Monday, August 30, 2021
Dell ကွန်ပျူတာများရဲ.အရှင်သခင်ဟာဘယ်သူလဲ?
"ခင်ဗျားတို့ ကျနော်တို့ အသုံးပြုနေတဲ့ Dell ကွန်ပျူတာများရဲ.အရှင်သခင်ဟာဘယ်သူလဲ?"
#Michael_Dell
#Dell_Computer
#Biography
(ကွန်ပျူတာအသုံးပြုသူတွေကြားမှာ သည် Dell ကွန်ပျူတာတံဆိပ်ကို မသိသူနည်းပါတယ်။ အတော်များများအသုံးပြုနေကြတာပါပဲ။ Laptop ကော ၊ Desktop ကွန်ပျူတာကော၊ ဆက်စပ်ပစ္စည်းတွေကောပေါ့။ ဒါပေမယ့် သည်အမှတ်တံဆိပ်ကို အစပျိုးတည်ထောင်သူ အကြောင်း အမှုမဲ့အမှတ်မဲ့နေမိကြတာများပါတယ်။ သည်တစ်ပတ်မှာတော့ သူ့အကြောင်း Biography ကို ဝေမျှပါရစေ။)
ဟုတ်ပါတယ်။ ။
မိုက်ကယ် ဒဲလ် ပါ။ သူ့အကြောင်းနဲ့ အတုယူစရာအချက်တွေကိုရော သင်သိပါသလား?
Michael Dell, founder, chairman and CEO of Dell Technologies
Born - Michael Saul Dell
February 23, 1965 (age 53)
Houston, Texas, U.S. Residence.
Austin, Texas, U.S.
Nationality American Alma mater University of Texas at Austin Occupation Founder, Chairman and CEO of Dell Technologies
Net worth - US$28.6 billion (September 2018)
Spouse(s) - Susan Lynn Lieberman (m. 1989)
Children - 4
Relatives - Adam Dell (brother)
________________________________________________
မိုက်ကယ်ဆောလ်ဒဲလ် (၁၉၆၅ခုနှစ် ဖေဖော်ဝါရီ ၂၃ရက်တွင်မွေးဖွား) သည် အမေရိကန် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ဒဲလ်ကုမ္ပဏီအုပ်စုကြီး၏ အမှုဆောင်ချုပ် နှင့်တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူသည် ကမ္ဘာအချမ်းသာဆုံးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၀တွင် အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁၄သန်းရှိပါတယ်။
________________________________________________
ငယ်ဘဝနှင့်ပညာရေး
သူ၏ဖခင်သည် စတော့ရှယ်ယာပွဲစား၊ သွားဆရာဝန်တစ်ဦး ဖြစ်ခဲ.ပါတယ်။ ဒဲလ်သည် တက်ဆက်စ် ပြည်နယ်၊ ဟူစတန်ရှိ ဟီးရော့ဒ် မူလတန်းကျောင်းကို တက်ခဲ့တယ်။ စီးပွားရေးလောကသို့ စောစီးစွာဝင်ရောက်နိုင်ရန် အထက်တန်းအဆင့်ရှိသော စာမေးပွဲကို ဖြေဆိုရန် အသက်ရှစ်နှစ်အရွယ်တွင် လျှောက်လွှာတင်ခဲ့ပါတယ်။ သူသည် ဆယ်ကျော်သက် အစောပိုင်းအရွယ်တွင် အချိန်ပိုင်းအလုပ်မှရသော ဝင်ငွေများကို စတော့ရှယ်ယာများနှင့် တန်ဖိုးကြီး သတ္ထုများတွင် ရင်းနှီးမြှုပ်နှံခဲ့ပါသေးတယ်။ ဒဲလ်သည် အသက် ရနှစ်အရွယ်တွင် သူ၏ပထမဆုံး ဂဏန်းပေါင်းစက်ကို ဝယ်ယူခဲ့ပါတယ်။ အထက်တန်းအငယ်တန်း အဆင့်တွင် တယ်လီအမျိုးအစား စက်ကိုတွေ့ရှိခဲ့ပါတယ်။ ကျောင်းပြီးနောက်ပိုင်း ထိုစက်နှင့်ဆိုင်သော ပရိုဂရမ်ကို ရေးသားဖို.ကြိုးစားခဲ.ပါတယ်။ အသက် ၁၅ နှစ်အရွယ်တွင် ရေဒီယိုရှက်ခ်၌ ကွန်ပျူတာများကို လေ.လာခဲ.ပါတယ်။ Apple 2 အမျိုးအစား ကွန်ပျူတာ အဖြစ်ရရှိခဲ့ပြီးနောက် မည်ကဲ့သိုအလုပ်လုပ်သည်ကိုသိရှိနိုင်ရန် ချက်ချင်းပင် တစ်စစီဖြုတ်ပစ်၍ လေ့လာခဲ့ပါတယ်။ ဒဲလ်သည် ဟူစတန်ရှိ မန်မိုရီယာလ် အထက်တန်းကျောင်းသို့ တက်ရောက်ခဲ့စဉ်က နွေရာသီ၌ ဟူစတန်ပိုစ်သတင်းစာကို ကြိုတင်စနစ်(နှစ်စဉ်ကြေးဖြင့်) ရောင်းချခြင်းဖြင့် ဝင်ငွေရှာခဲ့ပါသေးတယ်။
ထိုသိုရောင်းချရာတွင် ဖုန်းဆက်၍ရောင်းချခဲ့ရာ မင်္ဂလာဦးဇနီးမောင်နှံများနှင့် အိမ်သစ်များသို့ ပြောင်းရေ့သူများက များသောအားဖြင့် ဝယ်ယူကြသည်ကို တွေ့ခဲ့ပါတယ်။ သူ၏ ဖောက်သည်စာရင်းကို လက်ထပ်ခွင့်လျှောက်လွှာများ နှင့် အိမ်သစ်ဝယ်ယူသော လျှောက်လွှာများမှ စုဆောင်းခဲ့တယ်။ ဤသိုအားဖြင့် ဒဲလ်၏တစ်နှစ်ဝင်ငွေသည် ဒေါ်လာ ၁၈,၀၀၀ ရှိခဲ့ပြီး သူ၏သမိုင်းဆရာနှင့်စီးပွားရေး ဘာသာရပ်ဆရာတို၏ ဝင်ငွေထက်ပိုခဲ့ပါတယ်။
________________________________________________
အလုပ်အကိုင်
သူသည်အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်တွင် ဆေးကျောင်းကြိုကျောင်းသားအဖြစ် တက်ရောက်စဉ် အခန်း၂၇၁၃၊ ဒိုဘီစင်တာလူနေအဆောက်အအုံတွင် ကွန်ပျူတာများကို အရည်အသွေးမြှင့်တင်ခြင်း (upgrading) အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ တရားဝင်လုပ်ငန်း အဆင့်တော.မဟုတ်သေးပါဘူး။ ထိုနောက်တွင် တက်ဆက်စ်ပြည်နယ် အတွက် ကွန်ပျူတာလုပ်ငန်းလိုင်စင်(ဝန်ဆောင်မှုလိုင်စင်) စာချုပ်များကို ကွန်ပျူတာဆိုင်ပိုင်ဆိုင်ခြင်း မရှိပဲ လေလံဆွဲခဲ့ ရာအောင်မြင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်ဇန်နဝါရီလတွင် ဒဲလ်သည်သူ၏ ယုံကြည်ချက်ဖြစ်သော ကွန်ပျူတာများကို တိုက်ရိုက်ရောင်းချ ခြင်းလုပ် ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။ သူက သမာရိုးကျ လက်လီကွန်ပျူတာရောင်းချခြင်းထက် ထုတ်လုပ်သူမှ တိုက်ရိုက်ရောင်းချခြင်းက ပိုမို အမြတ်အစွန်းရရှိမည်ဟု ယုံကြည်ခဲ့ပါတယ်။
၁၉၈၄ ခုနှစ်ဇန်နဝါရီလတွင်ပင် ဒဲလ်သည် ပီစီစ်လီမိတက်အမည်ဖြင့် ကုမ္ပဏီကို မှတ်ပုံတင်ခဲ့သည်။ သူသည်ကွန်ဒိုမီနီယံ ထဲမှာ အလုပ်လုပ်ခဲ့ပြီး အရည်အသွေးမြှင့်ထားသော ပီစီများ၊ အပိုပစ္စည်းများ နှင့် တွဲဖက်ပစ္စည်းများကို ရောင်းချခဲ့ရာ ဒေါ်လာ ၅၀,၀၀၀မှ ဒေါ်လာ၈၀,၀၀၀ ကြား ရရှိခဲ့သည်။ ထိုနှစ်မေလတွင်ပင် ကုမ္ပဏီကို “ဒဲလ်ကွန်ပျူတာ ကော်ပိုရေးရှင်း” ဟု ခေါ်တွင်ခဲ့ပြီး အော်စတင် မြောက်ပိုင်းတွင် ပြောင်းရေ့လုပ်ကိုင်ခဲ့ပါတယ်။ သူ၏ကုမ္ပဏီတွင် အော်ဒါလက်ခံမည့်သူအနည်းငယ်၊ ထိုသူများကို စိတ်ကျေနပ်စေရန်လုပ်ဆောင်ပေးမည့် လူအချို့ကို အလုပ်ခန်ခဲ့ပါတယ်။ ဒဲလ်က သူကုမ္ပဏီတွင် အလုပ်သမားအနည်းငယ်သာ ခန်ခဲ့ခြင်းနှင့်ပတ်သက်၍ အမြဲပြန်ပြောလေ့ရှိသည်မှာ ခြောက်ပေရှိ စားပွဲများပေါ်တွင် ဝက်အူရစ်များကိုင်တားသော လူ၃ယောက်သာရှိသည့် ကုမ္ပဏီ ဟူ၍ဖြစ်ပါတယ်။ လုပ်ငန်းရင်းနှီးငွေ ဒေါ်လာ ၁၀၀၀ရှိပြီး ထိုအလုပ်မှာ စွန်စားလုပ်ကိုင်ရမည့် လုပ်ငန်းလည်း ဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်၊ ဒဲလ်၏အသက် ၂၇နှစ်အရွယ်တွင် ထိပ်တန်းကော်ပိုရေးရှင်း၅၀၀၌ အသက်အငယ်ဆုံး အမှုဆောင် ချုပ်အဖြစ်ဖော်ကျူးန်မဂ္ဂဇင်းမှ ဖော်ပြခြင်းခံရပါတယ်။ ၁၉၉၆ ခုနှစ်တွင် ဒဲလ်သည် ကွန်ပျူတာများကို ဝဘ်ဆိုက်ဒ်များမှ ရောင်းချခဲ့ပြီးထိုနှစ်တွင်ပင် ဒဲလ်မှ ပထမဆုံးသော ဆာဗာ (Server) များကို ထုတ်လုပ်ခဲ့ပါတယ်။ ဒဲလ်ဒေါ့ကွန်းမှ နေစဉ် ဒေါ်လာ တစ်သန်းနီးပါး ရောင်းအားရှိသည်ဟု ဒဲလ်ကော်ပိုရိတ်မှ အစီရင်ခံခဲ့ပါတယ်။ ၂၀၀၁ခုနှစ် ပထမနှစ်ဝက်တွင် ဒဲလ်ကော်ပိုရိတ်သည် ကွန်ပတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာဈေးကွက်၏ ရှယ်ယာ ၁၂.၈ရာခိုင်နှုန်း ကိုရရှိခဲ့ကာ ကမ္ဘာ့ အကြီးဆုံး ကွန်ပျူတာထုတ်လုပ်သူဖြစ်လာပါတော.တယ်။
ကိန်းဂဏန်းများအရ လွန်ခဲ့သော ခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဈေးကွက် အပြောင်းအလဲဖြစ်ခဲ့ပါသေးတယ်။ အခြားကုမ္ပဏီများ ရောင်းအားကျဆင်းချိန်တွင် ဒဲလ်၏ကုမ္ပဏီမှာ ဒက်စ်တော့ပ်များ၊ နုတ်ဘွတ့်ခ်များ၊ ဆာဗာများကို ကမ္ဘာအရပ်ရပ်သို့ ဖြန်ချိခြင်းဖြင့် ကမ္ဘာအနှံရောင်းအား ၃၄.၃% နှင့် အမေရိကန်နိုင်ငံရောင်းအား၃၀.၇ ရာခိုင်နှုန်းမြင့်တင်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဒဲလ်သည် အမ်အက်စ်ဒီ ကက်ပီတယ် အယ်လ်ပီကို တည်ထောင်ခဲ့ပြီး သူနှင့် သူမိသားစု ၏ရင်းနှီးမြှုပ်နှံမှုများကို သီးသန်စီမံအုပ်ချုပ်စေခဲ့ပါတယ်။
သီးသန်ရင်းနှီးမြှုပ်နှံမှုများတွင် အများဆိုင်ကုန်သွယ်မှု အစုအစပ်ရှယ်ယာများ၊ ပုဂ္ဂလိက ဆိုင်ရာ အစုအစပ်ရှယ်ယာ လှုပ်ရှားမှုများ နှင့် အိမ်ခြံမြေဈေးကွက်တို့ ပါဝင်ပါတယ်။ ထိုအုပ်ချုပ်ရေးလုပ်ငန်းတွင် ဝန်ထမ်း အယောက်၈၀ ခန်ထားပြီး နယူးယောက်၊ ဆန်နာမိုနီကာနှင့် လန်ဒန်တိုတွင် ရုံးခန်းများရှိပါတယ်။ ဒဲလ်မှ နေစဉ်လုပ်ငန်းများကို လွှဲအပ်ပြီးလုပ်ကိုင်စေပါတယ်။ ၁၉၉၉ခုနှစ် နိုဝင်ဘာလတွင် ဒီထရွိုက်စီးပွားရေးကလပ်၌ အမှာစကားမပြောမီ အီး ကောမရက်စ် (e-commerce) (အီလက်ထရောနစ် သို့ အွန်လိုင်းစီးပွားရေးလုပ်ငန်းများ) ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုခဲ့ပါ တယ်။ အီးကောမရက်စ်၏ စီ၃လုံး ( content- အမျိုးအစား၊ commerce- ရောင်းဝယ် ခြင်းနည်းလမ်းများနှင့် community-အဆက်အသွယ်အသိုင်းအဝိုင်း) သည်အဓိကဟု အရေးကြီးသော ဖောက်သည်များ နှင့်ပတ်သက်သော အွန်လိုင်းအတွေ့အကြုံများဆိုင်ရာနည်းဗျူဟာများအကြောင်း ပြောခဲ့စဉ်က ဖွင့်ဆိုခဲ့ပါတယ်။ ၂၀၀၄ခုနှစ် မတ်လတွင် ဒဲလ်သည် စီအီးအို (အမှုဆောင်ချုပ်) ရာထူးမှ အနားယူခဲ့ပြီး ဒဲလ်ကုမ္ပဏီ၏ ချဲမန်း (နာယက)အဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ ထိုအချိန်တွင် ဥက္ကဋ္ဌနှင့် စီအိုအိုဖြစ်သောကယ်ဗင် ဘီ ရိုးလင်း သည် ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်လာခဲ့ပါတယ်။၂၀၀၇ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေတွင် ဒဲလ်သည် ဘုတ်အဖွဲ့၏ တောင်းဆိုချက်အရ ရိုးလင်းထံမှ စီအီးအိုရာထူးကို ပြန်လည်လွှဲပြောင်းယူခဲ့ ရပါတယ်။
________________________________________________
ဒဲလ်၏ ဂုဏ်ထူးဘွဲ့ထူးများ
ဒဲလ်၏ ဂုဏ်ထူးဘွဲ့ထူးများတွင် Inc မဂ္ဂဇင်းမှ ချီးမြှင့်သော “တစ်နှစ်တာစွန်ဦးတီထွင်သူ” ဆု(အသက်၂၄နှစ်အရွယ်တွင်ရရှိ)၊ ဝေါ့သ်မဂ္ဂဇင်းမှ ချီးမြှင့်သော “အမေရိကန်စီးပွားရေး လောက၏ထိပ်တန်း စီအီးအို”ဆု၊ ဖိုင်နန်းရှားလ်ဝေါလ်ဒ်၊အင်ဒပ်စထရီဝီးခ်နှင့် ချိဖ်အိပ်ဇက်ကတစ်ဖစ်မဂ္ဂဇင်းတိုမှ “တစ်နှစ်တာ အကောင်းဆုံးစီအီးအို”ဆုတိုပါဝင်တယ်။
ဒဲလ်သည် ကမ္ဘာစီးပွားရေးဖိုရမ်၏ တည်ထောင်သူ ဘုတ်အဖွဲ့တွင်လည်းကောင်း၊ အင်တာနေရှင်နယ် ဘိဇနက်စ်ကောင်စီ၏ ဗဟိုကော်မတီတွင်လည်းကောင်း၊ ယူအက်စ် ဘိဇနက်စ်ကောင်စီနှင့် အိန္ဒိယနိုင်ငံဟိုက်ဒရာဘတ်ရှိ အိန္ဒိယစီးပွားရေးကျောင်း၏ အုပ်ချုပ်ရေး ဘုတ်အဖွဲ့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူသည် အမေရိကန် သမ္မတ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အကြံပေးကောင်စီတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။
၂၀၁၀ခုနှစ် ဇူလိုင်လတွင် အင်တယ်လ်ကော်ပိုရေးရှင်းသို့ တရားမဝင်ငွေကြေးပေးခဲ့သည့်ကိစ္စ ကို ဖွင့်ချပြီးနောက်ထိုကိစ္စနှင့်ပတ်သက်သော ငွေကြေးအရှုပ်အရှင်းနှင့် မသမာမှုများကို အက်စ်အီးစီမှ စွဲချက်တင်ခဲ့ပါတယ်။ စွဲချက်များကို ဖြေရှင်းရန် ဒဏ်ငွေအဖြစ် ဒေါ်လာ ၄သန်း ကို ဒဲလ်မှာ လျော်ကြေးပေးခဲ့ရပါတယ်။ ဒဲလ်ကော်ပိုရေးရှင်းနှင့်အတူ အခြားကုမ္ပဏီမှ အမှုဆောင်အရာရှိများလည်း ဒဏ်ငွေပေးဆောင် ခဲ.ကြရပါတယ်။
________________________________________________
ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
၁၉၉၉ခုနှစ်က ထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည့် “ဒဲလ်မှတိုက်ရိုက်ပြောကြားသော ပုံစံသစ် စက်မှုတော်လှန်ရေး နည်းဗျူ ဟာများ” တွင် သူ၏ငယ်ဘဝ၊ ကုမ္ပဏီစတင်ထူထောင်ခဲ့ပုံ၊ ကုမ္ပဏီကြီးထွားလာပုံ နှင့် ခြေချော်လက်ချော်ဖြစ်ခဲ့မှုများ နှင့် သင်ခန်းစာများစသည်ဖြင့် ရေးသားထားပါတယ်။ ထိုစာအုပ်ကို ကက်သရင်းဖရက်ဒ်မန်းနှင့် တွဲဖက်၍ရေးသား ခဲ့ခြင်းဖြစ်ပါတယ်။
________________________________________________
ကြွယ်ဝချမ်းသာမှုနှင့် ပုဂ္ဂိုလ်ရေးရာ
၂၀၁၀ခုနှစ်တွင် ဖော့်ဘ်စ်မဂ္ဂဇင်းမှ ဒဲလ်၏အသားတင်ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၃.၅ဘီလီယံရှိမည်ဟု ခန်မှန်းခဲ့သည်။ ဒဲလ်သည် ယခုအခါ သူ၏ဇနီး စူဇန်၊ ကလေး ၄ယောက်နှင့် အတူ တက်ဆက်စ်ပြည်နယ် အော်စတင်တွင်နေထိုင်လျက်ရှိပါတယ်။
________________________________________________
ပရဟိတလုပ်ငန်းများ
၁၉၉၉ခုနှစ်တွင် ကလေးသူငယ်များကို အဓိထားသော မိုက်ကယ်နှင့် စူဇန်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ခုနှစ်တွင် ဖောင်ဒေရှင်းမှ အမေရိကန်နှင့် အိန္ဒိယရှိ မြို့ပေါ်လူထုများအတွက် အလုပ်လုပ်သော အမြတ်အစွန်းမယူသည့် အဖွဲ့အစည်းများကို ဒေါ်လာသန်းပေါင်း ၅၃၀ထက်မနည်း လှူဒါန်းရန် ကတိပြုခဲ.ပါတယ်။။ ဖောင်ဒေရှင်းမှ တက်ဆက်စ်တက္ကသိုလ်နှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း ၃ခုသို့ ဒေါ်လာသန်းပေါင်း ၆၅သန်း လှူဒါန်းခဲ့ပါတယ်။ အဖွဲ့အစည်း ၃ခုဖြစ်သော မိုက်ကယ်နှင့် စူဇန်ဒဲလ်တို၏ ကျန်းမာစွာ နေထိုင်နိုင် ရေးမြှင့်တင်ရေးစင်တာ၊ ဒဲလ်ကလေးဆိုင်ရာ သုတေသနကျောင်း၊ ဒဲလ်၏သားသမီးများ ဆေးရုံစသည်ဖြင့် လှူဒါန်းခဲ့ပြီး တက်ဆက်စ် တက္ကသိုလ်ဝန်းအတွင်းတွင် ကွန်ပျူတာသိပ္ပံအဆောက်အအုံသစ်တစ်ခုကိုလည်း ထောက်ပံ့ ပေးခဲ့ပါတယ်။ သူသည် အိုင်ယာလန်ရှိ ဒေသခံများကို အထောက်အပံ့ပေးရေးနှင့် ပညာရေးလုပ်ငန်း စတင်ခြင်းများကို ထောက်ပံ့ရေးတိုတွင် ရင်းနှီးမြှပ်နှံခဲ့မှုအတွက် ၂၀၀၂ခုနှစ်တွင် ဒဲလ်ကို လိုင်းမ်ရစ်ခ်တက္ကသိုလ်မှ စီးပွားရေး သိပ္ပံဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။
_______________________________________________
နိုင်ငံရေး ပါဝင်ပတ်သက်မှု
၂၀၀၄ခုနှစ်တွင် အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်၏ သမ္မတဒုတိယမြောက်သက်တမ်း အတွက် လှူဒါန်းခဲ့သော အလှူရှင် ၅၃ ယောက်ထဲတွင် ပါဝင်ခဲ့ပြီး ဒေါ်လာ နှစ်သိန်းခွဲ (အမြင့်ဆုံးတရားဝင်လှူဒါန်းမှုအဖြစ်) လှူဒါန်းခဲ့ပါတယ်။
________________________________________________
ကျမ်းကိုး ။ ။ https://www.forbes.com/profile/michael-dell/
ရေးသားမျှဝေသူ - Myanmar Pyi - Online Class စာမျက်နှာ
[Zawgyi]"ခင်ဗျားတို့ ကျနော်တို့ အသုံးပြုနေတဲ့ Dell ကွန်ပျူတာများရဲ.အရှင်သခင်ဟာဘယ်သူလဲ?"
#Michael_Dell
#Dell_Computer
#Biography
ဟုတ်ပါတယ်။ ။
Born - Michael Saul Dell
February 23, 1965 (age 53)
Austin, Texas, U.S.
Children - 4
________________________________________________
________________________________________________
ငယ်ဘဝနှင့်ပညာရေး
________________________________________________
အလုပ်အကိုင်
________________________________________________
________________________________________________
________________________________________________
________________________________________________
ပရဟိတလုပ်ငန်းများ
_______________________________________________
________________________________________________
No comments: