Friday, August 20, 2021

ရွှေတောင်ခေါက်ဆွဲ - သက်သတ်လွတ်မုန့်ဟင်းခါး - ကိုရီးယားပဲခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ လုပ်နည်း




မနက်စာ၊ အစာပြေ လုပ်စားနိုင်ဖို့ ရွှေတောင်ခေါက်ဆွဲ လုပ်နည်းပါ။ လုပ်ရလွယ်ပြီ အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

ဂျုံခေါက်ဆွဲ – ၂၅ကျပ်သား

ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)

နံနံပင် – ၁စည်း (ပါးပါးလှီးပါ) 

သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)

အုန်းသီး – ၁လုံး (ခြစ်တံဖြင့်ခြစ်ပြီ အရည်ညှစ်ပေးပါ) (အုန်းဆီနှစ် ချက်ရန်)

ပဲအကျက်မှုန့် – ၄၀ ဂရမ်

ငရုတ်သီးအကြမ်းမှုန့်ကြော် – စားပွဲတင်ဇွန်း ၃ဇွန်း


ကြက်သားဟင်း ချက်ရန် ပါဝင်ပစ္စည်းများ

ကြက်ရင်ဗုံသား – ၂ခု (၂၅၀ ဂရမ်) (အတုံးသေးများ တုံးပါ)

ကြက်သွန်နီ – ၄လုံး (ဥသေး(သို့) ဥကြီးထက်ခြမ်းခြမ်းပါ)

ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စင်းပါ)

ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း

ပြင်ဆင်နည်း

၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါမည်။

၂။ ဒယ်ထဲ ဆီများများထည့်ပြီ ဆီတော်တော်ပူလာမှ ဂျုံခေါက်ဆွဲဖတ် လက်တဆုပ်စာကို ၂ခါခွဲပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၃။ ပြီလျှင် ပန်းကန်ထဲ ပြန်ဆယ်ထားပေးပါ။

၄။ ပြီနောက် အုန်းဆီနှစ်ချက် လုပ်ရန် အုန်းသီးညှစ်ရည်များကို ဒယ်ထဲတွင် မီးအသင့်အတင့်ဖြင့် ဆီပြန်သည် အထိ တည်ထားပေးပါ။

၅။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။


ချက်နည်း

၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။

၄။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…

၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။

၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။

ရ။ အရသာရှိသော ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ…

မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များ ဖြူး ပေးပါ။


🔸🔸သက်သတ်လွတ် မုန့်ဟင်းခါး🔸🔸




မုန့်ဟင်းခါး ကြိုက်တယ် ဆိုတာ ငပိ၊ ငံပြာရည်ကြိုက်လို့။ ဒါကြောင့် ငပိ။ ငံပြာရည်မပါတဲ့ သက်သတ်လွတ် မုန့်ဟင်းခါးဆို စားကောင်းပါ့မလား အမြဲ သံသယ၀င်မိ။ ဝါတွင်းမို့ သက်သတ်လွတ်မုန့်ဟင်းခါးကို စိတ်ကူးလေး နဲ့ စမ်းချက်ကြည့်တယ်..မရဲတရဲလေး စားကြည့်တယ်။ စားလို့ကောင်းလို့ ချက်နည်းလေး ယူလာပေးပါတယ်ရှင့်။ မိတ်ဆွေ သူငယ်ချင်းတွေ ကို သက်သတ်လွတ်မုန့်ဟင်းခါး ဘယ်လိုချက်ကြသလည်းလို့ မေးမြန်းဘူးတယ်။ အများစုက ကုလားပဲကို ပြုတ်၊ အနှစ်တိုက်ယူပီးချက်ကြတယ်လို့ သိရပါတယ်။ မုန့် ဟင်းရည်က ဆိမ့်နေမှာသေချာ။ 

မမီးကတော့ ငရုပ်ကောင်းမုန့်ဟင်းခါး ဘက်ကို ဦးတည်ထားတာမို့ အရောင်စိမ်းပီး အရသာက ပူစပ်မွှေးပါရှင့်။

မွှေး မုန့်ဟင်းခါး အစုံမူန့်က သက်သတ်လွတ်လား မေးကြသူများအတွက်...

မွှေး မုန့်ဟင်းခါး အစုံမူန့်ဆိုတာ ဆန်..ရွှေကြည်..ငရုပ်ကောင်း ..စတာတွေကို မွှေးနေအောင် လှော်ပီးကြိတ်ထားတာ သက်သက်ဘဲ.. ကြက်သားမူန့် အချိုမူန့် စတာတွေ မရောထားဘူး လေ.. ရယ်ဒီမိတ် မုန့်ဟင်းခါး ချက်စားတဲ့အထုတ်တွေလိုမျိုး ငါးဆီသတ်တို့၊ အရသာမူန့်တို့ ထည့်သွင်းထားတာမဟုတ်ပါ။


💥ပဲငံပြာရည် သက်သတ်လွတ်လား မေးသူအတွက်💥

ပဲငံပြာရည်= ပဲကို ဘက်တီးရီးယားနဲ့ ဆားနဲ့ ငံနေအောင်လုပ်ထားသောအရည်

ငါးငံပြာရည်= ငါးကို ကို ဆားနယ်သိပ်ထားရာမှ ထွက်လာသောအရည်


 💥ပါဝင်ပစ္စည်းများ💥


1. မုန့်ဟင်းခါးဖတ် ၅၀ ဆယ်သား

2. ခရမ်းသီး ၃-၄ လုံး

3. ကြက်သွန်မြိတ် ၄ ပင်

4. မွှေးမုန့်ဟင်းခါး အစုံမူန့် ၄ စားပွဲဇွန်း

5. ကြက်သွန်နီ ၂၅ ကျပ်သား ( ၄၀၀ ဂရမ်)

6. ကြက်သွန်ဖြူ ၂ ကျပ်ခွဲသား ( ၂၅ ဂရမ်)

7. ချင်း ၁ လက်မ အရှည် 

8. စပါးလင် ၂ ပင် 

9. နနွင်းအနည်းငယ်

10. ဆီ ၅ ကျပ်သားခန့်

11. ငရုပ်ကောင်းလှော်ထောင်း 

12. ၁ ၁/၂ စားပွဲဇွန်း

13. ထန်းလျှက်ခဲ ၂ ခဲ

14. ဆား သင့်ရုံ

15. ပဲငံပြာရည် အပျစ် ၁ လက်ဘက်ရည်ဇွန်း 

16. ကြာမြစ်/ဌက်ပျောအူ 

💥တွဲဘက်စားရန်💥

1. ပဲကပ်ကြော်/ဘူးသီးကြော်

2.  ကြက်သွန်ဖြူဆီချက် 

3.  နံနံပင်

4. ငရုပ်သီးမူန့် လှော်ထောင်း

5. ပဲတောင့်ရှည်


💥ပြုလုပ်နည်း💥 

၁။ ခရမ်းသီးကို အတွင်းသားပျော့ပြောင်းပီး အခွံ မီးကြွမ်းတဲ့အထိ မီးဖုတ် ပါ။ အအေးခံပီး အသားများကို ခြစ်ယူထားပါ။

၂။ ကြက်သွန်မြိတ်ကို နုတ်နုတ် လှီးထားပါ။

၃။ မွှေးမုန့်ဟင်းခါး အစုံမူန့် (အသင့်လှော်ပီးသား ) ကို မွှေးလာအောင် ဒယ်အိုးပူထဲမှာ ခဏလှော်ပေးပီး ရေ နို့ဆီဗူး ၁ဗူး စာခန့်ထည့် ဖျော်ပါ။ ***  ပိုမွှေးလာအောင် ခဏလှော်ပေးတာပါ၊ အသင့်သုံးလှော်ပီးသားဖြစ်တဲ့အတွက် ထပ်မလှော်လည်း ရပါတယ်။***

၄။ ကြာမြစ်ထည့်မည်ဆိုလျှင် အခွံနွှာပီး အကွင်းလေးများလှီးထားပါ။ ဌက်ပျောအူ ထည့်မည်ဆိုလျှင် အူတိုင် အနုများကို လက်တလုံးအထူ လှီးပီးနနွင်း ထည့်ထားသောရေတွင်စိမ်ထားပါ။ 

၅။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပီး တ၀က်ခန့်ကို ခပ်ပီးဖယ်ထားပါ။ ကျန်တ၀က်ကို ပိုညက်သွားအောင် ဆက်ထောင်းပါ။ ချင်းကို ညက်အောင်ထောင်းပါ။ စပါးလင် အရင်းပိုင်းကို အက်သွးရုံလေး ထုပါ။ ပီးလျှင် ချည်ထုံးထားပါ။ 

၆။ ဒယ်အိုးတွင် ဆီ ၊ နနွင်း ထည့်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ ကို ကြွပ်အောင်ကြော်ပီးဆယ်ထားပါ။ ဆီ တချို့လည်းခပ်ဖယ်ထားပါ။

၇။ ကျန်တဲ့ဆီထဲမှာ ကြက်သွန်နီကို ဆီသတ်ပါ။ နွမ်းလျှင် ကြက်သွန်ဖြူ ၊ ချင်းတို့ ထည့်မွှေပီးသွေ့ လာတဲ့အထိ ဆီသတ်ပါ။ မွှေးလာတဲ့အခါ ခရမ်းသီးနဲ့ ကြက်သွန်မြိတ်ထည့်မွှေပေးပါ။ 

၈။ ဟင်းချက်မည့်အိုးတွင် ရေထည့်ပါ။ ဆူအောင်တည်ပါ။ ဆူလျှင် ရေဖျော်ထားတဲ့ မုန့်ဟင်းခါး အစုံမူန့်ကို သမအောင်မွှေပီးထည့်ပါ။ ဆီသတ်ထားသည်တို့ ထည့်ပါ။ ထန်းလျှက်ခဲ နဲ့ ဆားထည့်ပါ။ ကြက်သွန်နီ ဥ အလုံးသေးများနွှာထည့်ပါ။ ဌက်ပျောအူ /ကြာမြစ်တို့ထည့်ပါ။ ဟင်းရည်ဆူပွက်လျှင် ငရုပ်ကောင်းခတ်ပါ။ ကြက်သွန်ဖြူကြော် တချို့ထည့်ပါ။ အရသာကို လိုအပ်သလို ပြုပြင်ပီးသုံးဆောင်နိုင်ပါပြီ။


`` ကိုရီးယား ပဲခေါက်ဆွဲ´´




ဒီတစ်ပတ်မှာ ပဲခေါက်ဆွဲကြိုက်တဲ့သူများအတွက် အိမ်မှာလုပ်စားဖို့အဆင်ပြေအောင် လုပ်ပုံလုပ်နည်းကို ညွှန်းပေးလိုက်ပါတယ်။ ကိုရီးယားအစားအစာကြိုက်တဲ့သူတွေ အတော်များများနှစ်သက်တဲ့ အစားအစာတွေထဲက တစ်မျိုးဆိုရင်လဲမမှားပါဘူး။ အခုဆိုရင်မြန်မာလူမျိုးအများစုကပါ ကိုရီးယားအစားအစာကို ကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။ တချို့ဆို အိမ်မှာတကူးတကလုပ်စားလာတာ တွေ့ရပါတယ်။ အိမ်မှာလည်း လုပ်စားဖို့အဆင်ပြေတဲ့ ပဲခေါက်ဆွဲလုပ်ပုံလုပ်နည်းကို ပြောပြလိုက်ပါတယ်။


ပဲခေါက်ဆွဲအတွက်ပါဝင်သောပစ္စည်း


၀က်သား - အနည်းငယ်

ကိုရီးယားပဲအနှစ် (Choonjang) - စားပွဲတင်ဇွန်း ၄ဇွန်း

ဆီ - စားပွဲတင်ဇွန်း ၄ဇွန်း

သကြား - စားပွဲတင်ဇွန်း ၂ဇွန်း

ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း

ပြောင်းဖူးမှုန့် သို့ ကော်မှုန့်- စားပွဲတင်ဇွန်း ၂ဇွန်း

ကြက်သွန်နီ - ၂လုံး 

Zucchini - ၁လုံး

အာလူး - ၂လုံး

ဂျပန်သခွားသီး - အနည်းငယ်

ရေ - အနည်းငယ် 


ပဲခေါက်ဆွဲ ပြုလုပ်နည်း


ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀က်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။


ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ၀က်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။


[Zawgyi]ေရႊေတာင္ေခါက္ဆြဲ - သက္သတ္လြတ္မုန႔္ဟင္းခါး - ကိုရီးယားပဲေခါက္ဆြဲ 


ေရႊေတာင္ေခါက္ဆြဲ လုပ္နည္း




မနက္စာ၊ အစာေျပ လုပ္စားႏိုင္ဖို႔ ေရႊေတာင္ေခါက္ဆြဲ လုပ္နည္းပါ။ လုပ္ရလြယ္ၿပီ အိမ္မွာ အလြယ္တကူ လုပ္စားႏိုင္တာမို႔ ခုပဲ တူတူခ်က္ၾကၫ့္ရေအာင္…

ေရႊေတာင္ေခါက္ဆြဲ ျပင္ဆင္ရန္ ပါဝင္ပစၥည္းမ်ား

ဂ်ံဳေခါက္ဆြဲ – ၂၅က်ပ္သား

ၾကက္သြန္နီ – ၄လံုး (ပါးပါးလွီးပါ)

နံနံပင္ – ၁စည္း (ပါးပါးလွီးပါ) 

သံပရာသီး – ၄လံုး (၄စိပ္စိပ္ပါ)

အုန္းသီး – ၁လံုး (ျခစ္တံျဖင့္ျခစ္ၿပီ အရည္ၫွစ္ေပးပါ) (အုန္းဆီႏွစ္ ခ်က္ရန္)

ပဲအက်က္မႈန႔္ – ၄၀ ဂရမ္

ငရုတ္သီးအၾကမ္းမႈန႔္ေၾကာ္ – စားပြဲတင္ဇြန္း ၃ဇြန္း


ၾကက္သားဟင္း ခ်က္ရန္ ပါဝင္ပစၥည္းမ်ား

ၾကက္ရင္ဗံုသား – ၂ခု (၂၅၀ ဂရမ္) (အတံုးေသးမ်ား တံုးပါ)

ၾကက္သြန္နီ – ၄လံုး (ဥေသး(သို႔) ဥႀကီးထက္ျခမ္းျခမ္းပါ)

ၾကက္သြန္ျဖဴ – ၂မႊာ (ႏႈတ္ႏႈတ္စင္းပါ)

ငရုတ္သီးမႈန႔္ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ

ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္း

ၾကက္သားမႈန႔္ – လက္ဖက္ရည္ဇြန္း ၁ဇြန္း

ဟင္းရြက္ဆီ – စားပြဲတင္ဇြန္း ၄ဇြန္း

ျပင္ဆင္နည္း

၁။ အရင္ဆံုး ေရႊေတာင္ေခါက္ဆြဲႏွင့္ တြဲဖက္ စားသံုးရန္ ဂ်ံဳေခါက္ဆြဲမုန႔္ႂကြပ္ ေၾကာ္ပါမည္။

၂။ ဒယ္ထဲ ဆီမ်ားမ်ားထၫ့္ၿပီ ဆီေတာ္ေတာ္ပူလာမွ ဂ်ံဳေခါက္ဆြဲဖတ္ လက္တဆုပ္စာကို ၂ခါခြဲၿပီ အၫွိေရာင္သန္းသည္အထိ ေၾကာ္ေပးပါ။

၃။ ၿပီလ်ွင္ ပန္းကန္ထဲ ျပန္ဆယ္ထားေပးပါ။

၄။ ၿပီေနာက္ အုန္းဆီႏွစ္ခ်က္ လုပ္ရန္ အုန္းသီးၫွစ္ရည္မ်ားကို ဒယ္ထဲတြင္ မီးအသင့္အတင့္ျဖင့္ ဆီျပန္သည္ အထိ တည္ထားေပးပါ။

၅။ ဆီျပန္လ်ွင္ မီးပိတ္လိုက္ၿပီ ပန္းကန္ထဲေျပာင္းထၫ့္ထားပါ။


ခ်က္နည္း

၁။ အရင္ဆံုး ၾကက္သားဟင္းခ်က္ရန္ ဒယ္ထဲ ဆီထၫ့္ၿပီ ဆူပူလာလ်ွင္ ၾကက္သြန္ျဖဴ ဆီသပ္ေပးပါ။

၂။ ၿပီလ်ွင္ ငရုတ္သီးမႈန႔္ထၫ့္၊ ၾကက္သားထၫ့္ၿပီ ၁မိနစ္ခန႔္ ေရာေမႊပါ။

၃။ ထို႔ေနာက္ ေရ(၃ခြက္)၊ ဆား၊ ၾကက္သားမႈန႔္၊ ၾကက္သြန္နီထၫ့္ၿပီ ၂မိနစ္ခန႔္ တည္ထားပါ။

၄။ ေရ (၂ခြက္)စာ က်န္လ်ွင္ အရသာျမည္းၿပီ မီးပိတ္လိုက္ပါ။ ၾကက္သားဟင္းရည္ ရပါၿပီ…

၅။ ေရႊေတာင္ေခါက္ဆြဲ ျပင္ဆင္ရန္ ေဇာက္ပန္းကန္ျပားတစ္ခုထဲ ေခါက္ဆြဲ၊ ၾကက္သြန္နီ၊ အုန္းဆီခ်က္၊ ပဲမႈန႔္၊ သံပရာသီး၊ ငရုတ္သီးမႈန႔္၊ မုန႔္ႂကြပ္ တို႔ကို ထၫ့္ၿပီ ျပင္ေပးပါ။

၆။ ထို႔ေနာက္ အေပၚမွ ၾကက္သားဟင္းရည္(ေယာက္ခ်ိဳ ၂ဇြန္း) ေလာင္းခ်လိုက္ပါ။

ရ။ အရသာရိွေသာ ေရႊေတာင္ေခါက္ဆြဲကို သံုးေဆာင္လို႔ရပါၿပီ…

မွတ္ခ်က္။ ။ ေရႊေတာင္ေခါက္ဆြဲႏွင့္ တြဲဖက္သံုးေဆာင္ရန္ ၾကက္ျပဳတ္ရည္အတြက္ ၾကက္ရိုးမ်ားကို ျပဳတ္ၿပီ ၾကက္သြန္ျဖဴ၊ ဆား၊ ၾကက္သားမႈန႔္၊ ငရုတ္ေကာင္းမႈန႔္၊ ၾကက္သြန္ၿမိတ္မ်ား ျဖဴး ေပးပါ။


🔸🔸သက္သတ္လြတ္ မုန႔္ဟင္းခါး🔸🔸




မုန႔္ဟင္းခါး ႀကိဳက္တယ္ ဆိုတာ ငပိ၊ ငံျပာရည္ႀကိဳက္လို႔။ ဒါေၾကာင့္ ငပိ။ ငံျပာရည္မပါတဲ့ သက္သတ္လြတ္ မုန႔္ဟင္းခါးဆို စားေကာင္းပါ့မလား အၿမဲ သံသယ၀င္မိ။ ဝါတြင္းမို႔ သက္သတ္လြတ္မုန႔္ဟင္းခါးကို စိတ္ကူးေလး နဲ႔ စမ္းခ်က္ၾကၫ့္တယ္..မရဲတရဲေလး စားၾကၫ့္တယ္။ စားလို႔ေကာင္းလို႔ ခ်က္နည္းေလး ယူလာေပးပါတယ္ရွင့္။ မိတ္ေဆြ သူငယ္ခ်င္းေတြ ကို သက္သတ္လြတ္မုန႔္ဟင္းခါး ဘယ္လိုခ်က္ၾကသလည္းလို႔ ေမးျမန္းဘူးတယ္။ အမ်ားစုက ကုလားပဲကို ျပဳတ္၊ အႏွစ္တိုက္ယူပီးခ်က္ၾကတယ္လို႔ သိရပါတယ္။ မုန႔္ ဟင္းရည္က ဆိမ့္ေနမွာေသခ်ာ။ 

မမီးကေတာ့ ငရုပ္ေကာင္းမုန႔္ဟင္းခါး ဘက္ကို ဦးတည္ထားတာမို႔ အေရာင္စိမ္းပီး အရသာက ပူစပ္ေမႊးပါရွင့္။

ေမႊး မုန႔္ဟင္းခါး အစံုမူန႔္က သက္သတ္လြတ္လား ေမးၾကသူမ်ားအတြက္...

ေမႊး မုန႔္ဟင္းခါး အစံုမူန႔္ဆိုတာ ဆန္..ေရႊၾကည္..ငရုပ္ေကာင္း ..စတာေတြကို ေမႊးေနေအာင္ ေလွာ္ပီးႀကိတ္ထားတာ သက္သက္ဘဲ.. ၾကက္သားမူန႔္ အခ်ိဳမူန႔္ စတာေတြ မေရာထားဘူး ေလ.. ရယ္ဒီမိတ္ မုန႔္ဟင္းခါး ခ်က္စားတဲ့အထုတ္ေတြလိုမ်ိဳး ငါးဆီသတ္တို႔၊ အရသာမူန႔္တို႔ ထၫ့္သြင္းထားတာမဟုတ္ပါ။


💥ပဲငံျပာရည္ သက္သတ္လြတ္လား ေမးသူအတြက္💥

ပဲငံျပာရည္= ပဲကို ဘက္တီးရီးယားနဲ႔ ဆားနဲ႔ ငံေနေအာင္လုပ္ထားေသာအရည္

ငါးငံျပာရည္= ငါးကို ကို ဆားနယ္သိပ္ထားရာမွ ထြက္လာေသာအရည္


 💥ပါဝင္ပစၥည္းမ်ား💥


1. မုန႔္ဟင္းခါးဖတ္ ၅၀ ဆယ္သား

2. ခရမ္းသီး ၃-၄ လံုး

3. ၾကက္သြန္ၿမိတ္ ၄ ပင္

4. ေမႊးမုန႔္ဟင္းခါး အစံုမူန႔္ ၄ စားပြဲဇြန္း

5. ၾကက္သြန္နီ ၂၅ က်ပ္သား ( ၄၀၀ ဂရမ္)

6. ၾကက္သြန္ျဖဴ ၂ က်ပ္ခြဲသား ( ၂၅ ဂရမ္)

7. ခ်င္း ၁ လက္မ အရွည္ 

8. စပါးလင္ ၂ ပင္ 

9. နႏြင္းအနည္းငယ္

10. ဆီ ၅ က်ပ္သားခန႔္

11. ငရုပ္ေကာင္းေလွာ္ေထာင္း 

12. ၁ ၁/၂ စားပြဲဇြန္း

13. ထန္းလ်ွက္ခဲ ၂ ခဲ

14. ဆား သင့္ရံု

15. ပဲငံျပာရည္ အပ်စ္ ၁ လက္ဘက္ရည္ဇြန္း 

16. ၾကာျမစ္/ဌက္ေပ်ာအူ 

💥တြဲဘက္စားရန္💥

1. ပဲကပ္ေၾကာ္/ဘူးသီးေၾကာ္

2.  ၾကက္သြန္ျဖဴဆီခ်က္ 

3.  နံနံပင္

4. ငရုပ္သီးမူန႔္ ေလွာ္ေထာင္း

5. ပဲေတာင့္ရွည္


💥ျပဳလုပ္နည္း💥 

၁။ ခရမ္းသီးကို အတြင္းသားေပ်ာ့ေျပာင္းပီး အခြံ မီးႂကြမ္းတဲ့အထိ မီးဖုတ္ ပါ။ အေအးခံပီး အသားမ်ားကို ျခစ္ယူထားပါ။

၂။ ၾကက္သြန္ၿမိတ္ကို ႏုတ္ႏုတ္ လွီးထားပါ။

၃။ ေမႊးမုန႔္ဟင္းခါး အစံုမူန႔္ (အသင့္ေလွာ္ပီးသား ) ကို ေမႊးလာေအာင္ ဒယ္အိုးပူထဲမွာ ခဏေလွာ္ေပးပီး ေရ ႏို႔ဆီဗူး ၁ဗူး စာခန႔္ထၫ့္ ေဖ်ာ္ပါ။ ***  ပိုေမႊးလာေအာင္ ခဏေလွာ္ေပးတာပါ၊ အသင့္သံုးေလွာ္ပီးသားျဖစ္တဲ့အတြက္ ထပ္မေလွာ္လည္း ရပါတယ္။***

၄။ ၾကာျမစ္ထၫ့္မည္ဆိုလ်ွင္ အခြံႏႊာပီး အကြင္းေလးမ်ားလွီးထားပါ။ ဌက္ေပ်ာအူ ထၫ့္မည္ဆိုလ်ွင္ အူတိုင္ အႏုမ်ားကို လက္တလံုးအထူ လွီးပီးနႏြင္း ထၫ့္ထားေသာေရတြင္စိမ္ထားပါ။ 

၅။ ၾကက္သြန္နီကို ပါးပါးလွီးထားပါ။ ၾကက္သြန္ျဖဴကို မညက္တညက္ေထာင္းပီး တ၀က္ခန႔္ကို ခပ္ပီးဖယ္ထားပါ။ က်န္တ၀က္ကို ပိုညက္သြားေအာင္ ဆက္ေထာင္းပါ။ ခ်င္းကို ညက္ေအာင္ေထာင္းပါ။ စပါးလင္ အရင္းပိုင္းကို အက္သြးရံုေလး ထုပါ။ ပီးလ်ွင္ ခ်ည္ထံုးထားပါ။ 

၆။ ဒယ္အိုးတြင္ ဆီ ၊ နႏြင္း ထၫ့္ပါ။ မညက္တညက္ေထာင္းထားေသာ ၾကက္သြန္ျဖဴ ကို ႂကြပ္ေအာင္ေၾကာ္ပီးဆယ္ထားပါ။ ဆီ တခ်ိဳ႕လည္းခပ္ဖယ္ထားပါ။

၇။ က်န္တဲ့ဆီထဲမွာ ၾကက္သြန္နီကို ဆီသတ္ပါ။ ႏြမ္းလ်ွင္ ၾကက္သြန္ျဖဴ ၊ ခ်င္းတို႔ ထၫ့္ေမႊပီးေသြ့ လာတဲ့အထိ ဆီသတ္ပါ။ ေမႊးလာတဲ့အခါ ခရမ္းသီးနဲ႔ ၾကက္သြန္ၿမိတ္ထၫ့္ေမႊေပးပါ။ 

၈။ ဟင္းခ်က္မၫ့္အိုးတြင္ ေရထၫ့္ပါ။ ဆူေအာင္တည္ပါ။ ဆူလ်ွင္ ေရေဖ်ာ္ထားတဲ့ မုန႔္ဟင္းခါး အစံုမူန႔္ကို သမေအာင္ေမႊပီးထၫ့္ပါ။ ဆီသတ္ထားသည္တို႔ ထၫ့္ပါ။ ထန္းလ်ွက္ခဲ နဲ႔ ဆားထၫ့္ပါ။ ၾကက္သြန္နီ ဥ အလံုးေသးမ်ားႏႊာထၫ့္ပါ။ ဌက္ေပ်ာအူ /ၾကာျမစ္တို႔ထၫ့္ပါ။ ဟင္းရည္ဆူပြက္လ်ွင္ ငရုပ္ေကာင္းခတ္ပါ။ ၾကက္သြန္ျဖဴေၾကာ္ တခ်ိဳ႕ထၫ့္ပါ။ အရသာကို လိုအပ္သလို ျပဳျပင္ပီးသံုးေဆာင္ႏိုင္ပါၿပီ။


`` ကိုရီးယား ပဲေခါက္ဆြဲ´´




ဒီတစ္ပတ္မွာ ပဲေခါက္ဆြဲႀကိဳက္တဲ့သူမ်ားအတြက္ အိမ္မွာလုပ္စားဖို႔အဆင္ေျပေအာင္ လုပ္ပံုလုပ္နည္းကို ၫႊန္းေပးလိုက္ပါတယ္။ ကိုရီးယားအစားအစာႀကိဳက္တဲ့သူေတြ အေတာ္မ်ားမ်ားႏွစ္သက္တဲ့ အစားအစာေတြထဲက တစ္မ်ိဳးဆိုရင္လဲမမွားပါဘူး။ အခုဆိုရင္ျမန္မာလူမ်ိဳးအမ်ားစုကပါ ကိုရီးယားအစားအစာကို ႀကိဳက္ႏွစ္သက္လာတာေတြ့ရပါတယ္။ တခ်ိဳ႕ဆို အိမ္မွာတကူးတကလုပ္စားလာတာ ေတြ့ရပါတယ္။ အိမ္မွာလည္း လုပ္စားဖို႔အဆင္ေျပတဲ့ ပဲေခါက္ဆြဲလုပ္ပံုလုပ္နည္းကို ေျပာျပလိုက္ပါတယ္။


ပဲေခါက္ဆြဲအတြက္ပါဝင္ေသာပစၥည္း


၀က္သား - အနည္းငယ္

ကိုရီးယားပဲအႏွစ္ (Choonjang) - စားပြဲတင္ဇြန္း ၄ဇြန္း

ဆီ - စားပြဲတင္ဇြန္း ၄ဇြန္း

သၾကား - စားပြဲတင္ဇြန္း ၂ဇြန္း

ခရုဆီ - စားပြဲတင္ဇြန္း ၁ဇြန္း

ေျပာင္းဖူးမႈန႔္ သို႔ ေကာ္မႈန႔္- စားပြဲတင္ဇြန္း ၂ဇြန္း

ၾကက္သြန္နီ - ၂လံုး 

Zucchini - ၁လံုး

အာလူး - ၂လံုး

ဂ်ပန္သခြားသီး - အနည္းငယ္

ေရ - အနည္းငယ္ 


ပဲေခါက္ဆြဲ ျပဳလုပ္နည္း


ပထမဆံုး ဒယ္အိုးထဲကိုဆီထၫ့္ပါ။ ၾကက္သြန္နီတစ္လံုးကို ပါးပါးလွီးၿပီး ၾကက္သြန္နီ နီရဲၿပီးကြၽမ္းသြားတဲ့ အထိဆီသတ္ေပးပါ (အနံ႔ပဲယူတာျဖစ္ပါတယ္)။ ၾကက္သြန္နီအဖတ္မ်ားကို ဆယ္ထုတ္ၿပီးလြင့္ပစ္လိုက္ပါ။ ၿပီးေနာက္ ဆီထဲကို ကိုရီးယားပဲအမဲေရာင္အႏွစ္ စားပြဲတင္ဇြန္း ၄ ဇြန္းထၫ့္ၿပီး မီးေအးေအးနဲ႔ ႏွံ႔ေအာင္ေမႊေပးပါ။ ၿပီးရင္ေတာ့ အိုးထဲက ဆီေတြကိုဇြန္းနဲ႔အသာခပ္ထုတ္ၿပီး ပန္းကန္လံုးတစ္ခုထဲ ထၫ့္ထားပါ။ အဲဒီေနာက္ ဒယ္အိုးထဲကို ပဲအႏွစ္ထဲၿပီး သၾကားစားပြဲတင္ဇြန္း ၂ဇြန္းထၫ့္ ႏွံ႔ေအာင္ေမႊေပးၿပီး မီးပိတ္ထားေပးပါ။ ၀က္သားကိုလဲ ေသးေသးေလးေတြတံုးၿပီး ဖယ္ထားတဲ့ဆီၾကာ္ပါ။ ဆီနည္းလ်ွင္ ဆီထပ္ထၫ့္ၿပီးေၾကာ္ေပးပါ။ အသားႏူးသြားပါက ပါဝင္တဲ့ပစၥည္းေတျြဖစ္တဲ့ (ၾကက္သြန္နီ၊ Zucchini၊ အာလူး) တို႔ကို အတံုးေသးေလးေတြတံုးၿပီး အသားနဲ႔ေရာနယ္ပါ။ ခရုဆီ စားပြဲတင္ဇြန္း ၁ဇြန္းထၫ့္ပါ။ ၿပီးေနာက္ ေျပာင္းဖူးဖလာမႈန႔္ (ေျပာင္းဖူးပံုပါတဲ့ အေၾကာ္မႈန႔္) မရိွပါက အျခားဂ်ံဳမႈန႔္ ၂ဇြန္းကို ေရ ၃ ဇြန္းျဖင့္ ေဖ်ာ္ၿပီးထၫ့္ေပးပါ။ ေနာက္ဆံုးမွာ ဆီသတ္ထားတဲ့ ကိုရီးယားပဲအႏွစ္ကို ေရာထၫ့္ၿပီးေမႊေပးပါ။ ေရအနည္းငယ္ထၫ့္ၿပီး အရသာျမည္းၾကၫ့္လို႔ အာလူးနဲ႔အသီးအႏွံမ်ားႏူးတာနဲ႔ ျပဳတ္ထားတဲ့ေခါက္ဆြဲေပၚကိုေလာင္းထၫ့္ၿပီး အသင့္စားသံုးႏိုင္ၿပီ ျဖစ္ပါတယ္။


ေခါက္ဆြဲကို မိမိႀကိဳက္ႏွစ္သက္တဲ့ ေခါက္ဆြဲအသံုးျပဳႏိုင္သလို ၀က္သားအစား ၾကက္သား သံုးလို႔ရသလို အသားမပါဘဲ သတ္သတ္လြတ္လုပ္စားသံုးလို႔လည္းရပါတယ္။

No comments: