္ပါ။ေဆးဝါးေတြေၾကာင့္ – တစ္ခ်ိဳ႕ေသာက်န္းမာေရးျပႆနာေတြရဲ့ ေဆးဝါးေတြဟာ လိင္စြမ္းေဆာင္ရည္ကို ေနွာင့္ယွက္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေဆးဝါးမွီဝဲတဲ့အခါမွာ ကိုယ္မွီဝဲတဲ့ ေဆးဝါးေတြရဲ့ Side effect ေတြကို ဆရာဝန္ထံကေန ေသခ်ာေမးျမန္း ေဆြးေနြးဖို႔ လိုအပ္ပါတယ္။ ကိုယ္မွီဝဲေနတဲ့ ေဆးဝါးေၾကာင့္ ခုလိုျဖစ္ေနတာကို မသိတဲ့အခါ ကိုယ့္ဘာသာ စြမ္းေဆာင္ရည္မဲ့လာတာလို႔ထင္ၿပီး စိတ္ဓာတ္က်သြားတတ္တာေၾကာင့္ ျဖစ္ပါတယ္။အရက္နဲ႔ မူးယစ္ေဆးဝါးေၾကာင့္ – အရက္ေသစာ၊ ေဆးလိပ္နဲ႔ မူးယစ္ေဆးဝါးေတြဟာ လိင္စြမ္းေဆာင္ရည္ကို က်ဆင္းေစပါတယ္။ အထူးသျဖင့္ ပံုမွန္မွီဝဲသူေတြ၊ စြဲလမ္းေနသူေတြဟာ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကင္းမဲ့တဲ့ ျပႆနာေတြကို ေစာလ်ွင္စြာ ခံစားရတတ္ပါတယ္။ေလ့က်င့္ခန္း အလြန္အကြၽံလုပ္တာေၾကာင့္ – ေလ့က်င့္ခန္းလုပ္တာဟာ လိင္စြမ္းေဆာင္ရည္တိုးတက္ေစဖို႔ အေထာက္အကူျဖစ္ေစတယ္ဆိုေပမယ့္ ဒီအခ်က္က အၿမဲတမ္းေတာ့ မွန္မေနပါဘူး။ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္နဲ႔ လြန္လြန္က်ူးက်ူးျပဳလုပ္ရင္လည္း အိပ္ယာေပၚက အရည္အေသြးေတြကို ေလ်ာ့ပါးသြားေစတတ္တာမို႔ သတိထားသင့္ပါတယ္။အခ်စ္ေရး/အိမ္ေထာင္ေရး ျပႆနာေၾကာင့္ – တစ္ခ်ိဳ႕ အိမ္ေထာင္ေရးေတြမွာေတာ့ လက္တြဲေဖာ္ကို စိတ္ပ်က္ေနတာမ်ိဳး၊ ဆက္ဆံေရး အဆင္မေျပတာမ်ိဳး၊ လက္တြဲေဖာ္ဆီက စိတ္ေက်နပ္ဖြယ္ျပဳစုယုယမႈ မရရိွတာမ်ိဳးေတြေၾကာင့္ လိင္စိတ္ေလ်ာ့နည္းၿပီး မစြမ္းေဆာင္ႏိုင္တာမ်ိဳးလည္းျဖစ္တတ္ပါေသးတယ္။



တကယ္လို႔မ်ား မစြမ္းေတာ့ဘူးဆိုရင္


ကိုယ့္ရဲ့ လိင္မႈစြမ္းေဆာင္ရည္က သာမန္ထက္ပိုၿပီး ေလ်ာ့နည္းလာေနတယ္။ စြမ္းေဆာင္ရည္ က်ဆင္းလာေနတယ္လို႔ ယူဆလာၿပီဆိုရင္ စမ္းသပ္ေလ့လာၿပီး ကုစားမႈေတြ ခံယူဖို႔ ႀကိဳးပမ္းသင့္ပါတယ္။ ထုတ္ေျပာရမွာကို ရွက္ရြံ႔ေနရံုနဲ႔ အရာရာက ေျပလည္သြားမွာမွ မဟုတ္တာေလေနာ္။


သက္ဆိုင္ရာ ျပႆနာကို အေျဖရွာႏိုင္မွ ကုစားမႈျပဳလုပ္ႏိုင္မွာျဖစ္တာမို႔ ကြၽမ္းက်င္သူေတြနဲ႔ ေဆြးေနြးတိုင္ပင္တာမ်ိဳးကို မျဖစ္မေနျပဳလုပ္သင့္ပါတယ္။


ဒါ့အျပင္ ေန့စဉ္လူေနမႈဘဝမွာလည္း


က်န္းမာၿပီး စိတ္ဖိစီးမႈကင္းစင္ေအာင္ေနတာ၊အာဟာရျပၫ့္ဝေအာင္စားတာ၊သင့္ေလ်ာ္တဲ့ ေလ့က်င့္ခန္းမ်ိဳးကို ေန့စဉ္ပံုမွန္လုပ္တာ၊အိပ္ေရးဝဝအိပ္တာ၊အရက္နဲ႔ မူးယစ္ေဆးဝါး သံုးစြဲမႈေတြကို ျဖတ္ေတာက္တာေတြကို ျပဳလုပ္သင့္ပါတယ္။ဆရာဝန္လမ္းၫႊန္ခ်က္နဲ႔လည္း ေဆးဝါးဓာတ္စာေတြ မွီဝဲတာမ်ိဳးလည္း ျပဳလုပ္ႏိုင္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: