Tuesday, August 15, 2017

Cruciferous Vegetable

အရွက်နားလေးတွေ တွန့်နေတဲ့ ဟင်းသီးဟင်းရွက်များ
ခရက်စီဖားရပ်စ် (Cruciferous Vegetable)
.............................


 Cruciferous Vegetable တွေက ကင်ဆာတိုက်ဖျက်နိုင်တဲ့ အကျိုးအာနိသင်တွေကြောင့် လူအများက စိတ်ဝင်စားလျက်ရှိပါတယ်။ Cruciferous Vegetable ဆိုတာက Brassica မျိုးနွယ်ဝင်အပင်တွေကို ခေါ်တာဖြစ်ပြီး ပန်း ဂေါ်ဖီစိမ်း (Broccoli)၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပင်ပေါက်၊ ကိုက်လန်၊ တရုတ်မုန်ညင်း၊ ဝါဆာဘီ၊ မုန်လာဥဖြူ၊ တာအိုးရွက်၊ သင်္ဘောဒန့်သလွန်၊ တရုတ်မုန်လာ၊ တောင်ကြာကလေးပင်စတဲ့ ဟင်းသီးဟင်းရွက် တွေပါဝင်ပါတယ်။ အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင်တော့ အရွက်အနားလေးတွေတွန့်နေတဲ့ ဟင်းသီးဟင်း ရွက်တွေဆိုပြီး သိနိုင်ပါတယ်။ Cruciferous Vegetable တွေက ဗီတာမင် C၊ E၊ K၊ ဖော်လိတ်နဲ့ တခြားသတ္တုဓာတ်ပေါင်းများစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး အမျှင်ဓာတ်လည်းကြွယ်ဝကြပါတယ်။ စိမ်းရွှေရွှေအနံ့နဲ့ ခါးသက်သက်အရသာကိုဖြစ်စေတဲ့ ဆာလဖာပါဝင်တဲ့ ဓာတုပစ္စည်းတစ်မျိုးကြွယ်ဝတာကြောင့် အန္တရာယ်ရှိစေသော အဆိပ်အတောက်တွေကို အန္တရာယ်မဖြစ်အောင် ပြုလုပ်ပေးခြင်း၊ အဆိပ်ပြေစေခြင်းနဲ့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် အဆုတ်ကင်ဆာဖြစ်ပွားမှုတို့ကို လျှော့ချပေးပါတယ်။

 စမ်းသပ်မှုတွေအရ ဒီဟင်းသီးဟင်းရွက်တွေက ကင်ဆာရောဂါပထမ အဆင့်နဲ့ ဒုတိယအဆင့်လောက်ကို လျှော့ချပေးနိုင်ပါတယ်လို့ သိရပါတယ်။ ဂေါ်ဖီထုပ်က ကင်ဆာရောဂါကို ၇၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးပါတယ်။ ပန်းဂေါ်ဖီက ၆၇ ရာခိုင်နှုန်း၊ ပန်းဂေါ်ဖီစိမ်း (Broccoli) က ၅၆ ရာခိုင်နှုန်းနဲ့ ဂေါ်ဖီပင်ပေါက်က ၂၉ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ပြင်ဆင်နေချိန်၊ စားသုံးနေချိန်နဲ့ အစာချေဖျက်နေချိန်မှာ ဃမကခင်နမသကျ ဟင်းသီးဟင်းရွက်အတွင်းမှာရှိတဲ့ (Glucosinolates) ဆာလဖာ ပါဝင်တဲ့ဓာတုပစ္စည်း ပြိုကွဲပြီးတော့ ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ Indoles နဲ့ Isothiocyanates လိုမျိုး ဇီဝဓာတ်ပေါင်းတွေ ဖြစ်လာပါတယ်။ တိရစ္ဆာန်များကို လေ့လာချက်တွေနဲ့ ဓာတ်ခွဲခန်းထဲမှာ ဆဲလ်တွေမွေးမြူပြီး လေ့လာချက်တွေနဲ့အတူ ဒီဓာတ်ပေါင်းတွေက ကင်ဆာရောဂါတားဆီးနိုင်ခြင်းကို သက်သေပြထားပါတယ်။

Indoles နဲ့ Isothiocyanates ဇီဝဓာတ်ပေါင်း တွေက အိမ်ကြွက်တွေ၊ လယ်ကြွက်တွေရဲ့အသည်း၊ ကျောက်ကပ်၊ အဆုတ်နဲ့ အစာအိမ်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေရဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးပေးနိုင်ကြောင်း တွေ့ရပါတယ်။

 Isothiocyanates ဟင်းသီးဟင်းရွက်အမြောက်အမြား စားသုံးသူတွေက ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ တစ်ပတ်မှာ ဒီဟင်းသီးဟင်းရွက် ၅ ကြိမ်အထက်စားသုံးသူ အမျိုးသမီးတွေက အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာဖြစ်ပွားမှု နည်းပါးပါတယ်။ မတူညီတဲ့ ဟင်းသီးဟင်း ရွက်တွေက မတူညီတဲ့အာနိသင်တွေရှိတာကြောင့် လူတိုင်း တစ်နေ့ကို ဟင်းသီးဟင်းရွက်တစ်မျိုးစီ မတူညီအောင် စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်းရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ပဲ၊ ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားဟင်းသီးဟင်းရွက်တွေဆိုပြီး အုပ်စု ၅ ခုခွဲခြားထားပါတယ်။

Isothiocyanates ဟင်းသီးဟင်းရွက်တွေက အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်တွေနဲ့ အခြားဟင်းသီးဟင်းရွက် အုပ်စုတွေထဲမှာ ပါဝင်ပါတယ်။

 Cruciferous ဟင်းသီးဟင်းရွက်တွေက DNA ပျက်စီးခြင်းမှ ဆဲလ်တွေကို ကာကွယ်ပေးထားတယ်။ ခန္ဓာကိုယ်ရှိ တစ်ရှူးတွေမှာ ကင်ဆာဖြစ်ပေါ်စေတဲ့ ပစ္စည်းတွေ မဝင်ရောက်အောင် ကူညီပေးပါတယ်။ ဗိုင်းရပ်စ်ဝင်ရောက်ခြင်းနဲ့ ဗက်တီးရီးယား ဝင်ရောက်ခြင်းကို တားဆီးပေးဖို့ ကူညီပေးပါတယ်။ ရောင်ရမ်းမှု တွေကို လျှော့ချပေးတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဆဲလ်တွေသေဆုံးမှုကို လျှော့ချပေးတယ်။ ကင်ဆာဆဲလ် (အကျိတ်)တွေ ဘေးကို ပျံ့နှံ့ခြင်းနဲ့ သွေးကြောအသစ်တွေဖြစ်ပေါ်ခြင်းကို တားဆီးပေးပါတယ်။ ကင်ဆာရောဂါနဲ့ နှလုံးရောဂါအပါအဝင် ရောဂါအမျိုး ၅၀ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးကြောတွေ ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။ သွေးတွင်း ဖိအားကို ကျစေပါတယ်။ ခန္ဓာကိုယ်တွင်းရှိတဲ့ ဆဲလ်တွေ ကျန်းမာနေတဲ့ အခြေအနေမှ ကင်ဆာရောဂါအခြေအနေဘက်သို့ ပြောင်းသွားခြင်းကို တားဆီးပေးပါ တယ်။ မကောင်းတဲ့ ကိုလက်စရောတွေကို လျော့နည်းစေပါတယ်။
..................
ဆုမြတ်ဦး

Credit : Food Magazine (Myanmar) 

No comments: