Saturday, August 7, 2021

ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့အကြောင်း အပိုင်း(၁)

ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့အကြောင်း အပိုင်း(၁)




#ကိုရီးယားဇာတ်လမ်းတွဲ

#ရုပ်သံဇာတ်လမ်း

(အွန်စောတို့ ထယ်စောက်တို့နဲ့ လူထူအသည်းစွဲဖြစ်လာတဲ့ ကိုရီးယားနိုင်ငံရဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအကြောင်း သိပြီးသူတွေကတော့ သိပြီးကြပါပြီ။ ဒါပေမယ့် ကျွန်တော်တို့လို အခုမှစိတ်ဝင်စားသူများအတွက်ကတော့ ဇာနည်(Korean Wave) ကျေးဇူးနဲ့သိရတာ နှစ် ကာလသိပ်မကြာသေးပါဘူး။ ဒါကြောင့် သိချင်မယ် ဖတ်ချင်မယ်ထင်တာမို့ တဆင့်ကူးယူဝေငှလိုက်ပါတယ်။ မူလစာမျက်နှာရဲ့လင့်ခ်ကို တော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်နော်။)


🚨🚨ကိုရီးယားဒရမ်မာတွေကြည့်ပြီး ဇာတ်လမ်းတွဲတွေ ဘယ်လိုတွေဖြစ်တည်လာသလဲဆိုတဲ့ Basic အကြောင်းလေးတွေ သိထားတော့ smartဖြစ်တာပေါ့😉😉😉😉


 ~ ကုန်ကျစရိတ်၊ဝင်ငွေ၊အစသဖြင့်~


မြန်မာနိုင်ငံမှာ တောင်ကိုရီးယားနိုင်ငံကဇာတ်လမ်းတွဲတွေ ထုတ်လွှင့်လာတာ၂၀၂၁ခုနှစ်ဆိုရင် ၂၁နှစ်ရှိပါပြီ။၂၀၀၀ပြည့်နှစ်က မြဝတီ ရုပ်သံကထုတ်လွှင့်ခဲ့တဲ့ Deliciouse Proposal(အချစ်ဆုံးအတွက်ဟင်းတမယ်) တောင်ကိုရီးယားဇာတ်လမ်းတွဲဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပြီး အဲ့ဒီ့အချိန်ကစလို့ မြန်မာပရိသတ်တွေအားပေးခဲ့တဲ့ တောင်ကိုရီးယား ဇာတ်လမ်းတွဲများဟာ ခုချိန်မှာတော့ အာရှနိုင်ငံများတင်မကဘဲတကမာလုံးကိုပြန့်နှံ့သွားခဲ့ပြီး တမြန်နှစ်ကျင်းပ တဲ့ အော်စကာရုပ်ရှင်ဆု ပေးပွဲမှာတောင်က်ိုရီးယားရုပ်ရှင်ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်၊ဒါရိုက်တာနဲ့တခြားအဓိကဆုများကိုသိမ်းပိုက်နိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။


ကျွန်တော်တို့တွေလည်း မရေတွက်နိုင်တဲ့ကိုရီးယားဇာတ်လမ်းတွဲများကိုကြည့်ခဲ့ကြပေမယ့်အဲ့ဒီ့ကိုရီးယားဇာတ်လမ်းတွဲတွေရိုက်ရင် ဘယ်လောက်ကုန်ကျမလဲ အဲ့ဒီ့ကုန်ကျငွေကဘယ်နေရာကနေပြီး ရတာလဲဆိုတာကိုတော့ ထဲထဲဝင်ဝင်သိတဲ့လူကနည်းမယ်လို့ ထင်ပါတယ်။အဲ့ဒီ့လိုနည်းတဲ့လူတွေထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ကိုယ်သိချင်တဲ့ အကြောင်းအရာ လေးတွေကို ရှာဖွေစုဆောင်းပြီး ကျွန်တော့်လိုမျိုးသိချင်ကြတဲ့သူများအတွက် မျှဝေပေးလိုက်ပါတယ်။


အားလုံးသိချင်ကြမယ်ဆိုတဲ့ ဇာတ်လမ်းတွဲကုန်ကျစရိတ်ကိုမပြောခင် ပထမဦးဆုံးပြောပြချင်တာကတော့ ကိုရီးယားဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ရုပ်သံလိုင်းများအကြောင်းကိုပြောပြချင်ပါတယ်။တကယ်တော့ ကိုရီးယားနိုင်ငံဟာအရင် တကယ့်ကိုတင်းကြပ်မှု့များစွာရှိ ခဲ့တဲ့နိုင်ငံတစ်ခုဖြစ် ခဲ့တာမို့ ရုပ်သံလိုင်းများကို အစိုးရနဲ့ဘာသာရေးဆိုင်ရာဌာနများကချုပ်ကိုင်ထားခဲ့ကြပါတယ်။ခုချိန်မှာတော့ MBC, KBS,SBSကတော့ အဓိကရုပ်သံလိုင်းများအဖြစ်နဲ့ဇာတ်လမ်း တွဲများ၊တီဗွီရှိုးများ၊သတင်းများကိုထုတ်လွှင့်လျက်ရှိနေပြီး အဲ့ဒီ့ရုပ်သံလိုင်း များရဲ့လက်ခွဲများလို့ဆိုနိုင်တဲ့ tvN,jtbc OCNတို့ကတော့ အခပေးလိုင်းများဘဲဖြစ်ပါတယ်။အခပေးလိုင်းဆိုပေမယ့် ဆိုးလ်မြို့က အိမ်တိုင်း လိုလိုမှာ အဆိုပါလ်ိုင်းတွေရှိပါတယ်။


ဆိုတော့ ဇာတ်လမ်းတွဲတစ်ပုဒ်ကိုသက်ဆိုင်ရာ ရုပ်သံလိုင်းတွေက ရိုက်ကူးတော့မယ်ဆိုရင်ပထမဦးဆုံး ထုတ်လုပ်သူကနေပြီး ရိုက်ကူး ချင်တဲ့အကြောင်းအရာနဲ့ယာယီသတ်မှတ်ထားတဲ့ဇာတ်ညွှန်းဆရာနဲ့မင်းသားမင်းသမီးများနဲ့အထက်ကို တင်ပြကာ အထက်က ဒီထုတ်လုပ်ရေးက အောင်မြင်နိုင်တယ်။ပရိသတ်ကြည့်နှုန်းများနိုင်တယ်ဆိုရင်တော့ ရိုက်ကူးခွင့်ပြုတာမို့အဲ့ဒီံအချိန်ကစလို့ ဇာတ်ညွှန်း ဆရာနဲ့အသေးစိတ်ညှိုနှိုင်းပြီးတဲ့အချိန်မှာတော့ပါဝင်ဖို့စဉ်းစားထား တဲ့မင်းသားမင်းသမီးများရဲ့အေဂျင်စီများကို ဇာတ်ညွှန်းအပိုင်း(၁) ဒါမှမဟုတ်ဇာတ်လမ်းအကျဉ်းကိုပေးပြီး ကမ်းလှမ်းကြပါတယ်။


ကိုရီးယားဇာတ်လမ်းတွဲများရဲ့ဒါရိုက်တာ အများစုဟာ freelance နဲ့ရိုက်ကူးသူများရှိသလိုတချို့ကတော့ သက်ဆိုင်ရာရုပ်သံများနဲ့ စာချုပ်ချုပ်ဆိုကြတာရှိသလို အဆိုပါရုပ်သံလိုင်းရဲ့ ဝန်ထမ်းအဖြစ်နဲ့လည်းလုပ်ကိုင်ကြတာမျိုးလည်းရှိတယ်လို့ကြားဖူးပါတယ်။ ဇာတ်ညွှန်းကတော့ အပြင်ကသပ်သပ်ဖြစ်ပါတယ်။အဲ့ဒီ့မှာပြောချင်တာက ရုပ်သံလိုင်းတွေကထုတ်လွှင့်တာဆိုပေမယ့် ဇာတ်လမ်းကို ရိုက်ကူးတဲ့ ရိုက်ကူးရေးကုမဏီဆိုတာကလည်းသပ်သပ်ရှိပါတယ်။


ဥပမာ အခုလူကြိုက်များတဲ့Penthouseဟာ SBSကထုတ် လွှင့်နေတာဖြစ်ပေမယ့် ရ်ိုက်ကူးတာကတော့ StudioS ကဘဲဖြစ်ပါတယ်။ StudioSကတော့ SBSရဲ့ Group Company ဖြစ်ပါတယ်။အဲ့ဒီ့လိုနဲ့ဇာတ်ညွှန်းဆရာကဇာတ်ညွှန်းတဝက် လောက်ပြီးတာနဲ့ ဇာတ်ကားရိုက် ကူးရေးကိုစကြတာများပါတယ်။ခုနောက်ပိုင်းအပိုင်းတိုတဲ့၁၆ပိုင်း ၁၀ပိုင်း ၈ပိုင်းလိုမျိုးကတော့ဇာတ်ညွှန်းအားလုံးပြီးမှ ရိုက်ကူးရေးစကြတာ မျိုးလည်းရှိပါတယ်။အပိုင်းအရမ်းရှည်တဲ့အပိုင်း၄၀ကျော် ၅၀ကျော်တဲ့ဇာတ်လမ်းတွဲများမှာကတော့ ရေးနေရင်းရိုက်ကူးကြတာမို့ တချို့ မင်းသားမင်းသမီးတွေက ရိုက်ကူးရင်းနဲ့ သူတို့ရဲ့ဇာတ်ကောင်စရိုက်နဲ့ပတ်သတ်ပြီးမကျေမနပ်ဖြစ်ပြီး ရိုက်ကူးရေးကနုတ်ထွက်တာမျိုး လည်းကြုံရဖူးပါတယ်။(East of Edenဇာတ်လမ်းတွဲမှာ ပါဝင်တဲ့မင်းသမီး Lee Da Haeဟာ သူ့ရဲ့ဇာတ်ရုပ်က တခြားမင်သမီးတွေနဲ့အစ ပိုင်းမှာ အပြိုင်ဖြစ်ပေမယ့်နောက်ပိုင်းနေရာမရဘူးဆိုပြီး ဇာတ်လမ်းတွဲရိုက်ကူးရေးကနေပြီးနှုတ်ထွက်သွားခဲ့ဖူးပါတယ်။)


နောက်ထပ်တောင်ကိုရီးယားဇာတ်လမ်းတွဲများထူးခြားမှု့တစ်ခုကတော့ ဇာတ်လမ်းတွဲဆိုတာပုံမှန်အားဖြင့် ထုတ်လွှင့်တဲ့ရုပ်သံလိုင်း ကရိုက်ကူးခြင်း၊ဒါမှမဟုတ် ထုတ်လွှင့်တဲ့ရုပ်သံလိုင်းကနေပြီး ရိုက်ကူးရေးကုမ္ပဏီကို ဘတ်ဂျက်ပေးပြီး ရိုက်ကူးစေခြင်းမျိုးဖြစ်ပေမယ့် ခုနောက်ပိုင်းကိုရီးယားဇာတ်လမ်းတွဲများကတော့ ရိုက်ကူးတဲ့ကုမ္ပဏီက ကိုယ့်ဘာသာကိုယ် Planတွေစီစဉ်ပြီး ဇာတ်ညွှန်းဆရာတွေ၊ မင်းသားမင်းသမီးတွေနဲရိုက်ကူးပြီးထုတ်လွှင့်မယ့်ရုပ်သံ တွေကိုဒါမှမဟုတ်netfilxတို့လို အခပေးလိုင်းတွေကိုရောင်းချမှု့များဟာလည်း အတော် လေးများလာပါတယ်။လတ်တလောပြောရရင်တော့မင်းသမီးဆောင်းဟေဂိုရဲ့ဇာတ်လမ်းတွဲသစ်ဟာ ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးဖို့ကြေညာလိုက်ပေမယ့် ထုတ်လွှင့်မယ့်ရုပ်သံလိုင်းကတော့သတ်မှတ်ခြင်းမရှိသေးဘဲ ညှိုနှိုင်းနေဆဲလို့သိရပါတယ်။ အဲ့ဒီ့လိုမျိုး ထုတ်လုပ်ရေးကုမ္ပဏီတွေက စီစဉ်ပြီး ရုပ်သံလိုင်းတွေကိုရောင်းချတာမျိုးဟာလည်း ခုနောက်ပိုင်းများလာပါတယ်။ နာမည်ကြီး ဇာတ်လမ်း တွဲဖြစ်ခဲ့တဲ့ မင်းသားလီဗြောင်ဟွန်းရဲ့ဇာတ်လမ်းတွဲMr.Sunshineဟာလည်း အစပိုင်းကထုတ်လွှင့်မယ့်ရုပ်သံလိုင်းကတော့ SBSဖြစ်ပေ မယ့် တပိုင်းကို ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ၁၀သိန်းနီးပါးရှိတာမို့နာမည်ကြီးမင်းသားဖြစ်ပေမယ့် ပရိသတ်ကြည့်နှုန်း မမြင့်ခဲ့ရင် အရှုံးပြနိုင်တာမို့ထုတ်လုပ်ရေးကုမ္ပဏီကိုငြင်းဆိုလိုက်ပြီးနောက်ဆုံးပိတ်မှာတော့ tvNက ကုန်ကျစရိတ်ကိုထုတ်ပေးနိုင်ခဲ့တာမို့ ထုတ်လွှင့် ခွင့်ကို tvNကရရှိခဲ့တာဖြစ်ပါတယ်။


အခုစပြောမှာကတော့ ဇာတ်လမ်းတွဲတစ်တွဲရဲ့ ရိုက်ကူးမှု့ကုန်ကျစရိတ်ဘဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲရဲ့ကုန်ကျစရိတ်ဆိုပေမယ့် အားလုံးသိ ကြတဲ့အတိုင်းကိုရီးယားဇာတ်လမ်းတွဲများဟာအမျိုးအစားအမျိုးမျိုးရှိပါတယ်။၁၆ပိုင်း၂၄ပိုင်း လိုအတိုတွေရှိသလိုနေ့စဉ်ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲများ စနေတနင်္ဂနွေထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲဆိုပြီးအမျိုးမျိးရှိပါတယ်။အဲ့ဒါကြောင့်မို့ MiniDrama,Weekend Drama, Weekday Dramaဆိုပြီးကုန်ကျစရိတ်က မတူတာမို့ခွဲခြားပြီးဖော်ပြပေးပါ့မယ်။


ပထမဦးဆုံး မြန်မာနိုင်ငံကပရိသတ်တွေအကြည့်များတဲ့ဇာတ်လမ်းတွဲကတော့ အပိုင်းတိုလို့ဆိုရမယ့် ၁၆ပိုင်းကနေ၂၄ပိုင်းလောက်ထိ ပါဝင်တဲ့MiniDramaဇာတ်လမ်းတွဲရဲ့ကုန်ကျစရိတ်ပါ။အပိုင်းတစ်ပိုင်းကိုပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ၂သိန်းခွဲလောက်ရှိပါတယ်။ တစ်ပိုင်းရဲ့ကုန်ကျစရိတ်ဖြစ်တာမို့ အပိုင်း၁၆ပိုင်းပါတဲ့ ဇာတ်လမ်းတွဲတစ်တွဲရဲ့ပျှမ်းမျှကုန်ကျစရိတ်ဟာ ဒေါ်လာသိန်း၄၀ရှိပါတယ်။ ဒါက ပုံမှန်အချစ်ဇာတ်လမ်း၊ဖန်စီဇာတ်လမ်းပါ။ဥပမာပေးရရင်အခုလွှင့်နေတဲ့true Beautyလိုဇာတ်မျိုးပေါ့။ဒါပေမယ့် true beautyက မူရင်း ကာတွန်းကနာမည်ကြီးမို့ အဲ့အတွက် အကုန်ခံရတာမို့ မင်းသားမင်းသမီးများကတော့ တက်သစ်စနဲ့ဈေးသက်သာတဲ့သရုပ်ဆောင်များ ကိုရွေးချယ်ထားတယ်လို့ထင်ရပါတယ်။ဒါပေမယ့်ဒါတွေကMr Queenလို ရှေးခေတ်နောက်ခံဇာတ်လမ်းတွဲမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့ ကုန်ကျစရိတ်ကပိုကုန်တာမို့ တပိုင်းကိုအမေရိကန်ဒေါ်လာ ၄သိန်းလောက်ကုန်ကျမှာဖြစ်ပါတယ်။ရှေးခေတ်နောက်ခံဇာတ်လမ်းဟာ အဝတ်အစားဖိုးနဲ့ ရိုက်ကွင်းတွေဟာလည်းဆက်တင်ဆောက်ရတာတာတွေရှိသလို နယ်ထွက်ပြီးရိုက်ကွင်းတည်ရတာတွေရှိတာမို့ ကုန်ကျစရိတ်ပိုများတာဖြစ်မယ်လို့ထင်ပါတယ်။


နောက်ထပ်ဖော်ပြပေးမှာကတော့ Weekend Dramaဘဲဖြစ် ပါတယ်။သူကတော သက်သာပါတယ။်တပိုင်းကို အမေရိကန်ဒေါ်လာ၁သိန်း ခွဲကနေ ၂သိန်း၇သောင်းလောက်ထိကုန် ကြပါတယ်။ဒီဇာတ်လမ်းတွမျိုးကတော့စနေတနင်္ဂနွေမိသားစု လိုက်ကြည့်လို့ရတဲ့ FamilyDama ဖြစ်ပြီးအပြင်ရိုက်ကွင်းတွေထက် ရုပ်သံလိုင်းပိုင်းစတူဒီယိုက ဆက်တင်မှရိုက်ကူးတာမို့ကုန်ကျစရိတ်သက်သာတာဖြစ်ပါတယ်။


နောက်ဆုံးကတော့ Weekday Dramaဘဲဖြစ်ပါတယ်။သူကတော့တပိုင်းကိုအမေရိကန်ဒေါ်လာ၁သိန်းလောက်ဘဲကုန်ကျ ပါတယ်။ တနင်္လာနေ့ကနေသောကြာနေ့အထိထုတ်လွှင့်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။သတ်မှတ်ထားတဲ့နေရာကသတ်မှတ်ထားတဲ့ဆက်တင်တွေမှာရ်ိုက်ကူးတာမို့ ကုန်ကျစရိတ်အသက်သာဆုံးဘဲဖြစ်ပါတယ်။


ဇာတ်လမ်းတွဲကုန်ကျစရိတ်တွေကိုဘယ်ကထုတ်ပေးနေသလဲဆိုတာကတော့ရှေ့ကဆိုခဲ့သလိုဘဲ ထုတ်လွှင့်တဲ့ရုပ်သံလိုင်းများက ကုန်ကျ ရတာဖြစ်ပါတယ်။နောက်ပြီးကိုရီးယားနိုင်ငံရဲ့ဇာတ်လမ်းတွဲရဲ့ကုန်ကျစရိတ် ရဲ့အပိုင်းတစ်ပိုင်းရဲ့ကုန်ကျစရိတ်ရဲ့၆၀% ဟာ ပါဝင်တဲ့မင်းသား မင်းသမီးများနဲ့ဇာတ်ညွှန်းဆရာရဲ့အနုပညာကြေးဖြစ်ပြီးကျန်တဲ့၄၀%ကတော့ရိုက်ကူးရေးနဲ့ပတ်သတ်တဲ့ကုန်ကျစရိတ်များဘဲဖြစ်ပါတယ်။မင်းသားမင်းသမီးက နာမည်ကြီးကိုသုံးရင်သုံးသလို ပြည်ပနိုင်ငံတွေမှာထုတ်လွှုင့်ဖို့အတွက်ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်သလို အဲ့မင်းသားမင်းသမီးကကြေငြာနေတဲ့ကုန်ပစည်များရဲ့စပွန်ဆာလည်းရနိုင်တာမို့ ဘယ်လောက် ပင်ဈေးကြီးပေမယ့် နာမည်ကြီးမင်းသား မင်းသမီးတွေဆီမှာ ဇာတ်ညွှန်းတွေကပုံနေတတ်ပါတယ်။အဲ့ဒီ့လိုဘဲနာမည်ကြီးဇာတ်ညွှန်းဆရာများဟာလည်း မင်းသားမင်းသမီးတွေနဲ့ အပြိုင်အနုပညာကြေးကြီးကြသလို တစ်နှစ်မှ တစ်တွဲလောက် ရေးဖိုဆိုတာမလွယ်လှပါဘူး။ကိုယ်ရေးတဲ့ဇာတလမ်းတွဲက ပရိသတ်ကြည့် နှုန်းမြင့်မှ ကိုယ့်နာမည်လည်းပိုတက်မှာမို့ အရည်အသွေးကိုထိန်းကြတာများပါတယ်။ အခုနာမည်ကြီးနေတဲ့Penthouseရေးတဲ့ဇာတ်ညွှန်း ဆရာမ ကင်ဆန်းအုပ်ဆိုရင် SBSရဲ့လက်စွဲဖြစ်သလို သူရေးတဲ့ဇာတ်လမ်းတွဲတွေကလည်းအကုန်နီးပါး ပရိသတ်ကြည့်နှုန်းမြင့်တာမို့ သူ့ရဲ့တပိုင်းတပ်ိုင်းပေးရတဲ့ဇာတ်ညွှန်းခကလည်းပါဝင်နေတဲ့မင်းသမီးတွေနဲ့အတူတူလောက်ရှိပါတယ်။


Penthouseဇာတ်လမ်းတွဲဆိုရင် မင်းသမီးကနာမည်ကြီး၃ယောက် ပါတာမို့ မင်းသားကိုဝိတ်လျော့ထားတာကိုတွေ့ရမှာပါ။ဒါပေမယ့် မာရီဇာတ်ရုပ်ကမင်းသမီးရှင်အန်ကျုဟာဒီဇာတ်ကားမှာဇာတ်ပို့နေရာပါထားပေမယ့် သူ့ရဲ့အနုပညာကြေးဟာလည်းမသေးပါဘူး။ တခြားမကြည့်ပါနဲ့ မာရီခန်းတစ်ခန်းမှ အဖြတ်မခံရပါဘူး။ကဒ်အပြည့်လွှင့်ပေးပါတယ်။ ဝါအရဖြစ်တဲ့အပြင်ဆေးစက်ကျရင် ရုပ်ထင်တဲ့ သူမပါ အခုလိုဇာတ်ပို့နေရာမှာပါဝင်နေလို့လည်း ဇာတ်ကကြွနေတာလို့မြင်မိပါတယ်။


ရုပ်သံလိုင်းတွေကအခုလိုကုန်ကျစရိတ်တွေကို ဘယ်ကနေပြီးပြန်ရလဲ၊မငိးသားမင်းသမီးတွေဝတ်တဲ့ အဝတ်တွေ ဘယ်လိုတွေစီစဉ် တာလဲဆိုတွေကိုနောက်နေ့မှာဆက်လက် ဖော်ပြပေးပါ့မယ်။စာအရမ်းရှည်နေရင် ဖတ်ရတာပျင်းသွားမှာဆိုးလို့ပါ။


အပိုင်း(၂) ဆက်ဖတ်ရန်👇👇👇


https://www.facebook.com/104005934734878/posts/217145390087598/


ဇာနည်

#ZarnisROOM

#ZarniKoreanawave


[Zawgyi]ကိုရီးယားဇာတ္လမ္းတြဲေတြရဲ့အေၾကာင္း အပိုင္း(၁)




#ကိုရီးယားဇာတ္လမ္းတြဲ

#ရုပ္သံဇာတ္လမ္း

(အြန္ေစာတို႔ ထယ္ေစာက္တို႔နဲ႔ လူထူအသည္းစြဲျဖစ္လာတဲ့ ကိုရီးယားႏိုင္ငံရဲ့ ရုပ္သံဇာတ္လမ္းတြဲေတြအေၾကာင္း သိၿပီးသူေတြကေတာ့ သိၿပီးၾကပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လို အခုမွစိတ္ဝင္စားသူမ်ားအတြက္ကေတာ့ ဇာနည္(Korean Wave) ေက်းဇူးနဲ႔သိရတာ ႏွစ္ ကာလသိပ္မၾကာေသးပါဘူး။ ဒါေၾကာင့္ သိခ်င္မယ္ ဖတ္ခ်င္မယ္ထင္တာမို႔ တဆင့္ကူးယူေဝငွလိုက္ပါတယ္။ မူလစာမ်က္ႏွာရဲ့လင့္ခ္ကို ေတာ့ ေအာက္ဆံုးမွာ ထၫ့္ေပးထားပါတယ္ေနာ္။)


🚨🚨ကိုရီးယားဒရမ္မာေတြၾကၫ့္ၿပီး ဇာတ္လမ္းတြဲေတြ ဘယ္လိုေတျြဖစ္တည္လာသလဲဆိုတဲ့ Basic အေၾကာင္းေလးေတြ သိထားေတာ့ smartျဖစ္တာေပါ့😉😉😉😉


 ~ ကုန္က်စရိတ္၊ဝင္ေငြ၊အစသျဖင့္~


ျမန္မာႏိုင္ငံမွာ ေတာင္ကိုရီးယားႏိုင္ငံကဇာတ္လမ္းတြဲေတြ ထုတ္လႊင့္လာတာ၂၀၂၁ခုႏွစ္ဆိုရင္ ၂၁ႏွစ္ရိွပါၿပီ။၂၀၀၀ျပၫ့္ႏွစ္က ျမဝတီ ရုပ္သံကထုတ္လႊင့္ခဲ့တဲ့ Deliciouse Proposal(အခ်စ္ဆံုးအတြက္ဟင္းတမယ္) ေတာင္ကိုရီးယားဇာတ္လမ္းတြဲဟာ ျမန္မာႏိုင္ငံမွာ ပထမဦးဆံုးအႀကိမ္ထုတ္လႊင့္ခဲ့တဲ့ဇာတ္လမ္းတြဲျဖစ္ၿပီး အဲ့ဒီ့အခ်ိန္ကစလို႔ ျမန္မာပရိသတ္ေတြအားေပးခဲ့တဲ့ ေတာင္ကိုရီးယား ဇာတ္လမ္းတြဲမ်ားဟာ ခုခ်ိန္မွာေတာ့ အာရွႏိုင္ငံမ်ားတင္မကဘဲတကမာလံုးကိုျပန႔္ႏွံ႔သြားခဲ့ၿပီး တျမန္ႏွစ္က်င္းပ တဲ့ ေအာ္စကာရုပ္ရွင္ဆု ေပးပြဲမွာေတာင္က္ိုရီးယားရုပ္ရွင္ဇာတ္ကားက အေကာင္းဆံုးရုပ္ရွင္၊ဒါရိုက္တာနဲ႔တျခားအဓိကဆုမ်ားကိုသိမ္းပိုက္ႏိုင္ခဲ့တဲ့အထိ တိုးတက္လာခဲ့ၿပီျဖစ္ပါတယ္။


ကြၽန္ေတာ္တို႔ေတြလည္း မေရတြက္ႏိုင္တဲ့ကိုရီးယားဇာတ္လမ္းတြဲမ်ားကိုၾကၫ့္ခဲ့ၾကေပမယ့္အဲ့ဒီ့ကိုရီးယားဇာတ္လမ္းတြဲေတြရိုက္ရင္ ဘယ္ေလာက္ကုန္က်မလဲ အဲ့ဒီ့ကုန္က်ေငြကဘယ္ေနရာကေနၿပီး ရတာလဲဆိုတာကိုေတာ့ ထဲထဲဝင္ဝင္သိတဲ့လူကနည္းမယ္လို႔ ထင္ပါတယ္။အဲ့ဒီ့လိုနည္းတဲ့လူေတြထဲမွာ ကြၽန္ေတာ္လည္းတစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္မို႔ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာ ေလးေတြကို ရွာေဖြစုေဆာင္းၿပီး ကြၽန္ေတာ့္လိုမ်ိဳးသိခ်င္ၾကတဲ့သူမ်ားအတြက္ မ်ွေဝေပးလိုက္ပါတယ္။


အားလံုးသိခ်င္ၾကမယ္ဆိုတဲ့ ဇာတ္လမ္းတြဲကုန္က်စရိတ္ကိုမေျပာခင္ ပထမဦးဆံုးေျပာျပခ်င္တာကေတာ့ ကိုရီးယားဇာတ္လမ္းတြဲေတြ ရိုက္ကူးေနတဲ့ရုပ္သံလိုင္းမ်ားအေၾကာင္းကိုေျပာျပခ်င္ပါတယ္။တကယ္ေတာ့ ကိုရီးယားႏိုင္ငံဟာအရင္ တကယ့္ကိုတင္းၾကပ္မႈ႔မ်ားစြာရိွ ခဲ့တဲ့ႏိုင္ငံတစ္ခုျဖစ္ ခဲ့တာမို႔ ရုပ္သံလိုင္းမ်ားကို အစိုးရနဲ႔ဘာသာေရးဆိုင္ရာဌာနမ်ားကခ်ဳပ္ကိုင္ထားခဲ့ၾကပါတယ္။ခုခ်ိန္မွာေတာ့ MBC, KBS,SBSကေတာ့ အဓိကရုပ္သံလိုင္းမ်ားအျဖစ္နဲ႔ဇာတ္လမ္း တြဲမ်ား၊တီဗြီရိႈးမ်ား၊သတင္းမ်ားကိုထုတ္လႊင့္လ်က္ရိွေနၿပီး အဲ့ဒီ့ရုပ္သံလိုင္း မ်ားရဲ့လက္ခြဲမ်ားလို႔ဆိုႏိုင္တဲ့ tvN,jtbc OCNတို႔ကေတာ့ အခေပးလိုင္းမ်ားဘဲျဖစ္ပါတယ္။အခေပးလိုင္းဆိုေပမယ့္ ဆိုးလ္ၿမိဳ႔က အိမ္တိုင္း လိုလိုမွာ အဆိုပါလ္ိုင္းေတြရိွပါတယ္။


ဆိုေတာ့ ဇာတ္လမ္းတြဲတစ္ပုဒ္ကိုသက္ဆိုင္ရာ ရုပ္သံလိုင္းေတြက ရိုက္ကူးေတာ့မယ္ဆိုရင္ပထမဦးဆံုး ထုတ္လုပ္သူကေနၿပီး ရိုက္ကူး ခ်င္တဲ့အေၾကာင္းအရာနဲ႔ယာယီသတ္မွတ္ထားတဲ့ဇာတ္ၫႊန္းဆရာနဲ႔မင္းသားမင္းသမီးမ်ားနဲ႔အထက္ကို တင္ျပကာ အထက္က ဒီထုတ္လုပ္ေရးက ေအာင္ျမင္ႏိုင္တယ္။ပရိသတ္ၾကၫ့္ႏႈန္းမ်ားႏိုင္တယ္ဆိုရင္ေတာ့ ရိုက္ကူးခြင့္ျပဳတာမို႔အဲ့ဒီံအခ်ိန္ကစလို႔ ဇာတ္ၫႊန္း ဆရာနဲ႔အေသးစိတ္ၫွိုႏိႈင္းၿပီးတဲ့အခ်ိန္မွာေတာ့ပါဝင္ဖို႔စဉ္းစားထား တဲ့မင္းသားမင္းသမီးမ်ားရဲ့ေအဂ်င္စီမ်ားကို ဇာတ္ၫႊန္းအပိုင္း(၁) ဒါမွမဟုတ္ဇာတ္လမ္းအက်ဉ္းကိုေပးၿပီး ကမ္းလွမ္းၾကပါတယ္။


ကိုရီးယားဇာတ္လမ္းတြဲမ်ားရဲ့ဒါရိုက္တာ အမ်ားစုဟာ freelance နဲ႔ရိုက္ကူးသူမ်ားရိွသလိုတခ်ိဳ႕ကေတာ့ သက္ဆိုင္ရာရုပ္သံမ်ားနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၾကတာရိွသလို အဆိုပါရုပ္သံလိုင္းရဲ့ ဝန္ထမ္းအျဖစ္နဲ႔လည္းလုပ္ကိုင္ၾကတာမ်ိဳးလည္းရိွတယ္လို႔ၾကားဖူးပါတယ္။ ဇာတ္ၫႊန္းကေတာ့ အျပင္ကသပ္သပ္ျဖစ္ပါတယ္။အဲ့ဒီ့မွာေျပာခ်င္တာက ရုပ္သံလိုင္းေတြကထုတ္လႊင့္တာဆိုေပမယ့္ ဇာတ္လမ္းကို ရိုက္ကူးတဲ့ ရိုက္ကူးေရးကုမဏီဆိုတာကလည္းသပ္သပ္ရိွပါတယ္။


ဥပမာ အခုလူႀကိဳက္မ်ားတဲ့Penthouseဟာ SBSကထုတ္ လႊင့္ေနတာျဖစ္ေပမယ့္ ရ္ိုက္ကူးတာကေတာ့ StudioS ကဘဲျဖစ္ပါတယ္။ StudioSကေတာ့ SBSရဲ့ Group Company ျဖစ္ပါတယ္။အဲ့ဒီ့လိုနဲ႔ဇာတ္ၫႊန္းဆရာကဇာတ္ၫႊန္းတဝက္ ေလာက္ၿပီးတာနဲ႔ ဇာတ္ကားရိုက္ ကူးေရးကိုစၾကတာမ်ားပါတယ္။ခုေနာက္ပိုင္းအပိုင္းတိုတဲ့၁၆ပိုင္း ၁၀ပိုင္း ၈ပိုင္းလိုမ်ိဳးကေတာ့ဇာတ္ၫႊန္းအားလံုးၿပီးမွ ရိုက္ကူးေရးစၾကတာ မ်ိဳးလည္းရိွပါတယ္။အပိုင္းအရမ္းရွည္တဲ့အပိုင္း၄၀ေက်ာ္ ၅၀ေက်ာ္တဲ့ဇာတ္လမ္းတြဲမ်ားမွာကေတာ့ ေရးေနရင္းရိုက္ကူးၾကတာမို႔ တခ်ိဳ႕ မင္းသားမင္းသမီးေတြက ရိုက္ကူးရင္းနဲ႔ သူတို႔ရဲ့ဇာတ္ေကာင္စရိုက္နဲ႔ပတ္သတ္ၿပီးမေက်မနပ္ျဖစ္ၿပီး ရိုက္ကူးေရးကႏုတ္ထြက္တာမ်ိဳး လည္းႀကံဳရဖူးပါတယ္။(East of Edenဇာတ္လမ္းတြဲမွာ ပါဝင္တဲ့မင္းသမီး Lee Da Haeဟာ သူ႔ရဲ့ဇာတ္ရုပ္က တျခားမင္သမီးေတြနဲ႔အစ ပိုင္းမွာ အၿပိဳင္ျဖစ္ေပမယ့္ေနာက္ပိုင္းေနရာမရဘူးဆိုၿပီး ဇာတ္လမ္းတြဲရိုက္ကူးေရးကေနၿပီးႏႈတ္ထြက္သြားခဲ့ဖူးပါတယ္။)


ေနာက္ထပ္ေတာင္ကိုရီးယားဇာတ္လမ္းတြဲမ်ားထူးျခားမႈ႔တစ္ခုကေတာ့ ဇာတ္လမ္းတြဲဆိုတာပံုမွန္အားျဖင့္ ထုတ္လႊင့္တဲ့ရုပ္သံလိုင္း ကရိုက္ကူးျခင္း၊ဒါမွမဟုတ္ ထုတ္လႊင့္တဲ့ရုပ္သံလိုင္းကေနၿပီး ရိုက္ကူးေရးကုမၸဏီကို ဘတ္ဂ်က္ေပးၿပီး ရိုက္ကူးေစျခင္းမ်ိဳးျဖစ္ေပမယ့္ ခုေနာက္ပိုင္းကိုရီးယားဇာတ္လမ္းတြဲမ်ားကေတာ့ ရိုက္ကူးတဲ့ကုမၸဏီက ကိုယ့္ဘာသာကိုယ္ Planေတြစီစဉ္ၿပီး ဇာတ္ၫႊန္းဆရာေတြ၊ မင္းသားမင္းသမီးေတြနဲရိုက္ကူးၿပီးထုတ္လႊင့္မယ့္ရုပ္သံ ေတြကိုဒါမွမဟုတ္netfilxတို႔လို အခေပးလိုင္းေတြကိုေရာင္းခ်မႈ႔မ်ားဟာလည္း အေတာ္ ေလးမ်ားလာပါတယ္။လတ္တေလာေျပာရရင္ေတာ့မင္းသမီးေဆာင္းေဟဂိုရဲ့ဇာတ္လမ္းတြဲသစ္ဟာ ထုတ္လုပ္ေရးကုမၸဏီက ရိုက္ကူးဖို႔ေၾကညာလိုက္ေပမယ့္ ထုတ္လႊင့္မယ့္ရုပ္သံလိုင္းကေတာ့သတ္မွတ္ျခင္းမရိွေသးဘဲ ၫွိုႏိႈင္းေနဆဲလို႔သိရပါတယ္။ အဲ့ဒီ့လိုမ်ိဳး ထုတ္လုပ္ေရးကုမၸဏီေတြက စီစဉ္ၿပီး ရုပ္သံလိုင္းေတြကိုေရာင္းခ်တာမ်ိဳးဟာလည္း ခုေနာက္ပိုင္းမ်ားလာပါတယ္။ နာမည္ႀကီး ဇာတ္လမ္း တြဲျဖစ္ခဲ့တဲ့ မင္းသားလီေျဗာင္ဟြန္းရဲ့ဇာတ္လမ္းတြဲMr.Sunshineဟာလည္း အစပိုင္းကထုတ္လႊင့္မယ့္ရုပ္သံလိုင္းကေတာ့ SBSျဖစ္ေပ မယ့္ တပိုင္းကို ကုန္က်စရိတ္အေမရိကန္ေဒၚလာ၁၀သိန္းနီးပါးရိွတာမို႔နာမည္ႀကီးမင္းသားျဖစ္ေပမယ့္ ပရိသတ္ၾကၫ့္ႏႈန္း မျမင့္ခဲ့ရင္ အရႈံးျပႏိုင္တာမို႔ထုတ္လုပ္ေရးကုမၸဏီကိုျငင္းဆိုလိုက္ၿပီးေနာက္ဆံုးပိတ္မွာေတာ့ tvNက ကုန္က်စရိတ္ကိုထုတ္ေပးႏိုင္ခဲ့တာမို႔ ထုတ္လႊင့္ ခြင့္ကို tvNကရရိွခဲ့တာျဖစ္ပါတယ္။


အခုစေျပာမွာကေတာ့ ဇာတ္လမ္းတြဲတစ္တြဲရဲ့ ရိုက္ကူးမႈ႔ကုန္က်စရိတ္ဘဲျဖစ္ပါတယ္။ဇာတ္လမ္းတြဲရဲ့ကုန္က်စရိတ္ဆိုေပမယ့္ အားလံုးသိ ၾကတဲ့အတိုင္းကိုရီးယားဇာတ္လမ္းတြဲမ်ားဟာအမ်ိဳးအစားအမ်ိဳးမ်ိဳးရိွပါတယ္။၁၆ပိုင္း၂၄ပိုင္း လိုအတိုေတြရိွသလိုေန့စဉ္ထုတ္လႊင့္ေနတဲ့ ဇာတ္လမ္းတြဲမ်ား စေနတနဂၤေနြထုတ္လႊင့္တဲ့ဇာတ္လမ္းတြဲဆိုၿပီးအမ်ိဳးမ်ိးရိွပါတယ္။အဲ့ဒါေၾကာင့္မို႔ MiniDrama,Weekend Drama, Weekday Dramaဆိုၿပီးကုန္က်စရိတ္က မတူတာမို႔ခြဲျခားၿပီးေဖာ္ျပေပးပါ့မယ္။


ပထမဦးဆံုး ျမန္မာႏိုင္ငံကပရိသတ္ေတြအၾကၫ့္မ်ားတဲ့ဇာတ္လမ္းတြဲကေတာ့ အပိုင္းတိုလို႔ဆိုရမယ့္ ၁၆ပိုင္းကေန၂၄ပိုင္းေလာက္ထိ ပါဝင္တဲ့MiniDramaဇာတ္လမ္းတြဲရဲ့ကုန္က်စရိတ္ပါ။အပိုင္းတစ္ပိုင္းကိုပ်ွမ္းမ်ွအားျဖင့္ အေမရိကန္ေဒၚလာ၂သိန္းခြဲေလာက္ရိွပါတယ္။ တစ္ပိုင္းရဲ့ကုန္က်စရိတ္ျဖစ္တာမို႔ အပိုင္း၁၆ပိုင္းပါတဲ့ ဇာတ္လမ္းတြဲတစ္တြဲရဲ့ပ်ွမ္းမ်ွကုန္က်စရိတ္ဟာ ေဒၚလာသိန္း၄၀ရိွပါတယ္။ ဒါက ပံုမွန္အခ်စ္ဇာတ္လမ္း၊ဖန္စီဇာတ္လမ္းပါ။ဥပမာေပးရရင္အခုလႊင့္ေနတဲ့true Beautyလိုဇာတ္မ်ိဳးေပါ့။ဒါေပမယ့္ true beautyက မူရင္း ကာတြန္းကနာမည္ႀကီးမို႔ အဲ့အတြက္ အကုန္ခံရတာမို႔ မင္းသားမင္းသမီးမ်ားကေတာ့ တက္သစ္စနဲ႔ေဈးသက္သာတဲ့သရုပ္ေဆာင္မ်ား ကိုေရြးခ်ယ္ထားတယ္လို႔ထင္ရပါတယ္။ဒါေပမယ့္ဒါေတြကMr Queenလို ေရွးေခတ္ေနာက္ခံဇာတ္လမ္းတြဲမ်ိဳးျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ကုန္က်စရိတ္ကပိုကုန္တာမို႔ တပိုင္းကိုအေမရိကန္ေဒၚလာ ၄သိန္းေလာက္ကုန္က်မွာျဖစ္ပါတယ္။ေရွးေခတ္ေနာက္ခံဇာတ္လမ္းဟာ အဝတ္အစားဖိုးနဲ႔ ရိုက္ကြင္းေတြဟာလည္းဆက္တင္ေဆာက္ရတာတာေတြရိွသလို နယ္ထြက္ၿပီးရိုက္ကြင္းတည္ရတာေတြရိွတာမို႔ ကုန္က်စရိတ္ပိုမ်ားတာျဖစ္မယ္လို႔ထင္ပါတယ္။


ေနာက္ထပ္ေဖာ္ျပေပးမွာကေတာ့ Weekend Dramaဘဲျဖစ္ ပါတယ္။သူကေတာ သက္သာပါတယ။္တပိုင္းကို အေမရိကန္ေဒၚလာ၁သိန္း ခြဲကေန ၂သိန္း၇ေသာင္းေလာက္ထိကုန္ ၾကပါတယ္။ဒီဇာတ္လမ္းတြမ်ိဳးကေတာ့စေနတနဂၤေနြမိသားစု လိုက္ၾကၫ့္လို႔ရတဲ့ FamilyDama ျဖစ္ၿပီးအျပင္ရိုက္ကြင္းေတြထက္ ရုပ္သံလိုင္းပိုင္းစတူဒီယိုက ဆက္တင္မွရိုက္ကူးတာမို႔ကုန္က်စရိတ္သက္သာတာျဖစ္ပါတယ္။


ေနာက္ဆံုးကေတာ့ Weekday Dramaဘဲျဖစ္ပါတယ္။သူကေတာ့တပိုင္းကိုအေမရိကန္ေဒၚလာ၁သိန္းေလာက္ဘဲကုန္က် ပါတယ္။ တနလၤာေန့ကေနေသာၾကာေန့အထိထုတ္လႊင့္တဲ့ဇာတ္လမ္းမ်ိဳးျဖစ္ပါတယ္။သတ္မွတ္ထားတဲ့ေနရာကသတ္မွတ္ထားတဲ့ဆက္တင္ေတြမွာရ္ိုက္ကူးတာမို႔ ကုန္က်စရိတ္အသက္သာဆံုးဘဲျဖစ္ပါတယ္။


ဇာတ္လမ္းတြဲကုန္က်စရိတ္ေတြကိုဘယ္ကထုတ္ေပးေနသလဲဆိုတာကေတာ့ေရ႔ွကဆိုခဲ့သလိုဘဲ ထုတ္လႊင့္တဲ့ရုပ္သံလိုင္းမ်ားက ကုန္က် ရတာျဖစ္ပါတယ္။ေနာက္ၿပီးကိုရီးယားႏိုင္ငံရဲ့ဇာတ္လမ္းတြဲရဲ့ကုန္က်စရိတ္ ရဲ့အပိုင္းတစ္ပိုင္းရဲ့ကုန္က်စရိတ္ရဲ့၆၀% ဟာ ပါဝင္တဲ့မင္းသား မင္းသမီးမ်ားနဲ႔ဇာတ္ၫႊန္းဆရာရဲ့အႏုပညာေၾကးျဖစ္ၿပီးက်န္တဲ့၄၀%ကေတာ့ရိုက္ကူးေရးနဲ႔ပတ္သတ္တဲ့ကုန္က်စရိတ္မ်ားဘဲျဖစ္ပါတယ္။မင္းသားမင္းသမီးက နာမည္ႀကီးကိုသံုးရင္သံုးသလို ျပည္ပႏိုင္ငံေတြမွာထုတ္လႊုင့္ဖို႔အတြက္ေဈးေကာင္းေကာင္းနဲ႔ ေရာင္းခ်ႏိုင္သလို အဲ့မင္းသားမင္းသမီးကေၾကျငာေနတဲ့ကုန္ပစည္မ်ားရဲ့စပြန္ဆာလည္းရႏိုင္တာမို႔ ဘယ္ေလာက္ ပင္ေဈးႀကီးေပမယ့္ နာမည္ႀကီးမင္းသား မင္းသမီးေတြဆီမွာ ဇာတ္ၫႊန္းေတြကပံုေနတတ္ပါတယ္။အဲ့ဒီ့လိုဘဲနာမည္ႀကီးဇာတ္ၫႊန္းဆရာမ်ားဟာလည္း မင္းသားမင္းသမီးေတြနဲ႔ အၿပိဳင္အႏုပညာေၾကးႀကီးၾကသလို တစ္ႏွစ္မွ တစ္တြဲေလာက္ ေရးဖိုဆိုတာမလြယ္လွပါဘူး။ကိုယ္ေရးတဲ့ဇာတလမ္းတြဲက ပရိသတ္ၾကၫ့္ ႏႈန္းျမင့္မွ ကိုယ့္နာမည္လည္းပိုတက္မွာမို႔ အရည္အေသြးကိုထိန္းၾကတာမ်ားပါတယ္။ အခုနာမည္ႀကီးေနတဲ့Penthouseေရးတဲ့ဇာတ္ၫႊန္း ဆရာမ ကင္ဆန္းအုပ္ဆိုရင္ SBSရဲ့လက္စြဲျဖစ္သလို သူေရးတဲ့ဇာတ္လမ္းတြဲေတြကလည္းအကုန္နီးပါး ပရိသတ္ၾကၫ့္ႏႈန္းျမင့္တာမို႔ သူ႔ရဲ့တပိုင္းတပ္ိုင္းေပးရတဲ့ဇာတ္ၫႊန္းခကလည္းပါဝင္ေနတဲ့မင္းသမီးေတြနဲ႔အတူတူေလာက္ရိွပါတယ္။


Penthouseဇာတ္လမ္းတြဲဆိုရင္ မင္းသမီးကနာမည္ႀကီး၃ေယာက္ ပါတာမို႔ မင္းသားကိုဝိတ္ေလ်ာ့ထားတာကိုေတြ့ရမွာပါ။ဒါေပမယ့္ မာရီဇာတ္ရုပ္ကမင္းသမီးရွင္အန္က်ဳဟာဒီဇာတ္ကားမွာဇာတ္ပို႔ေနရာပါထားေပမယ့္ သူ႔ရဲ့အႏုပညာေၾကးဟာလည္းမေသးပါဘူး။ တျခားမၾကၫ့္ပါနဲ႔ မာရီခန္းတစ္ခန္းမွ အျဖတ္မခံရပါဘူး။ကဒ္အျပၫ့္လႊင့္ေပးပါတယ္။ ဝါအရျဖစ္တဲ့အျပင္ေဆးစက္က်ရင္ ရုပ္ထင္တဲ့ သူမပါ အခုလိုဇာတ္ပို႔ေနရာမွာပါဝင္ေနလို႔လည္း ဇာတ္ကႂကြေနတာလို႔ျမင္မိပါတယ္။


ရုပ္သံလိုင္းေတြကအခုလိုကုန္က်စရိတ္ေတြကို ဘယ္ကေနၿပီးျပန္ရလဲ၊မငိးသားမင္းသမီးေတြဝတ္တဲ့ အဝတ္ေတြ ဘယ္လိုေတြစီစဉ္ တာလဲဆိုေတြကိုေနာက္ေန့မွာဆက္လက္ ေဖာ္ျပေပးပါ့မယ္။စာအရမ္းရွည္ေနရင္ ဖတ္ရတာပ်င္းသြားမွာဆိုးလို႔ပါ။


အပိုင္း(၂) ဆက္ဖတ္ရန္👇👇👇


https://www.facebook.com/104005934734878/posts/217145390087598/


ဇာနည္

#ZarnisROOM

#ZarniKoreanawave

No comments: