Wednesday, December 3, 2014

ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဘယ်လိုဖော်ဆောင်တုံ့ပြန်ကြမှာလဲ



ပြည်သူတို့အနေဖြင့် ၄င်းတို့အခက်အ ခဲများအား အစိုးရမှ ဆောင်ရွက်ပေးရန်လို အပ်နေသောအကြောင်းအရာများအားအစိုး ရအဖွဲ့နှင့် အစိုးရဝန်ကြီး ဌာနဆိုင်ရာများမှ သိရှိပြုပြင်ဆောင်ရွက်ပေးနိုင်စေရန်အတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသတင်းစာများနှင့်ဂျာနယ် များရှိ လူထုအော်သံ၊ ပြည်သူ့အသံအစရှိ သော ကဏ္ဍများမှတစ်ဆင့်ဖြစ်စေ၊ အစိုးရအဖွဲ့ နှင့် အစိုးရဝန်ကြီးဌာနများသို့ တိုက်ရိုက်စာပို့ ၍ဖြစ်စေ၊ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်၍ ဖြစ်စေ ရေးသားတင်ပြအသိပေးကြသော်လည်း ပြည်သူတို့၏ ဆန္ဒနှင့် ပြည်သူတို့၏အသံများ အနက် တချို့မှာ တပ်မတော်အစိုးရလက် ထက်မှသည် ဒီမိုကရေစီစနစ်ပြောင်းလဲကျင့် သုံးသော အရပ်သား အစိုးရလက်ထက်သို့ ရောက်ရှိသည့်တိုင် မျက်ကွယ်ပြုထားခြင်းခံရ နေဆဲသာဖြစ်ကြောင်း လူထုအော်သံများပေး ပို့သောပြည်သူများထံမှ သိရသည်။

ပြည်သူတို့အလိုရှိနေသည်က ပြည်သူ တို့ မဲပေးရွေးချယ်တင်မြှောက်ထားသော လွှတ် တော်ကိုယ်စားလှယ်များအနေဖြင့်လည်းကောင်း၊ ပြည်သူတို့၏ ရွေးကောက်တင်မြှောက်မှုဖြင့် မဲအနိုင်ရရှိကာ အစိုးရအဖွဲ့အဖြစ် ရပ်တည်လျက် ရှိသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့်အရပ် သား အစိုးရနှင့် ယင်းအစိုးရအဖွဲ့၏ ဝန်ကြီးဌာန အသီးသီးအနေဖြင့်လည်းကောင်းဒီမိုကရေစီ စနစ်နှင့်အညီ ပြည်သူများနေ့စဉ်ကြုံတွေ့နေရ သော အခက်အခဲများနှင့် ပြဿနာများအား သိရှိကာကူညီဖြေရှင်းပေးစေလိုသည့်အတွက် စတုတ္ထမဏ္ဍိုင် ခေါ် သတင်းမီဒီယာများမှ တစ်ဆင့်သော်လည်းကောင်း၊ အစိုးရဝန်ကြီးဌာန များသို့ တိုက်ရိုက်အနေဖြင့်လည်းကောင်း တင် ပြခဲ့သော်လည်း ဝန်ကြီးဌာနအချို့မှ ပြည်သူ တို့၏အခက်အခဲများနှင့် တောင်းဆိုမှုများအား မည်သို့ ကူညီဖြေရှင်းပေးမည်၊ တင်ပြလာမှုများ အား ကူညီဖြေရှင်းပေးရန်အတွက် မည်သို့ သောအခက်အခဲများရှိနေသည်နှင့် မည်သို့ ဆောင်ရွက်နေသည် စသောအခြေအနေများ အား ပြည်သူထံသို့ ပြန်လည်အသိပေးမှု အား နည်းနေသဖြင့် ပြည်သူများ၏အသံနှင့် ပြည်သူ များ၏ဆန္ဒကို လျစ်လျူရှုနေသလား ပြည်သူ များ သံသယပွားလျက် ရှိသည်။

ဒီမိုကရေစီစနစ်၏အခြေခံ သဘောတရား အရ နိုင်ငံတော်၏ အာဏာသည်ပြည်သူထံ မှအုပ်ချုပ်သူအစိုးရထံသို့ဆင်းသက်လာခြင်း ဖြစ်ပြီး ပြည်သူတို့၏ဆန္ဒကို အစိုးရက ဖြည့် ဆည်းပေးရန်လိုအပ်သကဲ့သို့ ဖြည့်ဆည်းပေး နိုင်ခြင်းမရှိပါက ပြည်သူများထံ တုံ့ပြန် ပြန်လည် ပြောကြားပေးရန် တာဝန်ရှိပေသည်။ ဒီမိုကရေ စီစနစ်အားကျင့်သုံးသော အစိုးရအနေဖြင့် ပြည်သူတို့၏အခက်အခဲများနှင့် လိုအင်ဆန္ဒ များအား အတတ်နိုင်ဆုံးပြည့်ဝစေရန် ဖြည့် ဆည်းပေးရန် တာဝန်ရှိသည်။

သို့မှသာ ဒီမိုက ရေစီစနစ်သည် ပီပြင်လာမည်ဖြစ်သကဲ့သို့ ပြည်သူလိုလားသော သန့်ရှင်းကောင်းမွန်၍ အုပ်ချုပ်မှုစနစ်ကောင်းမွန်သော အစိုးရတစ် ရပ်လည်းဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ယင်းသို့ သန့်ရှင်းကောင်းမွန်၍ အုပ်ချုပ်မှုစနစ်ကောင်း မွန်သော အစိုးရ တစ်ရပ်ဖြစ်စေရေးအတွက် ပြည်သူတို့အကြားတွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူတို့အသံများကို အစိုးရဌာနများက ဂရုပြုနားဆင်ရန်လိုအပ်သကဲ့သို့ ပြည်သူတို့၏ လိုလားချက်နှင့် လိုအပ်ချက်များကိုလည်း အ တတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လို အပ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံး သပ်ပြောကြားသည်။

''ကျွန်တော်တို့ပြည်သူတွေက ရပ်ကွက် ထဲမှာပဲဖြစ်ဖြစ်၊ မြို့နယ်အတွင်းမှာပဲဖြစ်ဖြစ် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့သက် ဆိုင်မှုရှိပြီးနေ့စဉ်နဲ့အမျှပြည်သူတွေကြုံတွေ့ နေရတဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို သတင်းစာတွေ၊ ဂျာနယ်တွေကနေ တစ်ဆင့် အစိုးရဌာနဆိုင်ရာတွေသိရှိပြီး အကူအညီပေး နိုင်အောင် အသိပေး တင်ပြပေမယ့် အသိပေး တာပဲရှိတယ်။ လာပြီးကူညီဖြေရှင်းပေးတာမျိုး က မရှိသလောက်ပဲ။ နောက်ပြီး ပြည်သူတွေ ရဲ့ အခက်အခဲတွေကို ဘယ်လိုကူညီပေးမလဲ ဆိုတာနဲ့ မကူညီနိုင်ရင်လဲ ဘယ်လိုအခြေ အနေမျိုးတွေကြောင့်မကူညီနိုင်ဘူးဆိုတာမျိုး ပြန်ပြောတာမရှိဘူး''ဟု တာမွေမြို့နယ်၊ နတ် ချောင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကဆိုသည်။

ထို့အတူ သာကေတမြို့နယ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ၄င်းတို့ရပ် ကွက်နေပြည်သူများအနေဖြင့်ရပ်ကွက်အတွင်း ရှိ ပျက်စီးယိုယွင်းနေသော လမ်းမကြီးနှစ်ခု အား အစိုးရနှင့်ပြည်သူ အချိုးကျထည့်ဝင်ငွေ ဖြင့် ကွန်ကရစ်လမ်းအဖြစ် ပြုပြင်တည်ဆောက် ရန်အတွက် သာကေတမြို့နယ်မှ တိုင်းဒေသ ကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ တို့သို့လည်းကောင်းတင်ပြ ခဲ့ရာ ယင်းရပ်ကွက်နေပြည်သူတို့၏ဆန္ဒအတိုင်း ကွန်ကရစ်လမ်းအဖြစ်တည်ဆောက်ပေးမည် ဟု လွှတ်တော် ကိုယ်စားလှယ်များနှင့်စည်ပင် သာယာရေးကော်မတီတို့မှ ကတိပေးပြောကြား ခဲ့သော်လည်း လက်တွေ့တွင် တစ်နှစ်ကျော်ကြာ မြင့်သည်အထိ ဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း၊ ထို့အတွက်ရပ်ကွက်နေပြည်သူများမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်စည်ပင်သာယာရေးကော် မတီ(လမ်းတံတားဌာန)တို့ထံ ထပ်မံတင်ပြသော် လည်း လက်ရှိအထိလမ်းခင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်းမရှိသေးကြောင်း ပြောသည်။

''ကျွန်တော်တို့ရပ်ကွက်နေ ပြည်သူတွေ က အချိုးကျထည့်ဝင်ငွေနဲ့ လမ်းခင်းပေးဖို့ တင်ပြတော့ မြို့တော်ဝန်ရော၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပါ လမ်းခင်းပေးလိုက်ပါဆိုပြီး အောက်ခြေမှာရှိတဲ့ ဌာနကို ညွှန်ကြားချက်ထုတ်ပေးလိုက်ပြီဆိုတာသိရပေမယ့် အောက် ခြေမှာရှိတဲ့ ခရိုင်စည်ပင်လမ်းတံတားဌာနကဘာကြောင့် မဆောင်ရွက်ပေးသေးလဲ ဆိုတာကို မသိရတဲ့အပြင် ဘာကြောင့်ကြန့်ကြာနေရလဲဆို တဲ့အကြောင်းအရင်းကိုလဲ ပြည်သူတွေသိ အောင် လာရောက်ရှင်းလင်းပြောကြား တာမျိုးလဲ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက အဖွဲ့ဝင်တွေနဲ့ ရပ်ကွက် ဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့တွေက မြို့နယ် စည်ပင်ကို လာရောက်ဖြေရှင်းပေးဖို့ အကြောင်း ကြားတော့မှ ပြည်သူတွေကို လာရှင်းပေးတယ်။ ဒါပေမဲ့ ဘယ်နေ့ခင်းပေးမယ်ဆိုတာမျိုး တိကျ ရေရာတဲ့အဖြေတော့ ပေးမသွားဘူး။ ရပ်ကွက် ထဲကပြည်သူတွေက အကယ်၍ စည်ပင်က လမ်းမခင်းပေးဘူးဆိုရင် ဆန္ဒထုတ်ဖော်သွားဖို့ ပါလုပ်နေကြတယ်''ဟု ဆိုသည်။

ထို့အပြင် ယင်းသို့ဖြစ်ရခြင်းမှာ ပြည်သူ တို့၏ ဆန္ဒများနှင့် ပြည်သူတို့၏ အခက်အခဲ အား အထက်အဆင့်မှ ကူညီဖြေရှင်းပေးရန် လမ်းညွှန်သော်လည်း အောက်ခြေအဆင့်တွင် လိုက်နာမှု အားနည်းနေသေးသည်ကို ထင်ရှား စွာမြင်တွေ့ရကြောင်း၊ ထိုသို့အောက်ခြေအဆင့် ၏ အားနည်းချက်များကြောင့် နိုင်ငံတော်အစိုးရနှင့်ဌာနဆိုင်ရာများအပေါ်ပြည်သူတို့၏အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်ကာ ယုံကြည် မှုများမှာလျော့နည်းသွားနိုင်ကြောင်းယင်း က ဆက်လက်ပြောကြားသည်။

ယင်းအပြင် ပြည်သူတို့မှအစိုးရဌာနဆိုင် ရာလုပ်ငန်းများနှင့် ပတ်သက်၍ နေ့စဉ်ကြုံ တွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက် များနှင့် ပြုပြင်ရန်လိုအပ်သော အကြောင်းအရာ များအား နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် မီဒီယာ များတွင် ဖော်ပြတောင်းဆိုလေ့ရှိသော အလေ့ အထမှာ နိုင်ငံတကာတွင်လည်းရှိကြောင်း၊ မြန်မာနိုင်ငံ အနေအထားအရ တပ်မတော် အစိုးရ အုပ်ချုပ်စဉ်ကာလများတွင် လူထုအော် သံ၊ အယ်ဒီတာထံ ပေးစာစသဖြင့်ပြည်သူတို့မှ အစိုးရဌာနဆိုင်ရာများနှင့်ပတ်သက်၍အသိ ပေးဆောင်ရွက်လိုသောအကြောင်းအရာများ အား နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အစိုး ရဌာနဆိုင်ရာ အကြီးအကဲများ သိရှိဆောင်ရွက် နိုင်စေရန် ထည့်သွင်းခဲ့ကြောင်း၊ ထိုစဉ်ကနိုင်ငံ ပိုင်သတင်းစာများတွင် လူထုအော်သံများထည့်သွင်း ရာ၌ အစိုးရ ပေါ်လစီအရ ကန့်သတ်ချက် တချို့ထားရှိခဲ့ကြောင်း၊ သို့သော် သတင်းစာများ တွင် ထည့်သွင်းဖော်ပြခံရသောလူထုအော်သံ ကဏ္ဍမှ ပြည်သူတို့၏ အသိပေးဖော်ပြချက် များအား ထိုစဉ်က အုပ်ချုပ်ရေးအားတာဝန် ယူထားသည့်အစိုးရဌာနဆိုင်ရာများမှ အလျင် အမြန် စုံစမ်းစစ်ဆေး၍ အရေးတယူဖြေရှင်း ဆောင်ရွက်ပေးသည့်အပြင် ဖြေရှင်းပြီးဖြစ်ကြောင်း ကိုလည်း နိုင်ငံပိုင်သတင်းစာများတွင် ပြန်လည် ထည့်သွင်းဖော်ပြသော အလေ့အထများရှိခဲ့ ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၌ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးစအချိန်တွင်လည်း နိုင်ငံပိုင်နှင့် ပုဂ္ဂလိက သတင်းမီဒီယာများမှ တစ်ဆင့် ဖော်ပြသော လူထုအော်သံများအား အစိုးရမှ အရေးတယူ ဖြေရှင်းပေးခဲ့ကြောင်း၊ သာဓက အားဖြင့် ပြည်သူတို့မှ သတင်းမီဒီယာများမှ တစ်ဆင့်ဖော်ပြတောင်းဆိုမှုကြောင့် မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းအား အစိုးရမှ ရပ်ဆိုင်း ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ သို့သော်၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှစတင်၍ သတင်းမီဒီယာများ တွင်ပါရှိသော ပြည်သူ့အော်သံများအား အစိုး ရဌာနဆိုင်ရာများအနေဖြင့် ကူညီဖြေရှင်းပေး မှုနှင့် ဖြေရှင်းပေးနိုင်ခြင်း မရှိပါကလည်း မည်သည့်အတွက်ကြောင့် မဖြေရှင်းပေးနိုင် သည်တို့ကိုပြည်သူထံသို့ပြန်လည်အသိပေး မှုတို့ အားနည်းသွားသည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် ပြည်သူလူ ထုအနေဖြင့် ၄င်းတို့နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများအားတင်ပြသော်လည်း အရေးတယူကူညီဆောင်ရွက်ပေးခြင်းမရှိ သော အစိုးရဌာနဆိုင်ရာတချို့အပေါ် ယုံကြည် မှုများ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း သုံးသပ်ပြောကြားသည်။

''ပြည်သူတွေရဲ့အသံကို ဂရုတစိုက်နား ထောင်ပြီးဆောင်ရွက်ပေးတဲ့ အလေ့အထက ဒီမှာတော်တော်လေးအားနည်းနေသေးတယ်။ ဒီလိုအားနည်းရတဲ့ အကြောင်းအရင်းကလည်း အစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေအတိုင်း အောက်ခြေမှာရှိတဲ့ ဌာန ဆိုင်ရာတွေက အပြည့်အဝလိုက်နာဆောင်ရွက် မှုမရှိသလို၊ ပြည်သူတွေကတင်ပြလာရင်လည်း အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး။နောက်တစ်ချက်ကတော့ တရားဥပဒေစိုးမိုးမှု က တစ်သမတ်တည်းမရှိဘဲ လိုသလိုပြောင်း လဲကျင့်သုံးနေတာမျိုးတွေလဲ ရှိနေတဲ့အပြင် ပြည်သူ့ဆက်ဆံရေးဌာနလိုမျိုး အစိုးရဝန်ကြီး ဌာနတွေမှာ မရှိသေးတာကလဲ အားနည်း ချက်တစ်ခုလို ဖြစ်နေတာမျိုးတွေတွေ့ရတယ်။အဲဒီလိုမျိုးတွေမရှိတဲ့အခါကျတော့ ပြည်သူတွေ တင်ပြလာမှုအပေါ် အစိုးရဌာနဆိုင်ရာတွေ အနေနဲ့က ဆောင်ရွက်ပေးခြင်းရှိ၊ မရှိ အခြေအ နေတွေကို ပြည်သူတွေက မသိရတာမျိုးလဲရှိ တယ်''ဟု ယင်းကဆက်လက်ပြောသည်။

''အလားတူ အစိုးရဌာနဆိုင်ရာတွေမှာ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် ပြည့် သူ့ဆက်ဆံရေးဌာန(Public Relation - PR) တွ မရှိသေးတော့ လူထုအော်သံကဏ္ဍတွေကနေဖော်ပြတဲ့ ပြည်သူတွေရဲ့လိုအပ်ချက် နဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ အား နည်းနေတာကို တွေ့နေရတဲ့အတွက် အစိုးရ ဌာနဆိုင်ရာတွေမှာ ပြည်သူ့ဆက်ဆံရေးဌာန (Public Relation-PR )တွေရှိဖို့ လိုနေ တယ်။ ဒါမှလဲ ပြည်သူတွေရဲ့တင်ပြတောင်း ဆိုမှုတွေကို ကူညီဖြေရှင်းပေးလို့ရမယ်။ နောက် တစ်ချက်ကတော့ လက်ရှိအစိုးရအဖွဲ့ရဲ့ လူကြီး ပိုင်းတွေကတော့ ပြည်သူဗဟိုပြုတဲ့ အုပ်ချုပ်မှု စနစ် ဖြစ်လာစေဖို့အတွက် နည်းလမ်းတွေမျိုး စုံလုပ်ပြီး ဆောင်ရွက်နေပေမယ့် အောက်ခြေ အပိုင်းတွေမှာကျတော့ အပေါ်ကလုပ်နေတာ တွေကိုမသိဘဲ အရင်အစိုးရလက်ထက်အတိုင်း ကြိုးနီစနစ်တွေနဲ့ အလုပ်လုပ်နေတာမျိုးတွေ၊ ပြည်သူတွေရဲ့ဆန္ဒတွေကို အလေးမထားတာ မျိုးတွေ၊ ပြည်သူတွေရဲ့အခက်အခဲကို မျက်ကွယ် ပြုနေတာမျိုးတွေက ရှိနေတုန်းပဲ။ တချို့ဌာနဆိုင် ရာတွေကျတော့လဲ အထက်ကညွှန်ကြား ချက်မလာသေးလို့၊ ဘာမှမသိရသေးလို့ဆိုပြီး ပြည်သူတွေတင်ပြတဲ့ ကိစ္စတွေအပေါ် ရှောင် လွှဲကြတာမျိုးတွေလဲရှိတယ်။ ဒီတော့ ပြည်သူ တွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒနဲ့ ပြည်သူတွေ ရဲ့ လိုလားချက်၊ လိုအပ်ချက်တွေကို ကူညီဖြေ ရှင်းပေးနိုင်တဲ့ ဒီမိုကရေစီစနစ်ကျင့် သုံးတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ဆိုရင် အပေါ်က ပြည် သူဗဟိုပြုတဲ့ အုပ်ချုပ်ရေးစနစ်တို့၊ သန့်ရှင်း ကောင်းမွန်ပြီး အုပ်ချုပ်မှုစနစ်ကောင်းမွန် တဲ့အစိုးရလို့ ပြောနေရုံနဲ့ မရဘဲ အောက်ခြေမှာ ရှိတဲ့ ဌာနဆိုင်ရာကိုပါ တစ်ပြေးညီဆောင် ရွက်နိုင်ဖို့ အတွက် တိကျတဲ့ညွှန်ကြားချက်တွေ၊ အမိန့်တွေလဲ ထုတ်ပြန်ပေးဖို့လိုတယ်။နောက်ပြီး အောက်ခြေမှာရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေတင်ပြလာတဲ့ အပေါ်မှာ ကွင်းဆင်းစစ်ဆေးပြီး ပြည်သူတွေ ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ရင်လဲ ဖြည့်ဆည်းပေးနိုင်တယ်။ မဖြည့်ဆည်းပေးနိုင် သေးဘူးဆိုရင်လဲ ဘယ်လိုအကြောင်းတွေ ကြောင့် မဖြစ်နိုင်ဘူးဆိုတာ သေချာရှင်းလင်း ပြောကြားမယ်ဆိုရင် ပြည်သူဗဟိုပြုတဲ့ အုပ် ချုပ်မှုစနစ်ဆိုတာ ဖြစ်လာနိုင်တယ်''ဟု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ထွေး က ¤င်း၏အမြင်အား ပြောသည်။

ထို့အပြင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ တို့၏ လိုအပ်ချက်များအား သတင်းမီဒီယာများ မှတစ်ဆင့် တင်ပြလာမှုအပေါ် တတ်နိုင်သမျှ ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာဓကအားဖြင့် ရခိုင်ပြည်နယ်အတွင်း ကျွဲ၊ နွားများရှားပါးမှုကြောင့် လယ်ယာလုပ်ငန်းခွင် ဝင်ရန် အခက်အခဲများဖြစ်ပေါ်နေကြောင်းကို နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတစ်စောင် တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံတော်သမ္မတမှ သက်ဆိုင်သောဝန်ကြီး ဌာနများရှိ ပြည်ထောင်စု ဝန်ကြီးများအား အစည်းအဝေးခေါ်ယူကာ ရခိုင်ပြည်နယ်ရှိတောင်သူ လယ်သမားများ အဆင်ပြေစေရေး အတွက် ကျွဲ၊ နွားများအားတောင်သူများလက် ဝယ်သို့ အရောက်ပေးပို့ကာ ကူညီဖြေရှင်းပေးခဲ့ သည့်အပြင် ထိုသို့ဆောင်ရွက်ပေးပြီးဖြစ်သည့် အကြောင်းကိုလည်း သတင်းမီဒီယာများမှ တစ်ဆင့်ပြည်သူသို့ ပြန်လည်အသိပေးဖော်ပြ ခဲ့ကြောင်း ပြောသည်။

၎င်းအစဉ်အလာမှာ အလွန်ကောင်းမွန်ပြီး ပြည်သူနှင့်အစိုးရဌာ နများအကြား နားလည်မှု၊ ယုံကြည်မှု၊ အား ကိုးမှုများ ပိုမိုဖြစ်ထွန်းစေကြောင်း၊ ယခုအခါ မီဒီယာများက စတုတ္ထမဏ္ဍိုင်အဖြစ် ခိုင်မာ အောင်ကြိုးစားရင် ပြည်သူနှင့်အစိုးရဌာနများ အကြား ပေါင်းကူးတံတားအဖြစ် ပြည်သူဗဟို ပြုဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

ပြည်သူ့အသံ လွှတ်တော်အသံနှင့်ြ ပည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒအား အမှန်တကယ်အကောင်အထည်ဖော်ပေးနိုင်ရေးအတွက် ဘာတွေလိုအပ်လဲ
ပြည်သူတို့၏လိုအပ်ချက်နှင့် နေ့စဉ်ကြုံ တွေ့နေရသော အစိုးရဌာနဆိုင်ရာများနှင့်သက်ဆိုင်သော အခက်အခဲများအား သတင်း မီဒီယာများရှိ ပြည်သူ့အသံနှင့် လူထုအော်သံ ကဏ္ဍများမှတစ်ဆင့် အစိုးရဌာနဆိုင်ရာများ သိရှိစေရန် ဖော်ပြခြင်းအပြင် ပြည်သူတို့၏ရွေးကောက် တင်မြှောက်ထားသော လွှတ် တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း ပြည် သူများကြားကွင်းဆင်းကာ ပြည်သူတို့၏အခက် အခဲများအား အစိုးရဌာန ဆိုင်ရာများ သိရှိရန် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူ့အသံ လွှတ်တော်အသံနှင့် ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒဆိုသောဆောင်ပုဒ်မှာ ပီပြင် လာမည်ဖြစ်ကြောင်း အစိုးရဌာနဆိုင်ရာများ ကလည်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ၏ တင်ပြလာမှုအပေါ် အတတ်နိုင် ဆုံးကူညီဖြေရှင်းပေးရန်လိုအပ်ကြောင်း နိုင်ငံ ရေးလေ့လာသူများက ဆိုကြသည်။

သို့သော် လက်ရှိကာလတွင် ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့မှာ ပြည်သူ များအကြားသို့ ကွင်းဆင်းလေ့လာပြီး ဌာနဆိုင် ရာများနှင့်ပတ်သက်၍ ပြည်သူများကြုံတွေ့ နေရသော အခက်အခဲများအား တင်ပြပေးခြင်း မရှိရုံမျှမက သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လွှတ်တော် ကိုယ်စားလှယ်ရုံးများသို့ ပြည်သူ များမှ တင်ပြလာသော အကြောင်းအရာများ အား စုံစမ်းလေ့လာ၍ လွှတ်တော် အစည်းအဝေး ၌ အစိုးရဌာနဆိုင်ရာများအား တိုက်တွန်းပြော ကြားမှုမှာ နည်းနေဆဲဖြစ်ကြောင်း ပြည်သူများ ထံမှ သိရသည်။

''ကျွန်တော်တို့ဖြစ်စေချင်တာက ပြည်သူ ကရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာ ပြည်သူတွေကြား ကို အမြဲတစေကွင်းဆင်းပြီး ပြည်သူတွေဘယ် လိုအခက်အခဲရှိလဲ၊ ဘာကူညီပေးရမလဲဆို တာကိုလေ့လာပြီး လွှတ်တော်အစည်းအဝေး မှာ ပြည်သူတွေရဲ့လိုလားချက်တွေရရှိအောင် အစိုးရဌာနဆိုင်ရာတွေကို တိုက်တွန်းပြော ကြားရမယ်။ အဲဒီလိုပြောကြားတဲ့နေရာမှာ ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ တွေပြေလည်သွားတဲ့အထိ အစိုးရဌာနဆိုင်ရာ တွေကို အမြဲတစေတိုက်တွန်းနေရမယ်။ အချို့ မြို့နယ်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် တွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးနဲ့ရပ်ကွက်ထောက်ကူပြုဖွံ့ဖြိုးရေး ကော်မတီရုံးတွေကိုပဲဆင်းပြီး အဲဒီရုံးတွေက တင်ပြလာတဲ့ဟာတွေကိုပဲ ယူသွားတာမျိုးပဲရှိ တယ်။ ပြည်သူတွေကြားထဲကို ထဲထဲဝင်ဝင်ကွင်း ဆင်းလေ့လာတဲ့အနေနဲ့ ရပ်ကွက်တွေထဲ၊ လမ်း တွေထဲမှာနေထိုင်တဲ့ပြည်သူတွေ ဘာလိုအပ် လဲ၊ ဘာအခက်အခဲဖြစ်နေလဲဆိုတာမျိုးကို ကွင်းဆင်းလေ့လာတာမျိုး မရှိသလောက်ဘဲ''ဟု သာကေတမြို့နယ် (၈)ရပ်ကွက် အုပ်ချုပ်ရေး မှူးဦးစန်းမောင်က ပြောသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ အပါအဝင်ကမ္ဘာ့နိုင်ငံအသီးသီး၌ သက်ဦးဆံ ပိုင်ဘုရင်စနစ်ကိုကျင့်သုံးသောကာလများကတိုင်းပြည်အား အုပ်ချုပ်မင်းလုပ်သော ဘုရင် ကိုယ်တိုင်သော်လည်းကောင်း၊ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များမှသော်လည်းကောင်း၊ မင်း မှုထမ်းများမှသော်လည်းကောင်း ပြည်သူများ အကြားရုပ်ဖျက်သွားလာကာ ပြည်သူတို့၏သ ဘောဆန္ဒများ၊ လိုအပ်ချက်နှင့်လိုလားချက်များ၊ ပြည်သူများ၏အခက်အခဲများအား နားစွင့်ကာ တိုင်းပြည်အေးချမ်းသာယာရေးအတွက် သော် လည်းကောင်း၊ ပြည်သူများ၏ အခက်အခဲများ ပြေလည်စေရန်အတွက်သော်လည်းကောင်း ကူညီဖြေရှင်းပေးခြင်းများပြုလုပ်လျက်ရှိသည့် အပြင် ဟစ်တိုင်ဟုခေါ်သောနေရာ၌ ပြည်သူ များ၏အခက်အခဲများအား တိုင်းပြည်အားအုပ် ချုပ်သောမင်းနှင့်အစိုးရထံ လာရောက်တောင်း ဆိုပါက ကူညီဖြေရှင်းပေးသော အလေ့အထ များရှိခဲ့သည်။

သို့သော် မျက်မှောက်ကာလတွင် သတင်းမီဒီယာများမှတစ်ဆင့်သော်လည်း ကောင်း၊ အစိုးရရုံးဌာနများသို့ ပြည်သူများမှ ပေးပို့သော စာများမှ တစ်ဆင့်သော်လည်းကောင်း၊ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခြင်းအားဖြင့် သော်လည်းကောင်း၊ ပြည်သူ့အသံနှင့် ပြည်သူ့ ဆန္ဒများကို အစိုးရတာဝန်ရှိသူများထံ အသိပေး အရေးဆိုခဲ့သော်လည်း အရေးယူဆောင်ရွက်တုံ့ ပြန်မှုကား အားနည်းနေဆဲဖြစ်သည်။

ထို့ ကြောင့် ပြည်သူတို့၏လိုအပ်ချက်များနှင့် အခက် အခဲများအား အစိုးရအဖွဲ့အပါအဝင် ဝန်ကြီး ဌာနအသီးသီးအနေဖြင့် သိရှိအောင်နားလည် ပြီး ပြည်သူတို့၏လိုအပ်ချက်များနှင့်အခက်အခဲ များကို ကူညီဖြေရှင်းပေးရမည့် တာဝန်ရှိနေ ရုံမျှမက ကူညီဖြေရှင်းပေးပြီးဖြစ်ပါက ကူညီ ဖြေရှင်းပြီးသည့် အကြောင်းကို ပြည်သူများသိ ရှိစေရန် ပြန်လည်ဖြေကြားပေးရန်လိုအပ် သည်။

ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အခက်အခဲများရှိပါက မည်သည့် အတွက်ကြောင့် ကြန့်ကြာနေရသည်နှင့်မည်သို့သော အခြေအ နေများကြောင့် ကူညီဖြေရှင်းမှု မပြုလုပ်နိုင်သည် တို့အား ပြည်သူများသိရှိစေရေးအတွက် သ တင်းမီဒီယာများမှ တစ်ဆင့်ဖြစ်စေ၊ ပြည်သူလူ ထုထံသို့ တိုက်ရိုက် အသိပေးသောစနစ်ဖြင့် ဖြစ်စေ ပြန်လည်အသိပေးရန်လိုအပ်ပေသည်။

သို့မှသာပြည်သူလူထုအနေဖြင့် ပြည် သူတို့၏ ဆန္ဒနှင့်အသံများအား သက်ဆိုင် ရာဌာနများက အလေးထားဆောင်ရွက် ပေး သည်ကို သိရှိနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူ့ အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒဟူသော ဆောင်ပုဒ်အတိုင်းအမှန် တကယ် အကောင်အထည်ပေါ်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

- သူရိန်မိုး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments: