Saturday, August 12, 2017

Cystic Acne ဆိုတာ ဘာလဲ ??

Cystic Acne ဆိုတာ ဘာလဲ ?? ဘာကြောင့်ဖြစ်တာလဲ ??  ဘယ်လို ကုသရမလဲ ???

ဝက်​ခြံတွေထဲမှာ အဆိုးတကာ့အဆိုးဆုံး Cystic ဝက်ခြံ အမျိုးအစားပါ ~ Post လေးက နည်းနည်းတော့ ရှည်မယ် ဒါပေမဲ့ အားလုံးအတွက် အကျိုးရှိတဲ့ အချက်တွေချည်းဘဲ ပါတာမို့လို့  သေသေချာချာလေး ဖတ်ပေးစေချင်ပါတယ်ရှင် ~~

👉(1) Cystic Acne ဆိုတာဘာလဲ ?? 

 ပျိုဖော်ဝင်စ အချိန်ရယ်၊ ဟိုမုန်းအပြောင်းအလဲများတဲ့ အချိန် မျက်နှာမှာ ဝက်ခြံ တစ်ဖုစ နှစ်ဖုစ ထွက်လာတာမျိုးတွေ လူတိုင်းတွေ့ဖူးပါတယ်~~ဒါပေမဲ့ ဝက်ခြံ တစ်ဖု နှစ်ဖုဟာ အချိန်တန်တဲ့ အချိန်မှာ ပြည်အဆင့်ကို ပြောင်းမယ် ~~ပြီးပြီဆိုရင်မျက်နှာပေါ် မှာအမာရွတ်နည်းနည်းလောက်ကျန် ပြီး ပျောက်သွားတာမျိုးရှိမယ်  ~~ ဒါတွေက ပုံမှန် လူတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံတွေပါ ~~~ ဒါပေမဲ့ အဲ့ဝက်ခြံတွေမပျောက်ဘဲနဲ့ အရမ်းနီရဲပြီးတော့ ကြီးလာမယ် ~~ ပြီးတော့ အဖုတွေကလည်း ကြီးပြီးတော့ ပွားလည်း ပွားလာမယ် ~~  နောက်ပြီး အဲ့အဖုတွေကို ကိုင်ကြည့်လိုက်ရင် နည်းနည်းလေးမာပြီးတော့ ဟိုးအတွင်းပိုင်းအသားထဲထိ ရှိနေတဲ့ ပုံစံမျိုးဆိုရင် အဲ့ဒါက Cystic Acne အမျိုးအစားဖြစ်ဖို့ များနေပါပြီ ~~  Cystic Acne အမျိုးအစား ဖြစ်ပြီဆိုရင် အကောင်းဆုံးကတော့  အချိန်ကို မစောင့်ဘဲနဲ့ အတတ်နိုင်ဆုံး  အမြန်ဆုံးကုသတာ အကောင်းဆုံးပါဘဲ ~~အားလုံးကို ကြောက်အောင်ခြောက်တာတော့ မဟုတ်ပါဘူး ~~ ဒါပေမဲ့ သိထားသင့်တဲ့ အချက်ကတော့  နှစ်နဲ့ ချီပြီး ကြာတတ်တာမျိုး ရှိတတ်ပါတယ်။ နောက်တစ်ခု အမာရွတ် ကျန်တတ်တာပါ ~~  Cystic Acne ရဲ့ အကြောင်းလေးကို အကျဉ်းချုံးပြောမယ်ဆိုရင်

❗️❗️❗️Cystic Acne ဆိုတာက ပြင်းထန်တဲ့ ဝက်ခြံ ပါ ~ ဝက်ခြံအမျိုးအစားမှာမှ အသားအရည်ရဲ့ အတွင်းပိုင်းနက်နက်မှာ ပေါက်တဲ့ဝက်ခြံ အမျိုးအစားပါ ~~  ဝက်ခြံပိုးရယ် ဆဲလ်အသေရယ် အဆီရယ်  သုံးခုစုပြီး ချွေးပေါက်ရဲ့  အတွင်းပိုင်း အလွှာမှာ ဝက်ခြံ ပြည်တည်ပြီးရောင်လာတာပါ ~~ ချွေးပေါက်ရဲ့ အတွင်းပိုင်း မှာ အဖုအကြီးကြီး ဖြစ်နေတဲ့ အတွက်ကြောင့်မို့ အပြင်ကိုလည်း ထွက်လာလို့ မရဘူး အဲ့ဒါကြောင့် များသောအားဖြင့် ဆင်ဝက်ခြံလိုမျိုး
ဝက်ခြံပုန်းတွေလိုမျိုးအထဲမှာ  ဖြစ်နေတတ်တာ များပါတယ် ~~အဲ့ ဝက်ခြံတွေကလည်း နာလည်း နာပါတယ် ~~ တဖြေးဖြေးနဲ့ ဝက်ခြံထဲမှာရှိတဲ့ပိုးက ပိုပြီးပွားလာတာဘဲဖြစ်ဖြစ်၊ ကိုယ်က လက်နဲ့ ဝက်ခြံကို ကုတ်မိ ညှစ်မိတာဘဲ ဖြစ်ဖြစ် ဝက်ခြံက ပိုးထဲကို ဝင်သွားတာဘဲ ဖြစ်ဖြစ် အဲ့လို အချိန်မျိုးမှာ  ပြည်တည်သလိုမျိုး အပေါ်က အဖြူရောင်ပြည်လေးတွေ တက်လာတတ်ပါတယ်~~ အဲ့လို အချိန်မျိုးမှာ ပိုပြီး သတိထားသင့်တာက ပြည်တည်နေတဲ့ ဝက်ခြံလုံးက ပေါက်သွားမယ်ဆိုရင် တစ်နေရာကနေ နောက်တနေရာကို ကူးဖို့ ပုံမှန်ဝက်ခြံတွေထက် ပိုပြီးမြန်ပါတယ် ~~ ပိုပြီး ပွားလွယ်ပါတယ် အဲ့ဒီအတွက်ကြောင့်မို့လို့ ကုရတဲ့ နေရာမှာ ပိုပြီးတော့ ခက်လာပါတယ် ~~ ဒါဆိုရင် Cystic Acne ရဲ့ အကြောင်းအချက်လေးကို အားလုံးဘဲ သိကြပြီလို့ ထင်ပါတယ် ~~~

👉(2) ဘယ်လို လူမျိုးက Cystic Acne ဖြစ်တတ်လဲ ??ဘယ်အချိန်တွေမှာဖြစ်တတ်လဲ ??

Cystic Acne တွေက များသောအားဖြင့် ပျိုဖော်ဝင်စ 16 နှစ်ကနေ 20ကျော်အရွယ် အသက် 20ကျော်အရွယ်တွေမှာ တွေ့ရတာများပါတယ်။ ဒါပေမဲ့ အသက် 30 ကျော် နဲ့50 ကျော်ပိုင်းတွေ တစ်ခါတစ်လေ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတော့ မျက်နှာ ၊ရင်ဘတ် နောက်ကျော၊ လက်တွေမှာလည်း ပေါက်တတ်ပါတယ် ~~ တစ်ခါတစ်လေမှာဆိုရင် ပုခုံးမှာလည်း ပေါက်တတ်ပါတယ် ~~ Cystic Acne ပေါက်တာခြင်း အတူတူ ယောက်ျားလေးတွေက ပေါက်တာပိုများပါတယ် ~ ပိုပြင်းထန်တယ်~~ မိန်းကလေးတွေမှာ ပေါက်တာဆိုရင် မျက်နှာ၊ အောက်မေးစေ့ ၊ T-Zone နားမှာပေါက်တာများပါတယ် ~~ T-Zone ဆိုရင် နှာခေါင်းနား တစ်ဝိုက် ၊ ပါးနဲ့ ၊  မေးစေ့နားမှာပေါက်တာ များပါတယ် ~~

👉(3) ဒါဆိုရင် Cystic Acne ရဲ့ ဖြစ်ရတဲ့ အကြောင်းအချက်က ဘာလဲ ??  

Cystic Acne ရဲ့ ဖြစ်ရတဲ့ တရားခံကိုတော့ အခုထိ ရှာမတွေ့သေးပါဘူး ။ ဒါပေမဲ့ အဓိက အားဖြင့် သူ့ကို ဖြစ်စေတဲ့ အကြောင်းအရာလို့ ယူဆထားကြတာက  ယောက်ျားလေး Hormone တစ်မျိုးဖြစ်တဲ့ Androgen   များလာတဲ့ အချိန်မျိုးမှာ ဖြစ်တတ်တယ် ~~ ချွေးပေါက်တွေ ပိတ်တာများပြီးတော့ အထဲမှာ ဝက်ခြံ ဖြစ်လာတဲ့ အချိန်မှာ   ဖြစ်တတ်တယ်။ မိန်းကလေးတွေထဲမှာဆိုရင် ဓမ္မတာလာတာမမှန်တာ ၊ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်၊ သွေးဆုံးတဲ့ တစ်ချိန်ရယ် ၊ နောက်တစ်ခုက မိန်းကလေးတွေမှာ သားဥပြွန်မှာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးရှိပါတယ်  ဒါက Polycystic Ovarian Syndrome  လို့ခေါ်ပါတယ် ~ အဲဒါနဲ့တွဲပြီးတော့လည်း  Cystic Acne  ကို တွေ့ရတတ်ပါတယ် ~~

👉(4) နောက်ဆုံးတစ်ခုက သူ့ကို ဘယ်လို ကုသရမလဲ  ~~

Cystic Acne ကို ကုသဖို့က Ma’suriတို့လို အလှကုန်ပစ္စည်းတွေနဲ့ ကုသလို့ မရပါဘူး ~~ နောက်တစ်ခုကတော့ Over The Counter Medicine (OTC)  လို့ခေါ်တဲ့  ဆေးဆိုင်တွေမှာ အလွယ်တကူမေးဝယ်လို့ရတဲ့ ဆေးတွေနဲ့လည်း ကုသလို့မရပါဘူး။ အဲ့ဒီအတွက်ကြောင့်မို့ Cystic Acne ဖြစ်ပြီဆိုရင်တော့ အကောင်းဆုံးက Dermatologist  အရေပြားဆရာဝန်နဲ့ ပြသရမှာပါ

~~ များသောအားဖြင့်  ပေးတတ်တဲ့ ဆေးတွေက

(a)  ပိုးသတ်ဆေးတွေပါ ~ သူက Bacteria ပြန့်ပွားနှုန်း ထိန်းချုပ်ပေးမယ့်  ရောင်တာ ရမ်းတာကို သက်သာစေမယ့် အဲ့လိုဆေးတွေကို ပေးတတ်တယ် ~~

(b) နောက်တစ်ခုက ဟိုမုန်းကို ပြန်လည်ထိန်းညှိပေးမယ့် ဟော်မုန်း ဆေးမျိုးတွေ ပေးတတ်တယ် ~~

(c) Cystic Acne မှာ အကောင်းဆုံးလို့ ယူဆထားတဲ့  Vitamin A အမျိုးအစားကို ပေးတတ်တယ် ~~

  ✅ ✅အဲ့ဒီအတွက်ကြောင့်မို့ Cystic Acne ဖြစ်နေတဲ့ သူတော်တော်များများကို Ma’suri အနေနဲ့ အကြံပေးချင်တာက ကိုယ်သင့်တော်မယ်ထင်တဲ့ (သို့မဟုတ်) နာမည်ကြီးတဲ့ အလှကုန်ပစ္စည်းတွေ သုံးနေမယ့် အစား ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးပြသတာ ကိုယ်အနေနဲ့လည်းပိုပြီးတော့ ထိရောက်တဲ့  ကုသမှုကိုရမယ်။ နောက်လည်း Cystic Acne ကြောင့် ဖြစ်လာနိုင်တဲ့  နောက်ထပ် ဆိုးကျိုးတွေကိုလည်း တစ်ခါတည်း ကာကွယ်ပြီးသားလည်းဖြစ်မယ်။ အဲ့ဒီအတွက်ကြောင့်မို့ အရေပြားဆရာဝန်နဲ့ ပြပေးစေချင်ပါတယ် ~~

ဒါဆိုရင်  ဒီနေ့ပြောပြတာ Cystic Acne အကြောင်း စုံစုံလင်လင်လေး ဖြစ်သွားပြီလို့ ထင်ပါတယ် ~~

🔆🔆🔆 အပေါ်မှာ ပြောထားခဲ့ ဖူးသလိုဘဲ Cystic Acne အမျိုးအစားလေးက အသားအရည်ရဲ့ ဟိုးအတွင်းပိုင်းမှာပေါက်တဲ့ ဝက်ခြံ အမျိုးအစားဖြစ်တာကြောင့်မို့ ပိုးသတ်ဆေးတောင်မှ သောက်ဆေးနဲ့ ထိုးဆေးလောက်ကဘဲ  သွေးထဲကနေတဆင့် ဒီလို ဝက်ခြံတွေ ကုသပေးနိုင်ပါတယ်
~~ လိမ်းဆေးတောင်မှ သိပ်ပြီး မသေချာပါဘူး
 ~~ Cystic Acne ဖြစ်ပြီဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြဖို့ Ma’suri က တိုက်တွန်းပေးလိုက်ပါတယ်ရှင် ~~

 ~ နောက်ဆုံးဖြည့်စွက်ချင်တာက နိုင်ငံတကာ အဆင့်မှီ Aesthetic Centre တွေမှာဘဲ ကုသမှုခံယူစေချင်ပါတယ်

 ~ အပေါ်မှာ ပြောသလိုဘဲ ဒီဝက်ခြံက ညှစ်တာနဲ့ ပွားတာမို့ မသင့်တော်တဲ့ နည်းလမ်းတွေနဲ့ ခွဲစိတ်တာ ညှစ်ထုတ်တာ လုပ်တယ်ဆိုရင် လုပ်တုန်းခဏပဲ သက်သာသလိုဖြစ်ပြီး ပြီးရင်ပိုဆိုးလာတတ်လို့ပါ

~ ~~ အားလုံးဘဲ ကောင်းသောနေ့လေး ဖြစ်ပါစေရှင် ~~

Credit: Ma’suri Page 

No comments: