Sunday, August 15, 2021

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့်။ ။


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Thin Yadanar @ Frances




ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေးကို စသုံးဖြစ်စေတဲ့ အကြောင်းရင်းက ဘာကြောင့်များလဲဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။


၁။ စူးစမ်းကြတာ။ 


ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေ ပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။


၂။ အတုမြင် အတတ်သင်။


ကလေးတွေဆိုတာ အတုမြင်အတတ်သင် အရွယ်ဖြစ်တဲ့အတွက် မိသားစုထဲ ဆေးစွဲနေတဲ့သူ ရှိခဲ့ရင် သူတို့အတွက် မူးယစ်ဆေးဆိုတာ မစိမ်းတော့တဲ့ အရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဘာတွေ ကောင်းလို့ လူကြီးတွေ ဒီလောက်တောင် စွဲနေရတာလဲဆိုပြီး လိုက်လုပ်ကြည့်လို့ကတော့ ဆေးစွဲသွားမှာ အသေအချာပါ။


၃ ။ ဆရာဝန်ပေးတဲ့ဆေးတွေကို အလွဲသုံးစားလုပ်တာ။ 


ဆေးစွဲတယ်ဆိုလို့ ဘိန်းဖြူ၊ ဆေးခြောက် ၊ကိုကင်းတို့ကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရောဂါ အခြေအနေအတွက် သောက်ရတဲ့ ဆေးတွေကို အလွဲသုံးစားလုပ်မိရင်လည်း ဆေးစွဲသွားတတ်လို့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။။ အထူးသဖြင့် အနာသက်သာအောင် လုပ်ပေးတဲ့ မော်ဖင်းလိုဆေးမျိုး၊ မူးယစ်ဆေးနည်းနည်းပါတဲ့ ချောင်းဆိုးပျောက်ဆေးလိုမျိုး၊ မှိန်းလို့ကောင်းတဲ့ အိပ်ဆေးတွေကို အများအားဖြင့် စွဲတတ်ကြပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့ အချိန်တစ်ခု အထိပဲသောက်ပါ။ ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရသလို ဆေးလည်း စွဲသွားစေတတ်ပါတယ်။


၄။ အထီးကျန် ဝေဒနာခံစားရတဲ့သူတွေက ဆေးစွဲလွယ်ကြပါတယ်။ 


အထီးကျန်တယ်ဆိုတည်းက အပေါင်းအသင်းလည်း မရှိ၊ မကောင်းတာတွေလုပ်နေရင်လည်း တားပေးမယ့်သူမရှိဆိုတော့ သူ့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကသာ အဖော်တွေလို ဖြစ်နေပါတော့တယ်။


၅ ။ စိတ်ဖိစီးမှုများတာ။ 


စိတ်ဖိစီးမှု များလွန်းရင် ဖြစ်လာတဲ့ စိတ်ကျဉ်းကျပ်မှုကို ထွက်ပေါက်ရှာဖို့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကို ပစ်မှတ်ထားလာကြပါတယ်။ ဆေးသုံးလိုက်ရင်၊ အရက်မူးသွားရင် ဖြစ်နေတဲ့ ပြဿနာတွေကို ခဏမေ့သွားတာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေဟာ အရက်တို့ မူးယစ်ဆေးတို့ ပိုစွဲလွယ်ကြပါတယ်။


၆ ။ မူးယစ်ဆေးတို့ အရက်တို့ရဲ့ အာနိသင်ကိုကြိုက်လို့ကို စွဲကြတာ။


အရက် နည်းနည်းသောက်လိုက်ရင် စိတ်ပျော်တယ်။ များများသောက်မိလို့ မူးသွားရင် ရီဝေဝေလေးနဲ့ လောကကြီးကို ခဏ မေ့သွားတယ်။ စိတ်ကြွဆေးတွေကြောင့် တက်ကြွပီး အလုပ်တွေ ပိုလုပ်လို့ကောင်းလာတယ်။ ဆေးခြောက်တွေ၊ ဘိန်းတွေကကျတော့ သုံးပြီးသွားရင် ငြိမ့်ငြိမ့်လေးနဲ့ ဖီးလ်လို့ကောင်းစေတယ်။ နောက်ဆက်တွဲ ဆက်ဖြစ်တဲ့ဆိုးကျိုးတွေကသာ မကောင်းတာ။ သုံးနေတဲ့အချိန်မှာတော့ ခံစားလို့အရမ်းကောင်းတဲ့အတွက် မူးယစ်ဆေးစွဲရတယ်ဆိုတာ ဖြစ်လာကြတာပါ။


၇ ။ ကိုယ်အလေးချိန်လျှော့ချချင်လို့ မူးယစ်ဆေးသုံးကြတာ။


ဆေးသုံးနေတဲ့အချိန်ဆို ထမင်းလည်း မစားချင်၊ မစားဘဲနဲ့လည်း နေနိုင်တဲ့အတွက် ပိန်ချင်တဲ့ ကောင်မလေးတော်တော်များများက မူးယစ်ဆေးကို ဝိတ်ချတဲ့နေရာမှာ အလွဲသုံးစားလုပ်ပြီး ဆေးစွဲသွားတတ်ကြပါတယ်။


၈ ။ အပေါင်းအသင်းမှားတာ။ 


အပေါင်းအသင်းမရှိလို့၊ အထီးကျန်လို့ပဲ ဆေးစွဲနိုင်တာ မဟုတ်ပါဘူး။ ဆေးသမား တွေကို အပေါင်းအသင်းလုပ်မိရင်လည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်ပြီး ကိုယ်လည်း ဆေးစွဲသွားနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



[Zawgyi]မူးယစ္ေဆး စသံုးျဖစ္ေအာင္ ဘယ္လို အေၾကာင္းအရာေတြက လႈံ႔ေဆာ္ေပးတာပါလိမ့္။ ။


ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Dr. Thin Yadanar @ Frances




ဘာေၾကာင့္ မူးယစ္ေဆးစြဲရတာလည္းလို႔ မေျပာခင္ မူးယစ္ေဆးကို စသံုးျဖစ္ေစတဲ့ အေၾကာင္းရင္းက ဘာေၾကာင့္မ်ားလဲဆိုတာကို အရင္သိဖို႔ လိုအပ္ပါတယ္။ လူတိုင္းရဲ့ ဘဝေပးအေျခအေနေတြက မတူၾကတဲ့အတြက္ မူးယစ္ေဆးသံုးရတာ၊ ေဆးစြဲသြားတာေတြရဲ့ အရင္းခံ အေၾကာင္းအရင္းေတြကလည္း မတူၾကပါဘူး။ ဒါေၾကာင့္ မူးယစ္ေဆးကို စသံုးျဖစ္၊ စြဲသြားေစတဲ့ ထိပ္ဆံုး အေၾကာင္းအရင္း ၈ ခ်က္ကို ေျပာျပေပးခ်င္ပါတယ္။ ။


၁။ စူးစမ္းၾကတာ။ 


ဆယ္ေက်ာ္သက္ အရြယ္ေရာက္လာၿပီဆိုတာနဲ႔ စူးစမ္းခ်င္စိတ္ရိွၾကတာ လူငယ္တိုင္းပါ။ မေကာင္းဘူး၊ မလုပ္ရဘူးလို႔ ေျပာေလ ပိုလုပ္ခ်င္ေလ ပါပဲ။ မူးယစ္ေဆးဆိုတာကလည္း ငယ္ငယ္တည္းက မသံုးေကာင္းဘူး၊ ေဆးစြဲသြားလိမ့္မယ္လို႔ေျပာၾကေတာ့ ဘာမ်ားပါလိမ့္၊ တစ္ခါေလာက္စမ္းၾကၫ့္တာ ဘာမွေတာ့ မျဖစ္ေလာက္ပါဘူးဆိုၿပီး လက္တၫ့္ စမ္းရာကေန ေဆးစြဲသြားၾကတဲ့သူေတြ တစ္ပံုႀကီးပါ။ ။


၂။ အတုျမင္ အတတ္သင္။


ကေလးေတြဆိုတာ အတုျမင္အတတ္သင္ အရြယ္ျဖစ္တဲ့အတြက္ မိသားစုထဲ ေဆးစြဲေနတဲ့သူ ရိွခဲ့ရင္ သူတို႔အတြက္ မူးယစ္ေဆးဆိုတာ မစိမ္းေတာ့တဲ့ အရာ တစ္ခုျဖစ္သြားပါလိမ့္မယ္။ ဘာေတြ ေကာင္းလို႔ လူႀကီးေတြ ဒီေလာက္ေတာင္ စြဲေနရတာလဲဆိုၿပီး လိုက္လုပ္ၾကၫ့္လို႔ကေတာ့ ေဆးစြဲသြားမွာ အေသအခ်ာပါ။


၃ ။ ဆရာဝန္ေပးတဲ့ေဆးေတြကို အလြဲသံုးစားလုပ္တာ။ 


ေဆးစြဲတယ္ဆိုလို႔ ဘိန္းျဖဴ၊ ေဆးေျခာက္ ၊ကိုကင္းတို႔ကိုပဲ ေျပာတာမဟုတ္ပါဘူး။ ကိုယ့္ေရာဂါ အေျခအေနအတြက္ ေသာက္ရတဲ့ ေဆးေတြကို အလြဲသံုးစားလုပ္မိရင္လည္း ေဆးစြဲသြားတတ္လို႔ က်န္းမာေရးကို ထိခိုက္ေစမွာပါ။။ အထူးသျဖင့္ အနာသက္သာေအာင္ လုပ္ေပးတဲ့ ေမာ္ဖင္းလိုေဆးမ်ိဳး၊ မူးယစ္ေဆးနည္းနည္းပါတဲ့ ေခ်ာင္းဆိုးေပ်ာက္ေဆးလိုမ်ိဳး၊ မိွန္းလို႔ေကာင္းတဲ့ အိပ္ေဆးေတြကို အမ်ားအားျဖင့္ စြဲတတ္ၾကပါတယ္။ ဒါေၾကာင့္ ေဆးေတြကို ဆရာဝန္ၫြန္ၾကားတဲ့ အခ်ိန္တစ္ခု အထိပဲေသာက္ပါ။ ပိုေသာက္မိရင္ ေဘးထြက္ဆိုးက်ိဳးေတြ ပိုခံစားရသလို ေဆးလည္း စြဲသြားေစတတ္ပါတယ္။


၄။ အထီးက်န္ ေဝဒနာခံစားရတဲ့သူေတြက ေဆးစြဲလြယ္ၾကပါတယ္။ 


အထီးက်န္တယ္ဆိုတည္းက အေပါင္းအသင္းလည္း မရိွ၊ မေကာင္းတာေတြလုပ္ေနရင္လည္း တားေပးမယ့္သူမရိွဆိုေတာ့ သူ႔အတြက္ အရက္တို႔၊ မူးယစ္ေဆးတို႔ကသာ အေဖာ္ေတြလို ျဖစ္ေနပါေတာ့တယ္။


၅ ။ စိတ္ဖိစီးမႈမ်ားတာ။ 


စိတ္ဖိစီးမႈ မ်ားလြန္းရင္ ျဖစ္လာတဲ့ စိတ္က်ဉ္းက်ပ္မႈကို ထြက္ေပါက္ရွာဖို႔အတြက္ အရက္တို႔၊ မူးယစ္ေဆးတို႔ကို ပစ္မွတ္ထားလာၾကပါတယ္။ ေဆးသံုးလိုက္ရင္၊ အရက္မူးသြားရင္ ျဖစ္ေနတဲ့ ျပႆနာေတြကို ခဏေမ့သြားတာေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့သူေတြဟာ အရက္တို႔ မူးယစ္ေဆးတို႔ ပိုစြဲလြယ္ၾကပါတယ္။


၆ ။ မူးယစ္ေဆးတို႔ အရက္တို႔ရဲ့ အာနိသင္ကိုႀကိဳက္လို႔ကို စြဲၾကတာ။


အရက္ နည္းနည္းေသာက္လိုက္ရင္ စိတ္ေပ်ာ္တယ္။ မ်ားမ်ားေသာက္မိလို႔ မူးသြားရင္ ရီေဝေဝေလးနဲ႔ ေလာကႀကီးကို ခဏ ေမ့သြားတယ္။ စိတ္ႂကြေဆးေတြေၾကာင့္ တက္ႂကျြပီး အလုပ္ေတြ ပိုလုပ္လို႔ေကာင္းလာတယ္။ ေဆးေျခာက္ေတြ၊ ဘိန္းေတြကက်ေတာ့ သံုးၿပီးသြားရင္ ၿငိမ့္ၿငိမ့္ေလးနဲ႔ ဖီးလ္လို႔ေကာင္းေစတယ္။ ေနာက္ဆက္တြဲ ဆက္ျဖစ္တဲ့ဆိုးက်ိဳးေတြကသာ မေကာင္းတာ။ သံုးေနတဲ့အခ်ိန္မွာေတာ့ ခံစားလို႔အရမ္းေကာင္းတဲ့အတြက္ မူးယစ္ေဆးစြဲရတယ္ဆိုတာ ျဖစ္လာၾကတာပါ။


၇ ။ ကိုယ္အေလးခ်ိန္ေလ်ွာ့ခ်ခ်င္လို႔ မူးယစ္ေဆးသံုးၾကတာ။


ေဆးသံုးေနတဲ့အခ်ိန္ဆို ထမင္းလည္း မစားခ်င္၊ မစားဘဲနဲ႔လည္း ေနႏိုင္တဲ့အတြက္ ပိန္ခ်င္တဲ့ ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက မူးယစ္ေဆးကို ဝိတ္ခ်တဲ့ေနရာမွာ အလြဲသံုးစားလုပ္ၿပီး ေဆးစြဲသြားတတ္ၾကပါတယ္။


၈ ။ အေပါင္းအသင္းမွားတာ။ 


အေပါင္းအသင္းမရိွလို႔၊ အထီးက်န္လို႔ပဲ ေဆးစြဲႏိုင္တာ မဟုတ္ပါဘူး။ ေဆးသမား ေတြကို အေပါင္းအသင္းလုပ္မိရင္လည္း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ျဖစ္ၿပီး ကိုယ္လည္း ေဆးစြဲသြားႏိုင္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: