Wednesday, August 25, 2021

လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း

Homophobia – လိင်တူချစ်သူများကို မုန်းတီးကြောက်ရွံ့ခြင်း




ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Dr. Thiha Phyo Myint

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 


#Homophobia

#LGBTQs

#လိင်စိတ်တိမ်းညွှတ်မှု

(လိင်တူ တစ်နည်းအားဖြင့် အမိဝမ်းကမွေးဖွားလာချိန်မယ် ယောက်ျား ဒါမှမဟုတ် မိန်းမကိုယ်ခန္ဓာဖြင့်မွေးသော်လည်းပဲ အရွယ်ရောက်လို့ လိင်စိတ်တိမ်းညွှတ်မှု၊ ကြိုက်နှစ်သက်လက်ခံမှုက လိင်တူခြင်းဘက်ကို အားသာနေတယ်ဆိုရင် များသောအားဖြင့် ရှေးရိုးစွဲတွေအနေနဲ့က အလိုလိုသွေးထဲသားထဲကိုက မုန်းတီးစိတ်ရှိတတ်ကြပါတယ်။ လူကိုလူလို့ မမြင်လောက်အောင်ကို အသိစိတ်ထဲမှာ အမှောင်ဖုံးနေကြတာ များပါတယ်။ အခုဆောင်းပါးကတော့ လိင်တူချစ်သူများကို မုန်းတီးစိတ် Homophobia ရဲ့ အဓိပ္ပာယ်အနည်းငယ်ကို ရှင်းပြထားခြင်းသာ ဖြစ်ပြီး အကျယ်တ၀င့်ဆောင်းပါးကတော့ နောက်များအလျဉ်းသင့်ချိန် ထပ်မံဝေငှသွားပါဦးမယ်ခင်ဗျ။)


ဂေးဖြစ်ခြင်း၊ တစ်နည်းအားဖြင့် လိင်တူ ချစ်သူ ဖြစ်ခြင်း၊ လိင်တူ၊လိင်ကွဲ နှစ်မျိုးလုံးကို ချစ်ခြင်း စတာတွေကို မုန်းတီးရွံရှာပြီး ခွဲခြား ဆက်ဆံတာ၊ နှိမ့်ချပြောဆိုတာ၊ ဖယ်ကြဉ်ထားတာတွေဟာ Homophobia တွေရဲ့ လက္ခဏာတစ်ခုပါ။ ထပ်ပြီး ရှင်းအောင်ပြောရရင် လိင်တူချစ်သူ အမျိုးသမီးတွေ၊ အမျိုးသားတွေကို မုန်းတီးကြောက်ရွံ့ ရွံရှာခြင်း စိတ်ဝေဒနာ တစ်ရပ်ပါပဲ။ Homophobia ကို အမျိုးသမီးတွေထက် အမျိုးသားတွေမှာတွေ့ရတာ ပိုများပါတယ်။


Homophobia ပြဿနာဟာ ဘာကြောင့် ဖြစ်လာသလဲဆိုတာကိုတော့ မရှင်းလင်းသေးပေမဲ့ စစ်တမ်းတွေ၊ စိတ်ပညာဆိုင်ရာ ဖြေရှင်းချက်တွေအရတော့ Homophobia ဟာ စိုးရိမ်ပူပန်မှုကို အခြေခံတဲ့ ဖြစ်စဉ်တစ်ရပ်လို့ သုံးသပ်ကြပါတယ်။ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတစ်ယောက်လို့ လက်ခံရမှာ ဒါမှမဟုတ် လိင်တူချစ်သူ ဖြစ်သွားမှာကို အစိုးရိမ်လွန်ကြခြင်းက Homophobia ကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့လည်း စစ်တမ်းတစ်ခုက ဆိုပါတယ်။ ကိုယ်တိုင်ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုကို သိလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာထားခြင်း၊ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေကို အတင်း ချိုးနှိမ်ဖိနှိပ်ခြင်းတွေနဲ့ ဒီစိတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားနေရခြင်းတွေက နောက်ဆက်တွဲ Homophobia ကို ဦးတည်နေတဲ့ ဖြစ်စဉ်တွေပါပဲ။


လိင်တူ ချစ်ခြင်းကို ဟိုးအရင်က စိတ်ဝေဒနာ တစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပေမဲ့ ခုချိန်မှာတော့ သဘာဝဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ် ထားပြီး ပြင်းထန်တဲ့ Homophobia ရှိသူတွေကိုတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိသူတွေ အဖြစ် သတ်မှတ်ထားကြပါတယ်။


ပြင်းထန်တဲ့ Homophobia ရှိသူတစ်ယောက်ဟာ လိင်တူချစ်သူတွေကို ရည်ရွယ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းဆဲမှုတွေ၊ နှုတ်အားဖြင့် စော်ကားညှဉ်းပန်းမှုတွေ၊ ခွဲခြား ဆက်ဆံမှုတွေ ပြုလုပ်နိုင်ခြေ အလွန်များပါတယ်။ ၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရလည်း Homophobic (Homophobia ရှိသူ) တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့ သူတွေ၊ မရင့်ကျက်တဲ့သူတွေ ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ Homophobia တွေဟာ များသောအားဖြင့် အသက်ကြီးသူ၊ ရှေးရိုးစွဲသူ၊ ပညာရေး နိမ့်ပါးသူတွေနဲ့ LGBT+ တွေနဲ့ မပေါင်းသင်း မဆက်ဆံဖူးတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။


နောက်ပြီး AIDS ရောဂါဟာ လိင်တူချစ်သူတွေကနေ ပျံ့နှံ့ခဲ့တာပါဆိုတဲ့ ကောလဟာလတွေကလည်း Homophobia တွေအတွက် ထောက်ပြစရာတစ်ရပ်လို ဖြစ်နေခဲ့ပါသေးတယ်။ ဒီကိစ္စဟာ မမှန်ဘူးဆိုတာ သိတဲ့နောက်မှာတောင် လူထုကြား ပျံ့နှံ့စိမ့်ဝင်နေခဲ့ပြီး ဖြစ်တာမို့ လိင်တူချစ်သူတွေကို မုန်းတီးတဲ့ စိတ်တွေက အမြစ်တွယ်နေဆဲ ဖြစ်နေတာပါ။


LGBT တွေဆိုတာ မွေးကတည်းက ဒီလို ဖြစ်တည်လာတာပါလို့  Homophobia တွေကို သွားပြောပြလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ အသိရေချိန်ထဲမှာတော့ ယောက်ျားဟာ မိန်းမကိုသာ သဘောကျရမယ်၊ မိန်းမက ယောက်ျားကိုသာ နှစ်သက်ရမယ်လို့ မွေးကတည်းက ပါလာတာဖြစ်ပြီး လိင်တူချစ်ခြင်းဟာ ပတ်ဝန်းကျင်ကြောင့်၊ အပေါင်းအသင်းတွေကြောင့် ဖြစ်လာတာပါလို့ စွဲထင်နေကြတာပါ။ ဒီရောဂါကို ကုသဖို့နည်းလမ်းဆိုတာကတော့ သူတို့ကိုယ်တိုင် တစ်ဦးချင်း လက်ခံနိုင်မှသာ အစွဲပြုတ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာမို့ စိတ်ရှည် သည်းခံ ရှင်းပြပြီး ပညာပေးနိုင်မယ့် နည်းလမ်းတစ်ခုသာ ရှိပါတယ်။


အမြင်ကျယ်ကျယ်နဲ့ မျက်လုံးတွေ ဖွင့်ကြည့်ပြီး သဘာဝကို လက်ခံနိုင်ကြပါစေ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


[Zawgyi]Homophobia – လိင္တူခ်စ္သူမ်ားကို မုန္းတီးေၾကာက္ရြံ႔ျခင္း




ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn

ေရးသားသူ Dr. Thiha Phyo Myint

ေရးသား ထုတ္ေဝခဲ့သည္ ႏိုဝင္ဘာ 25, 2020 


#Homophobia

#LGBTQs

#လိင္စိတ္တိမ္းၫႊတ္မႈ

(လိင္တူ တစ္နည္းအားျဖင့္ အမိဝမ္းကေမြးဖြားလာခ်ိန္မယ္ ေယာက္်ား ဒါမွမဟုတ္ မိန္းမကိုယ္ခႏၶာျဖင့္ေမြးေသာ္လည္းပဲ အရြယ္ေရာက္လို႔ လိင္စိတ္တိမ္းၫႊတ္မႈ၊ ႀကိဳက္ႏွစ္သက္လက္ခံမႈက လိင္တူျခင္းဘက္ကို အားသာေနတယ္ဆိုရင္ မ်ားေသာအားျဖင့္ ေရွးရိုးစြဲေတြအေနနဲ႔က အလိုလိုေသြးထဲသားထဲကိုက မုန္းတီးစိတ္ရိွတတ္ၾကပါတယ္။ လူကိုလူလို႔ မျမင္ေလာက္ေအာင္ကို အသိစိတ္ထဲမွာ အေမွာင္ဖံုးေနၾကတာ မ်ားပါတယ္။ အခုေဆာင္းပါးကေတာ့ လိင္တူခ်စ္သူမ်ားကို မုန္းတီးစိတ္ Homophobia ရဲ့ အဓိပၸာယ္အနည္းငယ္ကို ရွင္းျပထားျခင္းသာ ျဖစ္ၿပီး အက်ယ္တ၀င့္ေဆာင္းပါးကေတာ့ ေနာက္မ်ားအလ်ဉ္းသင့္ခ်ိန္ ထပ္မံေဝငွသြားပါဦးမယ္ခင္ဗ်။)


ေဂးျဖစ္ျခင္း၊ တစ္နည္းအားျဖင့္ လိင္တူ ခ်စ္သူ ျဖစ္ျခင္း၊ လိင္တူ၊လိင္ကြဲ ႏွစ္မ်ိဳးလံုးကို ခ်စ္ျခင္း စတာေတြကို မုန္းတီးရြံရွာၿပီး ခြဲျခား ဆက္ဆံတာ၊ ႏိွမ့္ခ်ေျပာဆိုတာ၊ ဖယ္ၾကဉ္ထားတာေတြဟာ Homophobia ေတြရဲ့ လကၡဏာတစ္ခုပါ။ ထပ္ၿပီး ရွင္းေအာင္ေျပာရရင္ လိင္တူခ်စ္သူ အမ်ိဳးသမီးေတြ၊ အမ်ိဳးသားေတြကို မုန္းတီးေၾကာက္ရြံ႔ ရြံရွာျခင္း စိတ္ေဝဒနာ တစ္ရပ္ပါပဲ။ Homophobia ကို အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြမွာေတြ့ရတာ ပိုမ်ားပါတယ္။


Homophobia ျပႆနာဟာ ဘာေၾကာင့္ ျဖစ္လာသလဲဆိုတာကိုေတာ့ မရွင္းလင္းေသးေပမဲ့ စစ္တမ္းေတြ၊ စိတ္ပညာဆိုင္ရာ ေျဖရွင္းခ်က္ေတြအရေတာ့ Homophobia ဟာ စိုးရိမ္ပူပန္မႈကို အေျခခံတဲ့ ျဖစ္စဉ္တစ္ရပ္လို႔ သံုးသပ္ၾကပါတယ္။ ကိုယ့္ကိုယ္ကို လိင္တူခ်စ္သူတစ္ေယာက္လို႔ လက္ခံရမွာ ဒါမွမဟုတ္ လိင္တူခ်စ္သူ ျဖစ္သြားမွာကို အစိုးရိမ္လြန္ၾကျခင္းက Homophobia ကို ျဖစ္ေပၚေစတဲ့ အဓိက အေၾကာင္းရင္းတစ္ရပ္ျဖစ္တယ္လို႔လည္း စစ္တမ္းတစ္ခုက ဆိုပါတယ္။ ကိုယ္တိုင္ရဲ့ လိင္ပိုင္းဆိုင္ရာ တိမ္းၫႊတ္မႈကို သိလ်က္နဲ႔ ကိုယ့္ကိုယ္ကိုယ္ လိမ္ညာထားျခင္း၊ လိင္ပိုင္းဆိုင္ရာ စိတ္ဝင္စားမႈေတြကို အတင္း ခ်ိဳးႏိွမ္ဖိႏိွပ္ျခင္းေတြနဲ႔ ဒီစိတ္ေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အျပစ္ရိွတယ္လို႔ ခံစားေနရျခင္းေတြက ေနာက္ဆက္တြဲ Homophobia ကို ဦးတည္ေနတဲ့ ျဖစ္စဉ္ေတြပါပဲ။


လိင္တူ ခ်စ္ျခင္းကို ဟိုးအရင္က စိတ္ေဝဒနာ တစ္ရပ္အျဖစ္ သတ္မွတ္ခဲ့ေပမဲ့ ခုခ်ိန္မွာေတာ့ သဘာဝျဖစ္စဉ္တစ္ခုအျဖစ္ သတ္မွတ္ ထားၿပီး ျပင္းထန္တဲ့ Homophobia ရိွသူေတြကိုေတာ့ စိတ္ပိုင္းဆိုင္ရာ ေဝဒနာရိွသူေတြ အျဖစ္ သတ္မွတ္ထားၾကပါတယ္။


ျပင္းထန္တဲ့ Homophobia ရိွသူတစ္ေယာက္ဟာ လိင္တူခ်စ္သူေတြကို ရည္ရြယ္တဲ့ အၾကမ္းဖက္မႈေတြ၊ အိမ္တြင္း အၾကမ္းဖက္မႈ နဲ႔ စိတ္ပိုင္းဆိုင္ရာ ႏိွပ္စက္ၫွဉ္းဆဲမႈေတြ၊ ႏႈတ္အားျဖင့္ ေစာ္ကားၫွဉ္းပန္းမႈေတြ၊ ခြဲျခား ဆက္ဆံမႈေတြ ျပဳလုပ္ႏိုင္ေျခ အလြန္မ်ားပါတယ္။ ၂၀၁၅ မွာ ျပဳလုပ္ခဲ့တဲ့ စစ္တမ္းေတြအရလည္း Homophobic (Homophobia ရိွသူ) ေတြဟာ လူမႈေပါင္းသင္းဆက္ဆံေရး မေကာင္းတဲ့ သူေတြ၊ မရင့္က်က္တဲ့သူေတြ ျဖစ္ေနတတ္တယ္လို႔ ဆိုပါတယ္။ Homophobia ေတြဟာ မ်ားေသာအားျဖင့္ အသက္ႀကီးသူ၊ ေရွးရိုးစြဲသူ၊ ပညာေရး နိမ့္ပါးသူေတြနဲ႔ LGBT+ ေတြနဲ႔ မေပါင္းသင္း မဆက္ဆံဖူးတဲ့သူေတြ ျဖစ္ေနတတ္ပါတယ္။


ေနာက္ၿပီး AIDS ေရာဂါဟာ လိင္တူခ်စ္သူေတြကေန ပ်ံ့ႏွံ႔ခဲ့တာပါဆိုတဲ့ ေကာလဟာလေတြကလည္း Homophobia ေတြအတြက္ ေထာက္ျပစရာတစ္ရပ္လို ျဖစ္ေနခဲ့ပါေသးတယ္။ ဒီကိစၥဟာ မမွန္ဘူးဆိုတာ သိတဲ့ေနာက္မွာေတာင္ လူထုၾကား ပ်ံ့ႏွံ႔စိမ့္ဝင္ေနခဲ့ၿပီး ျဖစ္တာမို႔ လိင္တူခ်စ္သူေတြကို မုန္းတီးတဲ့ စိတ္ေတြက အျမစ္တြယ္ေနဆဲ ျဖစ္ေနတာပါ။


LGBT ေတြဆိုတာ ေမြးကတည္းက ဒီလို ျဖစ္တည္လာတာပါလို႔  Homophobia ေတြကို သြားေျပာျပလို႔ မရႏိုင္ပါဘူး။ သူတို႔ရဲ့ အသိေရခ်ိန္ထဲမွာေတာ့ ေယာက္်ားဟာ မိန္းမကိုသာ သေဘာက်ရမယ္၊ မိန္းမက ေယာက္်ားကိုသာ ႏွစ္သက္ရမယ္လို႔ ေမြးကတည္းက ပါလာတာျဖစ္ၿပီး လိင္တူခ်စ္ျခင္းဟာ ပတ္ဝန္းက်င္ေၾကာင့္၊ အေပါင္းအသင္းေတြေၾကာင့္ ျဖစ္လာတာပါလို႔ စြဲထင္ေနၾကတာပါ။ ဒီေရာဂါကို ကုသဖို႔နည္းလမ္းဆိုတာကေတာ့ သူတို႔ကိုယ္တိုင္ တစ္ဦးခ်င္း လက္ခံႏိုင္မွသာ အစြဲျပဳတ္ႏိုင္မယ့္ စိတ္ပိုင္းဆိုင္ရာ ျပႆနာမို႔ စိတ္ရွည္ သည္းခံ ရွင္းျပၿပီး ပညာေပးႏိုင္မယ့္ နည္းလမ္းတစ္ခုသာ ရိွပါတယ္။


အျမင္က်ယ္က်ယ္နဲ႔ မ်က္လံုးေတြ ဖြင့္ၾကၫ့္ၿပီး သဘာဝကို လက္ခံႏိုင္ၾကပါေစ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: