💵 The Trumps 💵
VIDEO
သန်းကြွယ်သူဌေးကြီး ဖရက်ဒရစ် ဟာ သူ့ရဲ့ လေးယောက်မြောက်သားကို စစ်တပ်ကဖွင့်ထားတဲ့ စည်းကမ်းသိပ်ကြီးတဲ့ကျောင်း (New York Military Academy) ကို ပို့ပစ်လိုက်တယ်။
အဲ့ဒီတုန်းက သူ့သားက အသက် ၁၃ နှစ်အရွယ်ပဲရှိသေးတာ။
💵 💵
သူ့သားက အခြားကလေးတွေနဲ့ကို မတူတာကိုး။
သူ့သားက ကလေးဘဝ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ၊ မောင်နှမတွေက ဘလောက်တုံးလေး (block ) တွေ စီထပ်ထားပြီဆော့နေပြီဆို ပြေးပြီး လက်နဲ့တွန်း ဖြိုပစ်လိုက်ရမှ ..။
မိသားစုဝင်က မွေးနေ့ကိတ်ခွဲရင် ဘယ်သူ့မွေးနေ့ဖြစ်ဖြစ် သူက အရှေ့ဆုံးက ကိတ်ကို အရင်ဆုံး ခက်ရင်းနဲ့ထိုးလိုက်ရမှ..။ လူတွေရဲ့ စိတ်ဝင်စားမှုမရရင် စိတ်ဆင်းရဲတဲ့ ဒေါသဖြစ်တဲ့သား။
သူသားကလည်း ဝန်ခံပါတယ်။
“ ကျွန်တော် မူလတန်းကျောင်းသားဘဝကတည်းက အလွန် ရန်လိုတဲ့ကလေးတစ်ယောက်ပါ။”
💵 💵
Texas က စီးပွားရေးအတိုင်ပင်ခံ ဒန်းနစ်ဘန်းဟမ် (Dennis Burnham ) က သူ့သားထက် အသက်လေးနှစ်ငယ်တယ်။ သူတို့ အိမ်နားမှာနေတာ။
"သူ့ကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက အနိုင်ကျင့်တတ်လို့ လူသိများတာ။ ကျွန်တော့်မိဘတွေက ကျွန်တော် အနိုင်ကျင့်ခံရမှာစိုးလို့ သူ့ကိုဆို ရှောင်ခိုင်းတယ်။” လို့ပြောခဲ့တယ်။
💵 💵
နောက်ပိုင်း သန်းကြွယ်သူဌေးကြီး ဖရက်ဒရစ်က သူ့သားဆီမှာ ဓားတစ်ချောင်းတွေ့တယ်။
ဒါနဲ့ပဲ သားကို စစ်တပ်ကကျောင်းကို ကျောင်းအိပ်၊ကျောင်းစား ပို့ပစ်လိုက်တာပဲ။
💵 💵
ဖရက်ဒရစ်က သူ့ဖခင်သေဆုံးသွားပြီး အသက် ၁၅ နှစ်ကတည်းက သူ့ မိခင်အဲလစ်ဇဘက်နဲ့ အိမ်ခြံမြေလုပ်ငန်းကို ကြိုးကြိုးစားစားလုပ်ပြီး သန်းကြွယ်သူဌေးအထိ ဖြစ်လာတာပေါ့။
ဒါကြောင့် ဖခင်သန်းကြွယ်သူဌေးကြီးက တစ်သက်တာထိုင်စားလို့ မကုန်တဲ့ ငွေတွေရှိပေမဲ့ သားသမီးတွေကို ငွေပုံပေါ်တင်ပြီး ထင်ရာကြဲခိုင်းတဲ့ ခပ်ညံ့ညံ့မိဘတွေအထဲ မပါခဲ့။
💵 💵
သူတို့အိမ်မှာ ရိုင်းပျတဲ့ အသုံးအနှုန်းတွေသုံးခွင့်မရှိ။ ကလေးတွေ ကိုယ့် မုန့်ဖိုး ကိုယ်ရှာရတယ်။ ပိုက်ဆံကို အလွယ်တကူမပေး။
ဖခင်ဟာ ကလေးတွေကို စနေ၊ တနင်္ဂနွေဆို သူ့ ဆောက်လုပ်ရေး စက်ရုံဆိုဒ်တွေခေါ်ပြီး ပြုတ်ကျနေတဲ့ သံတွေ လိုက်ကောက် စုခိုင်းတာမျိုး။ သိပ်ပြီး စည်းကမ်းရှိ၊ သေသပ်တဲ့ သန်းကြွယ်သူဌေးပေါ့။
💵 💵
သူသားက လူတစ်မျိုး။ ထူးဆန်းတယ်ပဲပြောရမလား။
စစ်ကျောင်းမှာ စည်းကမ်းတကျနေရတာကို ကြိုက်တယ်။ သူနဲ့ အဆင်ပြေတယ်။ အတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်လာခဲ့..။ ဘေ့စ်ဘောမှာ သိပ်တော်တဲ့သူတစ်ယောက်။
သူ့သားက အသိမိတ်ဆွေ အလွန်များပေမဲ့ အရမ်းခင်ပြီး အတည်တကျတွဲတဲ့ သူငယ်ချင်းမရှိပါ။
💵 💵
၁၉၆၄ ခုနှစ်။
သူ့သား Fordham တက္ကသိုလ်မှာတက်ခဲ့တယ်။ ၂ နှစ်ကြာတော့ Pennsylvania ပြည်နယ်က Wharton တက္ကသိုလ်ကိုပြောင်းတယ်။
၁၉၆၈ ခုနှစ်၊ မေလ။
ဘောဂဗေဒ B.S. ဘွဲ့ရခဲ့တယ်။
💵 💵
သူ့သားက အခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပဲဖြစ်ပါတယ်။
ဒေါ်နယ်လ် ထရမ့် ဟာ သန်းကြွယ်သူဌေးကြီး ဖရက်ဒ် ခရစ် ထရမ့် (Frederick Christ Trump နဲ့ မယ်ရီ (Mary MacLeod) တို့ရဲ့ သားသမီးငါးယောက်ထဲက လေးယောက်မြောက်သားပေါ့။
အဖေက ဂျာမနီမိဘတွေကမွေးလာတဲ့ အမေရိကန်လူမျိုး ၊ အမေက စကော့တလန်သူဖြစ်တယ်။
သူ့ အစ်မကြီး မယ်ရီအန်း (Maryanne Trump Barry )က အမေရိကန်ပြည်ထောင်စုက ခရိုင်တရားသူကြီး (၁၉၈၃-၉၉) တစ်ယောက်ပေါ့။
💵 💵
အစ်ကိုဖြစ်သူ ဖရက်ဒရစ် Frederick, Jr. (Freddy) ကတော့ လေယာဉ်မောင်း ပိုင်းလော့ဖြစ်ချင်တဲ့သူ။ ၁၉၆၀ -၁၉၇၀ တုန်းက ဖခင် သန်းကြွယ်သူဌေးကြီးရဲ့ လုပ်ငန်းမှာ ခေတ္တအလုပ်လုပ်ခဲ့သေးတယ်။
ဒေါ်နယ်လ် ထရမ့်ရဲ့ အစ်ကိုဖြစ်သူ ဖရက်ဒ်က ဖခင်အလုပ်ကို စိတ်မဝင်စား။
“ အစ်ကို လေယာဉ်မောင်းက ဘာအထင်ကြီးစရာရှိလို့လဲ။ လေယာဉ်မောင်းတာနဲ့ ကားမောင်းတာ ဘာကွာလို့လဲ။ ဒရိုင်ဘာပဲ” လို့ သူက ဝေဖန်တယ်။
အစ်ကို လေယာဉ်မှူးဖြစ်အောင်လုပ်တယ်။ အစ်ကို လေယာဉ်မှူးဖြစ်သွားတော့ ဖခင်အလုပ်ကို လုပ်မယ့်သူမရှိ။ သူ့ဖခင်အလုပ်ကို သူဝင်လုပ်ခဲ့တယ်။
💵 💵
ဒေါ်နယ်လ် ထရမ့်ဟာ ၁၉၇၁ ခုနှစ်မှာ ဖခင်ရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ဥက္ကဋ္ဌဖြစ်လာတယ်။
The Trump Organisation လို့ နာမည်ပြောင်းခဲ့တယ်။
မိုးမျှော်တိုက်တွေ၊ ဟိုတယ်တွေ၊ ကာစီနိုတွေနဲ့ ဂေါက်ကွင်းတွေ ထပ်ဆောက်ခဲ့တယ်။ ကမ္ဘာအနှံ့အပြားပဲ။
ထရမ့် မိသားစု ( The Trumps ) က ကမ္ဘာကျော်ပေါ့။
ဒေါ်နယ်လ် ထရမ့်လည်း ဖခင်ခြေရာနင်းပြီး သန်းကြွယ်သူဌေးဖြစ်သွားတယ်။
💵 💵
အစ်ကို ဖရက်ဒီ ထရမ့်က အရက်သမား။ အသက် ၄၃ နှစ် (၁၉၈၁ ခုနှစ်) မှာပဲ အရက်ကြောင့် သေဆုံးခဲ့တယ်။
💵 💵
လိပ်မသောက်၊ အရက်မသောက် (သူ့အစ်ကိုဖရက်ရဲ့ နှစ်ပေါင်းများစွာအရက်သေစာသောက်စားပြီး သေဆုံးသွားတာ သူ့ကို သင်္ခန်းစာရစေတယ်။ သူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မူးယစ်ဆေးဝါးမသုံးတဲ့သူ..။
ဒါပေမဲ့ သူ အရက်တော့ရောင်းခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်တွင်သူ့ကိုယ်ပိုင်ဗော့ဒ်ကာ Trump Vodka အမှတ်တံဆိပ် အရက်ပေါ့။ လူတွေ သိပ်မကြိုက်ပါဘူး။ ၂၀၁၁ ခုနှစ်မှာ ရပ်လိုက်ရတယ်။
💵 💵
သူ့အိမ်ထောင်ရေးလား။
မီလီယံနာကြီး ဒေါ်နယ်လ် ထရမ့်ဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အမျိုးသမီးတွေနဲ့ပဲ ယူခဲ့တာ။
၁၉၇၇ ခုနှစ်။
သူက ချက်ကိုဆလိုဗားကီးယားက မော်ဒယ် (Czech model) တစ်ယောက်ဖြစ်တဲ့ Ivana Zelníčková Winklmayr နဲ့ လက်ထပ်ခဲ့တယ်။
ကလေးသုံးယောက်ရတယ်။ Donald Jr. (၁၉၇၇ မွေးဖွား)၊ အီဗန်ကာ (၁၉၈၁ မွေးဖွား ) နဲ့ အဲရစ် (၁၉၈၄ တွင်မွေးဖွား)။
စီးပွားရေးလည်း ပိုကောင်းလာခဲ့တယ်။ ၁၉၈၃ မှာ ထရမ့်တာဝါကို ဆောက်နိုင်ခဲ့တာပေါ့။
သူ့မိန်းမ အိုင်ဗာနာက ၁၉၈၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားဖြစ်လာတယ်။
ဇနီးကလည်း စီးပွားရေးဘက်မှာတော်တယ်။
ဒါပေမဲ့ ဒေါ်နယ်လ် ထရမ့်က Taj Mahal ဟိုတယ် နဲ့ Casino လောင်းကစားရုံ အကြီးကြီးထပ်ဆောက်တာ အကြီးအကျယ်ရှုံးပြီး ဒေဝါလီခံရတော့တာပဲ။
ဒါ့အပြင် သူက အမေရိကန် မင်းသမီး Marla Maples နဲ့ ဖောက်ပြန်တော့ သူ့မိန်းမနဲ့ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းလိုက်တယ်။
သူ Maples နဲ့ ၁၉၉၃ ခုနှစ်မှာပဲ လက်ထပ်တယ်။ Tiffany ဆိုတဲ့ သမီးမွေးဖွားခဲ့တယ်။ သူက ရုပ်ရှင်လောကမှာ ၁၀ နှစ်လောက် အရင်းအနှီးမြှုပ်နှံပြီး စီးပွားရေးတွေ ပြန်ပြီးအောင်မြင်လာပြန်တယ်။
သူဟာ မင်းသမီး Maples နဲ့လည်း ၁၉၉၉ ခုနှစ်မှာ ကွာရှင်းခဲ့တယ်။
💵 💵
၂၀၀၅ ခုနှစ်။
သူ ဆလိုဗေးနီးယားမော်ဒယ်လ် Melania Knauss နဲ့ လက်ထပ်ခဲ့တယ်။
သားတစ်ယောက်ထပ်မွေးတယ်။ Barron ဘာရွန် (၂၀၀၆ မွေးဖွား)။ သူ့ရဲ့ ၃ ယောက်မြောက် မိန်းမ Melania က ၂၀၀၆ ခုနှစ် မှာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားရခဲ့တယ်။
ဆိုတော့ သူနဲ့ လက်ထပ်ခဲ့တဲ့ မိန်းမ ၃ ယောက်။ ကလေး ၅ ယောက်။ မြေး၁၀ ယောက်။
💵 💵
၂၀၁၆ ခုနှစ်။
လူအိုတွေ၊ ကလေးတွေ၊ အလုပ်လက်မဲ့တွေအတွက် လူမှုဖူလုံရေးကိုဦးစားပေးလုပ်ခဲ့တဲ့ သမ္မတအိုဘားမားက အခွန်တွေ တိုးမြှင့်လိုက်တဲ့အခါ သူအပါအဝင် စီးပွားရေးသမားတွေက မကြိုက်ကြတော့။
ဒါကြောင့် စီးပွားရေးသမား ထရမ့်က သမ္မတရွေးကောက်ပွဲပြိုင်ပွဲမှာ ရီပတ်ဘလီကန်ပါတီဝင်အဖြစ်နဲ့ ဝင်ပြိုင်တော့တာပဲ။
မထင်မှတ်တာတွေဖြစ်လာတယ်။ သူဟာ ဒီမိုကရက်ပါတီက ဟီလာရီကလင်တန်ကို အနိုင်ရခဲ့တယ်။
အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတဖြစ်ခဲ့တာပေါ့။ သူ သမ္မတဖြစ်တော့ သူ့ အသက် ၇၀ ရှိပြီ။ သူ့မွေးနေ့က ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်ဖြစ်ပါတယ်။
💵 💵
ဒေါ်နယ်လ်ထရမ့်က သူများနဲ့ မတူတာတော့ အမှန်။ မဲဆွယ်စည်းရုံးရေးကာလနဲ့ သမ္မတလုပ်စဉ်ကာလအတွင်း မှားယွင်းတဲ့ ပြောဆိုမှုတွေ အများကြီးလုပ်ခဲ့တဲ့ သမ္မတပေါ့။
သူ့ အမှားတွေကို သတင်းအမှန် အချက်အလက်စစ်ဆေးရေးအဖွဲ့က မှတ်တမ်းတင်ထားတာ အတော်များတယ်။
မီဒီယာတွေက ဒါဟာ အမေရိကန်နိုင်ငံရေးမှာ မကြုံစဖူးအဖြစ်အပျက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့။
ဒီကြားထဲက မဲအများဆုံးရခဲ့ရဆိုတော့ သူ့မှာ ထူးခြားတဲ့ ဆွဲအောင်မှုတွေရှိတာ ငြင်းမရပါဘူး။
အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ကိုယ်ရည်သွေးတတ်တဲ့ သမ္မတရဲ့ စတိုင်လ်က ချစ်တဲ့မျက်စိနဲ့ ကြည့်သူတွေအဖို့ အင်အားတစ်ခုတိုးစေတာပေါ့။
💵 💵
အဲ့ဒီလို သူဘာပဲလုပ်လုပ် သူလုပ်ရင် အမြဲမှန်သလို အဆုံးအထိ ငြင်းတတ်သော၊အမှား ဝန်မခံတတ်သော သမ္မတကြီးပေမဲ့ အဲ့ဒီအချက်ကိုက မီဒီယာတွေကို ငြင်းခုံနိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ ဖိုက်တာကြီးဖြစ်လာခဲ့တယ်။
💵 💵
သူ ၇ တန်းတုန်းကပေါ့။ ဆရာကို လက်သီးနဲ့ထိုးလို့ ပြဿနာဖြစ်ခဲ့တယ်..။
“ မင်းဘာလို့ ဆရာကို လက်သီးနဲ့ထိုးတာလဲ”
“ ဂီတဆရာက ဂီတကို တစ်ခုမှ မသိတာဗျ။ စိတ်တိုလို့ လက်သီးနဲ့ထိုးလိုက်တယ်။” တဲ့။
၂၀၁၅ ခုနှစ်က ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဂီတဆရာ Charles Walker က ဒီအကြောင်းကို မိသားစုကိုရော၊ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။
ဒါဟာ ဆရာတစ်ယောက်ကို ကျောင်းသားတစ်ယောက်ရဲ့ မထီမဲ့မြင်လုပ်မှုလေ။
ဆရာက ထရမ့် သမ္မတဝင်ပြိုင်မယ်ကြားတော့ "သူက စိတ်ပျက်ဖို့ကောင်းပြီး သိပ်ရိုင်းခဲ့တာ " လို့ပြောတယ်။ ဂီတဆရာ Walker က စိတ်ထိခိုက်ခဲ့ပုံရတယ်။
“ တချို့ ကလေးတွေက သူတို့ကို တစ်ချိန်လုံး လူတွေ ဂရုစိုက်တာခံချင် (attention လိုချင်) နေတာ။ ထရမ့်ဟာ အဲ့ဒီကလေးတွေနဲ့ ထူးမခြားနားတဲ့ ကလေးတစ်ယောက်ပါပဲ။” လို့ သူမသေခင် ဆေးရုံမှာ ပြောခဲ့သေးတာ။
💵 💵
“ ဒီအတွက် ကျွန်တော် ဂုဏ်မယူပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်အတိုင်း လုပ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသက်သေပြခဲ့တဲ့ အထောက်အထားတစ်ခုပါပဲ။ အခုတော့ လက်သီးအစား ကျွန်တော့်ဦးနှောက်ကိုပဲ အသုံးပြုတော့တယ်။” လို့ သမ္မတထရမ့်ကပြန်ဖြေရှင်းတယ်။
အခုလည်း အတူတူပါပဲ။ သမ္မတတစ်ယောက်အနေနဲ့ ပြောသင့်၊ မပြောသင့် တွေးနေတာထက် စိတ်ထဲမှာရှိတာကို အလွန်ပွင့်ပွင့်လင်းလင်း ပြောချတတ်တာတွေ၊ ဒေါသသိပ်မထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါပြောဆိုတတ်တာတွေကလည်း ငယ်ငယ်ကအတိုင်းပါပဲတဲ့။
💵 💵
မှန်တယ်ထင်ရင် ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် မထီမဲ့မြင် ပြောချပစ်တတ်တဲ့ သန်းကြွယ်သူဌေးသမ္မတထရမ့် (Donald Trump) က ရီပတ်ဘလီကန် (republicans)တို့အတွက်တော့ အားကိုးရာဖြစ်လာတယ်။
သူက ဟောင်ကောင်ဘက်က ရပ်တည်ပြီး တရုတ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တယ်။
💵 💵
သူက မက္ကဆီကို နယ်စပ်ကို တင်းကြပ်ခဲ့တာကစပြီး အမေရိကန် အာဖရိကန် အဆုံး လူမျိုးရေးခွဲခြား ဆက်ဆံတတ်တယ်လို့ ကမ္ဘာမှာနာမည်ကြီးတယ်။
အမေရိကန် အာဖရိကန် ၁၀ ယောက်မှာ ၈ ယောက်က ဒေါ်နယ်လ် ထရမ့်ဟာလူမျိုးရေးခွဲခြားသူလို့ ယုံကြည်ကြတယ်။
ဒါပေမဲ့ သမ္မတထရမ့်ရဲ့ အဘိုး (Frederick Trump )နဲ့ အဘွား (Elizabeth Christ Trump)ဟာ ဂျာမနီလက်အောက်မှာရှိတဲ့ Bavarian ပြည်နယ်က ဖြစ်တယ်။
သမ္မတထရမ့်ရဲ့ အဖေကတော့ အမေရိကန်မှာမွေးတာပေါ့။ သမ္မတထရမ့်ရဲ့ အမေ (Mary Anne MacLeod Trump )က စကော့တလန်က အမေရိကန်ကို ရွှေ့ပြောင်းနေတဲ့သူ။
သမ္မတထရမ့်ရဲ့ ဇနီး ၃ ယောက်မှာ ၂ ယောက်က နိုင်ငံခြားသားဖြစ်တယ်။
💵 💵
သမ္မတက ရီပတ်ဘလီကန်တို့ထုံးစံအတိုင်း လူမှုဖူလုံရေးကို ဦးစားမပေးခဲ့ပါ..။
“ လူဆင်းရဲတွေကို အလုပ်ပေးရမှာ။ ငွေပေးတော့ အပျင်းထူကုန်ကြတာပေါ့။ လူချမ်းသာတွေကို အမြတ်ခွန်လျှော့ကောက်၊ လူချမ်းသာတွေ ပိုချမ်းသာရင် ပိုပြီး ရင်းနှီးမြှုတ်နှံမယ်။ ဆင်းရဲသားတွေကို အလုပ်ခန့်ပေးဖို့ နေရာတွေပိုထွက်လာနိုင်မယ်” လို့ သမ္မတကပြောခဲ့တယ်။
လက်တွေ့မှာတော့ ထင်သလိုမဖြစ်လာပါဘူး။ ထုံးစံအတိုင်း လူချမ်းသာတွေပိုချမ်းသာတဲ့ အခါ ဆင်းရဲသားတွေကို အလုပ်နေရာတွေ တိုးချဲ့ပေးမယ့် အစားသူတို့အိတ်ထဲငွေထည့် သိမ်းထားကြတာများတယ်။
ချမ်းသာသူတွေ ပိုချမ်းသာ၊ ဆင်းရဲသူတွေ ပိုဆင်းရဲပေါ့။ နိုင်ငံရေးဆိုတာလည်း အမြဲအားနည်းချက်တွေနဲ့ကိုး။
💵 💵
စီးပွါးရေးသမားတစ်ယောက် သမ္မတဖြစ်လာတဲ့အခါ နိုင်ငံကို ပိုချမ်းသာအောင် အနည်းနဲ့အများ ဖန်တီးပေးနိုင်မယ်လို့ စီးပွါးရေးသမားတွေက ယုံကြည်ခဲ့ပါတယ်။ ပထမပိုင်းမှာ အမေရိကန်ရဲ့ စတော့ဈေးကွက်တွေကိုလည်းမြင့်တက်လာခဲ့တယ် မဟုတ်လား။ ( ဒါပေမဲ့ စတော့ဈေးကွက်ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တာတော့မဟုတ်ပါ။ )
စီးပွါးရေးသမားတွေက သမ္မတကိုအထူးချွန်ဆုံး၊ လိမ္မာပါးနပ်ဆုံး အောင်မြင်တဲ့သမ္မတတစ်ယောက်အဖြစ် အားကိုးကြတယ်။
ဒေါ်နယ်လ်ထရမ့်က သမ္မတဖြစ်ပြီး မကြာခင် “ ကျွန်တော် အလုပ်လက်မဲ့တွေကိုတော့ အလုပ်ပေးနိုင်ခဲ့ပါပြီ။ အမေရိကန်လူမျိုး ၁၀.၆ သန်းကျော်ကို ၄ လအတွင်းအလုပ်နေရာတွေရအောင် ဖန်တီးပေးခဲ့တယ်” လို့ ပြောခဲ့တယ်။
၅၇ % အမေရိကန်တို့က သူတို့ စီးပွါးရေးကောင်းလာပါတယ်တဲ့။
💵 💵
၂၀၁၉ ခုနှစ်ကျတော့ ဆန့်ကျင်ဘက်ပါတီက ဒီလိုချေပခဲ့တယ်။
“ data တွေပြန်စစ်ရင် အဲ့ဒီအလုပ်တွေကို ကြာရှည်သူ မထိန်းနိုင်ဘူး။ အပြသဘောပဲ ဖြစ်သွားတယ်။ “ လို့ဆိုတယ်။
အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုအရ သမ္မတ ဒေါ်နယ်လ်ထရမ့် စတင်တာဝန်ထမ်းဆောင်တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစပြီး အမေရိကန်ရဲ့ အလုပ်အကိုင်နေရာပေါင်း ၄.၇ သန်းကျဆင်းခဲ့တယ်တဲ့။
အဲ့ဒီအချက်ကိုထောက်ပြီး ပညာရှင်တချို့က သမ္မတ ဒေါ်နယ်လ်ထရမ့် ရဲ့အလုပ်နေရာဆုံးရှုံးမှုစံချိန်က အမေရိကန်သမ္မတတွေ သမိုင်းမှာ အဆိုးဆုံးပါလို့ပြောခဲ့တယ်။
( Ref: Trump's job losses are the worst of any American president on record By Chris Isidore, CNN Business September 04, 2020)
💵 💵
၂၀၂၀ ပြည့်နှစ်မှာ သူ့ရဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကလည်း အတော့်ကို ထောက်ပြစရာဖြစ်ခဲ့တာပေါ့။ သူ့အဘိုးကိုယ်တိုင် ၁၉၁၈ စပိန်တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့တာကိုး။
💵 💵
ကပ်ရောဂါကို မထိမ်းနိုင်ခဲ့တော့ နိုင်ငံ့စီးပွါးရေးက လိုတာထက်ပိုပြီး အထိနာတာသွားခဲ့တာတော့ အမှန်။ သမ္မတကတော့ COVID-19 ရောဂါရခဲ့တာတောင် ခေါင်းမာမာနဲ့ mask ကိုချွတ်ထားဆဲပါပဲ။
ခေါင်းမာတဲ့ သမ္မတကြီး ထရမ့် အခုထက်အထိလည်း ကျန်းကျန်းမာမာပါ။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတ သက်တမ်းပြည့်တော့မှာမို့ ၂၀၂၅ အထိ သမ္မတ ဆက်လုပ်ဖို့ အားတက်သရော် ကြိုးစားနေဆဲပေါ့။
💵 💵
နိုင်ငံတစ်ကာက လူအတော်များများက မကြာခင်ရောက်တော့မယ့် နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်လ်ထရမ့် အနိုင်ရ မရ စိတ်ဝင်စားနေကြတယ်။
နိုင်ငံရေးသမားတွေ ပြောနေကျ စကားတစ်ခွန်းရှိတယ်မဟုတ်လား။
“ဒီမိုကရက်တစ် (Democratic Party) က မဲဆွယ်ဘို့ မလို၊ မဲပေးတဲ့ ပြည်သူတွေများဘို့ပဲလိုတယ်။ မဲပေးတဲ့ ပြည်သူတွေများရင် နိုင်တယ်” ဆိုတာ။
ဘာလို့လဲဆိုတော့ လောကကြီးမှာ ချမ်းသာတဲ့သူတွေထက် ဆင်းရဲသူတွေ ပိုများတာကိုး။
ဒါပေမဲ့ သမ္မတရဲ့ ထက်မြက်တဲ့ စွမ်းရည်ကို ချစ်တဲ့သူတွေလည်း အများကြီးရှိနေသေးပါတယ်တဲ့။
💵 💵
မရွှေမိုး ( ကိုရီးယား )
October 24th,2020.
References
▪️Donald Trump
president of the United States
WRITTEN BY- Brian Duignan
(Brian Duignan is a senior editor in philosophy at Britannica. He also handles law, social science, political theory, and some areas of religion. He joined Britannica in 1989.)
LAST UPDATED: Sep 10, 2020
▪️businessinsider
Trump family and history: From immigrants to America's first family
IMDb- Donald Trump -Biography
▪️Confident. Incorrigible. Bully: Little Donny was a lot like candidate Donald Trump
By Paul Schwartzman and
Michael E. Miller
June 22, 2016
Showbiz Cheat Sheet
▪️HOME / CULTURE /
11 Surprising Things You Didn’t Know About Donald Trump
Jess Bolluyt MORE ARTICLES
December 21, 2017
(Zawgyi)
💵 The Trumps 💵
VIDEO
သန္းႂကြယ္သူေဌးႀကီး ဖရက္ဒရစ္ ဟာ သူ႔ရဲ့ ေလးေယာက္ေျမာက္သားကို စစ္တပ္ကဖြင့္ထားတဲ့ စည္းကမ္းသိပ္ႀကီးတဲ့ေက်ာင္း (New York Military Academy) ကို ပို့ပစ္လိုက္တယ္။
အဲ့ဒီတုန္းက သူ႔သားက အသက္ ၁၃ ႏွစ္အရြယ္ပဲရွိေသးတာ။
💵 💵
သူ႔သားက အျခားကေလးေတြနဲ႔ကို မတူတာကိုး။
သူ႔သားက ကေလးဘဝ ငယ္ငယ္ကတည္းက သူငယ္ခ်င္းေတြ၊ ေမာင္ႏွမေတြက ဘေလာက္တုံးေလး (block ) ေတြ စီထပ္ထားၿပီေဆာ့ေနၿပီဆို ေျပးၿပီး လက္နဲ႔တြန္း ၿဖိဳပစ္လိုက္ရမွ ..။
မိသားစုဝင္က ေမြးေန႔ကိတ္ခြဲရင္ ဘယ္သူ႔ေမြးေန႔ျဖစ္ျဖစ္ သူက အေရွ႕ဆုံးက ကိတ္ကို အရင္ဆုံး ခက္ရင္းနဲ႔ထိုးလိုက္ရမွ..။ လူေတြရဲ့ စိတ္ဝင္စားမွုမရရင္ စိတ္ဆင္းရဲတဲ့ ေဒါသျဖစ္တဲ့သား။
သူသားကလည္း ဝန္ခံပါတယ္။
“ ကၽြန္ေတာ္ မူလတန္းေက်ာင္းသားဘဝကတည္းက အလြန္ ရန္လိုတဲ့ကေလးတစ္ေယာက္ပါ။”
💵 💵
Texas က စီးပြားေရးအတိုင္ပင္ခံ ဒန္းနစ္ဘန္းဟမ္ (Dennis Burnham ) က သူ႔သားထက္ အသက္ေလးႏွစ္ငယ္တယ္။ သူတို့ အိမ္နားမွာေနတာ။
"သူ႔ကို ကၽြန္ေတာ္ ေကာင္းေကာင္းသိတယ္။ သူက အနိုင္က်င့္တတ္လို့ လူသိမ်ားတာ။ ကၽြန္ေတာ့္မိဘေတြက ကၽြန္ေတာ္ အနိုင္က်င့္ခံရမွာစိုးလို့ သူ႔ကိုဆို ေရွာင္ခိုင္းတယ္။” လို့ေျပာခဲ့တယ္။
💵 💵
ေနာက္ပိုင္း သန္းႂကြယ္သူေဌးႀကီး ဖရက္ဒရစ္က သူ႔သားဆီမွာ ဓားတစ္ေခ်ာင္းေတြ႕တယ္။
ဒါနဲ႔ပဲ သားကို စစ္တပ္ကေက်ာင္းကို ေက်ာင္းအိပ္၊ေက်ာင္းစား ပို့ပစ္လိုက္တာပဲ။
💵 💵
ဖရက္ဒရစ္က သူ႔ဖခင္ေသဆုံးသြားၿပီး အသက္ ၁၅ ႏွစ္ကတည္းက သူ႔ မိခင္အဲလစ္ဇဘက္နဲ႔ အိမ္ၿခံေျမလုပ္ငန္းကို ႀကိဳးႀကိဳးစားစားလုပ္ၿပီး သန္းႂကြယ္သူေဌးအထိ ျဖစ္လာတာေပါ့။
ဒါေၾကာင့္ ဖခင္သန္းႂကြယ္သူေဌးႀကီးက တစ္သက္တာထိုင္စားလို့ မကုန္တဲ့ ေငြေတြရွိေပမဲ့ သားသမီးေတြကို ေငြပုံေပၚတင္ၿပီး ထင္ရာၾကဲခိုင္းတဲ့ ခပ္ညံ့ညံ့မိဘေတြအထဲ မပါခဲ့။
💵 💵
သူတို့အိမ္မွာ ရိုင္းပ်တဲ့ အသုံးအႏွုန္းေတြသုံးခြင့္မရွိ။ ကေလးေတြ ကိုယ့္ မုန္႔ဖိုး ကိုယ္ရွာရတယ္။ ပိုက္ဆံကို အလြယ္တကူမေပး။
ဖခင္ဟာ ကေလးေတြကို စေန၊ တနဂၤေႏြဆို သူ႔ ေဆာက္လုပ္ေရး စက္႐ုံဆိုဒ္ေတြေခၚၿပီး ျပဳတ္က်ေနတဲ့ သံေတြ လိုက္ေကာက္ စုခိုင္းတာမ်ိဳး။ သိပ္ၿပီး စည္းကမ္းရွိ၊ ေသသပ္တဲ့ သန္းႂကြယ္သူေဌးေပါ့။
💵 💵
သူသားက လူတစ္မ်ိဳး။ ထူးဆန္းတယ္ပဲေျပာရမလား။
စစ္ေက်ာင္းမွာ စည္းကမ္းတက်ေနရတာကို ႀကိဳက္တယ္။ သူနဲ႔ အဆင္ေျပတယ္။ အေတာ္ဆုံးေက်ာင္းသားတစ္ေယာက္ျဖစ္လာခဲ့..။ ေဘ့စ္ေဘာမွာ သိပ္ေတာ္တဲ့သူတစ္ေယာက္။
သူ႔သားက အသိမိတ္ေဆြ အလြန္မ်ားေပမဲ့ အရမ္းခင္ၿပီး အတည္တက်တြဲတဲ့ သူငယ္ခ်င္းမရွိပါ။
💵 💵
၁၉၆၄ ခုႏွစ္။
သူ႔သား Fordham တကၠသိုလ္မွာတက္ခဲ့တယ္။ ၂ ႏွစ္ၾကာေတာ့ Pennsylvania ျပည္နယ္က Wharton တကၠသိုလ္ကိုေျပာင္းတယ္။
၁၉၆၈ ခုႏွစ္၊ ေမလ။
ေဘာဂေဗဒ B.S. ဘြဲ႕ရခဲ့တယ္။
💵 💵
သူ႔သားက အခုလက္ရွိ အေမရိကန္သမၼတ ေဒၚနယ္လ္ ထရမ့္ပဲျဖစ္ပါတယ္။
ေဒၚနယ္လ္ ထရမ့္ ဟာ သန္းႂကြယ္သူေဌးႀကီး ဖရက္ဒ္ ခရစ္ ထရမ့္ (Frederick Christ Trump နဲ႔ မယ္ရီ (Mary MacLeod) တို့ရဲ့ သားသမီးငါးေယာက္ထဲက ေလးေယာက္ေျမာက္သားေပါ့။
အေဖက ဂ်ာမနီမိဘေတြကေမြးလာတဲ့ အေမရိကန္လူမ်ိဳး ၊ အေမက စေကာ့တလန္သူျဖစ္တယ္။
သူ႔ အစ္မႀကီး မယ္ရီအန္း (Maryanne Trump Barry )က အေမရိကန္ျပည္ေထာင္စုက ခရိုင္တရားသူႀကီး (၁၉၈၃-၉၉) တစ္ေယာက္ေပါ့။
💵 💵
အစ္ကိုျဖစ္သူ ဖရက္ဒရစ္ Frederick, Jr. (Freddy) ကေတာ့ ေလယာဥ္ေမာင္း ပိုင္းေလာ့ျဖစ္ခ်င္တဲ့သူ။ ၁၉၆၀ -၁၉၇၀ တုန္းက ဖခင္ သန္းႂကြယ္သူေဌးႀကီးရဲ့ လုပ္ငန္းမွာ ေခတၱအလုပ္လုပ္ခဲ့ေသးတယ္။
ေဒၚနယ္လ္ ထရမ့္ရဲ့ အစ္ကိုျဖစ္သူ ဖရက္ဒ္က ဖခင္အလုပ္ကို စိတ္မဝင္စား။
“ အစ္ကို ေလယာဥ္ေမာင္းက ဘာအထင္ႀကီးစရာရွိလို့လဲ။ ေလယာဥ္ေမာင္းတာနဲ႔ ကားေမာင္းတာ ဘာကြာလို့လဲ။ ဒရိုင္ဘာပဲ” လို့ သူက ေဝဖန္တယ္။
အစ္ကို ေလယာဥ္မွူးျဖစ္ေအာင္လုပ္တယ္။ အစ္ကို ေလယာဥ္မွူးျဖစ္သြားေတာ့ ဖခင္အလုပ္ကို လုပ္မယ့္သူမရွိ။ သူ႔ဖခင္အလုပ္ကို သူဝင္လုပ္ခဲ့တယ္။
💵 💵
ေဒၚနယ္လ္ ထရမ့္ဟာ ၁၉၇၁ ခုႏွစ္မွာ ဖခင္ရဲ့ အိမ္ၿခံေျမလုပ္ငန္းမွာ ဥကၠ႒ျဖစ္လာတယ္။
The Trump Organisation လို့ နာမည္ေျပာင္းခဲ့တယ္။
မိုးေမၽွာ္တိုက္ေတြ၊ ဟိုတယ္ေတြ၊ ကာစီနိုေတြနဲ႔ ေဂါက္ကြင္းေတြ ထပ္ေဆာက္ခဲ့တယ္။ ကမၻာအႏွံ့အျပားပဲ။
ထရမ့္ မိသားစု ( The Trumps ) က ကမၻာေက်ာ္ေပါ့။
ေဒၚနယ္လ္ ထရမ့္လည္း ဖခင္ေျခရာနင္းၿပီး သန္းႂကြယ္သူေဌးျဖစ္သြားတယ္။
💵 💵
အစ္ကို ဖရက္ဒီ ထရမ့္က အရက္သမား။ အသက္ ၄၃ ႏွစ္ (၁၉၈၁ ခုႏွစ္) မွာပဲ အရက္ေၾကာင့္ ေသဆုံးခဲ့တယ္။
💵 💵
လိပ္မေသာက္၊ အရက္မေသာက္ (သူ႔အစ္ကိုဖရက္ရဲ့ ႏွစ္ေပါင္းမ်ားစြာအရက္ေသစာေသာက္စားၿပီး ေသဆုံးသြားတာ သူ႔ကို သခၤန္းစာရေစတယ္။ သူဟာ အရက္မေသာက္၊ ေဆးလိပ္မေသာက္၊ မူးယစ္ေဆးဝါးမသုံးတဲ့သူ..။
ဒါေပမဲ့ သူ အရက္ေတာ့ေရာင္းခဲ့ဖူးပါတယ္။ ၂၀၀၆ ခုႏွစ္တြင္သူ႔ကိုယ္ပိုင္ေဗာ့ဒ္ကာ Trump Vodka အမွတ္တံဆိပ္ အရက္ေပါ့။ လူေတြ သိပ္မႀကိဳက္ပါဘူး။ ၂၀၁၁ ခုႏွစ္မွာ ရပ္လိုက္ရတယ္။
💵 💵
သူ႔အိမ္ေထာင္ေရးလား။
မီလီယံနာႀကီး ေဒၚနယ္လ္ ထရမ့္ဟာ ေခ်ာေပ့၊ လွေပ့ဆိုတဲ့ အမ်ိဳးသမီးေတြနဲ႔ပဲ ယူခဲ့တာ။
၁၉၇၇ ခုႏွစ္။
သူက ခ်က္ကိုဆလိုဗားကီးယားက ေမာ္ဒယ္ (Czech model) တစ္ေယာက္ျဖစ္တဲ့ Ivana Zelníčková Winklmayr နဲ႔ လက္ထပ္ခဲ့တယ္။
ကေလးသုံးေယာက္ရတယ္။ Donald Jr. (၁၉၇၇ ေမြးဖြား)၊ အီဗန္ကာ (၁၉၈၁ ေမြးဖြား ) နဲ႔ အဲရစ္ (၁၉၈၄ တြင္ေမြးဖြား)။
စိီးပြားေရးလည္း ပိုေကာင္းလာခဲ့တယ္။ ၁၉၈၃ မွာ ထရမ့္တာဝါကို ေဆာက္နိုင္ခဲ့တာေပါ့။
သူ႔မိန္းမ အိုင္ဗာနာက ၁၉၈၈ ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စုနိုင္ငံသားျဖစ္လာတယ္။
ဇနီးကလည္း စီးပြားေရးဘက္မွာေတာ္တယ္။
ဒါေပမဲ့ ေဒၚနယ္လ္ ထရမ့္က Taj Mahal ဟိုတယ္ နဲ႔ Casino ေလာင္းကစား႐ုံ အႀကီးႀကီးထပ္ေဆာက္တာ အႀကီးအက်ယ္ရွုံးၿပီး ေဒဝါလီခံရေတာ့တာပဲ။
ဒါ့အျပင္ သူက အေမရိကန္ မင္းသမီး Marla Maples နဲ႔ ေဖာက္ျပန္ေတာ့ သူ႔မိန္းမနဲ႔ ၁၉၉၂ ခုႏွစ္မွာ ကြာရွင္းလိုက္တယ္။
သူ Maples နဲ႔ ၁၉၉၃ ခုႏွစ္မွာပဲ လက္ထပ္တယ္။ Tiffany ဆိုတဲ့ သမီးေမြးဖြားခဲ့တယ္။ သူက ႐ုပ္ရွင္ေလာကမွာ ၁၀ ႏွစ္ေလာက္ အရင္းအႏွီးျမႇုပ္ႏွံၿပီး စီးပြားေရးေတြ ျပန္ၿပီးေအာင္ျမင္လာျပန္တယ္။
သူဟာ မင္းသမီး Maples နဲ႔လည္း ၁၉၉၉ ခုႏွစ္မွာ ကြာရွင္းခဲ့တယ္။
💵 💵
၂၀၀၅ ခုႏွစ္။
သူ ဆလိုေဗးနီးယားေမာ္ဒယ္လ္ Melania Knauss နဲ႔ လက္ထပ္ခဲ့တယ္။
သားတစ္ေယာက္ထပ္ေမြးတယ္။ Barron ဘာရြန္ (၂၀၀၆ ေမြးဖြား)။ သူ႔ရဲ့ ၃ ေယာက္ေျမာက္ မိန္းမ Melania က ၂၀၀၆ ခုႏွစ္ မွာ အေမရိကန္ျပည္ေထာင္စုနိုင္ငံသားရခဲ့တယ္။
ဆိုေတာ့ သူနဲ႔ လက္ထပ္ခဲ့တဲ့ မိန္းမ ၃ ေယာက္။ ကေလး ၅ ေယာက္။ ေျမး၁၀ ေယာက္။
💵 💵
၂၀၁၆ ခုႏွစ္။
လူအိုေတြ၊ ကေလးေတြ၊ အလုပ္လက္မဲ့ေတြအတြက္ လူမွုဖူလုံေရးကိုဦးစားေပးလုပ္ခဲ့တဲ့ သမၼတအိုဘားမားက အခြန္ေတြ တိုးျမႇင့္လိုက္တဲ့အခါ သူအပါအဝင္ စီးပြားေရးသမားေတြက မႀကိဳက္ၾကေတာ့။
ဒါေၾကာင့္ စီးပြားေရးသမား ထရမ့္က သမၼတေရြးေကာက္ပြဲၿပိဳင္ပြဲမွာ ရီပတ္ဘလီကန္ပါတီဝင္အျဖစ္နဲ႔ ဝင္ၿပိဳင္ေတာ့တာပဲ။
မထင္မွတ္တာေတြျဖစ္လာတယ္။ သူဟာ ဒီမိုကရက္ပါတီက ဟီလာရီကလင္တန္ကို အနိုင္ရခဲ့တယ္။
အေမရိကန္ရဲ့ အသက္အႀကီးဆုံး သမၼတျဖစ္ခဲ့တာေပါ့။ သူ သမၼတျဖစ္ေတာ့ သူ႔ အသက္ ၇၀ ရွိၿပီ။ သူ႔ေမြးေန႔က ၁၉၄၆ ခုႏွစ္ ဇြန္လ ၁၄ ရက္ျဖစ္ပါတယ္။
💵 💵
ေဒၚနယ္လ္ထရမ့္က သူမ်ားနဲ႔ မတူတာေတာ့ အမွန္။ မဲဆြယ္စည္း႐ုံးေရးကာလနဲ႔ သမၼတလုပ္စဥ္ကာလအတြင္း မွားယြင္းတဲ့ ေျပာဆိုမွုေတြ အမ်ားႀကီးလုပ္ခဲ့တဲ့ သမၼတေပါ့။
သူ႔ အမွားေတြကို သတင္းအမွန္ အခ်က္အလက္စစ္ေဆးေရးအဖြဲ႕က မွတ္တမ္းတင္ထားတာ အေတာ္မ်ားတယ္။
မီဒီယာေတြက ဒါဟာ အေမရိကန္နိုင္ငံေရးမွာ မၾကဳံစဖူးအျဖစ္အပ်က္လို့ က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ျပခဲ့။
ဒီၾကားထဲက မဲအမ်ားဆုံးရခဲ့ရဆိုေတာ့ သူ႔မွာ ထူးျခားတဲ့ ဆြဲေအာင္မွုေတြရွိတာ ျငင္းမရပါဘူး။
အျမဲတမ္း ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္အျပည့္နဲ႔ ကိုယ္ရည္ေသြးတတ္တဲ့ သမၼတရဲ့ စတိုင္လ္က ခ်စ္တဲ့မ်က္စိနဲ႔ ၾကည့္သူေတြအဖို့ အင္အားတစ္ခုတိုးေစတာေပါ့။
💵 💵
အဲ့ဒီလို သူဘာပဲလုပ္လုပ္ သူလုပ္ရင္ အျမဲမွန္သလို အဆုံးအထိ ျငင္းတတ္ေသာ၊အမွား ဝန္မခံတတ္ေသာ သမၼတႀကီးေပမဲ့ အဲ့ဒီအခ်က္ကိုက မီဒီယာေတြကို ျငင္းခုံနိုင္တဲ့ အေမရိကန္နိုင္ငံရဲ့ ဖိုက္တာႀကီးျဖစ္လာခဲ့တယ္။
💵 💵
သူ ၇ တန္းတုန္းကေပါ့။ ဆရာကို လက္သီးနဲ႔ထိုးလို့ ျပႆနာျဖစ္ခဲ့တယ္..။
“ မင္းဘာလို့ ဆရာကို လက္သီးနဲ႔ထိုးတာလဲ”
“ ဂီတဆရာက ဂီတကို တစ္ခုမွ မသိတာဗ်။ စိတ္တိုလို့ လက္သီးနဲ႔ထိုးလိုက္တယ္။” တဲ့။
၂၀၁၅ ခုႏွစ္က ကြယ္လြန္သြားတဲ့ သူ႔ရဲ့ ဂီတဆရာ Charles Walker က ဒီအေၾကာင္းကို မိသားစုကိုေရာ၊ ဘယ္သူ႔ကိုမွ မေျပာျပခဲ့ပါဘူး။
ဒါဟာ ဆရာတစ္ေယာက္ကို ေက်ာင္းသားတစ္ေယာက္ရဲ့ မထီမဲ့ျမင္လုပ္မွုေလ။
ဆရာက ထရမ့္ သမၼတဝင္ၿပိဳင္မယ္ၾကားေတာ့ "သူက စိတ္ပ်က္ဖို့ေကာင္းၿပီး သိပ္ရိုင္းခဲ့တာ " လို့ေျပာတယ္။ ဂီတဆရာ Walker က စိတ္ထိခိုက္ခဲ့ပုံရတယ္။
“ တခ်ိဳ့ ကေလးေတြက သူတို့ကို တစ္ခ်ိန္လုံး လူေတြ ဂ႐ုစိုက္တာခံခ်င္ (attention လိုခ်င္) ေနတာ။ ထရမ့္ဟာ အဲ့ဒီကေလးေတြနဲ႔ ထူးမျခားနားတဲ့ ကေလးတစ္ေယာက္ပါပဲ။” လို့ သူမေသခင္ ေဆး႐ုံမွာ ေျပာခဲ့ေသးတာ။
💵 💵
“ ဒီအတြက္ ကၽြန္ေတာ္ ဂုဏ္မယူပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ ငယ္ငယ္ကတည္းက ကၽြန္ေတာ့္ရဲ့ထင္ျမင္ယူဆခ်က္အတိုင္း လုပ္ခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသက္ေသျပခဲ့တဲ့ အေထာက္အထားတစ္ခုပါပဲ။ အခုေတာ့ လက္သီးအစား ကၽြန္ေတာ့္ဦးေႏွာက္ကိုပဲ အသုံးျပဳေတာ့တယ္။” လို့ သမၼတထရမ့္ကျပန္ေျဖရွင္းတယ္။
အခုလည္း အတူတူပါပဲ။ သမၼတတစ္ေယာက္အေနနဲ႔ ေျပာသင့္၊ မေျပာသင့္ ေတြးေနတာထက္ စိတ္ထဲမွာရွိတာကို အလြန္ပြင့္ပြင့္လင္းလင္း ေျပာခ်တတ္တာေတြ၊ ေဒါသသိပ္မထိန္းနိုင္ဘဲ စိတ္လိုက္မာန္ပါေျပာဆိုတတ္တာေတြကလည္း ငယ္ငယ္ကအတိုင္းပါပဲတဲ့။
💵 💵
မွန္တယ္ထင္ရင္ ဘယ္နိုင္ငံကိုပဲျဖစ္ျဖစ္ မထီမဲ့ျမင္ ေျပာခ်ပစ္တတ္တဲ့ သန္းႂကြယ္သူေဌးသမၼတထရမ့္ (Donald Trump) က ရီပတ္ဘလီကန္ (republicans)တို့အတြက္ေတာ့ အားကိုးရာျဖစ္လာတယ္။
သူက ေဟာင္ေကာင္ဘက္က ရပ္တည္ၿပီး တ႐ုတ္ကို ေျပာင္ေျပာင္တင္းတင္း ဆန္႔က်င္ခဲ့တယ္။
💵 💵
သူက မကၠဆီကို နယ္စပ္ကို တင္းၾကပ္ခဲ့တာကစၿပီး အေမရိကန္ အာဖရိကန္ အဆုံး လူမ်ိဳးေရးခြဲျခား ဆက္ဆံတတ္တယ္လို့ ကမၻာမွာနာမည္ႀကီးတယ္။
အေမရိကန္ အာဖရိကန္ ၁၀ ေယာက္မွာ ၈ ေယာက္က ေဒၚနယ္လ္ ထရမ့္ဟာလူမ်ိဳးေရးခြဲျခားသူလို့ ယုံၾကည္ၾကတယ္။
ဒါေပမဲ့ သမၼတထရမ့္ရဲ့ အဘိုး (Frederick Trump )နဲ႔ အဘြား (Elizabeth Christ Trump)ဟာ ဂ်ာမနီလက္ေအာက္မွာရွိတဲ့ Bavarian ျပည္နယ္က ျဖစ္တယ္။
သမၼတထရမ့္ရဲ့ အေဖကေတာ့ အေမရိကန္မွာေမြးတာေပါ့။ သမၼတထရမ့္ရဲ့ အေမ (Mary Anne MacLeod Trump )က စေကာ့တလန္က အေမရိကန္ကို ေရႊ႕ေျပာင္းေနတဲ့သူ။
သမၼတထရမ့္ရဲ့ ဇနီး ၃ ေယာက္မွာ ၂ ေယာက္က နိုင္ငံျခားသားျဖစ္တယ္။
💵 💵
သမၼတက ရီပတ္ဘလီကန္တို့ထုံးစံအတိုင္း လူမွုဖူလုံေရးကို ဦးစားမေပးခဲ့ပါ..။
“ လူဆင္းရဲေတြကို အလုပ္ေပးရမွာ။ ေငြေပးေတာ့ အပ်င္းထူကုန္ၾကတာေပါ့။ လူခ်မ္းသာေတြကို အျမတ္ခြန္ေလၽွာ့ေကာက္၊ လူခ်မ္းသာေတြ ပိုခ်မ္းသာရင္ ပိုၿပီး ရင္းႏွီးျမႇုတ္ႏွံမယ္။ ဆင္းရဲသားေတြကို အလုပ္ခန္႔ေပးဖို့ ေနရာေတြပိုထြက္လာနိုင္မယ္” လို့ သမၼတကေျပာခဲ့တယ္။
လက္ေတြ႕မွာေတာ့ ထင္သလိုမျဖစ္လာပါဘူး။ ထုံးစံအတိုင္း လူခ်မ္းသာေတြပိုခ်မ္းသာတဲ့ အခါ ဆင္းရဲသားေတြကို အလုပ္ေနရာေတြ တိုးခ်ဲ႕ေပးမယ့္ အစားသူတို့အိတ္ထဲေငြထည့္ သိမ္းထားၾကတာမ်ားတယ္။
ခ်မ္းသာသူေတြ ပိုခ်မ္းသာ၊ ဆင္းရဲသူေတြ ပိုဆင္းရဲေပါ့။ နိုင္ငံေရးဆိုတာလည္း အျမဲအားနည္းခ်က္ေတြနဲ႔ကိုး။
💵 💵
စီးပြါးေရးသမားတစ္ေယာက္ သမၼတျဖစ္လာတဲ့အခါ နိုင္ငံကို ပိုခ်မ္းသာေအာင္ အနည္းနဲ႔အမ်ား ဖန္တီးေပးနိုင္မယ္လို့ စီးပြါးေရးသမားေတြက ယုံၾကည္ခဲ့ပါတယ္။ ပထမပိုင္းမွာ အေမရိကန္ရဲ့ စေတာ့ေဈးကြက္ေတြကိုလည္းျမင့္တက္လာခဲ့တယ္ မဟုတ္လား။ ( ဒါေပမဲ့ စေတာ့ေစ်းကြက္ဆိုတာ နိုင္ငံသားတိုင္းနဲ႔ သက္ဆိုင္တာေတာ့မဟုတ္ပါ။ )
စီးပြါးေရးသမားေတြက သမၼတကိုအထူးခၽြန္ဆုံး၊ လိမၼာပါးနပ္ဆုံး ေအာင္ျမင္တဲ့သမၼတတစ္ေယာက္အျဖစ္ အားကိုးၾကတယ္။
ေဒၚနယ္လ္ထရမ့္က သမၼတျဖစ္ၿပီး မၾကာခင္ “ ကၽြန္ေတာ္ အလုပ္လက္မဲ့ေတြကိုေတာ့ အလုပ္ေပးနိုင္ခဲ့ပါၿပီ။ အေမရိကန္လူမ်ိဳး ၁၀.၆ သန္းေက်ာ္ကို ၄ လအတြင္းအလုပ္ေနရာေတြရေအာင္ ဖန္တီးေပးခဲ့တယ္” လို့ ေျပာခဲ့တယ္။
၅၇ % အေမရိကန္တို့က သူတို့ စီးပြါးေရးေကာင္းလာပါတယ္တဲ့။
💵 💵
၂၀၁၉ ခုႏွစ္က်ေတာ့ ဆန္႔က်င္ဘက္ပါတီက ဒီလိုေခ်ပခဲ့တယ္။
“ data ေတြျပန္စစ္ရင္ အဲ့ဒီအလုပ္ေတြကို ၾကာရွည္သူ မထိန္းနိုင္ဘူး။ အျပသေဘာပဲ ျဖစ္သြားတယ္။ “ လို့ဆိုတယ္။
အေမရိကန္ အလုပ္သမားဝန္ႀကီးဌာနရဲ့ အဆိုအရ သမၼတ ေဒၚနယ္လ္ထရမ့္ စတင္တာဝန္ထမ္းေဆာင္တဲ့ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလကစၿပီး အေမရိကန္ရဲ့ အလုပ္အကိုင္ေနရာေပါင္း ၄.၇ သန္းက်ဆင္းခဲ့တယ္တဲ့။
အဲ့ဒီအခ်က္ကိုေထာက္ၿပီး ပညာရွင္တခ်ိဳ့က သမၼတ ေဒၚနယ္လ္ထရမ့္ ရဲ့အလုပ္ေနရာဆုံးရွုံးမွုစံခ်ိန္က အေမရိကန္သမၼတေတြ သမိုင္းမွာ အဆိုးဆုံးပါလို့ေျပာခဲ့တယ္။
( Ref: Trump's job losses are the worst of any American president on record By Chris Isidore, CNN Business September 04, 2020)
💵 💵
၂၀၂၀ ျပည့္ႏွစ္မွာ သူ႔ရဲ့ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ ေျပာဆိုမွုေတြကလည္း အေတာ့္ကို ေထာက္ျပစရာျဖစ္ခဲ့တာေပါ့။ သူ႔အဘိုးကိုယ္တိုင္ ၁၉၁၈ စပိန္တုပ္ေကြးေရာဂါနဲ႔ ေသဆုံးခဲ့တာကိုး။
💵 💵
ကပ္ေရာဂါကို မထိမ္းနိုင္ခဲ့ေတာ့ နိုင္ငံ့စီးပြါးေရးက လိုတာထက္ပိုၿပီး အထိနာတာသြားခဲ့တာေတာ့ အမွန္။ သမၼတကေတာ့ COVID-19 ေရာဂါရခဲ့တာေတာင္ ေခါင္းမာမာနဲ႔ mask ကိုခၽြတ္ထားဆဲပါပဲ။
ေခါင္းမာတဲ့ သမၼတႀကီး ထရမ့္ အခုထက္အထိလည္း က်န္းက်န္းမာမာပါ။
၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၂၀ ရက္မွာ သမၼတ သက္တမ္းျပည့္ေတာ့မွာမို့ ၂၀၂၅ အထိ သမၼတ ဆက္လုပ္ဖို့ အားတက္သေရာ္ ႀကိဳးစားေနဆဲေပါ့။
💵 💵
နိုင္ငံတစ္ကာက လူအေတာ္မ်ားမ်ားက မၾကာခင္ေရာက္ေတာ့မယ့္ နိုဝင္ဘာလ ၃ ရက္ ေရြးေကာက္ပြဲမွာ သမၼတ ေဒၚနယ္လ္ထရမ့္ အနိုင္ရ မရ စိတ္ဝင္စားေနၾကတယ္။
နိုင္ငံေရးသမားေတြ ေျပာေနက် စကားတစ္ခြန္းရွိတယ္မဟုတ္လား။
“ဒီမိုကရက္တစ္ (Democratic Party) က မဲဆြယ္ဘို့ မလို၊ မဲေပးတဲ့ ျပည္သူေတြမ်ားဘို့ပဲလိုတယ္။ မဲေပးတဲ့ ျပည္သူေတြမ်ားရင္ နိုင္တယ္” ဆိုတာ။
ဘာလို့လဲဆိုေတာ့ ေလာကႀကီးမွာ ခ်မ္းသာတဲ့သူေတြထက္ ဆင္းရဲသူေတြ ပိုမ်ားတာကိုး။
ဒါေပမဲ့ သမၼတရဲ့ ထက္ျမက္တဲ့ စြမ္းရည္ကို ခ်စ္တဲ့သူေတြလည္း အမ်ားႀကီးရွိေနေသးပါတယ္တဲ့။
💵 💵
မေရႊမိုး ( ကိုရီးယား )
October 24th,2020.
References
▪️Donald Trump
president of the United States
WRITTEN BY- Brian Duignan
(Brian Duignan is a senior editor in philosophy at Britannica. He also handles law, social science, political theory, and some areas of religion. He joined Britannica in 1989.)
LAST UPDATED: Sep 10, 2020
▪️businessinsider
Trump family and history: From immigrants to America's first family
IMDb- Donald Trump -Biography
▪️Confident. Incorrigible. Bully: Little Donny was a lot like candidate Donald Trump
By Paul Schwartzman and
Michael E. Miller
June 22, 2016
Showbiz Cheat Sheet
▪️HOME / CULTURE /
11 Surprising Things You Didn’t Know About Donald Trump
Jess Bolluyt MORE ARTICLES
December 21, 2017