Tuesday, August 10, 2021

Laptop တစ်လုံးကို ဂရုတစိုက်ဘယ်လိုသုံးမလဲ??

Laptop တစ်လုံးကို ဂရုတစိုက်ဘယ်လိုသုံးမလဲ??

================




အခုနောက်ပိုင်းမှာ Laptops တွေဟာ ကျွန်‌တော်တို့အတွက်မရှိမဖြစ်လိုအပ်လာတဲ့ Device တွေဖြစ်လာပါတယ်။ ဒီလိုအရေးပါတဲ့ Device တွေဖြစ်လာတာနဲ့အညီ Laptops တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ ကျွန်တော်တို့ဘက်ကလည်းသေချာဂရုစိုက်ဖို့လိုအပ်လာပါတယ်။ ဒါကြောင့်မို့လို့ ဒီနေမှာ Laptop တစ်လုံးကို ဘယ်လိုဂရုစိုက်သုံးရမလဲ‌ဆိုတဲ့အကြောင်းကို မျှ‌ဝေ‌‌ ပေးသွားချင်ပါတယ်။

.

ဆိုတော့ laptop တစ်လုံးကိုဘယ်လို ဂရုစိုက်သုံးကြမလဲ?

-----------------------------

၁။ Games တွေဆော့ဖို့ Laptop ကိုအမြဲမသုံးမိပါစေနဲ့ (ဒီမှာချွင်းချက်အနေနဲ့ Gaming Laptop တွေတော့မပါပါဘူး )


Laptop အများစုဟာဆိုရင်ပေါ့ပေါ့ပါးပါးနဲ့ သယ်ရလွယ်ကူအောင်ထုတ်ထားတဲ့ Devices တွေပါ။ ဒါကြောင့် ဒီ Laptops တွေနဲ့ Games တွေအမြဲဆော့ဖို့တော့မလိုပါဘူး။ Gaming Laptop တွေကတော့ချွင်းချက်ပါ။ တကယ်လို့ ကိုယ်က ဒီအချက်ကို ဂရုမစိုက်ပဲ ဂိမ်းတွေကြည့်ပဲဆော့နေမယ်ဆိုရင်တော့ Laptop ရဲ့ GPU ဟာအလုပ်လုပ်ရတာပိုများလာပြီး Laptop ကို Overheat ဖြစ်စေနိုင်ပါတယ်။ ဒီလိုနဲ့ကြာလာရင် Latop Battery Life ကိုပါထိခိုက်လာနိုင်ပါတယ်။

.

.

၂။ Laptop ကိုအိပ်ရာပေါ်မှာမသုံးမိပါစေနဲ့


Laptop တစ်လုံးကို အိပ်ရာပေါ်မှာတင်သုံးတာက ဇိမ်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုအိပ်ယာပေါ်သုံးတာက Laptop ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ အကြောင်းကတော့ အိပ်ရာပေါ်မှာရှိနေနိုင်တဲ့ ဖုန်တွေက Laptop Airflow ကိုပိတ်သွားနိုင်လို့ပါတယ်။ ဒီ Airflow ပိတ်သွားပြီဆိုရင် Laptop ဟာအလွယ်တကူပဲ Overheat ဖြစ်လာမှာပါ။

.

.

၃။ Laptop ဘေးမှာ သောက်ဖို့ရေ ဒါမှမဟုတ်အအေးတွေမထားမိပါစေနဲ့


ရေဟာ Laptop တွေသာမက တစ်ခြား Electronic ပစ္စည်းတွေအတွက် ရန်သူလို့ပြောရင်မမှားပါဘူး။ ဒါကြောင့် Laptop ဘေးမှာ မှောက်ကျလွယ်တဲ့ ရေခွက် ဒါမှမဟုတ် အအေးတွေကိုမထားမိစေဖို့ အကြံပေးချင်ပါတယ်။ တကယ်လို့ ‌Laptop ပေါ်မှာ မတော်တဆ ရေမှောက်ကျသွားပြီဆိုရင် ဒီရေ‌က Laptop ရဲ့  Hardware တွေကိုပျက်စီးသွားစေနိုင်ပါတယ်။

.

.

၄။ Laptop ပေါ်မှာ ပစ္စည်းတွေတင်တာမျိုးတွေမလုပ်ပါနဲ့


ဒီအချက်ကို Laptop ပိုင်ရှင်တော်တော်များများကသိပ်မကြည့်ကြပါဘူး။ ဖြစ်ရင်ဖြစ်သလိုပဲ Laptop ပေါ်မှာ ပစ္စည်းတွေတင်တတ်ကြပါတယ်။ ဒီလိုတင်တဲ့ထဲမှာမှ လေးလံတဲ့ ပစ္စည်းတွေကိုတင်မိသွားပြီးဆိုရင် Laptop ရဲ့ Screen ဒါမှမဟုတ် တစ်ခြား အစိတ်အပိုင်းတွေကိုထိခိုက်မိမှာအသေချာပါပဲ။ ဒါ့ကြောင့်မို့လို့ ဒီအချက်ကို သေချာဂစုစိုက်စေချင်ပါတယ်။

.

.

၅။ Laptop ရဲ့ Screen ကို ပုံမှန်သန့်ရှင်းပေးပါ


ပထမဆုံးအနေနဲ့ Screen မှာ ခြစ်ရာတွေမထင်မိစေဖို့ Screen Protector ကပ်ဖို့အကြံပေးချင်ပါတယ်။ Screen ကိုသန့်ရှင်းအောင်လုပ်ဖို့ကတော့ ရေအနည်းငယ်စွတ်ထားတဲ့ အ၀တ်နဲ့သန့်ရှင်းလို့ရပါတယ်။ Laptop Screen Cleaner Spary တွေနဲ့လည်း သန့်ရှင်းလို့ရပါတယ်။

.

.

၆။ Optical Drive တွေကိုသန့်ရှင်း‌ပေးပါ


Optical Drive  တွေနဲ့ တစ်ခြား DVD ROM တွေဟာဖုန်ကပ်လို့လွယ်တဲ့အပိုင်းတွေလို့ပြောလို့ရပါတယ်။ ဒါကြောင့် Optical Drive/DVD ROM တွေကို Brush တစ်ခုခုနဲ့ သေချာသန့်ရှင်းပေးဖို့လိုပါတယ်။

.

.

၇။ နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ Laptop ကိုမသုံးပါနဲ့


‌ဒီအချက်ကတော့ Laptop ကိုအပြင်ယူသွားတဲ့ သုံးတဲ့အခါတွေမှာကြုံရတတ်ပါတယ်။ Laptop ထဲမှာပါတဲ့ အစိတ်အပိုင်းတစ်ချို့ဟာ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မိသွားတယ်ဆိုရင် ပျက်စီးသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေရောင်တိုက်ရိုက်ကျတဲ့နေရာမျိုးမှာ Laptop ကိုမသုံးဖို့ အကြံပေးချင်ပါတယ်။

.

.

၈။ Software Download လုပ်တဲ့အခါမှာ Viruses တွေကိုအမြဲစစ်ပါ


Viruses အများစုက Downloads တွေကနေအဖြစ်များတာမို့လို့ Download တွေကို အမြဲစစ်စေချင်ပါတယ်။ Official Site တွေကဒေါင်းတဲ့ Download တွေမှာ Viruses ပါလာနိုင်ခြေနည်းတဲ့အတွက် Official Site တွေကပဲဒေါင်းစေချင်ပါတယ်။ တစ်ခြား Websits ‌တွေကဒေါင်းမယ်ဆိုရင် Anti-virus Software တစ်ခုခုနဲ့စစ်ပြီးမှာ Download ပေးဖို့အကြံပေချင်ပါတယ်။

.

.

၉။ Laptop တွေကိုအချိန်အကြာကြီး မသုံးမိပါစေနဲ့


Laptops တွေဟာ Desktop Computers တွေလို ၂၄ နာရီသုံးလို့ မရတာမို့လို့ လိုအပ်တဲ့အချိန်မှသာ Laptop ကိုသုံးဖို့အကြံပေးချင်ပါတယ်။ အသုံးမလိုတဲ့အခါတွေမှာ စက်ပိတ်ထားတာ ဒါမှမဟုတ်

Sleep လုပ်တာမျိုးတွေကို လုပ်ထားသင့်ပါတယ်။ တကယ်လို့စာဖတ်သူက Laptop ကိုအချိန်အကြာကြီးသုံးမိသွားပြီဆိုရင် Laptop ဟာသိသိသာသာပူလာမယ့်အပြင် Battery Life ကိုပါထိခိုက်လာနိုင်ပါတယ်။

.

.

၁၀။ Laptop ရဲ့အပူချိန်ကိုစစ်ပေးပါ


Laptop Users တော်တော်များများက Laptop ရဲ့အပူချိန်ကိုမကြည့်ကြတာများပါတယ်။ တစ်ချို့ဆို Overheat ဖြစ်နေတာတောင်ဆက်သုံးနေကြပါသေးတယ်။ Laptop ရဲ့ အပူချိန်ဟာ 95 degrees အထက်ရှိ‌နေပြီဆိုရင် Overheat ဖြစ်နေပြီလို့ပြောလို့ရတာမို့လို့ ဒီအပူအချိန်ရှိနေပြီဆိုရင် Laptop ကိုအနားပေးဖို့လိုအပ်နေပါပြီ။ အနားမပေးမိဘူးဆိုရင်တော့ Laptop ရဲ့ Performance ကိုထိခိုက်လာနိုင်ပါတယ်။


အခုလောက်ဆိုရင်တော့ Laptop တစ်လုံးကို ဂရုစိုက်ဖို့နည်းတွေကို စာဖတ်သူတို့သိသွားလောက်ပြီထင်ပါတယ်။ ဒီ Article ကြောင့် Laptop တစ်လုံးကိုကောင်းကောင်း ဂရုစိုက်ပေးနိုင်ကြပါ‌စေလို့ ပြောရင်း ဒီ Article ကိုအဆုံးသတ်လိုက်ရပါတယ်။


စာဖတ်သူအားလုံး Stay Safe ပါခင်ဗျာ 🙏


Ref: Mousemedia


[Zawgyi]Laptop တစ္လံုးကို ဂရုတစိုက္ဘယ္လိုသံုးမလဲ??

================




အခုေနာက္ပိုင္းမွာ Laptops ေတြဟာ ကြၽန္‌ေတာ္တို႔အတြက္မရိွမျဖစ္လိုအပ္လာတဲ့ Device ေတျြဖစ္လာပါတယ္။ ဒီလိုအေရးပါတဲ့ Device ေတျြဖစ္လာတာနဲ႔အညီ Laptops ေတြေကာင္းေကာင္းအလုပ္လုပ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ဘက္ကလည္းေသခ်ာဂရုစိုက္ဖို႔လိုအပ္လာပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒီေနမွာ Laptop တစ္လံုးကို ဘယ္လိုဂရုစိုက္သံုးရမလဲ‌ဆိုတဲ့အေၾကာင္းကို မ်ွ‌ေဝ‌‌ ေပးသြားခ်င္ပါတယ္။

.

ဆိုေတာ့ laptop တစ္လံုးကိုဘယ္လို ဂရုစိုက္သံုးၾကမလဲ?

-----------------------------

၁။ Games ေတြေဆာ့ဖို႔ Laptop ကိုအၿမဲမသံုးမိပါေစနဲ႔ (ဒီမွာခြၽင္းခ်က္အေနနဲ႔ Gaming Laptop ေတြေတာ့မပါပါဘူး )


Laptop အမ်ားစုဟာဆိုရင္ေပါ့ေပါ့ပါးပါးနဲ႔ သယ္ရလြယ္ကူေအာင္ထုတ္ထားတဲ့ Devices ေတြပါ။ ဒါေၾကာင့္ ဒီ Laptops ေတြနဲ႔ Games ေတြအၿမဲေဆာ့ဖို႔ေတာ့မလိုပါဘူး။ Gaming Laptop ေတြကေတာ့ခြၽင္းခ်က္ပါ။ တကယ္လို႔ ကိုယ္က ဒီအခ်က္ကို ဂရုမစိုက္ပဲ ဂိမ္းေတြၾကၫ့္ပဲေဆာ့ေနမယ္ဆိုရင္ေတာ့ Laptop ရဲ့ GPU ဟာအလုပ္လုပ္ရတာပိုမ်ားလာၿပီး Laptop ကို Overheat ျဖစ္ေစႏိုင္ပါတယ္။ ဒီလိုနဲ႔ၾကာလာရင္ Latop Battery Life ကိုပါထိခိုက္လာႏိုင္ပါတယ္။

.

.

၂။ Laptop ကိုအိပ္ရာေပၚမွာမသံုးမိပါေစနဲ႔


Laptop တစ္လံုးကို အိပ္ရာေပၚမွာတင္သံုးတာက ဇိမ္ရိွတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္လည္း ဒီလိုအိပ္ယာေပၚသံုးတာက Laptop ကိုေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အိပ္ရာေပၚမွာရိွေနႏိုင္တဲ့ ဖုန္ေတြက Laptop Airflow ကိုပိတ္သြားႏိုင္လို႔ပါတယ္။ ဒီ Airflow ပိတ္သြားၿပီဆိုရင္ Laptop ဟာအလြယ္တကူပဲ Overheat ျဖစ္လာမွာပါ။

.

.

၃။ Laptop ေဘးမွာ ေသာက္ဖို႔ေရ ဒါမွမဟုတ္အေအးေတြမထားမိပါေစနဲ႔


ေရဟာ Laptop ေတြသာမက တစ္ျခား Electronic ပစၥည္းေတြအတြက္ ရန္သူလို႔ေျပာရင္မမွားပါဘူး။ ဒါေၾကာင့္ Laptop ေဘးမွာ ေမွာက္က်လြယ္တဲ့ ေရခြက္ ဒါမွမဟုတ္ အေအးေတြကိုမထားမိေစဖို႔ အႀကံေပးခ်င္ပါတယ္။ တကယ္လို႔ ‌Laptop ေပၚမွာ မေတာ္တဆ ေရေမွာက္က်သြားၿပီဆိုရင္ ဒီေရ‌က Laptop ရဲ့  Hardware ေတြကိုပ်က္စီးသြားေစႏိုင္ပါတယ္။

.

.

၄။ Laptop ေပၚမွာ ပစၥည္းေတြတင္တာမ်ိဳးေတြမလုပ္ပါနဲ႔


ဒီအခ်က္ကို Laptop ပိုင္ရွင္ေတာ္ေတာ္မ်ားမ်ားကသိပ္မၾကၫ့္ၾကပါဘူး။ ျဖစ္ရင္ျဖစ္သလိုပဲ Laptop ေပၚမွာ ပစၥည္းေတြတင္တတ္ၾကပါတယ္။ ဒီလိုတင္တဲ့ထဲမွာမွ ေလးလံတဲ့ ပစၥည္းေတြကိုတင္မိသြားၿပီးဆိုရင္ Laptop ရဲ့ Screen ဒါမွမဟုတ္ တစ္ျခား အစိတ္အပိုင္းေတြကိုထိခိုက္မိမွာအေသခ်ာပါပဲ။ ဒါ့ေၾကာင့္မို႔လို႔ ဒီအခ်က္ကို ေသခ်ာဂစုစိုက္ေစခ်င္ပါတယ္။

.

.

၅။ Laptop ရဲ့ Screen ကို ပံုမွန္သန႔္ရွင္းေပးပါ


ပထမဆံုးအေနနဲ႔ Screen မွာ ျခစ္ရာေတြမထင္မိေစဖို႔ Screen Protector ကပ္ဖို႔အႀကံေပးခ်င္ပါတယ္။ Screen ကိုသန႔္ရွင္းေအာင္လုပ္ဖို႔ကေတာ့ ေရအနည္းငယ္စြတ္ထားတဲ့ အ၀တ္နဲ႔သန႔္ရွင္းလို႔ရပါတယ္။ Laptop Screen Cleaner Spary ေတြနဲ႔လည္း သန႔္ရွင္းလို႔ရပါတယ္။

.

.

၆။ Optical Drive ေတြကိုသန႔္ရွင္း‌ေပးပါ


Optical Drive  ေတြနဲ႔ တစ္ျခား DVD ROM ေတြဟာဖုန္ကပ္လို႔လြယ္တဲ့အပိုင္းေတြလို႔ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ Optical Drive/DVD ROM ေတြကို Brush တစ္ခုခုနဲ႔ ေသခ်ာသန႔္ရွင္းေပးဖို႔လိုပါတယ္။

.

.

၇။ ေနေရာင္တိုက္ရိုက္က်တဲ့ေနရာမွာ Laptop ကိုမသံုးပါနဲ႔


‌ဒီအခ်က္ကေတာ့ Laptop ကိုအျပင္ယူသြားတဲ့ သံုးတဲ့အခါေတြမွာႀကံဳရတတ္ပါတယ္။ Laptop ထဲမွာပါတဲ့ အစိတ္အပိုင္းတစ္ခ်ိဳ႕ဟာ ေနေရာင္နဲ႔တိုက္ရိုက္ထိေတြ့မိသြားတယ္ဆိုရင္ ပ်က္စီးသြားတဲ့အထိျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ေနေရာင္တိုက္ရိုက္က်တဲ့ေနရာမ်ိဳးမွာ Laptop ကိုမသံုးဖို႔ အႀကံေပးခ်င္ပါတယ္။

.

.

၈။ Software Download လုပ္တဲ့အခါမွာ Viruses ေတြကိုအၿမဲစစ္ပါ


Viruses အမ်ားစုက Downloads ေတြကေနအျဖစ္မ်ားတာမို႔လို႔ Download ေတြကို အၿမဲစစ္ေစခ်င္ပါတယ္။ Official Site ေတြကေဒါင္းတဲ့ Download ေတြမွာ Viruses ပါလာႏိုင္ေျခနည္းတဲ့အတြက္ Official Site ေတြကပဲေဒါင္းေစခ်င္ပါတယ္။ တစ္ျခား Websits ‌ေတြကေဒါင္းမယ္ဆိုရင္ Anti-virus Software တစ္ခုခုနဲ႔စစ္ၿပီးမွာ Download ေပးဖို႔အႀကံေပခ်င္ပါတယ္။

.

.

၉။ Laptop ေတြကိုအခ်ိန္အၾကာႀကီး မသံုးမိပါေစနဲ႔


Laptops ေတြဟာ Desktop Computers ေတြလို ၂၄ နာရီသံုးလို႔ မရတာမို႔လို႔ လိုအပ္တဲ့အခ်ိန္မွသာ Laptop ကိုသံုးဖို႔အႀကံေပးခ်င္ပါတယ္။ အသံုးမလိုတဲ့အခါေတြမွာ စက္ပိတ္ထားတာ ဒါမွမဟုတ္

Sleep လုပ္တာမ်ိဳးေတြကို လုပ္ထားသင့္ပါတယ္။ တကယ္လို႔စာဖတ္သူက Laptop ကိုအခ်ိန္အၾကာႀကီးသံုးမိသြားၿပီဆိုရင္ Laptop ဟာသိသိသာသာပူလာမယ့္အျပင္ Battery Life ကိုပါထိခိုက္လာႏိုင္ပါတယ္။

.

.

၁၀။ Laptop ရဲ့အပူခ်ိန္ကိုစစ္ေပးပါ


Laptop Users ေတာ္ေတာ္မ်ားမ်ားက Laptop ရဲ့အပူခ်ိန္ကိုမၾကၫ့္ၾကတာမ်ားပါတယ္။ တစ္ခ်ိဳ႕ဆို Overheat ျဖစ္ေနတာေတာင္ဆက္သံုးေနၾကပါေသးတယ္။ Laptop ရဲ့ အပူခ်ိန္ဟာ 95 degrees အထက္ရိွ‌ေနၿပီဆိုရင္ Overheat ျဖစ္ေနၿပီလို႔ေျပာလို႔ရတာမို႔လို႔ ဒီအပူအခ်ိန္ရိွေနၿပီဆိုရင္ Laptop ကိုအနားေပးဖို႔လိုအပ္ေနပါၿပီ။ အနားမေပးမိဘူးဆိုရင္ေတာ့ Laptop ရဲ့ Performance ကိုထိခိုက္လာႏိုင္ပါတယ္။


အခုေလာက္ဆိုရင္ေတာ့ Laptop တစ္လံုးကို ဂရုစိုက္ဖို႔နည္းေတြကို စာဖတ္သူတို႔သိသြားေလာက္ၿပီထင္ပါတယ္။ ဒီ Article ေၾကာင့္ Laptop တစ္လံုးကိုေကာင္းေကာင္း ဂရုစိုက္ေပးႏိုင္ၾကပါ‌ေစလို႔ ေျပာရင္း ဒီ Article ကိုအဆံုးသတ္လိုက္ရပါတယ္။


စာဖတ္သူအားလံုး Stay Safe ပါခင္ဗ်ာ 🙏


Ref: Mousemedia

No comments: