Thursday, August 3, 2017

ဘာကြောင့် ၀န်ထမ်းလေ့ကျင့်မှုတွေဟာ လက်လီလုပ်ငန်းများအတွက်အရေးကြီးရတာလဲ ?

ဘာကြောင့် ၀န်ထမ်းလေ့ကျင့်မှုတွေဟာ လက်လီလုပ်ငန်းများအတွက်အရေးကြီးရတာလဲ ? (အပိုင်း - ၁)


အကယ်၍ မိတ်ဆွေဟာ တစ်နေ့တစ်ခြား အောင်မြင်လာတဲ့ လက်လီအရောင်းဆိုင် ရဲ့ ပိုင်ရှင် ဒါမှမဟုတ် စီမံခန့်ခွဲရသူ ဖြစ်နေရင်တော့ မိတ်ဆွေတာဝန်ယူရတဲ့ အပိုင်းတွေက များပြားလွန်းလှပါတယ် ။ ပစ္စည်းအမှာစာ လုပ်ရသူ ဟာလည်း ကိုယ်တိုင်၊ ဝန်ထမ်းအသစ်တွေ ခေါ်ယူရတာကလည်း ကိုယ်တိုင် ၊ စာရင်းအင်းတွေ တွက်ချက်ရသူ ဟာလည်း  ကိုယ်တိုင်ပဲ ဖြစ်နေမှာပါ။ ဒီထဲမှာမှ ဝန်ထမ်းတွေကို လက်လီအရောင်းသင်တန်းထပ်ပေးရအုံးမယ် ဆိုရင်တော့ တော်တော့် ကို များသွား ပြီလို့ ထင်ရမှာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီအတွေးအမြင်ထက် မှားနိုင်တာ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင်တန်းကောင်းကောင်း ရထားတဲ့ ဝန်ထမ်းတွေက ရောင်းအားကောင်းကောင်း ကို ရရှိစေနိုင်လို့ ပါ။
ဒီ Topic မှာမိတ်ဆွေကို လမ်းကြောင်းမှန် ပေါ်ကို တင်ပေးဖို့အတွက် ဝန်ထမ်းတွေကို ဘယ်လို ထရိန်နင် (Training) ပေးရမယ်ကစလို့ သူတို့ ဆီက အကောင်းဆုံးရလာဒ် တွေကို ဘယ်လိုရအောင် လုပ်ရမယ် ဆိုတာတွေအထိ ဖော်ပြပေးထားပါတယ်။

အရောင်းဝန်ထမ်း ထရိန်နင် (Training) ကဘာကြောင့် အရေး ကြီးတာလဲ?
အရောင်းဝန်ထမ်းထရိန်နင်ဟာ လက်လီဆိုင်သေးသေးလေးတွေထိ တောင်အရေးပါလှပါတယ်။ မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို မိမိတို့ ဆိုင်ရဲ့ ရောင်းသမျှ ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင် စေရုံသာမက လက်လီဆိုင်တွေမှာ ဖြစ်လေ့ရှိတဲ့ ပစ္စည်းခိုးခံရတဲ့ ပြဿနာမျိုးတွေကို ပါ လျော့ကျစေပြီး ရောင်းအားကောင်းစေနိုင်တဲ့ အလေ့အကျင့်ကောင်း  တွေပါ ရစေချင်မှာပါ။ ဒီ Topic မှာ လက်လီအရောင်း ဝန်ထမ်းထရိန်နင်တွေကနေ လုပ်ငန်းတစ်ခုလုံးကို ဘယ်လို တိုးတက်စေနိုင်သလဲဆိုတာ ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။

(၁) ရောင်းအားတက်စေခြင်း

အရောင်းဝန်ထမ်း ထရိန်နင်ကို ဘာကြောင့် လုပ်သင့်သလဲဆိုတဲ့ အဓိကအကြောင်းရင်းကတော့ မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို ဆိုင်က ပစ္စည်းအသစ်တွေရဲ့ အကြောင်းကို သိစေနိုင်ဖို့ ၊ ရောင်းပုံ ရောင်းနည်းစနစ် ကောင်းကောင်းတွေကို ပိုင်နိုင်စေချင်လို့၊ ပြီးတော့ ဘယ်လို customer မျိုး ကို ဘယ်လိုရောင်းရင် အကောင်းဆုံးဖြစ်မလဲ ဆိုတဲ့လူပေါ်ကိုလိုက်ပြီး အခြေအနေကိုသုံးသပ်တတ် စေချင်လို့ပါ။ ကောင်းကောင်းလေ့ကျင့်သင်ကြားပေးထားတဲ့ ဝန်ထမ်းတွေက ဝယ်သူကိုပျော် ရွှင် စေနိုင်ပါတယ်။ ဝယ်သူတွေ ပျော်တယ်ဆိုရင် မိမိဆိုင်မှာ အမြဲတမ်းဖောက်သည်တွေဖြစ်လာဖို့ အခွင့်အရေး ပို များသွားပါပြီ။

(၂) မိမိရဲ့ နယ်ပယ်မှာ ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရခြင်း

ထိရောက်တဲ့ အရောင်းထရိန်နင် အစီအစဉ်နဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်ကိုးစားမှု တွေဟာ မိတ်ဆွေကို ကျွမ်းကျင်သူတစ်ယောက်၊နှံ့ စပ်သိမြင်သူတစ်ယောက် အဖြစ် သတ်မှတ်ခြင်း ခံရနိုင်ပါတယ်။ ဥပမာဆိုကြပါစို့၊ မိတ်ဆွေဟာ မိတ်ဆွေတို့ မြို့က စားသောက်ဆိုင်မှာ ကိုယ်တိုင်စပ် ဘီယာ ရောင်းတယ်ဆိုပါတော့။ အကယ်၍ သာ အရောင်းဝန်ထမ်းထရိန်နင် ကောင်းကောင်းသာ ရခဲ့ မယ်ဆိုရင် မိတ်ဆွေရဲ့ ဝန်ထမ်းတွေဟာ အရောင်းစာရင်းမှတ်တာတွေ၊ ပစ္စည်းပြန်မှာတာတွေအပြင် ကိုယ့်ရဲ့ customer ကို ဘယ် ဘီယာ အမျိုးအစား ဟာဖြင့် ဘယ်လိုဖော်စပ်ထားပြီး၊ ဘယ်အစားအစာ နဲ့ အကောင်းဆုံး တွဲဖက်စားသုံး နိုင်ကြောင်းတွေကိုပါ အကြုံပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဗဟုသုတတွေရှိတဲ့အတွက် မိတ်ဆွေဟာ ဘီယာကို ဘဲ ရောင်းတာ မဟုတ်တော့ပါဘူး။ ခံစားမှု အတွေ့အကြုံ ကိုပါ ရောင်းတာဖြစ်သွားပါပြီ။ မိတ်ဆွေရဲ့ ဖောက်သည်တွေ ကိုယ်တိုင်စပ် ဘီယာတွေ မြည်းစမ်းချင်တိုင်း မိတ်ဆွေရဲ့ ဆိုင်ကို အမြဲသတိရနေစေမှာပါ။

ဘာကြောင့် ၀န်ထမ်းလေ့ကျင့်မှုတွေဟာ လက်လီလုပ်ငန်းများအတွက်အရေးကြီးရတာလဲ ? (အပိုင်း - ၂)

(၃) သတင်းတစ်ခုတည်း တသမတ်တည်းဖြစ်စေခြင်း

အရောင်းဝန်ထမ်း ထရိန်နင်ကောင်းကောင်း ပေးထားစေခြင်းဟာ မိတ်ဆွေရဲ့ဝန်ထမ်းတွေကို မိတ်ဆွေလုပ်ငန်းရဲ့ ဈေးကွက်မဟာဗျူဟာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး လူကိုယ်တိုင်တွေ့တဲ့အခါမှာရော online မှာရော တသမတ်တည်းသော သတင်းကို ပေးနိုင်မှာပါ။ မိတ်ဆွေရဲ့ဝန်ထမ်းက တစ်နေရာမှာ တစ်မျိုးဖြစ်နေတဲ့ သတင်းတွေပေးပြီး ကိုယ့်ရဲ့ အမှတ်တံဆိပ်ကိုထင်ရောင်ထင်မှားတွေ လုံးဝမဖြစ်စေချင်ပါဘူး။ မကြာခင်ပေးမယ့် ပရိုမိုးရှင်း ဈေးရောင်းပွဲတွေ နှင့်အခြားပွဲကို အသိပေးတဲ့အခါမှာဖြစ်စေ၊ ကိုယ့်လုပ်ငန်းရဲ့ စံနှုန်းတွေကိုပြောတဲ့အခါမှာဖြစ်စေ တသမတ်တည်းဖြစ်နေစေဖို့ အရေးကြီးပါတယ်။

(၄) ၀န်ထမ်းတွေရဲ့စိတ်ထားရေးရာ ပိုမိုကောင်းမွန်လာစေခြင်း

အရောင်းဝန်ထမ်းထရိန်နင်မှာ ရင်းနှီးမြှုပ်နှံ လိုက်ခြင်းဟာ မိတ်ဆွေဟာ မိတ်ဆွေဝန်ထမ်းတွေရဲ့တက်လမ်း ၊တိုးတက်မှုတွေကို ဂရုစိုက်တဲ့သူအဖြစ် ပေါ်လွင်စေမှာပါ။ ဒီလိုဂရုစိုက်မှုတွေဟာ ဘယ်လောက်ထိ ထိရောက်နိုင်လဲဆိုရင် ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာပိုင်းကို ထိန်းသိမ်းမြှင့်တင် ပေးစေနိုင်ပါတယ်။ ဒီလုပ်ငန်းလေးဟာ မိတ်ဆွေပိုင်တာဖြစ်ပေမယ့် ၀န်ထမ်းတော်တော်များများဟာ သူတို့ဘ၀ထက် ပိုပြီးကြီးမားကောင်းမွန်တဲ့အရာတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် ပတ်သတ်ချင်ကြပြီး တူညီတဲ့ဘုံအိမ်မက်တစ်ခုကို ရယူတဲ့အခါမှာ အရေးပါ အရာရောက်သူတွေ ဖြစ်ချင်ကြပါတယ်။အချိန်ပိုင်းအရောင်းအလုပ်တစ်ခုကို တကယ်ကောင်းမွန်တဲ့ ဘ၀အတွေ့အကြုံ အဖြစ်ပြောင်းလဲနိုင်မဲ့ နည်းလမ်းငယ်လေးတွေကို ရှာဖွေသင့်ပါတယ်။ အသေးစားလုပ်ငန်းတွေရဲ့ အားသာချက်ကတော့ မိတ်ဆွေရဲ့ဝန်ထမ်းတွေကို ပိုပြီးနီးနီးကပ်ကပ် ကြီးကြပ်နိုင်ခြင်းပါ။ ဒီတော့မိမိဝန်ထမ်းတွေကိုသူတို့ဟာ ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုမှာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ သိစေသင့်ပါတယ်။

(၅) ၀န်ထမ်းအလုပ်ထွက်နှုန်းလျှော့ချခြင်း

ဝန်ထမ်းတွေရဲ့ စိတ်ဓါတ်ရေးရာပိုင်း ကောင်းလာတယ်ဆိုရင် ကိုယ့်ရဲ့လက်ရှိဝန်ထမ်းတွေမြဲအောင် ပိုထိန်း ထား နိုင်မှာပါ။ ဒါဆိုရင် ၀န်ထမ်းအသစ်ရှာဖို့၊ ငှားဖို့၊ ထရိန်နင် ပြန်ပေးရတယ်ဆိုတဲ့ စရိတ်တွေကိုလျှော့ချစေနိုင် မှာပါ။ထရိန်နင်ကောင်းကောင်းမရတာဟာ ၀န်ထမ်းတွေ အလုပ်ထွက်ရခြင်းရဲ့ အဓိကအကြောင်းအရင်း နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့လက်လီအသေးစား အရောင်းလုပ်ငန်းတွေမှာ ၀န်ထမ်းတိုင်းအရေးကြီးပါတယ်။ ဒီတော့ တခြားအကြောင်းအရင်းအတွက် မဟုတ်ရင်တောင် ၀န်ထမ်းတွေပိုမြဲဖို့ဆိုတာ တစ်ခုနဲ့တင် အရောင်း  ၀န်ထမ်းထရိန်နင်ကို ကောင်းကောင်း ပေးသင့်ပါတယ်။

(၆) ဘေးအန္တရာယ် ပိုမို ကင်းရှင်းစေခြင်း

မိတ်ဆွေဟာ စတိုးဆိုင်အသေး တစ်ခုကိုဖြစ်စေ၊စာအုပ်ဆိုင် တစ်ဆိုင်ကို ပိုင်တာဖြစ်စေ၊ မိတ်ဆွေရဲ့ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေရဲ့ ဘေးကင်းလုံခြုံ စိတ်ချရမှု ဟာ မိတ်ဆွေရဲ့ တာဝန်ဖြစ်လာပါပြီ။ လေးလံတဲ့ ကုန်ပစ္စည်း အထုတ်အပိုးတွေကို ဘယ်လိုဘေးကင်းအောင် သယ်ယူရမယ်ဆိုတာ သင်ကြားပြသပေးရခြင်းတွေ၊ ဖောက်သည်တွေ ခလုတ်မတိုက် ချော်မလဲအောင် ကုန်ပစ္စည်းတွေကို ဘယ်လိုခင်းကျင်းပြသရမလဲ ဆိုတာတွေ သင်ပြပေးလိုက်ခြင်းဖြင့် မိတ်ဆွေရဲ့ တာဝန်ကို ပေါ့သွားစေနိုင်ပြီး ၊ အန္တရာယ်ကင်းကင်းအလုပ်လုပ်နိုင်မှာပါ။ အခြားအန္တရာယ်ဖြစ်စေနိုင်တဲ့ ထွက်လမ်း ပိတ်တာတွေ၊ စတိုခန်းထဲမှာ ကောင်းကောင်းမသိုလှောင်တာတွေနဲ့မစင်အညစ်အကြေးတွေကိုပါ သတိထားရမှာပါ။ အနည်းဆုံးတော့ အခြေခံအလုပ်ခွင်အန္တရာယ်နဲ့ဘယ်လိုဘေးကင်းအောင်နေရမယ်ဆိုတဲ့ အချက်လေးတွေကိုတော့ ၀န်ထမ်းတိုင်းသိအောင်လုပ်ရမှာပါ။

No comments: